Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 30, 2013

သစ်ပင် သစ်ရွက် လေပြေ

 

သစ်ပင် သစ်ရွက် လေပြေ
___________________

သစ်ပင်

ကျွန်တော့်ကို သစ်ပင်လို့ခေါ်ကြတဲ့အကြောင်းက ကျွန်တော်က ပန်းချီဆွဲတာကို ၀ါသနာပါတယ်။ ကျွန်တော်အကြိုက်ဆုံးက သစ်ပင်တွေ ဆွဲရတာကိုပဲ။ ကြာလာတော့ ကျွန်တော်ရဲ့ပန်းချီကားအောက်မှာ သစ်ပင်လေးတစ်ပင်က ကျွန်တော်ထိုးနေကျ ဆိုင်း(Sign) အစား ၀င်ရောက်လာခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်စာအုပ်များ (ကလောင်စုံ) (၆ အုပ်)

0n Air စာအုပ်၊စာပေ၊ဟာသ၊ကဗျာ၊နှင့်အခြားသောအရာများ
ဒေါ်အောင်ဆန်းစုကြည်စာအုပ်များ (ကလောင်စုံ) (၆ အုပ်)
(၁)ဒေါ်အောင်ဆန်းစုကြည်၏နှလုံးသားပုံရိပ်များ (မောင်မောင်ဝမ်း)
http://www.mediafire.com/?tedvssmdw1vscas
(၂)ဒီမိုကရေစီမိခင်ကြီး ဒေါ်အောင်ဆန်းစုကြည် (သန်းဝင်းလှိုင်)

လူတော်လူမော်တွေအမြဲတစေလက်ကိုင်ထားတတ်တဲ့အမူအကျင့်(၁၀)မျိုး

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
လူတော်လူမော်တွေအမြဲတစေလက်ကိုင်ထားတတ်တဲ့အမူအကျင့်(၁၀)မျိုး
************************************************
၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့ စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။

မျှစ်နဲ့ စွမ်းပကား လွန်ထူးခြား

New Myanmar Foundation
“ မျှစ်နဲ့ စွမ်းပကား လွန်ထူးခြား ”
မြန်မာ လူမျိုးတွေက မျှစ်ကို ကြော်ချက်ပြီး ဟင်းလျာ အမျိုးမျိုး ပြုလုပ် စားသောက် တတ်ကြပါတယ်။
ဒါပေမယ့် မျှစ်တွေကို ဆေးဆိုးထားတယ် ဆိုတဲ့သတင်း ထွက်လာပြီးနောက်မှာ မျှစ်ကို စားဖို့ လက်တွန့် သွားကြပါတယ်။ ဒါကြောင့် ဆေးမဆိုး ထားတဲ့ မျှစ်တွေကို ရွေးချယ် စားသောက်ဖို့ အကြံပြုရင်း မျှစ်ကြောင့် ရရှိလာနိုင်တဲ့ ကျန်းမာရေး စွမ်းပကားတွေကို ရေးသား လိုက်ရပါတယ်။

တန်ဆေး လွန်ဘေး ပါလေရာ စားသောက်ကုန် တစ်မျိုး

 

“ တန်ဆေး လွန်ဘေး ပါလေရာ စားသောက်ကုန် တစ်မျိုး ”

စားသုံးဆီ (Ediable Oil) နေ့စဉ် ကြော်လှော် ချက်ပြုတ်သော မီးဖိုချောင်တို့၌ ဆီသည် များသော အားဖြင့် ပါလေရာ စားသောက်ကုန် တစ်မျိုး ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။
အမျိုး အမည်ပေါင်း များစွာသော အပင်တို့၏ ဆီထွက်နိုင်သော အစိတ်အပိုင်း မှန်သမျှ အဆီ ဓာတ်ကို ထုတ်ယူ နိုင်ပါသည်။ သို့သော် လက်တွေ့တွင် ဆီကို အစေ့၊ အဆံမှ ထုတ်ယူစား သုံး လေ့ရှိသည်။ အသီးအရွက် အဆီနှင့် ဆီများ (...Vegetable fats and Oils) တိုင်းကို စားသုံး၍ ရချင်မှ ရသည်။

သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....

New Myanmar Foundation
သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုး .....
သန္ဓေတားဆေး ဆိုးကျိုးကောင်းကျိုးစိတ်ချရတဲ့ သားဆက် ခြားနည်း တွေထဲမှာ နေ့စဉ် သောက် သန္ဓေတား ဆေးကဒ်ကို သုံးစွဲခြင်းလည်း ပါဝင် ပါတယ်။ အဆိုပါဆေး သောက်သုံးခြင်းရဲ့ အကျိုး ကျေးဇူး တွေကတော့ လစဉ်ရာသီ ပုံမှန် လာခြင်း၊ ရာသီလာ စဉ်နာကျင်ကိုက်ခဲမှုကို သက်သာစေ ခြင်း၊ ကလေးယူ တော့မည်ဆိုလျှင် ဆေးသောက်ရပ် လိုက်သည်နှင့် ကလေးရနိုင်ခြင်း၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင် ဆာဖြစ်နိုင်ခြေနည်း သွားခြင်းတို့ပဲ ဖြစ် ပါတယ်။

အနာကြီးရောဂါဆိုတာ ( leprosy ) ..........

 

“ အနာကြီးရောဂါဆိုတာ ( leprosy ) ..........”

ကူးစက်တတ်တဲ့ နာတာရှည်ရောဂါတစ်ခုဖြစ်ပါတယ်။ Mycobacterium Leprae လို့ခေါ်တဲ့ ပိုးတစ်မျိုးကြောင့် ဖြစ်ပွားရပါတယ်။ ဖြစ်ခါစမှာ အရေပြားပေါ်တွင် အဖြူကွက်၊ အနီကွက်နဲ့စပါတယ်။ ညှင်း၊ ပွေး (သို့) အခြားအရေပြားရောဂါတစ်ခုခုလို့ထင်ပြီး ပေါ့တတ်ကြ ပါတယ်။ နည်းနည်းရင့်လာတော့မှ အဲဒီအကွက်က သိသိသာသာထုံလာတာတို့၊ ချွေးမထွက်တာ၊ မွေးညင်းမပေါက်တာတို့ဖြစ်လာပါတယ်။

နားအူခြင်းဆိုတာ .............

