Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 29, 2013

“ရွှေအမြုတေ စာပေဆု ဘယ်သူတွေရမလဲ”

ဝေ(စီးပွားရေးတက္ကသိုလ်) with Nwaioo Lay and Thitkhet Eain
“ရွှေအမြုတေ စာပေဆု ဘယ်သူတွေရမလဲ”

ရွှေအမြုတေမဂ္ဂဇင်းနဲ့ အလင်းတန်းဂျာနယ်တို့ရဲ့ ပဲ့ကိုင်ရှင်ဖြစ်တဲ့ ဆရာဦးဝင်းငြိမ်းရဲ့ မွေးနေ့ဖြစ်တဲ့ မေလ ၂၈ ရက်နေ့မှာ
ရွှေအမြုတေစာပေဆုပေးပွဲကို နှစ်စဉ်ကျင်းပလေ့ရှိပါတယ်။
အဆိုပါ ရွှေအမြုတေစာပေဆုပေးပွဲကို နှစ်စဉ်ကျင်းပလာခဲ့ရာမှာ ဒီနှစ်ဆိုရင်
အဌမအကြိမ်မြောက်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ဟိုတယ်ရဲ့ ရက်အခက်အခဲကြောင့် ဆရာဦးဝင်းငြိမ်းရဲ့ မွေးနေ့ဖြစ်တဲ့ မေလ ၂၈ ရက်နေ့မှာ မကျင်းပဘဲ မေလ ၂၄ ရက်နေ့ညမှာ ရန်ကုန်မြို့ ကုန်သည်ကြီးများဟိုတယ်မှာ ကျင်းပဖြစ်မယ်လို့လည်း သိရပါတယ်။


ရွှေအမြုတေ စာပေဆုပေးပွဲဟာ ရသစာပေဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီးကျင်းပတဲ့ ဆုပေးပွဲတစ်ပွဲဖြစ်သလို မြန်မာ မဂ္ဂဇင်းများမှာ ဖော်ပြပါရှိခဲ့တဲ့ ရသစာပေများနဲ့ ပတ်သက်ပြီးပေးတဲ့ ဆုဆစ်ဆုလည်း ဖြစ်ပါတယ်။ အဲဒီလို ရွေးချယ်ချီးမြှင့်နေရာမှာ နှစ်တစ်နှစ်ရဲ့ ဇွန်လမှ နောက်နှစ်တစ်နှစ် မေလအတွင်း မြန်မာမဂ္ဂဇင်းများမှာ ဖော်ပြခံရတဲ့ ရသစာပေများအနက်မှ ကဗျာဆု၊ ဆောင်းပါးဆု၊ ရသစာတမ်းဆု၊ ၀တ္ထုတိုဆု၊ မဂ္ဂဇင်းဝတ္ထုရှည် စ/ဆုံးဆု၊ မျိုးဆက်သစ်ဆု၊ အခန်းဆက်ဝတ္ထုရှည်ဆု ဆိုပြီး ဆုအမျိုးအစား ၇ မျိုး သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ရွှေအမြုတေစာပေဆုပေးပွဲကြီး နီးလာတာနဲ့အမျှ ဆုတစ်ဆုချင်းစီအတွက် ထွက်ပေါ်လာတဲ့ အသံများနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိတဲ့ ဆုများအတွက် ဆုခန့်မှန်းစာရင်းကို တင်ပြလိုက်ပါတယ်။ ဒီတစ်ပတ်အတွက် ဆုခန့်မှန်းစာရင်းကို ဆုတစ်ဆုချင်းစီအလိုက် တင်ပြတဲ့နေရာမှာ ဒီနေ့ခေတ် ရသစာပေဦးစားပေး ဖော်ပြနေတဲ့ မဂ္ဂဇင်းတွေမှာ ရသစာပေတွေကို တစိုက်မတ်မတ်ရေးသားနေတဲ့ စာရေးဆရာတွေထဲက ရွေးချယ်မေးမြန်းဖြစ်ခဲ့ပါတယ်။

