အနှိုင်းမဲ့ စာတိုပေစများ
“စေတနာသည် လူတိုင်းနဲ့မတန်” ကို အဓိပ္ပါယ်ချဲ့ရင် –
ကျေးဇူးသိတတ်သူအပေါ်မှာသာ ပေးကမ်းစွန့်ကြဲရမယ်။ စေတနာထားရမယ်။ ကျေးဇူးမသိတတ်တဲ့သူအပေါ်မှာ ပေးကမ်းစွန့်ကြဲခြင်းမပြုရ။ စေတနာမထားရလို့ ဆိုလိုတာပဲ။
ဒီစာတမ်းကိုရေးခဲ့တဲ့သူဟာ ခံစားချက်ရှိခဲ့လိမ့်မယ်။
ဘယ်လိုခံစားချက်လည်းဆိုတော့ သူဟာ တခြားသူကိုမျှော်လင့်ချက်ထားပြီး ကူညီခဲ့လိမ့်မယ်။ ကူညီလိုက်တဲ့သူက သူမျှော်လင့်ထားတဲ့အတိုင်း ကျေးဇူးမဆပ်တဲ့အခါ ပေါက်ကွဲပြီး စေတနာသည် လူတိုင်းနဲ့မတန်ဆိုတဲ့ စကားကြီးထွက်လာတာပဲ။
...
ကျေးဇူးသိတတ်သူအပေါ်မှာသာ ပေးကမ်းစွန့်ကြဲရမယ်။ စေတနာထားရမယ်။ ကျေးဇူးမသိတတ်တဲ့သူအပေါ်မှာ ပေးကမ်းစွန့်ကြဲခြင်းမပြုရ။ စေတနာမထားရလို့ ဆိုလိုတာပဲ။
ဒီစာတမ်းကိုရေးခဲ့တဲ့သူဟာ ခံစားချက်ရှိခဲ့လိမ့်မယ်။
ဘယ်လိုခံစားချက်လည်းဆိုတော့ သူဟာ တခြားသူကိုမျှော်လင့်ချက်ထားပြီ
...
မြင့်မြတ်သူဆိုတာ သူတစ်ပါးကိုကူညီခွင့်ရလို့ ကူညီတဲ့အခါ ဘယ်တော့မှ မျှော်လင့်ချက်မထားရဘူး။ သူတစ်ပါးစေတနာကိုကြည့်စရာမလိုဘူး။ ကိုယ့်စေတနာကိုယ်ကြည့်ရမယ်။
နဂိုကတည်းက ဘာမျှော်လင့်ချက်မှမထားဘဲ ကူညီခဲ့ရင် တစ်ဖက်လူက ကျေးဇူးသိလည်း ၀မ်းမသာဘူး။ (လောဘမဖြစ်ဘူး။) တစ်ဘက်လူက ကျေးဇူးကန်းလည်း ၀မ်းမနည်းဘူး။ (ဒေါသမဖြစ်ဘူး)။ အဓိက ကတော့ ကိုယ့်စေတနာမပျက်တော့ဘူး။
အရင်ကတည်းက မျှော်လင့်ချက်နဲ့ကူညီခဲ့ရင် တစ်ဖက်သူက ကျေးဇူးသိရင် ကိုယ့်စေတနာမပျက်ပေမယ့် ဒီလူ ကျေးဇူးကန်းရင် ကိုယ့်စေတနာပျက်သွားတော့ အလကားဖြစ်ရော။ နောက်တစ်ခုစဉ်းစားရမှာက ကျေးဇူးကန်းသူတစ်ယောက်နဲ့ ကြုံလိုက်ရတာနဲ့ နောက်ထပ်ဘယ်သူ့အပေါ်မှ အကူအညီမပေးတော့ဘူး။ မပေးကမ်းတော့ဘူးဆိုရင် ဒါနပါရမီ မဖြစ်တော့တဲ့အတွက် ကိုယ်လည်းနစ်နာတယ်ဆိုတာ သတိထားသင့်ပါတယ်။
အညွှန်း – လူငယ်များအတွက် ဂမ္ဘီရ၀ိပဿနာ အတွဲ ၁ နှင့် ၂ စာအုပ်။
မေတ္တာဖြင့် စုစည်းဝေမျှသူ
အနှိုင်းမဲ့စာတိုပေစများ
(www.infinitydhamma.com)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။