Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, July 29, 2013

ရာဇ၀င်ထဲက ငယ်နိုင်

 
အလင်းသစ် မီဒီယာ
ရာဇ၀င်ထဲက ငယ်နိုင်
................................
 ဘုရင့်နောင်မင်းတရား ယိုးဒယားကို ဘယ်လိုသိမ်းပိုက်ခဲ့လဲ ဆိုတာကို တွေးမနေပါ နဲ့တော့။ ဆင်ဖြူရှင်မင်းတရား အယုဒ္ဓယကို ဘယ်လို အနိုင်ယူခဲ့လဲ ဆိုတာကိုလည်း ပြန်စဉ်းစား မနေပါနဲ့တော့။ အရင်တုန်းက ယိုးဒယားကို ငါတို့ ဘယ်လိုနိုင်ခဲ့တာ၊ ယိုးဒယားဆိုတာ ငကြောက်တွေပါ၊ ငါတို့ငယ်နိုင်တွေပါလို့ အာပေါင်အာရင်းသန်သန် ပြောရင်း သမိုင်းထဲမှာ တ၀ဲလည်လည် ဖြစ်နေတဲ့ အချိန်တွေကို ချန်ထားခဲ့ လိုက်ပါတော့။ ကျွန်တော်တို့ရဲ့ စစ်ဘုရင်တွေ ခေတ်လွန်သွားပြီ။ အခုယိုးဒယားဟာ အရင်ယိုးဒယား မဟုတ်တော့ဘူး။ အခုယိုးဒယားဟာ အရင်တုန်းက မြန်မာတွေ နိုင်ချင်တိုင်းနိုင်ခဲ့တဲ့ ယိုးဒယား မဟုတ်တော့ဘူး။
အမှန်အတိုင်း မရှက်မရွံ့ ပြောရရင် အခုယိုးဒယားဟာ မြန်မာထက် အဘက်ဘက်မှာ အဆပေါင်းများစွာ သာနေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။ အခုယိုးဒယားဟာ ကျွန်တော်တို့ထက် ဆယ်နှစ်လောက် ရှေ့ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သွားပြီ။

မြန်မာနိုင်ငံဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ငါးဆယ်ကျော် ၁၉၆၀ ၀န်းကျင်လောက်မှာ အာရှနိုင်ငံတွေထဲမှာ အလားအလာ အကောင်းဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ အခြားအာရှ နိုင်ငံတွေရဲ့ အထင်ကြီး အားကျမှုကို ခံယူခဲ့ရတယ်။ တစ်နေ့မှာ အာရှကို ဦးဆောင်နိုင်မယ့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင်းရဲဆုံး တိုးတက်ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံ၊ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း အောက်ဆုံး၊ အကျင့်ပျက် ခြစားမှု အမြင့်ဆုံး၊ အာရှတိုက်ရဲ့ လူတစ်ဦးချင်း ၀င်ငွေအနည်းဆုံး နိုင်ငံတစ်နိုင်ငံ အဖြစ်ကို ရောက်ရှိလို့ သွားခဲ့ရပြီ။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အနီးဆုံးနဲ့ ငယ်နိုင်ပါလို့ တစ်ချိန်လုံး ကြွေးကြော်ခဲ့တဲ့ ယိုးဒယား နိုင်ငံနဲ့တောင် ၁၀ နှစ်လောက် နောက်ကျသွားခဲ့ရပြီ။

