Myanmar News Update
ညီမလေးအတွက် စကားလက်ဆောင်(၄၉)
******************************
ညီမလေးရေ.....
ရိုးသားပါ။ မ အပါနှင့်။မေတ္တာထားပါ။ မျက်နှာ မများပါနှင့်။
ဘယ်သူ့ကိုမှ မယုံပါနှင့်။ လူတိုင်းကိုလည်း သံသယနဲ့ မကြည့်ပါနှင့်။

ခေတ်မီပါ။ ခေတ်မလွန်ပါနှင့်။
ဘာသာတရား ကိုင်းရှိုင်းပါ။ သူများ ကိုးကွယ်မှုကိုလည်း မစော်ကားပါနှင့်။
ချစ်သူပဲထားပါ။ ရည်းစားမထားပါနှင့်။
ငွေရဲ့ သခင်ပဲလုပ်ပါ။ ငွေရဲ့ ကျွန်မလုပ်ပါနဲ့။
ယဉ်ကျေးမှုကို ထိန်းသိမ်းပါ။ အပောာင်းချည်းပဲ ဖက်တွယ်မထားဘဲ အသစ်ကိုလည်း လေ့လာပါ။
တက်တက်ကြွကြွရှိပါ။ ဆက်ကော့ လက်ကော့ မရှိပါနဲ့။
သူ့ကျေးဇူးကို သိတတ်ပါ။ ကိုယ့်ကျေးဇူးကို ဂုဏ်မဖော်ပါနဲ့။
စကားနည်းနည်းပဲပြောပါ။ ပြောစရာရှိရင် ရဲရဲပြောပါ။
မကြောက်ပါနှင့်။ နေရာတကာမှာ အတင့်မရဲပါနှင့်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။