.....................အခုတေ
ရာ အုတ်ဂူ ရှိတဲ့ နေရာ လေးကိုပါ ။ အရင် ကနေရာ မသိခဲ့ လို့ ရောက်ဖူးချင်ပေမယ့် မရောက် ဖြစ်ပါဘူး ။ အခု တစ်ခါ မှာတော့ လင်းဇင်းသုဿန်က ယိုးဒယား ဘုရင်
အုတ်ဂူ တူးဖော်ရေး သုတေသန လုပ်ကွက် မှာ အစောင့် အဖြစ် တာဝန်ယူထားတဲ့ ဦးလေးကြီး က လမ်းညွှန်ပြပေး ...လို့ ဒီိနေရာလေး ကို ရောက် ဖြစ်ခဲ့ပါတယ် ။
လင်းဇင်းသုဿန်ဘက် ကနေ သွားတာဆိုတော့ အုတ်ဂူကြို အုတ်ဂူကြား ဖြတ်သွားပြီး ကျူကျော်ရပ်ကွက် လိုလို နေရာလေး ကို ကျော်ပြီး တာမှ ရောက်တာပါ ။
တကယ်တော့ ဦးပိန်တံတားဘက် ကနေလာရင် နေပူခံ ကိုယ်တော်ကြီးရဲ့ အနောက်တည့် တည့် ဘုန်းကြီး ကျောင်းတွေ ကျော်တွေ ကျော်လာရင် ရောက်ပါပြီ ။ ဆရာကြီး
ဒေါက်တာသန်းထွန်းနဲ့ ဆရာမကြီး လူထု ဒေါ် အမာ တို့ မွေးနေ့ ပွဲ လုပ်လေ့ ရှိတဲ့ တောင်လေး လုံးကျောင်းဟာ ဆရာကြီး ရဲ့ အုတ်ဂူနဲ့ သိပ်မဝေးလှပါဘူး ။
..........................
ဟုတ်ပါတယ် ကျတော့် အေနေနဲ့ အခု လိုကန်တော့ ခွင့် ရတာ ၀မ်းသာစရာပါပဲ ။ သမိုင်းပညာရှင်ကြီး ဒေါက်တာ သန်းထွန်း ဆိုတာ ကျတော် တို့လို သူ့ရဲ့ သာမန်
စာဖတ်ပိရိသတ်တယောက် အနေနဲ့ အပြင်မှာ မြင်ဖူးတွေ့ ဖူးဖို့ မဆိုထားနဲ့  ဆရာကြီး ရဲ့  အသံ ကိုတောင် မှာ မြန်မာ့ အသံ ကနေထုတ်လွှင့် တဲ့ အဖိုးအဖွား အလေး ထား
ကဏ္ဍ ကနေ..တစ်ခါ ဘဲ ကြားခဲ့ ရဖူးတာပါ ။ ဒီတော့ အခုလို သူ့ ရဲ့ အုတ်ဂူ မှာ လာပြီး ဂါရ၀ ပြု ခွင့် ရတာ ကျတော့် အတွက် အခွင့် ရေးကောင်း တစ်ခုကိုရ လိုက် ရသလိုပါပဲ။
.......................တကယ
ချာလိုခင်တွယ် တန်ဖို့ ထားနေရပါ လိမ့် ။ ပညာရှင်တစ်ယောက် ကို သူ့ရဲ့ ပညာ ၊ သူ့ ရဲ့  အစွမ်းရည် နဲ့ အများကျိုး အတွက် သယ် ပိုးထမ်းရွက် မှု အပေါ် မှာ မူထည်ပြီး
ချစ်ခင်လေးစား တန်ဖိုး ထားကြတယ် ဆိုတာ ဖြစ်ရိုး ဖြစ်စဉ် တစ်ခု ပါ ။ ဒါပေမယ့် ကျတော့် အနေ နဲ့ ဆရာကြီး ကို ကိုယ့် အဖေလို အဖိုးလို မျိုးစိတ် မှာ ခင်မင်ရင်းနှီး
နေမိတာ ဟာ ဘာကြောင့် ပါ လိမ့် ဆို ပြီး ကိုယ့် ကိုယ်ကိုပြန်ပြီး သုံးသပ် အကြောင်းရင်းရှာနေမိခဲ့ တယ် ။ အကြောင်းရင်း ရှိပါတယ် ။ ကျတော် ဟာ ဆရာကြီး ရဲ့ စာတွေကို