ကဗျာဆု

ရွှေအမြုတေ စာပေဆုပေးပွဲအတွက် ကဗျာဆုနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့သူကတော့ ကဗျာဆရာ ခရမ်းပြာထက်လူ ဖြစ်ပါတယ်။ ဆရာ ခရမ်းပြာထက်လူဟာ သူကိုယ်တိုင် ကဗျာတွေ စဉ်ဆက်မပြတ် ရေးသားသူဖြစ်သလို တတိယအကြိမ်မြောက် ရွှေအမြုတေ စာပေဆုပေးပွဲမှာ “ ဘတ်စ်ကားပေါ်မှာ ” ကဗျာနဲ့ ဆုရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီနှစ်အတွက် ကဗျာဆုမှာ ဆရာ ခန့်မှန်းရွေးချယ်ပေးခဲ့တဲ့ ကဗျာဆရာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

“ ကဗျာတော်တော်များများကိုတော့ ဖတ်ဖြစ်ပါတယ်။ ဆုအတွက် စောင့်ဖတ်ဖြစ်ခဲ့တာမျိုးတော့ မဟုတ်ဘူးပေါ့ဗျာ။ ကဗျာတွေကလည်း အရမ်းများတော့ ဘယ်ကဗျာကတော့ဖြင့် အကောင်းဆုံး၊ ဘယ်ကဗျာကိုတောပ အကြိုက်ဆုံးဆိုတာက ပြောရခက်တယ်။ ခေတ်ကို မျက်နှာချင်းဆိုင်ပြီး ရေးထားတဲ့၊ ခေတ်ကိုပြထားတဲ့ ကဗျာတွေကလည်း အများသားလေ။ မဖတ်မိဘဲ ကျော်သွားတဲ့ ကဗျာတွေလည်း ရှိနိုင်တယ်။ အဲဒီထဲကမှာ ဒီနှစ်အတွင်းမှာ ကျွန်တော်ဖတ်ဖြစ်ခဲ့တဲ့ ကဗျာတွေထဲက သုံးပုဒ်ကိုရွေးပြီး ပြောပြချင်ပါတယ်။ အဲဒီကဗျာတွေကတော့ နွယ်နီမဂ္ဂဇင်းမှာပါခဲ့တဲ့ ဆရာကိုရွေးရဲ့ “ သူငယ်ချင်း ကဗျာဆရာသို့ ” ၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်းမှာပါခဲ့တဲ့ ဆရာဝင်းမြင့်ရဲ့ “ နိုင်ငံတော် မျှော်ခြင်း” ၊ Icon မဂ္ဂဇင်းမှာပါခဲ့တဲ့ ဆရာမိုးဝေးရဲ့ “ သမ္မတကြီးနှင့် သုံးလေးမှတ်တိုင်” စတဲ့ ကဗျာတွေပဲ ဖြစ်ပါတယ်။

ဆရာကိုရွေးရဲ့ ကဗျာကိုတော့ စောင့်လည်းဖတ်ဖြစ်သလို၊ ဆရာ့ ကဗျာတွေက လူထုလိုအပ်ချက်၊ အစိုးရဘက်က လိုအပ်ချက်၊ လူထုရင်ခုန်သံစစ်စစ်တွေကို
ဖော်ပြတဲ့ကဗျာတွေ ဖြစ်နေတာကိုလည်း တွေ့ရတယ်။ အခု ကျွန်တော်ပြောတဲ့ “ သူငယ်ချင်းကဗျာဆရာသို့ ” ဆိုတဲ့ကဗျာကလည်း ဒီနှစ်အတွက် အလယ်၇ိုးမ ကဗျာဆုရ ကဗျာတစ်ပုဒ်လည်း ဖြစ်တယ်။ ဒီကဗျာတွေထဲက ကဗျာစာသားတွေဟာဆိုရင် ကြောက်စရာကောင်းလောက်အောင် ပြောင်မြောက်နေတယ်။ ဥပမာ “ ငါတို့အတွက် အကာအကွယ်ဆိုတာကလည်း ရုပ်ရှင်ထဲက ရဲတွေလိုပဲ အမြဲနောက်ကျ ” ဆိုတာမျိုးတွေ၊ “ မင်းချထားတဲ့ သတင်းစာ ငါသာဖတ်ရင် မီးဟုန်းဟုန်းတောက်နေမှာပဲ သူငယ်ချင်း ” ဆိုတဲ့ ကဗျာပါ စာသားတွေကို နှစ်ခြိုက်မိတယ်။

