Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, April 25, 2013

ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး

 

ချွေးနံ့တွေ ခံတွင်းနံ့ဆိုးတွေအတွက် ဖြေဆေး
~~~~~~~~~~~~~~~~~~~~~~~~

သင့်ခန္ဓာကိုယ်က ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ဒုက္ခရောက်နေလား?? စိတ်ညစ်နဲ့တော့နော်။ ရင်နှင်း ဖြေဆေးပေးမယ်။ ချွေးနံ့တွေလည်းပျောက် စိတ်ညစ်တာလည်းပြေဖို့ ဖြေဆေးလေးတွေလေ။ ဖတ်ကြည့်နော်..။
Hygiene
ချွေးနံ့မနံချင်ရင် ခံတွင်းနံ့မနံချင်ရင် တကိုယ်ရည်သန့်ရှင်းရေးကိုတော့ ဂရုစိုက်ရမှာပေါ့။ သွားကို မနက်တကြိမ် ညတကြိမ် မှန်မှန်တိုက်၊ အစာစားပြီးတိုင်း ပလုတ်ကျင်းရင်တော့ ခံတွင်းက နံတာသက်သာသွားလိမ့်မယ်နော်။ ချွေးနံ့တွေအတွက်ကတော့ နေ့တိုင်း ရေမှန်မှန်ချိုးပါ။ ရေချိုးတယ်ဆိုရုံလေး ရေပဲချိုးလို့ မရသေးဘူး။ ခန္ဓာကိုယ်က ချွေးတွေ ဂျီးတွေသန့်စင်ဖို့ သင့်တော်တဲ့ဆပ်ပြာ သို့မဟုတ် ဆပ်ပြာရည်ကိုလည်း သုံးပါ။ ချွေးထွက်များတဲ့ နေရာတွေဖြစ်တဲ့ ရင်သားအောက်၊ ချိုင်းတွေ၊ ပေါင်ခြံတွေနဲ့ ခြေဖ၀ါး၊ ခြေချောင်းကြား တွေကို သေချာသန့်စင်ပေးဖို့ မမေ့နဲ့နော်။ ပြီးတော့ ဘက်တီးရီးယားတွေ ခိုအောင်းပေါက်ဖွားနေနိုင်တဲ့ ဂျိုင်းမွှေးတွေကိုလည်း ပုံမှန်ဖယ်ရှားပေးပါ။


Reduce Sweating
ချွေးထွက်များတဲ့သူတွေဟာ ချွေးနံ့နံတယ်ဆိုတာမဆန်းပါဘူး။ တကယ်လို့ သင်ချွေးထွက်များတာဟာ အားကစားလုပ်ပြီးချိန်တွေမှာပဲဆိုရင်တော့ မစိုးရိမ်နဲ့နော်။ လူတိုင်းက အဲ့ဒီအချိန်ချွေးနံ့နံတာ သိပါတယ်။ အားကစားတူတူလုပ်တဲ့သူတွေကြားမှာဆိုရင်တော့ သူများချွေးနံ့တွေနဲ့ ရောပြီး ကိုယ့်ချွေးနံ့က မသိသာနိုင်ဘူးလေ။ :D ဒါပေမယ့် ပြီးတာနဲ့ ရေမြန်မြန်ချိုးလိုက်ပေါ့။ ချွေးထွက်တာက အလုပ်ကစိတ်ဖိစီးမှု၊ စာမေးပွဲကစိတ်ဖိစီးမှုတွေကြောင့်လဲ ဖြစ်တတ်ပါတယ်။ ချွေးထွက်အရမ်းများပြီး ချွေးနံ့နံတတ်သူတွေက ချွေးထွက်နည်းစေတဲ့ Antiperspirant Roll On တွေ သုံးပေးလို့ရတယ်နော်။ ပြီးတော့ ချွေးထွက်ခြင်းကိုအားပေးတဲ့ ရှုးရှုးရှဲရှဲ ပူပူလောင်လောင်အစားအစာတွေကိုတော့ ရှောင်ပေါ့။ ပြီးတော့ ချွေးထွက်အရမ်းများတဲ့သူတွေဟာ ပွပွချောင်ချောင် ချည်သားလေးတွေ ၀တ်ပါ။ တရက်ကို ရေ ၂ ကြိမ် ၃ ကြိမ် ချိုးပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့။


Keep Clothes Dry and Clean
အ၀တ်အစားတွေကို နေ့တိုင်းမှန်မှန်လဲပါ။ အတွင်းခံတွေကိုလည်း နေ့တိုင်း လျှော်ပေးရမယ်နော်။
