FOOD Magazine
Kitchen Variety
အချိန်တိုတို၊ စရိတ်နည်းနည်း၊ အရသာရှိရှိချက်ကြမယ်
..............................
ကြက်ဟင်းခါးသီးကြော်
..............................
ပါဝင်ပစ္စည်းများ
....................
• ကြက်ဟင်းခါးသီး - ၁ လုံး (အစေ့မဖယ်ဘဲ ပါးပါးလှီးထားပါ)
• ကြက်သွန်နီ - ၂ လုံး (အတုံးသေးသေး လှီးထားပါ)
• ကြက်သွန်ဖြူ - ၄ တက် (နုပ်နုပ်စဉ်းထားပါ)
• ငရုတ်သီးစိမ်း - ၁၀ တောင့်
• မဆလာမှုန့် - ၁ ဇွန်း (လက်ဖက်ရည်ဇွန်း)
• ဆား - နှစ်ပုံပုံ တစ်ပုံ (လက်ဖက်ရည်ဇွန်း)
• ဆီ - စားပွဲဇွန်း ၂ ဇွန်း
• ရေ - အနည်းငယ်
• နနွင်းမှုန့် - အနည်းငယ်
• သကြား - အနည်းငယ်

ချက်ပြုတ်ပုံ
...............
၁။ ပထမဦးစွာ ပါးပါးလှီးထားသော ကြက်ဟင်းခါးသီးများကို
ဆားရေတွင် ငါးမိနစ်ခန့်စိမ်ပြီး ရေစစ်ထားပါ။
၂။ ဆီအိုးကို အပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူများကို
နနွင်းမှုန့်နှင့် ဆီသတ်ပြီး မပြတ်မွှေပေးပါ။
၃။ ကြက်သွန်များ နွမ်းလာလျှင် ငရုတ်သီးစိမ်းများ ထည့်ပေးပါ။
၎။ ရေစစ်ထားသော ကြက်ဟင်းခါးသီးများ ထည့်မွှေပါ။
၅။ ဆားကို နေရာအနှံ့ရောက်အောင် ဖြူးထည့်ပေးပါ။
၆။ ဟင်းအိုး ရေခြောက်လွန်းလျှင် ရေအနည်းငယ်ထည့်ပြီး မွှေပေးပါ။
နူးလာသည်အထိတည်ပါ။
၇။ သကြားထည့်ပါ။ ဟင်းအရသာကို ဆားနှင့်သကြား
အချိန်အဆနှင့် ထိန်းပေးပါ။
၈။ နောက်ဆုံးမှ မဆလာမှုန့် ထည့်မွှေပေးပြီး ချက်ပြုတ်ခြင်း ပြီးစီးပါပြီ။
ဝါတွင်း သက်သတ်လွတ်ဟင်းများကို လွယ်လွယ်ကူကူ အချိန်တိုအတွင်း
ချက်ပြုတ်စားပြီး ဇီဝိတဒါနကုသိုလ်တွေ ယူနိုင်ကြပါစေ။
...........
သစ်ထူး

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။