ကျန်းမာရေးစာတိုများစုစည်းမှု
နားအူခြင်းဆိုတာ .............
ပြင်ပမှာ တကယ်အသံမရှိဘဲ နားထဲမှာ အသံမြည်နေရခြင်းကို နားအူခြင်းလို့ခေါ်ပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်း ခေါ်ကြပါတယ်။ တစ်ခါတစ်ရံ နားလေထွက်တာလို့လည်းခေါ်ကြပါတယ်။ လူနဲ့နားမှာ အပြင်နား၊ အလယ်နား၊ အတွင်းနားရယ်လို့ရှိရာမှာ အဲဒီနေရာတစ်ခုခုမှာ ရောဂါတစ်ခုခုရှိပြီး။ အသံထွက်လာတာကို လူနာအနေနဲ့ ကြားရခြင်းဖြစ်ပါတယ်။ အပြင်မှာတော့ တကယ့်အသံ မရှိ ပါဘူး။ နားထဲမှာ ပိုးကောင်ဝင်ခြင်း၊ နားထဲမှာ နားဖာချေးများခြင်း၊ အပြင်နားရောင်ရင်လည်း အသံကြားရတတ်ပါတယ်။

ဖိုးလှကြီးသို့ တမ်းချင်း ....။

Aye Chan Mon
ဖိုးလှကြီးသို့ တမ်းချင်း ....။
by ငရဲ သား

ဖိုးလှကြီးရေ..
ငယ်ငယ်က ကျောင်းစာမှာဖတ်ခဲ့ဖူးတယ်..ဆယ်ပေပတ်လည်အခန်းကျဉ်းထဲ........
အိမ်ထောင်စုတစ်စုလုံးနေကြတယ်တဲ့..
ခင်ဗျားကို...လိုက်ပြချင်ပါတယ်..
စက်မှုဇုံတွေအနီးက မီးမလာတဲ့စုပေါင်းတိုက်ခန်းလေးတွေ..
အဖိချတဲလေးတွေကိုလေ......။
အိုတီတဲ့ တအိုတီထဲ တီနေလို့.. အိုတီကြေး ၂၅၀ အတွက်...
ခေါင်းအမူးခံ .....ကျီးပေါင်းတက်ခံ၊
မျက်လုံးအပျက်ခံ အလုပ်လုပ်နေတဲ့ဘ၀တွေ......
စီးလာတဲ့ဖယ်ရီကားပြိုင်မောင်းလို့ ......။
မနက်အတွက် ဈေးဖိုးတွက်ရင်း.....
မရဏလမ်း မှာ ဈေးဝယ်ထွက်ခဲ့တဲ့ ဘ၀တွေ..။

မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်

 

For sale: Burmese virgins
မြန်မာပြည်၏ ပန်းတော်ဦး ရောင်းရန်ရှိသည်

ဂိုလ်ရှယ်လေး

၁၉၈၈ သွေးမြေကျ စစ်အာဏာသိမ်းမှုကြီး၏ အကျိုးဆက်ရလဒ်က ဥပဒေမဲ့အခြေနေတခုလုံးဆီသို့ ဆိုက်ရောက်ခဲ့ရပြီး၊ အနာဂတ်ရှေ့ခရီးအလားလာက ကြောက်ခမန်းလိလိတုန်လှုပ်ဖွယ်ရာ ဖြစ်၏။ စစ်အာဏာပိုင်များအဖို့မှာ အထွေထွေ ချွတ်ခြုံကျအောင်ဖန်တီးပေးပြီး လူတဦးခြင်း၏ အသက်ရှင်းနေထိုင်ရေး စီးပွားဖြစ်တည်မှုဘ၀ ဘုံးဘုံးလဲကာ လှဲနေလှေအောက် မြင်းစောင်းမကျန် နိုင်ငံရေးနှင့် စီးပွါးရေးဆိုင်ရာ ရပိုင်ခွင့်တို့အား ပတ်သက်ဆက်နွယ်သည့် ဥပဒေအား အလုံးစုံ ပိတ်ပင် အမှောင်ချကာ အုပ်ချုပ်ကြလေ၏။

အံ့သြဘွယ် ဂျူးလူမျိုး

 

အံ့သြဘွယ် ဂျူးလူမျိုး

(အစ္စရေးလူမျိုး)

မိတ်ဆွေတစ်ဦး ပို့ပေးလိုက်တဲ့ Isreal - Facts of History အကြောင်းကို ဖတ်ကြည့်နေပါတယ်။ ၁၅ မိနစ်လောက်ပဲ ကြာမယ်ဆိုပေမဲ့ နာရီများစွာ ကြာသွားပါတယ်။ စိတ်ဝင်စားစရာ ကမ္ဘာကျော် အစ္စရေးလူမျိုး (ခရစ်ယာန်သမ္မာကျမ်းစာ အရဆိုရင် က္ကုသရေလလူမျိုး) အကြောင်းဆိုတော့ ......

မိန်းကလေးအတွက် ဘဝဒဿန

Nine Nine Sanay @ နိုင်းနိုင်းစနေ
မိန်းကလေးအတွက် ဘဝဒဿန
(၁) သင့်မှာ အဝတ်အစားတွေအများကြီးရှိဖို့ မလိုပါဘူး။ ခေတ်နဲ့မလိုက်ဖက်တော့တဲ့၊ ခေတ်လွန်အင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ သင့်အသက်အရွယ်နဲ့ မလိုက်ဖက်တော့တဲ့ အနားပန်းဖွားအင်္ကျီတွေကို ခေါက်သိမ်းလိုက်ပါ။ ဒီကနေ့ကစ ဘီရိုထဲမှာရှိတဲ့ အင်္ကျီတစ်ထည်တိုင်းဟာ သင်နဲ့လိုက်ဖက်တဲ့အရောင်၊ သင်နဲ့သင့်တော်တဲ့ စတိုင်လ်တွေဖြစ်နေပါစေ။

၂၁ ရာစု ကုလားအုတ်ပုံပြင်

အသည်းခိုက်အောင် အေးချမ်းလှသော ဆောင်းတွင်းကာလ၏ ည တစ်ည
တွင်ဖြစ်သည်။

နေလို့ထိုင်လို့ မရအောင် ချမ်းအေးနေသော
ကုလားအုတ်တစ်ကောင်သည်မီးရောင်လင်းနေသော တဲ
တစ်လုံးကိုတွေ့လိုက်ရသဖြင့် ၀မ်းသာသွားရလေသည်။

အထ္တုပ္ပတိ (၂၃ အုပ်)