ပြီးတော့ အ၀တ်အစားတွေကို လေ၀င်နိုင်တဲ့နေရာတွေမှာ ထားပေးပါ။ အ၀တ်တွေကိုချိတ်ဆွဲနိုင်တဲ့ ဗီရိုထဲမှာ ချိတ်ပြီးထားရင် အကောင်းဆုံးပဲနော်။ အ၀တ်တွေကို အမြဲခြောက်သွေ့နေစေပြီး ဘက်တီးရီးယားပိုးတွေကိုလည်း သေစေနိုင်တယ်လေ။


Wash Hand
လက်ဆိုတာက ဟိုကိုင်ဒီကိုင်နဲ့ ဘက်တီးရီးယားတွေနဲ့ ထိတွေ့နိုင်မှု အများဆုံးပဲလေ။ လက်ကို ခဏခဏ ဆေးပေးပါ။ တစ်နေ့ကို အနည်းဆုံး သုံးကြိမ် လေးကြိမ်လောက်တော့ လက်ဆေးသင့်တယ်နော်။


Choose Right Food
ချွေးနံ့နံတတ်ရင်တော့ စားချင်တာစားလို့ မရဘူးနော်။ အစားအစာကို ရွေးချယ်စားသုံးပါ။ ချွေးနံ့ဟာ ခန္ဓာကိုယ်က အစာချေဖျက်ပြီး ထွက်လာတာတွေနဲ့ ဆိုင်တယ်လေ။ အဲဒီတော့ ကိုယ့်ရဲ့ချွေးနံ့ဟာ ကိုယ်စားတဲ့စားစရာတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာပေါ့။ ဒါကြောင့် ချွေးနံ့ဆိုးတွေ ထွက်စေတဲ့ ဆီကြော်အစားအစာတွေနဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ အသင့်စားနိုင်တဲ့ အစားအသောက်တွေကို ရှောင်ရမယ်နော်။ ပြီးတော့ ချွေးနံ့နံတတ်ရင်၊ ခံတွင်းနံ့နံတတ်ရင် စားတဲ့အစားအသောက်ထဲမှာ ဂျင်း၊ ကြက်သွန်ဖြူစတဲ့ အနံ့ပြင်းတာတွေကို ထည့်မစားနဲ့နော်။ အရမ်းစားချင်ရင် ညဘက်တွေလည်း အပြင်ထွက်စရာမရှိရင်တော့ ညစာမှာထည့်စားပေါ့နော့။ မနေနိုင်လို့ လူရှေ့သူရှေ့စားမိသွားပြီဆိုရင်တော့ ခံတွင်းအနံ့ပျောက်အောင် ပီကေ၀ါးလို့ရတယ်။ ပူရှိန်းသကြားလုံးလေးတွေနဲ့ ပါးစပ်ဖြန်းဆေးတွေ၊ ပလုပ်ကျင်းတဲ့ဆေးရည်တွေကိုလည်း အားကိုးလို့ရတာပေါ့။


Give Up Smoking
ဆေးလိပ်သောက်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ပါတော့။ ဆေးလိပ်သောက်ရင် ဆေးလိပ်နံ့တွေ အ၀တ်အစားပေါ်မှာ စွဲကျန်စေတယ်ဆိုတာကိုတော့ လူတိုင်းသိတာပဲ။ ပြီးတော့ ခန္ဓာကိုယ်က အနံ့ကိုထိန်းချုပ်နိုင်တဲ့စနစ်တွေကိုလည်း ယိုယွင်းစေတယ်လေ။ ဒါကြောင့် ဆေးလိပ်ဖြတ်ဖို့ကြိုးစားနော်။


Consult with Doctor
ဘယ်လိုပဲ ကြိုးစားပေမယ့် ခံတွင်းနံ့နံတုန်း ချွေးနံ့နံတုန်းပဲဆိုရင်တော့ ဆရာဝန်နဲ့ ပြတော့ပေါ့နော်။


ကဲ.. ဒီလောက်ဆိုရင်တော့ ချွေးနံ့ထွက်၊ ခံတွင်းနံ့နံနေလို့ စိတ်ညစ်နေတဲ့ သူငယ်ချင်းတွေအတွက် နဲနဲဖြစ်ဖြစ်အထောက်အကူဖြစ်မယ် ထင်ပါတယ်။ ရင်နှင်းအဓိကမှာချင်တာကတော့ အနံ့အသက်ဆိုးတွေဟာ ဘက်တီးရီးယားပိုးမွှားတွေကြောင့် အဓိကဖြစ်တာမို့ အပေါ်မှာပြောခဲ့သလိုပဲ သန့်ရှင်းရေးကို သေချာဂရုစိုက်ပေးပါ။ ကြိုးစားကြည့်အုံးနော် သူငယ်ချင်းတို့..





(ရင်နှင်းငယ်)
Myanmar Sky Link

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။