ဖတ်ခဲ့သလို ဆရာကြီးရဲ့ တပည့် တွေ နဲ့ သူနဲ့ နီးနီးစပ်စပ် နေခွင့် ရတဲ့ သူတွေ ရေးတဲ့ ဆရာ့ အကြောင်း ရေးတဲ့ စာတွေကို ပါ ဖတ်ခဲ့ မိလေတော့ ဆရာကြီးရဲ့ 
သမိုင်းဘာသာရပ် အပေါ် ထားရှိတဲ့ စိတ်ဓာတ် ၊ စိတ်နေသဘောထား ၊ ပင်ကိုယ် စရိုက် နဲ့ သူ့ ရဲ့ အမူအကျင့် တွေ ကို သိလာရပြီး စိတ်ထဲ မှာ ပိုမို ရင်းနီးလာခဲ့ တာဖြစ်မယ်
ထင်ပါတယ် ။
......................ဒီ နေရာ မှာ ကျတော် မှတ်သားရသလောက် သမိုင်းသုတေသန နဲ့ ပက်သက်ပြီး ဆရာကြီးရဲ့  သဘောထားလေးတွေ ပြန်ပြောကြည့် ချင်ပါတယ် ။ မ" အ
"ရအောင် လို့ သမိုင်းသင်ရတယ် ဆိုတဲ့ စကား ကိုတော့ လူတိုင်းကြားဖူးပြီးသားဖြစ်
သက်သက် ညှာ ညှာ ပြောပါ လို့ စည်းကမ်း မရှိဘူး ၊ ငါကတော့ မြန်မာ မဟုတ်လား မြန်မာတွေ အကြောင်း ကောင်းတာတွေ ပဲ ဖော်ထုတ်မယ် ဆိုတာ မျိုးလဲ မလုပ် ၊ သူက
ရန်သူမဟုတ်လား သူကိုတော့ ချိုးချိုးဖဲ့ ဖဲ့ ရေးလိုက်မယ် ဆိုတာ မျိုးလဲ မပါ ......................... ...တဲ့ ။ နေက်ပြီး ဥပမာ တစ်ခု နဲ့ ပြောထားတာလည်း ရှိသေးတယ် ။ မြင်မြင်
သမျှ ကို ကဗျာစပ်လေ့ ရှိတဲ့ ဘုန်းကြီး တစ်ပါး က သူ့တူမ သစ်ပင်ပေါ် တက်လို့ ချော်ကျ တာကို မြင်တဲ့ အခါ ........................ ပြည်ပန်းညို အပင်ပေါ် ပျိုချော်လို့ လဲ
အလိုတော် ....ကံ ကောင်းလို့ လွဲ........ဆိုပြီး ကဗျာ ကို လက်တန်းစပ်လိုက် သတဲ့ ...ဆိုလို တာက ဘုန်းကြီး က သူ့ တူမဖြစ်ပေမယ့် ကာရန်ကို သွေဖီလို့ မဖြစ်လေတော့
သူ့တူမ အရှက်ကို ခွဲ တဲ့ စာသားဖြစ်ပေမယ့် ကာရန်ကိုငဲ့ ပြီး ထည့် စပ်ရတာ ဖြစ်ကြောင်း ဥပမာပေး ပြီး ပြောဆိုထားပါတယ် ။ သမိုင်းသုတေသနမှာလည်း
အထောက်ထားတွေ ကို တွေ့  ရှိခဲ့ ရင်တွေ့ သလို ဘယ်သူမျက် နှာ ကို မှ မထောက်ဘဲ ဆွေးနွေးတင်ပြရမှာ ဖြစ်တယ် လို့ ဆရာကြီး ကဆိုချင်တာပါ ။ ဆရာ ၀င်းမောင် (
သမိုင်း ) ရေးတဲ့ ကျွန်တော်ပြောချင် သမျှ ကျွှန်တော့ ဆရာ ( သန်းထွန်း ) အကြောင်း ဆို တဲ့ ဆောင်းပါး မှာ ..........................