Zaw Win
အထ္တုပ္ပတိ (၂၃ အုပ်)
(၁)ပြည်ထောင်စုဗိသုကာဗိုလ်ချုပ်အောင်ဆန်း(တက္ကသိုလ်နေ၀င်း)
http://www.mediafire.com/?qz1poswhd9n4uvs
(၂)ထူးအိမ်သင် ကွယ်လွန်ခြင်းအမှတ်တရ-အစိမ်းရင့်ရောင် ရက်စွဲများ
http://www.mediafire.com/?cmck4i3ywrnrpyh
(၃)အောင်ဆန်းသူရိယ ဗိုလ်တိုက်ချွန်း (တက္ကသိုလ်စိန်တင်)
http://www.mediafire.com/?ht3gdri35qjcolc

၂၁ရာစု၏ ယုန် နှင့် လိပ် အပြေးပြိုင်ပွဲ

မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း
၂၁ရာစု၏ ယုန် နှင့် လိပ် အပြေးပြိုင်ပွဲ
အလွန်အင်မတန် နှေးကွေး လေးလံသော မောင်ရွှေလိပ်နှင့် အလွန်အင်မတန် လျင်မြန်ဖြတ်လတ်သော မောင်ရွှေယုန် တို့ အပြေးပြိုင်ကြလေသည်။
မောင်ရွှေလိပ်သည် လွန်စွာနှေးကွေး သော်လည်း မလျော့သော ဇွဲလုံ့လ ၀ီရိယ ဖြင့် ယှဉ်ပြိုင်လေသည်။
မောင်ရွှေယုန်ကတော့ အပျင်းကြီးပြီး အိပ်နေသည်။တရေးနိုး၍ ကြည့်လိုက်သောအခါ မောင်ရွှေလိပ် ပန်းဝင်ခါ နီးနေသည်ကို မြင်လိုက်ရသည်။အားကုန် ထုတ်၍ ပြေးလိုက်ပါသော်လည်း မမှီတော့ချေ..။
မောင်ရွှေလိပ်က အရင်ဦးဆုံး ပန်း ၀င်ခဲ့သည်။

နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား(၁+၂+၃)

 

နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းလား၊ ဘာမှ မရှိခြင်းလား(၁)

မေး။ ။ ဆရာတော်ဘုရား ... တပည့်တော် ရိုသေစွာ လျှောက်ထားပါသည်။
နိဗ္ဗာန်ဆိုတာ လူ့ဘဝ၌ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါသလား။
ဘဝကုန်ဆုံးပြီး ဘာမှမရှိခြင်းကို ခေါ်ပါသလား။ ကောင်းကင်မှာ ရှိပါသလား။
(မစိုးမိုးသူ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ ရန်ကုန်တက္ကသိုလ်)

ဖြေ။ ။ ဟုတ်ပါတယ်။ နိဗ္ဗာန်ဆိုတာ ဆင်းရဲငြိမ်းခြင်းကို ခေါ်ပါတယ်။ ဘာမှ မရှိတာကို နိဗ္ဗာန်လို့ မခေါ်ပါဘူး။

မိန်းမသားတွေဘာကြောင့် ငိုရသလဲ ?

Myanmar News Update
မိန်းမသားတွေဘာကြောင့် ငိုရသလဲ ?
ကောင်လေးတစ်ယောက်က သူ့အမေကိုမေးတယ် ။
` အမေ ဘာလို့ငိုနေတာလဲဟင် ´
` ဘာလို့လည်းဆိုတော့အမေဟာ မိန်းမသားတစ်ယောက်ဖြစ်နေလို့ပေါ့ကွယ် ´
မိခင်က ကောင်လေးကိုပြန်ဖြေတယ် ။
` ကျွန်တော်နားမလည်ဘူး ´ လို့ ကောင်လေးကပြောတယ် ။ အဲဒီအခါ သူ့ အမေက ကောင်လေး ကို ထွေးပွေ့ လိုက်ပြီး ` မင်း ဘယ်တော့မှ နားလည်မှာမဟုတ်ပါဘူးကွယ် ´ လို့ပြန်ပြောလိုက်တယ် ။
အဲဒီနောက်မှာ ကောင်လေးက သူ့အဖေကိုမေးတယ် ။

နေကာမျက်မှန်အကြောင်း အမေးအဖြေများ

Myanmar News Update
နေကာမျက်မှန်အကြောင်း အမေးအဖြေများ
နွေရာသီမှာ အပြင်ထွက်မယ်ဆိုရင် ပူပြင်း လှတဲ့ နေအပူဒဏ်ကို အန်တုနိုင်ဖို့ နေရောင် ကာ ခရမ်၊ ထီး ဒါမှ မဟုတ် ဦးထုပ်ဝိုင်း နဲ့ နေကာ မျက်မှန် . . . စတာတွေက မရှိမဖြစ် လိုအပ်လှပါတယ်။
နေကာမျက်မှန်ဟာ မျက်လုံးကို နေရောင် ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့အတွက် မျက်စိ အတွင်းတိမ် ဖြစ်ခြင်းနဲ့ မျက်စိကြည် လင်တောက်ပမှု လျော့နည်းခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ နေကာ မျက်မှန်တိုင်းကတော့ မျက်စိကို ကာကွယ်မှု အပြည့်အဝပေးနိုင်တာ မဟုတ်ပါဘူး။

ယနေ့ သင် ပျော်ရွှင်ပါသလား။

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ယနေ့ သင် ပျော်ရွှင်ပါသလား။
The Bucket List ဆိုတဲ့ ဇာတ်ကားလေး ကြည့်ဖူးပါသလား။ ဒီဇာတ်လမ်းအကျဉ်း က သူဌေးကြီးတစ်ဦးဟာ ရောဂါရပြီး ဆေးရုံမှာ ကားပြင်ဆရာတစ်ဦးနဲ့ သွားဆုံတယ်။ နှစ်ယောက်စလုံးက ကင်ဆာရောဂါရပြီး လူ့ဘ၀ရဲ့ နောက်ဆုံးချိန်ကို ရောက်နေပြီဖြစ်တယ်။
တစ်နေ့မှာ သူဌေးက ကားပြင်ဆရာ စာထိုင်ရေးနေတာကိုတွေ့လို့ စိတ်ဝင်စားပြီး ဘာတွေရေးနေတာလဲလို့ မေးလိုက်တယ်။ ကားပြင်ဆရာရေးတာက လူ့ဘ၀ရှင်းတမ်း (a bucket list) ကိုရေးနေတာဖြစ်တယ်။ မသေဆုံးခင် လုပ်ချင်၊ ကြည့်ချင်၊ ဖြစ်ချင်တာကို ချရေးခိုင်းတာဖြစ်ပါတယ်။