ကျွန်တော်တို့ နိုင်ငံဟာ စနစ်အမှားတွေကြောင့်၊ အုပ်ချုပ်သူ လူတန်းစား ညံ့ဖျင်းမှုတွေကြောင့် ပထ၀ီသွင်ပြင် အားသာချက်တွေ ရှိနေပေမယ့်လည်း နိုင်ငံဟာ နှစ်ပေါင်းများစွာ မြုပ်သထက်မြုပ် လာခဲ့ရတယ်။ စနစ်တွေ မှားခဲ့တယ်။ လူတွေမှားခဲ့တယ်။ တိုင်းပြည် အမှောင်ထဲ ရောက်ခဲ့တယ်။ ဒါပေမဲ့ သမိုင်းကို ကျွန်တော်တို့ ပြန်ပြုပြင်လို့ မရတော့ဘူး။ အခုအချိန်ဟာ ဖြစ်ခဲ့တာတွေအတွက် တောက်ခေါက်နေရမယ့် အချိန်မဟုတ်တော့ဘူး။ အခုချိန်က ပြန်တည်ဆောက်ရမယ့် အချိန်ရောက်နေပြီ။ လက်ရှိအခြေအနေ ကို သဘောပေါက် နားလည်ရမယ့် အခြေအနေ တစ်ခုကို ရောက်နေပြီ။ ယိုးဒယားဆိုတာ မြန်မာတွေရဲ့ ငယ်နိုင်ပါဆိုပြီး သမိုင်းထဲက အကြောင်းတွေ နဲ့ ပြန်ပြောင်း ၀င့်ကြွားနေရမယ့် အခြေအနေကို ကျော်လာပြီ။ ဒီအစား ကျွန်တော်တို့တွေ ယိုးဒယားနိုင်ငံဆီက အတုခိုးစရာတွေ အများကြီး ရှိနေပြီ ဆိုတဲ့ အရှိတရားကို လက်ခံရတော့မှာ ဖြစ်ပါတယ်။ သူတို့မှာ ကျွန်တော်တို့ ထက် သာနေတာတွေကို မြင်အောင်ကြည့်ပြီး အတုယူ ရတော့မယ်။ သမိုင်းထဲမှာပဲ ယစ်မူးပြီး ဒီကောင်တွေကို အချိန်မရွေး နိုင်ပါတယ်လို့ ပြောနေ ရမယ့် အချိန် မဟုတ်တော့ဘူး။ ကျွန်တော်တို့ သမိုင်းထဲက ယိုးဒယားကို ဘယ်လိုနိုင်ခဲ့လဲဆိုတာ အရေးမကြီးတော့ဘူး။ အခုက ကျွန်တော် တို့တွေ ယိုးဒယားမြေမှာ အနီရောင်ပတ်စ်ပို့လေး ကိုင်ပြီး မျက်နှာငယ်နေရတဲ့ အချိန်ဖြစ်နေပြီ။ ကျွန်တော်တို့ စပြုပြင်မလား၊ ဒီအတိုင်း ဆက်သွားချင်လား ဆိုတာကတော့ ရွေးချယ်မှုပါ။

အခုကမ္ဘာဟာ အင်အားအမာ (Hard Power) ကြီးစိုးတဲ့ ခေတ်ကနေ အင်အား အနု (Soft Power) ကြီးစိုးတဲ့ ခေတ်ဆီကို တဖြည်းဖြည်းချင်း ပြောင်းလဲ လာနေ တယ်။ ဒီသဘောတရားကို အသိသာဆုံးက ၂၀၀၈ ခုနှစ်မှာ တရုတ်နဲ့ ရုရှားဟာ Hard Power နဲ့ Soft Power အားပြိုင်ခဲ့တယ်။ ရုရှားက ဂျော်ဂျီယာ ကို ၀င်သိမ်းပိုက်ပြီး သူ့ရဲ့ Hard Power ကိုပြသခဲ့တယ်။ ဒါပေမဲ့ တရုတ် ကတော့ ဘေဂျင်းအိုလံပစ်မှာ ဆုတံဆိပ်ပေါင်း များစွာ ဆွတ်ခူးခဲ့ပြီး သူ့ရဲ့ Soft Power ကို ပြသခဲ့တယ်။ နောက်ဆက်တွဲ အနေနဲ့တော့ ရုရှားရဲ့ Hard Power ကို ကြောက်ရွံ့တာကြောင့် ရုရှားအိမ်နီးချင်း နိုင်ငံတွေ ဥရောပသမဂ္ဂ ကို ၀င်ရောက်ဖို့ ကြိုးစားလာတယ်။ ဒုံးကာကွယ်ရေး စနစ်တွေကို လက်ခံလာ တယ်။ ရုရှားရဲ့ အနိုင်ကျင့်တဲ့ လုပ်ရပ်ကြောင့် တစ်ကမ္ဘာလုံးက ရုရှားအပေါ် မှာ မုန်းတီးမှုတွေ ဖြစ်ပေါ်လာတယ်။ ဒါ့ကြောင့် ရုရှားရဲ့ပါဝါ ကျသွားတယ်။ ဒါပေမဲ့ တရုတ်အနေနဲ့ကတော့ ယဉ်ကျေးမှု၊ အားကစားပါဝါတွေနဲ့ ကမ္ဘာကြီး ရဲ့အထင်ကြီး လေးစားမှုတွေ ရရှိလာတယ်။ ပါဝါကြီးလာတယ်။ ဆိုလိုရင်း ကတော့ မြန်မာဟာ ယိုးဒယားနဲ Hard Power လို့ခေါ်တဲ့ စစ်တပ်စွမ်းရည်မျိုး မှာ ယှဉ်နိုင်ကောင်း ယှဉ်နိုင်မယ်။ ဒါပေမယ့် စီးပွားရေး၊ ပညာရေး၊ အားကစား၊ ယဉ်ကျေးမှု အစရှိတဲ့ Soft Power တွေ အကုန်လုံးမှာ ယိုးဒယား ရဲ့အောက်ဘက်ကို ရောက်နေပြီ။ လွှမ်းမိုးမှုတွေကို ခံနေရပြီ။ ဒါကို ကျွန်တော် တို့ နားလည်ရလိမ့်မယ်။ အသိအမှတ် ပြုရလိမ့်မယ်။ ဒီလို အသိအမှတ် မပြုနိုင်ဘူးဆိုရင် ပြုပြင်ကြိုးစားဖို့ ဆိုတာ ဝေးနေမှာပဲ။ သူများသာနေပြီ ဆိုတာ အသိအမှတ် ပြုနိုင်မှ သူနဲ့ကိုယ်ကြားက ကွာခြားချက်ကို ညီအောင်ကြိုးစားလို့ ရနိုင်ပါလိမ့်မယ်။ ကိုယ့်ကိုယ်ကိုယ် မသိသလို သူများအပေါ်မှာလည်း အသိအမှတ် မပြုနိုင်ဘူးဆိုရင် ပြုပြင်နိုင်မှာ မဟုတ်ဘူး။

