သက်တန့်ချို
တစ်ခါတုန်းက တောအုပ်လေးတစ်အုပ်တွင် မျောက်လေးတစ်ကောင်နေထိုင်သည် ။ ထိုမျောက်လေးသည် စိတ်လည်းအလွန်တိုတက်ကာ ဘယ်အရာကိုမှ ရှည်ရှည်မတွေးတတ်ပဲ ပြီးစလွယ်နေထိုင်သည် ။
တစ်နေ့တွင် မျောက်ကလေးသည် တောအုပ်အစပ်အနီးသို့မယောင်မလည်နှင့်ရောက်ရှိလာပြီးလယ်သမားတစ်ဦး၏ ခြံနားသို့ချဉ်းကပ်လာမိသည် ။ မျောက်ကားဤသို့စဉ်းစား၏ ။
“ အင်း လယ်သမားရဲ့ အိမ်ဘေးက တောင်းထဲက ပဲစေ့တွေဟာ ကြီးမားပြီး စားချင်စဖွယ်ဖြစ်တယ် ငါလယ်သမား ကိုင်းထဲသွားနေတုန်းသွားခိုးယူရ င်တော့ လယ်သမားမသိတန်ရာဘူး ” ဆိုပြီး လယ်သမားအိမ်နားကိုချဉ်းကပ်သွားေ တာ့တယ် ။
ပြီးတော့ စဉ်းစားဥာဏ်မရှိတဲ့မျောက်ကလေးဟာ ပဲစေ့တွေကို တစ်ခုခုနဲ့ထည့်ယူဖို့မစဉ်းစားပဲ လက်နှစ်ဖက်နဲ့ဆုပ်ယူလာခဲ့တဲ့အတွ က် နည်းနည်းပဲယူလာနိုင်ခဲ့တယ် ။ ဒ...ီလိုနဲ့ပြန်လာတဲ့လမ်းတလျောက်မှာ ပြေးရင်းလွှားရင်းနဲ့လက်ကြားထဲကပဲစေ့တစ်စေ့ကထွက်ကျသွားခဲ့တယ် ။
တစ်နေ့တွင် မျောက်ကလေးသည် တောအုပ်အစပ်အနီးသို့မယောင်မလည်န
“ အင်း လယ်သမားရဲ့ အိမ်ဘေးက တောင်းထဲက ပဲစေ့တွေဟာ ကြီးမားပြီး စားချင်စဖွယ်ဖြစ်တယ် ငါလယ်သမား ကိုင်းထဲသွားနေတုန်းသွားခိုးယူရ
ပြီးတော့ စဉ်းစားဥာဏ်မရှိတဲ့မျောက်ကလေးဟာ
ဒီတော့ မျောက်ဟာ အဲဒီထွက်ကျသွားတဲ့ ပဲစေ့တစ်စေ့ကိုလိုက်ကောက်ဖို့ကြိုးစားတဲ့အခါ လက်ထဲကပဲစေ့ အစေ့ ၂၀ လောက်ထွက်ကျသွားပြန်တယ် ။ ဒီလိုနဲ့ကျသွားတဲ့ပဲစေ့တွေလိုက် ကောက်ဖို့ကြိုးစားလိုက်လက်ထဲကဆု ပ်ထားတဲ့ပဲစေ့တွေထွက်ကျလိုက်နဲ့ ချာချာလည်နေပြီးနောက်ဆုံးမှာတော့  မျောက်ဟာ စိတ်တိုပြီးလက်ထဲရှိသမျှ ပဲစေ့တွေအကုန်ပစ်ချပြီး လက်ဗလာနဲ့ပဲ တောထဲပြန်ဝင်သွားခဲ့ပါတော့တယ် ။
==========================
ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကို အသုံးမချပဲ ဆုံးရှုံးသွားတဲ့အရာတစ်ခုအတွက် နှမျောတသ လိုက်လံဆယ်ယူနေတုန်းလက်ရှိအခွင့် အရေးတွေပါ ထပ်မံဆုံးရှုံးရတတ်ပါတယ် ။
လက်ထဲမှာရှိတဲ့အရာကိုပဲ တန်ဖိုးထားပါ ကိုယ်နဲ့ထိုက်သလောက်တော့ကိုယ်ရမှာပါပဲ
အကုန်လုံးကိုတော့သင်ဖမ်းဆုပ်ထား လို့မရနိုင်ပါဘူး အချို့သောအရာတွေလွတ်ကျပါစေ . . .
ဒါပေမယ့် . . ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထားနိုင်တဲ့အရာတွေကိုတော့ လွတ်ကျသွားတဲ့တချို့သောအရာတွေအတွက် ထပ်မံအဆုံးရှုံးမခံပါနဲ့ ။
သက်တန့်ချို
A monkey with the peas အား ဆီလျော်သလိုဘာသာပြန်သည် ။
==========================
ကိုယ့်မှာရှိတဲ့အခွင့်အရေးတွေကိ
လက်ထဲမှာရှိတဲ့အရာကိုပဲ တန်ဖိုးထားပါ ကိုယ်နဲ့ထိုက်သလောက်တော့ကိုယ်ရမ
အကုန်လုံးကိုတော့သင်ဖမ်းဆုပ်ထား
ဒါပေမယ့် . . ပိုင်ပိုင်နိုင်နိုင်ဆုပ်ကိုင်ထ
သက်တန့်ချို
A monkey with the peas အား ဆီလျော်သလိုဘာသာပြန်သည် ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။