တစ်နေ့ ဘီယာ (၄)ခွက်ထက် ပိုသောက်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်

ကျန်းမာရေးစာတိုများစုစည်းမှု
တစ်နေ့ ဘီယာ (၄)ခွက်ထက် ပိုသောက်ပါက ကင်ဆာရောဂါဖြစ်ပွားနိုင်
တစ်နေ့လျှင် ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း အသည်းပျက်စီးမှုနူန်း မြန်ဆန်ကာ ကင်ဆာရောဂါကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။

ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း

 
Myawady News
ဘ၀အတွက်အာဟာရစကားများ(၂၃)ခွန်း
အခုခေတ်လူငယ်တွေသိထားသင့်ထင်လို့အခုလိုမျိုးမျှဝေလိုက်တာပါ ဒါလေးလဲမှတ်ထားသင့်တယ်လို့ထင်ပါတယ်........
(၁)မျှော်လင့်ချက်သာရှိပါစေ ဘ၀ဆိုတာရှင်သန်လို့အကောင်းဆုံးအရာတွေပါပဲ ။
(၂)သူပြုံးမှကိုယ်ပြုံးမဲ့အစား ကိုယ်ကစပြီးပြုံးလိုက်ပါ ။

ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများ

 
Myanmar News Update
ကျန်းမာရေးဆိုင်ရာ ကမ္ဘာ့စကားပုံများ

အစားရှောင်ခြင်းကြောင့် အသက် မသေနိုင်။
အစားလွန်မှသာ သေဆုံးတတ်သည်။(ရုရှား)

အစားလွန်၍ သေဆုံးရသူ ဦးရေမှာ
စစ်ပွဲတွင် ရရှိသော ဓားဒဏ်ရာဖြင့် သေဆုံးရသူများထက် ပိုလွန်နေသည်။ (ပြင်သစ်)
တန် ဆေး၊ လွန် ဘေး။
(သင့်ရုံ တန်ရုံ စားသောက်လျှင် ဆေးဖြစ်သည်။
အလွန်အကျွံ စားသောက်လျှင် ဘေးဖြစ်သည်) (မြန်မာ)

ကြောက်စိတ်ကင်းစွာ နေထိုင်ခြင်း

 

ကြောက်စိတ်ကင်းစွာ နေထိုင်ခြင်း

သင့်ရဲ့ အကြီးမားဆုံး ကြောက်စိတ်က ဘာလဲ?

ကြောက်စိတ်ဟာ အလွန်ပြင်းထန်တဲ့ စိတ်ခံစားမှုတစ်ခု ဖြစ်ပါတယ်။ ပြီးတော့ ကြောက်စိတ်ဟာ လူတွေကို သူတို့ စွမ်းအားရှိသလောက် မလုပ်နိုင်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

Facebook တို့ ဘယ်လိုငွေရသလဲ

YoYarLay
Facebook တို့ ဘယ်လိုငွေရသလဲ

အကြမ်းဖျင်း ရှင်းပြရုံလေးပါ။ တော်တော်များများ သိချင်မှာပဲနဲ့ တူပါတယ်။ လက်ရှိ စာရေးသူတို့ အသုံးပြုနေတဲ့ Facebook က အခမဲ့ ကြီးလေ။

အကောင့်အခမဲ့ လုပ်လို့ရ။ ပုံတွေတင်လို့ရ။ စာတွေအလကားပို့ရ။ ခင်သူ မင်သူတွေနဲ့ တွေ့ဆုံ၊ ပြောဆိုလို့ ရအောင် ဖန်တီးထားပေးတဲ့ Facebook က အခမဲ့ကြီး ဖြစ်နေတော့ သူတို့ ဘယ်လို ပိုက်ဆံရသလဲ၊ စီးပွားရှာသလဲဆိုတာ စဉ်းစားစရာပဲလေ။ ဒီတော့ Facebook က ငွေရပုံ ငွေရနည်းလေးကို အကြမ်းဖျင်း မြင်ရသလောက် လေး မျှဝေ ပါ့မယ်။

Monday, April 29, 2013

ရင့်ကျက်သူဖြစ်ဖို့

Myanmar News Update
(ရင့်ကျက်သူဖြစ်ဖို့)
(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။
(၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။

ရုရှားသတင်းစာက ပြောသော ပညာတော်သင်မြန်မာအရာရှိများအကြောင်း

 
@!@ရုရှားသတင်းစာက ပြောသော ပညာတော်သင်မြန်မာအရာရှိများအကြောင်း@!@
================================================

ရုရှားရောက်ပညာတော်သင်အရာရှိများ၏ နေထိုင်မှူပုံစံကို ရုရှားနိုင်ငံသတင်းစာတစ်စောင်မှ
အောက်ပါအတိုင်းရေးသားဖြန့်ချီထားခဲ့ပါသည်။ယမန်နှစ်က ပျံနှံခဲ့သော သံအမတ်ကြီး၏ သတိပေးစာတုအတုပြုလုပ်ချက်များအတွင်း၌ ဖော်ပြသကဲ့သို့နေထိုင်ခြင်းလည်းမရှိ ကျောင်းမှ နှင်
ထုတ်ခြင်းများလည်းမဟုတ်ပဲ မြန်မာပြည်မှလာသာ ပညာတော်သင်ကျောင်းသားများ အကြောင်း
ကို အောက်ပါအတိုင်း ရေးသားခဲ့ပါသည်။

ကျကျန်ခဲ့တဲ့အရာတွေ....