စပြောမယ် ။ မင်းတို့ အလယ် တန်း ၊ အထက်တန်း ကျောင်းတုန်း ကသင်ယူထားတာတွေ ခေါင်းထဲ ကထုတ်လိုက် ကြ ၊ ဦးကုလား ရာဇ၀င် ၊ မှန်နန်းရာဇ၀င် ထဲ က ပုဂံ
ပုံပြင်တွေ ကို လည်း ထုတ်ပစ်လိုက် ကြ ၊ တို့ က ပုဂံကျောက် စာတွေ ထဲကတွေ့ သမျှ ကိုဘဲ ပြောမယ် ..........................
ရေးသမိုင်း အကျဉ်း ချုပ် ကို စပြောမယ် ။ အကျည်းချုပ် ကိုပြောရတာ အကျယ် ပြောစရာ မရှိလို့ ပဲ........................
ပြန်ရေး ပြထားပါတယ် ။ နောက် ဆရာကြီး ပြောခဲ့ တာ ကို ဆက်ရေးပြထားတာက............
ဟာပြောတိုင်း မယုံ ရဘူး ၊။ ဘယ် လောက် ခမ်းခမ်း နားနား ထည်ထည် ၀ါဝါ စကားပဲ ဖြစ်ဖြစ် သက်သေအထောက် ထားမရှိရင် အလကားပဲ ။ အထောက်ထားတွေ့ တိုင်းလဲ
ငါ မယုံဘူး ၊ ကျောက် တုံး အပေါ် မှာ ရေးထာတဲ့ အတောက် ထားဘဲ ဖြင့်ဖြင့် သေသေချာချာ စစ်ဆေး အကဲ ဖြတ်တယ် ။ အဲ ဒီ လို စစ်ဆေး ပြီး တော့ မယုံကြည်တာတွေ
လျှော့ လျှော့ သွားတဲ့ အခါ ကျမှ ယုံကြည်လက်ခံ တာကွ .....................တဲ့  ။
ဆရာကြီး ဟာ 2000 ပြည့် နှစ် 11 ကြီမ်မြောက် ဖုကုအိုက အာရှ ယာဉ်ကျေး မှု ပညာရေးကဏ္ဍ ဆုရင် အဖြစ် ရွေးချယ် ခြင်း ခံ ရပါတယ် ။ အဲ ဒီ လို ချီး
မြှင့်ခံ ရခြင်း အပေါ် ဆရာကြီး က..... ကျတော် ဟာအများတကာ ထက် ညဏ်ပညာ သာလှ တယ် လို့ လည်း မပြောနိုင်ပါ ။အရည် ချင်း ထက်မြက် လှတယ် လို့ လည်း မဆို
သာပါ ။ အခုလို ဆုကြီး မျိုး ကိုလည်း မမှန်းပါ ။ အပင်ပန်း ခံ ရမယ် ၊ စေ့ စပ်သေချာရမယ် ၊ ဒါမှ ထူးချွန်မယ် လို့ ကျတော် နားလည်ပါတယ် ။ ကိုယ့် ဘာသာကိုယ် ကျေနပ်ဖို့ ပဲ
အာသီသ ရှိပါတယ် ။ ဘာကိုကျေနပ်သလဲ ဆိုရင် ဘယ်သူမှ မသိသေးတဲ့ အကြောင်း အရာ တွေ ကို ကျတော် သိတယ် ။ ဒီကိစ္စ ကိုလူတစ်ကာ သိတာထက်ပိုသိတယ် ဆိုရင်
အထူးပြု လေ့ လာမယ်လို့ ကိုယ် တိုင်သတ်မှတ် တဲ့ နယ်ပယ် မှာ အသိတိုး အောင် လုပ်ပေးနိုင်တာ ကိုယ်ကပဲ စပြောရမယ် ၊ ကိုယ်ကဘဲ စရေးရမယ် ၊။ သဘောကတော့
ကိုသိတာကို ကိုယ့် လုပ်ဖော် ကိုင်ဖက်တွေ နဲ့ ဝေခြမ်း မျှတပြီး အကျိုးခံစားဖို့ ဟာ ကိုယ့် တာဝန်ပဲဖြစ်ပါတယ် ............. ...လို့ မီဒီ ယာများတွေ့ ဆုံ ရှင်းလင်းပွဲ မှာ ပြောကြားခဲ့
ပါတယ် တဲ့ ။.........................
