မင်းသိမ်းခိုင် - ရွှေရမ်းထူးလင်း
၂၁ရာစု၏ ယုန် နှင့် လိပ် အပြေးပြိုင်ပွဲ
အလွန်အင်မတန် နှေးကွေး လေးလံသော မောင်ရွှေလိပ်နှင့် အလွန်အင်မတန် လျင်မြန်ဖြတ်လတ်သော မောင်ရွှေယုန် တို့ အပြေးပြိုင်ကြလေသည်။
မောင်ရွှေလိပ်သည် လွန်စွာနှေးကွေး သော်လည်း မလျော့သော ဇွဲလုံ့လ ၀ီရိယ ဖြင့် ယှဉ်ပြိုင်လေသည်။
မောင်ရွှေယုန်ကတော့ အပျင်းကြီးပြီး အိပ်နေသည်။တရေးနိုး၍ ကြည့်လိုက်သောအခါ မောင်ရွှေလိပ် ပန်းဝင်ခါ နီးနေသည်ကို မြင်လိုက်ရသည်။အားကုန် ထုတ်၍ ပြေးလိုက်ပါသော်လည်း မမှီတော့ချေ..။
မောင်ရွှေလိပ်က အရင်ဦးဆုံး ပန်း ၀င်ခဲ့သည်။
...

သို့သော်လည်း မောင်ရွှေယုန်သည် ဆုပေးပွဲ မကျင်းပမှီအချိန်ကလေးတွင်
ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ၀င်များ
ကို အသပြာ အပြည့်ပါသော မုန့်ပုံး တစ်ပုံးစီလိုက်လံ ကန်တော့လေသည်။
ဆုပေးပွဲ ကျင်းပလေပြီ...။
ပြိုင်ပွဲ ကျင်းပရေး ကော်မတီ မှ ကြေငြာချက်ထွက်ပေါ်လာသည်။
“ လေးစာအပ်ပါသော ရွှေ့ပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျား.....မောင်
ရွှေလိပ်ဟာ အရင်ဦးဆုံး ပန်းဝင်ခဲ့သော်လည်း...လွန်စွာနှေးကွေးခြင်း
ပြိုင်ပွဲဝင်ပုံမှာ စွဲမက်ဖွယ်ရာ မရှိခြင်း တို့ကြောင့် ဒုတိယ နေရာမှ
ပန်းဝင်လာသော မောင်ရွှေယုန်ကို အနိုင်ပေး လိုက်က်ပါတယ်......။
ပရိတ်သတ်များထံမှ သြဘာလက်ခုပ်သံများ လက်ခေါက်မှုတ်သံများ ကျယ်ကျယ်လောင်လောင်ထွက် ပေါ်လာသည်။
“ ရွှီး....ဖြောင်း....ဖြောင်း...ေ ဖြာင်း.......”
ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ လည်း ထပ်မံ ကြေငြာပြန်သည်။
“ ရွှေပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျာ....မောင်ရွှေလိပ်သည်...တားမြစ်
ထားသော ဆေးဝါးများကို သုံးစွဲထားဟန် ရှိသောကြောင့် အသပြာ
ငါးထောင် ဒဏ်ကြေးငွေ ပေး ဆောင်စေပြီး.....၄င်း၏ ပြိုင်ပွဲ
ဝင်ခွင့်ကိုလည်းရာသက်ပန် ပိတ်ပင်လိုက်သည်.....”
ပရိတ်သတ်များထံမှ သြဘာလက်ခုပ်သံများ လက်ခေါက်မှုတ်သံများ ကျယ်ကျယ်လောင်လောင်ထွက် ပေါ်လာသည်။
“ ရွှီး....ဖြောင်း....ဖြောင်း...ေ ဖြာင်း.......”
နောက်ဆုံးတွင် မောင်ရွှေယုန် သည် အငြင်းပွားဖွယ်မရှိ စောဒကတက်ဖွယ် မရှိ တရားမျှတစွာဖြင့် အနိုင်ရရှိသွား ပါ လေတော့သတည်း။.....။
မင်းသိမ်းခိုင်
(ရွှေရမ်းထူးလင်း)
ပြိုင်ပွဲကျင်းပရေး ကော်မတီနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ ၀င်များ
ကို အသပြာ အပြည့်ပါသော မုန့်ပုံး တစ်ပုံးစီလိုက်လံ ကန်တော့လေသည်။
ဆုပေးပွဲ ကျင်းပလေပြီ...။
ပြိုင်ပွဲ ကျင်းပရေး ကော်မတီ မှ ကြေငြာချက်ထွက်ပေါ်လာသည်။
“ လေးစာအပ်ပါသော ရွှေ့ပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျား.....မောင်
ရွှေလိပ်ဟာ အရင်ဦးဆုံး ပန်းဝင်ခဲ့သော်လည်း...လွန်စွာနေ
ပြိုင်ပွဲဝင်ပုံမှာ စွဲမက်ဖွယ်ရာ မရှိခြင်း တို့ကြောင့် ဒုတိယ နေရာမှ
ပန်းဝင်လာသော မောင်ရွှေယုန်ကို အနိုင်ပေး လိုက်က်ပါတယ်......။
ပရိတ်သတ်များထံမှ သြဘာလက်ခုပ်သံများ လက်ခေါက်မှုတ်သံများ ကျယ်ကျယ်လောင်လောင်ထွက် ပေါ်လာသည်။
“ ရွှီး....ဖြောင်း....ဖြောင်း...ေ
ပြိုင်ပွဲစည်းကမ်းထိန်းသိမ်းရေး
“ ရွှေပွဲလာ ဧည့်ပရိတ်သတ်များ ခင်ဗျာ....မောင်ရွှေလိပ်သည်...တာ
ထားသော ဆေးဝါးများကို သုံးစွဲထားဟန် ရှိသောကြောင့် အသပြာ
ငါးထောင် ဒဏ်ကြေးငွေ ပေး ဆောင်စေပြီး.....၄င်း၏ ပြိုင်ပွဲ
ဝင်ခွင့်ကိုလည်းရာသက်ပန် ပိတ်ပင်လိုက်သည်.....”
ပရိတ်သတ်များထံမှ သြဘာလက်ခုပ်သံများ လက်ခေါက်မှုတ်သံများ ကျယ်ကျယ်လောင်လောင်ထွက် ပေါ်လာသည်။
“ ရွှီး....ဖြောင်း....ဖြောင်း...ေ
နောက်ဆုံးတွင် မောင်ရွှေယုန် သည် အငြင်းပွားဖွယ်မရှိ စောဒကတက်ဖွယ် မရှိ တရားမျှတစွာဖြင့် အနိုင်ရရှိသွား ပါ လေတော့သတည်း။.....။
မင်းသိမ်းခိုင်
(ရွှေရမ်းထူးလင်း)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။