Nine Nine Sanay @ နိုင်းနိုင်းစနေ
ကျကျန်ခဲ့တဲ့အရာတွေ....
__________________
မိန်းကလေးတစ်ယောက်ဟာ လူစည်ကားတဲ့ဈေးတန်းတစ်ခုကို ဆိုင်ကယ်စီးပြီးဖြတ်တယ်။ အဲဒီမှာ ဈေးခြင်းတောင်းဆွဲထားတဲ့ အဒေါ်ကြီးတစ်ဦးနဲ့ မျက်နှာချင်းဆိုင်မိတယ်။ လမ်းကကျဉ်း ဈေးကလည်းစည်ကားတာမို့ ရှောင်ပေမယ့် အဒေါ်ကြီးရဲ့ဈေးခြင်းတောင်းကို ဆိုင်ကယ်လက်ကိုင်နဲ့ ချိတ်လိုက်မိတယ်။ အဒေါ်ကြီးလက်ထဲကနေ ဈေးခြင်းတောင်းလွတ်ကျသွားခဲ့တယ်။ မိန်းကလေးက ဆိုင်ကယ်ပေါ်ကနေ အဒေါ်ကြီးကို လှည့်ကြည့်လိုက်တယ်။ ဈေးခြင်းတောင်းက ကျသွားတယ်ဆိုပေမယ့် ခြင်းတောင်းထဲကအရာတွေ အပြင်ကိုထွက်မကျခဲ့ဘူး။ ဘာမှမဖြစ်ဘူးဆိုပြီး မိန်းကလေးက ဆိုက်ကယ်စီးပြီး ထွက်သွားဖို့ပြင်တယ်။

မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်

 

မှတ်ပုံတင် ပြနိုင်တော့လည်း ရွှေသိမ်းချင်ပြန်တယ်
မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဧပြီလ ၂၉ ရက် ၂၀၁၃ ခုနှစ်

အယ်ဒီတာခင်ဗျား...

 ကျနော်တို့ ကချင်ပြည်နယ်က ပူတာအိုခရိုင်၊ ခေါင်လန်ဖူးဒေသဆိုတာ တကယ်ခေါင်းပါးတဲ့ နေရာဒေသ ဖြစ်ပါတယ်။ ကျနော်တို့နယ်က စပါးအထွက်နည်းလို့ ဘိုးစဉ်ဘောင်ဆက် ဆန်ဒုမ့်တောင်ကြီး ကျော်ပြီး အသွားအပြန် ၁၀ ရက်က
နေ ၁၃ ရက်ရှိတဲ့ နောင်မွန်းမြို့နယ်၊ မဂွေဇ စခန်းကနေ ခေါင်လန်ဖူးမြို့ပေါ်မှာရှိတဲ့ ဌာနဆိုင်ရာ နိုင်ငံတော် ဝန်ထမ်းတွေအတွက် ရိက္ခာ (ဆန်၊ ဆီ၊ ဆား) တွေကို နှစ်တိုင်း တနှစ်လျှင် ၂ ခါထက် မနည်း မိမိရိက္ခာဖြင့် အခမဲ့ ထမ်းပြီး နိုင်ငံတော် အစိုးရကို ပံ့ပိုးလာခဲ့တဲ့ တိုင်းရင်းသားလူမျိုးတွေ ဖြစ်ပါတယ်။

အရေးအကြောင်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ

ကျန်းမာရေးစာတိုများစုစည်းမှု
~အရေးအကြောင်းများနှင့် ဆောင်ရန်၊ ရှောင်ရန်များ~
► အရေးအကြောင်းဆိုတာ အသားအရေမှာရှိတဲ့ Collagen နဲ့ Elastin တွေဟာ အသားအရေကို တင်းရင်းနုပျိုအောင် လုပ်ဆောင်ပေးတဲ့ အရာတွေပေါ့။ အသက်ကြီးလာတာနဲ့အမျှ အဲ့ဒီ Collagen တွေ Elastin တွေ ဆုံးရှုံးလာပြီး အရေးအကြောင်းတွေ အသားအရည်တွဲကျတာတွေ ဖြစ်ပေါ်လာရတယ်လေ။ အသက် ၂၅ နှစ်နောက်ပိုင်းကစပြီး အသားအရေဟာ စတင်အိုမင်းစပြုလာပါပြီတဲ့။ ဒါတွေဟာ့ အသက်ကြီးလာတာနဲ့အမျှ ရှောင်လွှဲလို့မရတဲ့အရာတွေဆိုတာမှန်ပါတယ်။

♥♥♥ ခွန်အား ♥♥♥

Myanmar News Update
♥♥♥ ခွန်အား ♥♥♥

အခက်ခဲရှိချိန်မှာ " ဖြေရှင်းနိုင်ပါတယ် " လို့ပြောနေပေမယ့်
အားပေးနေတဲ့ စကားလေးတခွန်းတော့ ကြားချင်မိမှာပါ ...○

စိတ်ပင်ပန်းချိန်မှာ "ရပါတယ်ကွာ " လို့ပြောနေပေမယ့်
နွေးထွေးမှု့ ပေးနိုင်တဲ့ ဂရုစိုတ်မှုမျိုးတော့ လိုချင်ကြတာပဲလေ ...○

ဘွန်းဟောင်း ပြောတဲ့ ၀က် ဇာတ်လမ်း

အူတက်အောင်ရီရသောဟာသများနဲ့အခြား
ဘွန်းဟောင်း ပြောတဲ့ ၀က် ဇာတ်လမ်း
ရွာသာယာရွာမှ သူကြီးတစ်ယောက် သူ့ရွာသူရွာသားများ၏ စားဝတ်နေရေး အဆင်ပြေမပြေ သိလို၍
တအိမ်တက်ဆင်း ကိုယ်တိုင်လိုက်လံ စစ်ဆေးနေ၏။
သို့နှင့် ဘွန်ဟောင်း ဆိုသူ၏ အိမ်ရှေ့ ၌ သစ်သားခြေထောက်တစ်ချောင်းနှင့် ၀က် တစ်ကောင်
ထော့ကျိုးထော့ကျိုး လျှောက်သွားနေသည်ကိုတွေ့လိုက်ရလေသည်။

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာတခုတော့ရှိပါတယ်

 

ကိုယ်နဲ့ ထိုက်တန်တဲ့ နေရာတခုတော့ရှိပါတယ်

တစ်ခါကကောင်လေးတစ်ကောင်ရှိတယ်.။ သူ့မှာ သူ့ကိုယ်သူ ဘာဝါသနာ ပါလဲလို့ မစဉ်းစားမိ ၊ စဉ်းစားဖို့လဲ သူ့မှာ အချိန်မရှိ ၊
ဒီအချိန်မှာ သူ့ပတ်ဝန်းကျင်မှာ လူကြိုက်များ ကျော်ကြားနေတာက ရပ်ဂဘီ
ဘောလုံး အားကစား ။ သူ့သူငယ်ချင်းတွေ တော်တော်များများကလည်း
အောင်မြင်ထင်ရှားနေကြတယ်။ သူကလည်း ကြိုးစားရင် အောင်မြင်နိုင်တယ် ဆိုတဲ့
စကားကို လက်သင့်ခံထားသူ တစ်ယောက် ။ ဒါကြောင့် ရပ်ဂဘီအသင်းထဲ ဝင်ပြီး
သူဝင်ပြီး ကြိုးစားတယ်.။