ဆရာဝင်းမြင့်ရဲ့ “ နိုင်ငံတော်မျှော်ခြင်း ” ကဗျာကျတော့ နိုင်ငံရေးအငွေ့အသက်တွေ အများကြီးပါတဲ့ ကဗျာတစ်ပုဒ်ပေါ့။ ကဗျာဆရာက သူရှင်သန်ပြီး သေဆုံးတဲ့ အခြေအနေနဲ့တူနေတယ်ဆိုတာကို မွေးဖွားတဲ့အချိန်ကစလို့ အဆင့်ဆင့် ဖွဲ့စည်းလာတဲ့ ကဗျာတစ်ပုဒ်ပေါ့။ ခေတ်ကို တိုက်ရိုက်ထင်ဟပ်တဲ့ ကဗျာတစ်ပု့ဒ်လို့လည်း မြင်မိတယ်။ အဲဒီကဗျာထဲက “ အကောင်းဆုံးသုခတွေကို ရဖို့နေနေသာသာ၊ အဆိုးဆုံးဒုက္ခတွေတောင် သူတို့ပေးလို့ရခဲ့တယ်” ဆိုတဲ့ စာသားမျိုးကတော့ ရင်ကိုထိစေတယ်။

နောက်ထပ်တစ်ပုဒ်ဖြစ်တဲ့ ဆရာမိုးဝေးရဲ့ “ သမ္မတကြီးနဲ့ သုံးလေးမှတ်တိုင် ” ကဗျာကိုတော့ ကျွန်တော်ပိုကြိုက်မိတယ်။ ဒီကဗျာက တည်ဆောက်ပုံ ဆန်းသစ်သလို အခြားကဗျာဆရာတွေ ဖွဲ့လေ့ဖွဲ့ထမရှိကြတဲ့ ပုံစံတစ်ခုနဲ့ ကဗျာကို တည်ဆောက်ထားတယ်။ သမ္မတကြီးနဲ့ ဘတ်စ်ကားအတူစီး၊ ကားပေါ်မှာခုံလုကြရင်း ကဗျာဆရာက နေရာပေးခဲ့ပုံ၊ ကားခကိုလည်း ရှင်းခဲ့ပုံ၊ စပါယ်ယာတွေ ဟောက်တာလည်း ခံရပုံ၊ သမ္မတကြီးကို ကဗျာဆရာကနေပြီး အောက်ခြေလူတန်းစားတွေရဲ့ ဒုက္ခတွေကို လိုက်ပြတဲ့ပုံ၊ သမ္မတကြီးကလည်း မေးခွန်းတွေမေးတဲ့ပုံစံ၊ အောက်ခြေလူတန်းစားတွေဆီကို မျက်စိလည်ပြီး ရောက်လာတဲ့ပုံစံတွေကို ရေးထားတဲ့ကဗျာပေါ့။ ခေတ်ကို ကွင်းကွင်းကွက်ကွက်ကြီးပြခဲ့တဲ့ ကဗျာတစ်ပုဒ်ပေါ့။ ကဗျာရဲ့ အဆုံးသတ်က စာသားလေးဆိုရင် ထိရှဖို့ကောင်းတယ်။ “ ဒီလိုနဲ့ နောက်တစ်နေ့မှာ သမ္မတကြီးရဲ့ ကျန်းမာရေးသတင်းတွေ ပျံ့ နှံ့ခဲ့တယ်။ ဒီလိုနဲ့ ငါတို့ရဲ့ ကဗျာတွေကလည်း တိုင်းပြည်ရဲ့ အခြေခံလိုအပ်ချက်ထဲ ပါမပါ မှုန်ဝါးခဲ့တယ် ” ဆိုတဲ့ အရေးအဖွဲ့မျိုးပေါပ။ အဲဒါကြောင့် ဒီကဗျာ သုံးပုဒ်ကိုတော့ ကျွန်တော့် စိတ်ကြိုက်အဖြစ် ရွေးချယ်ပေးခဲ့တာပါ ” လို့ ကဗျာဆရာ ခရမ်းပြာထက်လူက ဆိုပါတယ်။

မင်းဝေဟင်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။