အခုကျွန်တော်တို့နိုင်ငံ အခြေအနေက သူများ တစ်လှမ်းလှမ်းရင် ကျွန်တော် တို့ လေးငါးလှမ်းလောက် လိုက်လှမ်းမှကို မီနိုင်လိမ့်မယ်။ ဒေသတွင်း အနှိမ်ခံ အဖြစ်ကနေ မြန်မာပတ်စ်ပို့ကိုင်ပြီး ပြန်လည်ဝင့်ကြွား လာနိုင်ဖို့ဆိုရင် လူတစ်ယောက်ချင်းစီရဲ့ ခံယူချက်နဲ့ စိတ်ဓာတ်တွေကအစ ပြုပြင်ပြောင်း လဲနိုင် မှ ဖြစ်နိုင်တော့မယ်။ ဒီအချိန်မှာ ကျွန်တော်တို့ မပြောင်းလဲနိုင်လို့၊ မကြိုးစားနိုင်လို့ တိုင်းပြည် အောက်ကျ နောက်ကျ ထပ်ဖြစ်ရရင် ကျွန်တော် တို့ရဲ့မျိုးဆက်တွေအတွက် ကျွန်တော်တို့ဟာ သမိုင်းတရားခံတွေ ဖြစ်ရလိမ့် မယ်။ အခုအခြေအနေဟာ ပြုပြင်ဖို့၊ ကြိုးစားဖို့ အကောင်းဆုံး အခြေအနေ ပါပဲ။ နိုင်ငံတကာကလည်း မြန်မာနိုင်ငံကို အလားအလာတွေ အများကြီး ရှိနေပြီလို့ သတ်မှတ်ထားကြတယ်။ ဒေသတွင်း နိုင်ငံတွေကလည်း မြန်မာနိုင်ငံရဲ့ ပြောင်းလဲမှု အရှိန်အဟုန်တွေကို သတိကြီးစွာထားရင်း သူတို့နိုင်ငံတွေမှာ တပ်လှန့်နေကြပြီ။ ဒီလိုအခွင့်အရေးမှာ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတဲ့ စိတ်ဓာတ်ကောင်းကောင်းနဲ့ အစွမ်းကုန် ပြန်ကြိုးစား ရတော့မှာပါ။ တိုင်းပြည်နဲ့လူမျိုး မျက်နှာငယ်ရတာ ကိုယ်နဲ့မဆိုင်ဘူးလို့ ထင်ရင် ပတ်စ်ပို့အနီ ကိုင်ထားတဲ့သူကို နိုင်ငံတကာ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဘယ်လိုဆက်ဆံလဲ ဆိုတာကို ကိုယ်တိုင်ခံစားဖူးရင် သိလာပါလိမ့်မယ်။ အခု ယိုးဒယားထက် အဘက်ဘက်မှာ ကျွန်တော်တို့ နောက်ကျကျန်နေခဲ့ပြီ။ ဒါတွေကို အတုယူပြီး ပြုပြင်ပါ။ ရွှေထီးဆောင်းခဲ့တဲ့ ခေတ်ကိုပဲ ပြန်တမ်းတ မနေပါနဲ့တော့။ သမိုင်းကိုသိတာ ကောင်းပါတယ်၊ ဒါပေမဲ့ သမိုင်းထဲမှာပဲ ယစ်မူးမနေဖို့တော့ လိုပါလိမ့်မယ်။ ရာဇ၀င်ထဲက ငယ်နိုင်ကို ပြန်မီဖို့တောင် ကျွန်တော်တို့မှာ ရှေ့ဆက်စရာတွေ အများကြီး ရှိနေသေးတယ်လေ။


E M G

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။