အရေးပေါ်သားဆက်ခြားဆေးအကြောင်း သိကောင်းစရာ

 
Heart Canteen
အရေးပေါ်သားဆက်ခြားဆေးအကြောင်း သိကောင်းစရာ
_________________________________________

ကျွန်တော့်ကို Message ထဲမှာ အမေးများတဲ့ အရေးပေါ် သားဆက်ခြားဆေး ( Emergency Contraceptive Pills) အကြောင်း နည်းနည်းလောက် ပြောပြချင်တယ် ။ အခုခေတ်လူငယ်တော်တော်များများ သိကြတဲ့ ECee 2 တို့ Madonna တို့လို ဆေးတွေပေါ့ဗျာ ။

"မြက်စားတဲ့ ၀န်ကြီး"

by Ter Tee (Notes) on Tuesday, April 23, 2013 at 10:47am

ရောမ ဧကရာဇ် Caligula
ကျွန်တော်တို့ကြားဖူးနေကျ ရှေးလူကြီးတွေရဲ့ဆိုရိုးစကားတစ်ခုရှိပါတယ်။ "လူမှန် နေရာမှန်" ဆိုတဲ့စကားပါ။ ရပ်ကွက်ဆွမ်းလောင်းအသင်းလေးဖြစ်ဖြစ် စီးပွားရေး လုပ်ငန်း တစ်ခုပဲဖြစ်ဖြစ် ၊ စကားကုန်ပြောရရင်
နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရပဲဖြစ်ဖြစ် လူအများနဲ့ အဖွဲ့အစည်း အလုပ်လုပ်ကြပြီဆိုရင်လူမှန် နေရာမှန် ဖြစ်ဖို့
အလွန်အရေးကြီးပါတယ်။

အနာဂတ်အောင်မြင်မှုအတွက် ခြေလှမ်းများ (၁)

Aung Ko U
အနာဂတ်အောင်မြင်မှုအတွက် ခြေလှမ်းများ (၁)

တိကျသော ရည်မှန်းချက်ပန်းတိုင်

လူသားတိုင်းသည် အောင်မြင်မှုကို လိုချင်ကြမည်မှာ မလွဲပါ၊ အောင်မြင်မှုဟူသည် နေ့ချင်း ညချင်း ဥုံဖွ မန်းမှုတ်ယူ၍ မရသည့် အရာဖြစ်ပါသည်။ ထို့အတူ အောင်မြင်မှုကို တိုင်းတာသည့် နေရာတွင်လည်း သက်ဆိုင်ရာ နယ်ပယ်အလိုက် တူညီနိုင်မည် မဟုတ်ပါ။ မည်သို့ပင်ဆိုစေ မိမိလိုချင်သော၊ လိုလားသော အောင်မြင်မှုကို ရရှိရန် စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ပါသည်။

သားသားမီးမီးတို့အတွက် ကာကွယ်ဆေး

Latest Yangonhealthguide with Nyunt Nyunt Than and 51 others
 
သားသားမီးမီးတို့အတွက် ကာကွယ်ဆေး
ဒေါက်တာဦးမျိုးမင်းဂေါင် (ကလေးအထူးကု)

ဤကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသော သက်ရှိသတ္တ၀ါများတွင် အစဉ်အမြဲ ဥမကွဲ သိုက်မပျက် နေထိုင်ကြရန် အလို အပ်ဆုံးအရာကို တင်ပြရလျှင် မေတ္တာတရားတည်းဟူသော တရားသာလျှင် မျှော်လင့်အားထားစရာ ဖြစ်ပေလိမ့်မည်။ ထို မေတ္တာတရားတို့တွင်လည်း လောဘ၊ ဒေါသ၊ တဏှာ မပါသော ၅၂၈ မေတ္တာသာလျှင် ရေ ရှည်တည်တံ့ခိုင်မြဲခြင်းဆိုသော နှောင်ဖွဲ့မှုကို ပေးစွမ်းနိုင် သည်ကို သမိုင်းအစဉ်အလာပုံ သာဓက၀တ္ထုများ များစွာ သက်သေပြခဲ့ကြပြီး၊ ကြဆဲလည်း ဖြစ်ပေလိမ့်မည်။

“ ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ ”

 

“ ဆိုလာအကြောင်း သိမှတ်စရာဗဟုသုတ ”

၁။ ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှ
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့ တိုက်ရိုက်ပြောင်းလဲပေးနိုင်သော နည်းပညာ ဖြစ်ပါ သည်။ နေအလင်းရောင်တွင်ပါဝင်သော အလင်းမှုန်များမှ ဆိုလာပြား အတွင်းရှိ လျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကို ဖြစ်ပေါ်စေခြင်းဖြစ်ပါသည်။

ဆူး နှင့် ဖက်

မြန်မာပြည်မှမြန်မာလူမျိုး
credit -စာပေဥယျာဉ် - ဆေးမန်း ·

ဆရာမဂျူးရဲ့  ဆူးနှင့်ဖက် ဆိုတဲ့ ၀တ္ထုတိုလေးတစ်ပုဒ်တင်ပေးလိုက်ပါတယ်။
ဆူး နှင့် ဖက် (ဂျူး)-credit to ဂျူး-Ju Fan Page

လူနာကို နှာခေါင်းပိုက် တည့်သည့်အချိန်မှ စ၍ ဆရာဝန် ဆရာမတွေ အံ့သြတုန်လှုပ်ကြရပါသည်။ နှာခေါင်းမှ တဆင့် အစာအိမ်ထဲရှိ အစာနှင့် အညစ်အကြေးများကို ပိုက်ဖြင့် စုပ်ယူသည့်အခါ ရလာသည့် အရာများကို ကြည့်ပြီး ကျွန်မတို့လန့်သွားသည်ပဲ ဆိုကြပါစို့။

“ရွှေအမြုတေ စာပေဆု ဘယ်သူတွေရမလဲ”

ဝေ(စီးပွားရေးတက္ကသိုလ်) with Nwaioo Lay and Thitkhet Eain
“ရွှေအမြုတေ စာပေဆု ဘယ်သူတွေရမလဲ”