သမိုင်းလေ့ လာမှု ကို ဦးဆောင်ခဲ့ တယ် ။ ပြီးတော့ လုံးဝထူးခြားဆန်းသစ်တဲ့ ရှု ထောင့် က ဖော်ထုတ်တင်ပြခဲ့သူမို့ အာရှတိုက်ရဲ့ ထူးခြား ထင်ရှားတဲ့ ထိပ်တန်း သမိုင်း
ပညာရှင် ထဲကတစ်ယောက် ဖြစ်လို့ အခုလို ဆုချီးမြှင့် ခြင်းဖြစ်တယ်..............
..........................
ရှာဖွေ ဖော်ထုတ်တင်ပြခဲ့ တာတွေဟာ သမိုင်းပညာ ကို လေ့ လာလိုက် စားသူ နောက်မျိုးဆက် သစ်တွေ အတွက် တန်ဖိုးကြီး မားလှပါတယ် ။ ကျတော် ဟာ ဆရာ့ စာတွေ
ကို 2000 ခုနှစ်လောက် မှ စတင် ဖတ်ဖူးခဲ့ တာပါ ။ သူ့ စာ ကို နှစ်ချိုက်စွာဖတ်ရှု လေ့ လာစအချိန်မှာ ဆရာကြီး ဟာ အသက် 80 နားနီးကပ်နေပါပြီ ။ နောက်ထပ်
သုတေသနပြု ဖို့ မချိန်နည်း နေပြီဖြစ်တဲ့ ဆရာကြီးကို ကျမ်းမာပြီး အသက် ရည် စေဖို့ ကျတော် အမြဲ ဆုတောင်း ဖြစ်ပါတယ် ။ ဒါပေမယ့် ဆရာကြီး ဟာ သူပြောခဲ့ တဲ့
..............ငါက သမိုင်းပညာရှင် မဟုတ်ဘူး သမိုင်းပညာရှာ ၊ ရှာလို့လဲ မပြီးနိုင်ဘူး ..........ဆိုတဲ့ စကား အတိုင်းပါပဲ သူ့ ရဲ့ နောက် ဆုံး အချိန်ထိ သမိုင်းသုတေသန အပေါ် မှာ
သံယောဇဉ်ကြီး စွာနဲ့ တာဝန်ကေပွန်စွာ နောင်လာနောက်သားတွေ အတွက် လုပ်ဆောင်ခဲ့ တယ် ဆို တာ အဆက် မပြတ်ထွက်လာနေခဲ့တဲ့ သူ့ စာတွေ အရသိရပါတယ် ။
အဲဒီလို သူ့ အလုပ် အပေါ် တာဝန်ကျေပွန်စွာ ထမ်းဆောင်နေရင်းက 2005 နိုဝင်ဘာ 29 ရက် နေ့ မှာ ကျင်းပမယ့် ဆရာမကြီး လူထုဒေါ်အမာ မွေးနေ့ ကို တက်ရောက် ဖို့
မန္တလေးကိုရောက် နေတဲ့ အချိန် နိုဝင်ဘာ 30 ရက်နေ့ မနက် 2 နာရီ 24 မီနစ်မှာ ရုတ်တရက် နုလုံးရောဂါ ဖိစီးမှုဒဏ်ကြောင့် ဘ၀တစ်ပါး ကို ပြောင်းသွားခဲ့ ရရှာပါတယ် ။
ဆရာကြီး ရဲ့ ကတော် ဒေါ်ခင်ရီ က ဆရာကြီး ရဲ့ တပည့် တွေ ကို ...........မင်း တို့ ဆရာ အသွား အလာ အရင် လို မမြန်တော့ ဘူး နှေးလာတယ်......လို့ ပြောရင်
..........................
( ရန်နောင်စိုး )
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။