ရွှေအမြုတေမဂ္ဂဇင်းနဲ့ အလင်းတန်းဂျာနယ်တို့ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဆရာဦးဝင်းငြိမ်းရဲ့ မွေးနေ့ဖြစ်တဲ့ မေလ ၂၈ ရက်နေ့မှာ
ရွှေအမြုတေစာပေဆုပေးပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
အဆိုပါ ရွှေအမြုတေစာပေဆုပေးပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာမှာ ဒီနှစ်ဆိုရင်
အဌမအကြိမ်မြောက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဟိုတယ်ရဲ့ ရက်အခက်အခဲကြောင့် ဆရာဦးဝင်းငြိမ်းရဲ့ မွေးနေ့ဖြစ်တဲ့ မေလ ၂၈ ရက်နေ့မှာ မကျင်းပဘဲ မေလ ၂၄ ရက်နေ့ညမှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပဖြစ်မယ်လို့လည်း သိရပါတယ်။

ငါက သမိုင်းပညာရှင် မဟုတ်ဘူး သမိုင်းပညာရှာ၊ရှာလို့ကို မပြီးဘူး.....

 

.....................အခုတော့ ကျွန်တော် အရမ်း ရောက် ချင်နေခဲ့ တဲ့ နေရာလေး ကိုရောက် ခဲ့ ပါပြီ....သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာ သန်းထွန်းရဲ့  အရုပ်လောင်း မြုတ်နှံ

ရာ အုတ်ဂူ ရှိတဲ့ နေရာ လေးကိုပါ ။ အရင် ကနေရာ မသိခဲ့ လို့ ရောက်ဖူးချင်ပေမယ့် မရောက် ဖြစ်ပါဘူး ။

ဆေးလိပ်ဖြတ်သင့်သော ထိပ်တန်းအကြောင်းပြချက် ရှစ်မျိုး

Today Myanmar
ဆေးလိပ်ဖြတ်သင့်သော ထိပ်တန်းအကြောင်းပြချက် ရှစ်မျိုး
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
၁။ ဆေးလိပ်သောက်တာကြောင့် ကင်ဆာရောဂါ၊ နှလုံးရောဂါ၊ နာတာရှည်လေပြွန်ရောင်ရမ်းနဲ့ ရင်ကျပ်ပန်းနာ ရောဂါ ဖြစ်နိုင်ချေပိုများပါတယ်။
၂။ ဆေးလိပ်သောက်တာကြောင့် ပျှမ်းမျှသက်တမ်း ၁၀ နှစ်ပို တိုသွားပါတယ်။
၃။ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ ကိုယ်ဝန်ရဖို့ အချိန်ကြာတတ်ပြီး ကလေးပျက်ကျနှုန်း များပါတယ်။ လမစေ့ မွေးတာ ဒါမှမဟုတ် ပေါင်ချိန်မပြည့် မွေးတာတွေ ဖြစ်တတ်ပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသားတွေမှာ ပန်းသေပန်းညှိုးဖြစ်တတ်သလို သုတ်ပိုး အရည်အချင်းတွေလည်း ညံ့ဖျင်းတတ်ပါတယ်။

“နတ်သားကို သေဒဏ်ပေးလိုက်ပြီ”

Moe Pwint shared နဂါး မာန်'s photo.
“နတ်သားကို သေဒဏ်ပေးလိုက်ပြီ”
မြင့်မြင့်အေး(ခေါ်)သဲသဲသော်
face book ပေါ်မှာ
(fb account- Sky Queen)ဆိုတဲ့ အမည်လေးနဲ့
အမေပျောက်ရှာနေတဲ့ မိန်းကလေးကို
မတရားအကျင့် ပစ္စည်းယူ လူပါသတ်ပြစ်လိုက်တဲ့
ကလိန်ကကျစ် မဒိန်းကောင်
... (fb account- နတ်သား)ဆိုတဲ့ ခွေးသားကို
ထိုင်းရဲတွေက ၂ပတ်အတွင်းဖမ်းဆီးနိုင်ခဲ့ပြီး
ရုံးတင်စစ်ဆေး တရားရုံးက သေဒဏ်ပေးလိုက်ပြီ.......။

မွန်ဂိုလီးယား၊ ဒီမိုကရေစီ ကွန်မြူနီတီနှင့် ဒေါ်အောင်ဆန်းစုကြည်

ကို စိန်သန်း
မွန်ဂိုလီးယား၊ ဒီမိုကရေစီ ကွန်မြူနီတီနှင့် ဒေါ်အောင်ဆန်းစုကြည်
( ရဲရင့်ငယ် ဘလောဂ်မှ ကူးယူဖေါ်ပြပါသည် )

မြန်မာနိုင်ငံထက် နှစ်ဆခွဲခန့် ကျယ်ဝန်းပြီး လူဦးရေ သုံးသန်းကျော်နှင့် ကုန်းတွင်းပိတ် မွန်ဂိုလီးယားနိုင်ငံသည် ဆိုဗီယက်ပြိုကွဲပြီး နောက်ပိုင်း ပါတီစုံ စနစ်နှင့်အတူ ဒီမိုကရေစီ ကွန်မြူနီတီတွင် ပါဝင်လာခဲ့သည်။ တရုတ်နိုင်ငံထံမှ လွတ်လပ်ရေးရပြီး ဆိုဗီယက် ပြည်ထောင်စုထဲတွင် အနေကြာခဲ့သော မွန်ဂိုလီးယား နိုင်ငံ၏ နိုင်ငံရေး သမိုင်းသည် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများ၊ လေ့လာသူများအတွက် စိတ်ဝင်စားဖွယ်များ ပြည့်နှက်နေမည်မှာဖြစ်သည်။

"ငါ-ဘာကောင်လည်း၊ မင်းသိလား" ဆိုသူများဖတ်ရန်။

Htin Aung
"ငါ-ဘာကောင်လည်း၊ မင်းသိလား" ဆိုသူများဖတ်ရန်။

နယူးယောက်မြို့လေဆိပ်မှာပါ။ ယူနိုက်တက်အဲလိုင်းက လေယာဉ်တစီးမထွက်ဖြစ်ဘူး။ ဒါကြောင့် လေယာဉ်အေးဂျင့်အမျိုးသမီးလေးတယောက်ထဲ အဲဒီလေယာဉ်ပေါ်လိုက်ပါမဲ့ခရီးသည်တွေအတွက် နောက်လေယာဉ်ကိုပြန်ပြီးဘိုကင်လုပ်ပေးနေရတယ်။

ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်

 

ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်
............................................................................................
ကျွန်တော်တို့ဟာ တစ်ခါတစ်ရံ သူငယ်ချင်း အပေါင်းအသင်း မိဘ ဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်း စားသောက်ဆိုင်တွေ ရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ ဂဏန်း၊ ငါး အဲဒါတွေ
အကုန် ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့ အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင်၊ ၀...ိုင်မသောက် တတ်တဲ့ သူတွေ အတွက် Vitamin C ပါဝင်တဲ့ Orange Juiceလို ဖျော်ရည်မျိုးကို တွဲဖက်ပြီး စားသုံး ခဲ့ကြဖူး ပါတယ်။

တော်လှန်ရေးအတွက် သီချင်းရှိရမယ် (သို့မဟုတ်) နော်ဝေရောက် အဆိုတော် မွန်းအောင်

ကို စိန်သန်း
တော်လှန်ရေးအတွက် သီချင်းရှိရမယ် (သို့မဟုတ်) နော်ဝေရောက် အဆိုတော် မွန်းအောင်
( NEWS COLLECTION )

၁၉၈၀ နှောင်းပိုင်းနှစ်များမှာ ၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ညတွေ လွန်ပါစေ စီးရီးများဖြင့် အောင်မြင်ကျော်ကြားခဲ့ပြီး ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်နေသည့် အဆိုတော် (ဦး) မွန်းအောင်က ဧရာဝတီနှင့် အပြန်အလှန် အီးမေးလ်ဖြင့် အမေးအဖြေ ပြုလုပ်ရာတွင် အနှစ် ၂၀ ကျော် ဒီမိုကရေစီရေး လှုပ်ရှားမှုထဲ ဖြတ်သန်း လာခဲ့ရသည့် သီချင်းသည်တဦး၏ ယုံကြည်ချက်၊ ခံယူချက်နှင့် မျှော်လင့်ချက်များကို ပြောပြသည်။ လာမည့် မေလ သမ္မတကြီး ဦးသိန်းစိန် နိုဘဲလ်ဆု မရရေး ကမ်ပိန်းတခု စတင် လှုပ်ရှားမည် ဖြစ်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာအပေါ် ထောက်ပံ့သည့် နော်ဝေနိုင်ငံ သားများ၏ အခွန်ထမ်းငွေ အကျိုးရှိ မရှိ မေးခွန်း ထုတ်ရေးလည်း ပါဝင်မည်ဟု ဆိုသည်။ မြန်မာပြည် တနံတလျား သီချင်းများ ပြန်ဆို ချင်ကြောင်းလည်း သူကပြောသည်။

မေဒေးနေ့အကြောင်း(May 1st)

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
မေဒေးနေ့အကြောင်း(May 1st)
***********************
(မေလ(1)ရက်နေ့တွင်ကျရောက်မည့် ကမ္ဘာ့အလုပ်သမားနေ့အကြောင်းကို
မသိသေးသူများအတွက် ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ဖော်ပြလိုက်ပါသည်)

မေဒေး နေ.ဟု ပြောလိုက်ရင် လူတိုင်း လူတိုင်း သိကြပေမယ်. ဘယ်လို ပေါ်ပေါက်လာတယ်ဆိုတာကတော. လူတိုင်း သိမည် မဟုတ်ပါ။ အလုပ်သမားတွေဆိုသာ တစ်ကမ္ဘာလုံး ၊ နေရာတိုင်းမှာ ရှိသည်.အတွက် ဒီနေ.ကိုတော. လူတိုင်း သိထား ရင်းနှီးကျွမ်းဝင် ဖြစ်သင်.သည်ဟု ကျွန်တော်ယူဆသည်.အတွက် ကျွန်တော်ဖတ်ခဲ. တာလေးကို ပြန်လည်မျှဝေပါရစေ။

Sunday, April 28, 2013

ပညာတတ် ၊ ပညာရှိ နှင့် ပညာရှင်

Myawady News
ပညာတတ် ၊ ပညာရှိ နှင့် ပညာရှင်
(ဘယ်အထဲ မှာပါနေလဲ)
==================
(၁) လောကမှာ ပညာတွေ၊ ဘွဲ့ဒီဂရီတွေ တတ်အောင် ရအောင်
တော့သင်ယူထားတယ်၊ ဘွဲ့ဒီဂရီတွေ ရထားသော်လည်း ကိုယ်
တိုင် မကျင့်သုံး၊ မလိုက်နာနိင်သေးတဲ့ အဆင့်ကို "ပညာတတ်"
လို့ ခေါ်တယ်၊

ဦးနှောက်အဆိပ်သင့်ခြင်း။

ဗေဒါလမ်း Baydarlan သုတ ရသ ဟာသ ပြည်ပအနုပညာ
ဦးနှောက်အဆိပ်သင့်ခြင်း။
အရင်တစ်ခေါက်တုန်းက ဘူဖေးသွားစားဖူးတယ်မဟုတ်လား။ ဘာတွေစားလဲ?
အစုံပေါ့ ဟုတ်လား။ ကြက်သားတွေလား။ ၀က်သားတွေလား။
အငံအစပ်တွေလား။ မငံမစပ်တွေလား။
ပုစွန်လား။ ငါးလား။

Learn English with Music အစီအစဉ် အမှတ် (၅) မှ စကားလုံးအသုံးအနှုန်းများ

Aung Ko U
Learn English with Music အစီအစဉ် အမှတ် (၅) မှ စကားလုံးအသုံးအနှုန်းများ
ယခုတစ်ပတ် Learn English with Music အစီအစဉ် အမှတ် (၅) မှာ တင်ပေးခဲ့တဲ့ “As Long As You Love Me” သီချင်းကို နာမည်ကျော် ကနေဒီယမ် ပေါ့ပ် အဆိုတော် Justin Biber က သူ့ရဲ့ ဒုတိယ အလ်ဘမ် ဖြစ်တဲ့ Believe မှာ သီဆိုထားတာ ဖြစ်ပြီး Featuring ကိုတော့ အမရိကန် နာမည်ကျော် Rapper တစ်ယောက်ဖြစ်တဲ့ Big Sean (အမည်ရင်းကတော့ Sean Michael Anderson လို့ခေါ်ပါတယ်) က အားဖြည့်သီဆိုထားပါတယ်။