၁၉၈၈ ခု၊ စက်တင်ဘာလက အာဏာသိမ်းလိုက်သည်နှင့် အာဏာသိမ်း
စစ်ကောင်စီမှ တာဝန်အရှိဆုံး ဗိုလ်ချုပ်မှူးကြီးစောမောင်
အစိုးရအဖွဲ့ သည် ရွေးကောက်ပွဲများကို အမြန်ဆုံးပြုလုပ်ပေးပါမည်ဟု
ကတိပေးသလို ရွေးကောက်ပွဲအနိုင်ရသူအား အာဏာလွှဲပေးပြီး မိမိတို့ စစ်တပ်မှာ
စစ်တန်းလျားဆီ ပြန်သွားပါမည်ဟု ကမ္ဘာသိ ကတိပေးခဲ့လေသည်။
... ကတိပေးသည့်အတိုင်း ရွေးကောက်ပွဲကို တရာမျှတလွတ်လပ်စွာ ကျင်းပပေးခဲ့သည်။
ပါတီများထူထောင်ခွင့်ပေးကာ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်စေခဲ့၏။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက် ကျင်းပခဲ့သောရွေးကောက်ပွဲမျ
၁၉၉၀ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိသော ရွေးကောက်ပွဲတစ်ခုဖြစ်လေသည်
သို့ သော် ဒုတိယကတိတစ်ခုဖြစ်သည့် စစ်တန်းလျားသို့  ပြန်ပါမည်ဆိုသော
ကတိကိုကား စစ်တပ်သည် မတည်ခဲ့ပေ။ ရွေးကောက်ပွဲကျင်းပနေသည့်
ကာလ၌ပင် စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးက I keep my promise ဟု နိုင်ငံခြား
သတင်းဌာနများသို့  ပြောကြားချက်ကို ရုပ်မြင်သံကြား၌ အထင်အရှား တွေ့ ရှိခဲ့ရ
သည်။ ဗိုလ်ချုပ်ကြီးခင်ညွန့် ကလည်း “ကျွန်တော်တို့  စစ်တန်းလျားကို ပြန်မှာပါ”
ဟု ပြောခဲ့ပါသည်။ အာဏာသိမ်းစဉ် အစိုးရအဖွဲ့ ဝန်ကြီးများဖွဲ့ ရာ၌လည်း
ဗိုလ်ချုပ်မှူးကြီးစောမောင်
ဖွဲ့ စည်းထားပါတယ်။ ရွေးကောက်ပွဲနိုင်သူက အစိုးရဖွဲ့ မှာ ဖြစ်တဲ့အတွက်
ကျွန်တော်တို့ အနေနဲ့  အစိုးရအဖွဲ့  ကျယ်ကျယ်ပြန့် ပြန့်  မဖွဲ့ တာဖြစ်ပါတယ်”
ဟု ပြောကြားသွားခဲ့သည်။
“မင်းမှာသစ္စာ လူမှာကတိ” ဆိုသောစကားသည် မြန်မာလူမျိုးတို့ အတွက်
အလွန်အရေးကြီးလေသည်။ မင်းကျင့်တရားဆယ်ပါး၌လည်း မင်းသည်
သစ္စာရှိရသည်။ ကတိတည်ရလေသည်။ တိုင်းပြည်အုပ်ချုပ်ရသောဘုရ
အနေဖြင့် စကားတစ်ခု နှုတ်မှထွက်မိလျှင် စောင့်ထိန်းရလေသည်။
“ထွက်ပြီးသားဆင်စွယ် ၀င်သည်မရှိ” ဟူ၍ပင် အလေးအနက်ထားခဲ့ကြသည်
မဟုတ်ပါလော။ သို့ သော် စစ်အာဏာရှင်တို့ သည် မင်းမှာလည်း သစ္စာမရှိ၊
လူမှာလည်း ကတိမတည်ကြပေ။ ထွက်ပြီးသားဆင်စွယ်သည်လည်း ၀င်၍
သွားလေသည်။ ရွေးကောက်ပွဲပြီး၍ NLD က လူထု၏ဆန္ဒ အများတကာ့ အများစု
ရခဲ့သော်လည်း စစ်တပ်သည် စစ်တန်းလျားသို့  မပြန်ရုံမက အာဏာသိမ်းကာ
အာဏာတွင် ယစ်မူးသွားကြတော့၏။ ၁၉၈၈ မှ ၂၀၁၀ ခုနှစ်အထိ ၂၂ နှစ်တာ
ကာလအတွင်း စစ်အာဏာရှင်တို့ သက်ဆိုးရှည်ဖို့ ကိုသာ ဆောင်ရွက်ခဲ့ကြ
လေသည်။ နိုင်ငံမှာ မွဲသထက်မွဲ၊ ဖွံ့ ဖြိုးမှု နောက်ကျသထက်နောက်ကျကာ
မူးယစ်ဆေးဝါး အများဆုံးထွက်သော၊ ပိတ်ဆို့ မှု အခံရဆုံးသော၊ နာမည်ဆိုးနှင့်
ကျော်ကြားသောနိုင်ငံများထဲတ
အောင် ပါဝင်ခဲ့ပါတော့သည်။
၂၀၁၀ ပါတီစုံပါဝင်သော လွှတ်တော်ရွေးကောက်ပွဲများ ကျင်းပပြီး၍ အရပ်သား
အစိုးရ တက်လာသည်ဆိုသော်လည်း စစ်တပ်သည် စစ်တန်းလျားသို့ 
ပြန်သွားခဲ့ပြီလော။ ယခု ၂၀၁၃၊ ဧပြီလအထိ စစ်တပ်သည် စစ်တန်းလျားသို့ 
ပြန်မသွားသေးပါ။ အဘယ့်ကြောင့်ဆိုသော်..
၂၀၀၈ ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲအတည်ပြုခဲ့သည့်အခါ၌ ဖွဲ့ စည်းပုံ
အခြေခံဥပဒေသည် စစ်တပ်ကို အဓိကနေရာ၌ထားသော ဖွဲ့ စည်းပုံဖြစ်ခြင်း၊
ထိုဖွဲ့ စည်းပုံထဲတွင် ပြည်သူလူထု၏ဆန္ဒမပါဘဲ၊ ပြည်သူလူထုက ရွေးကောက်
တင်မြှောက်ခြင်းမရှိဘဲ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို
လွှတ်တော်၌ထားရှိခြင်း၊ တပ်မတော်သည် တိုင်းပြည်အတွက် လိုအပ်သည်ဟု
ယူဆလျှင် အချိန်မရွေး အာဏာသိမ်းပိုင်ခွင့်ရှိခြင်
ဦးစီးချုပ်အပါအ၀င် တပ်မှူးကြီးများပါဝင်သည့် ကာကွယ်ရေးနှင့် လုံခြုံရေး
ကော်မတီက တိုင်းပြည်အတွက် အရေးပါဆုံးသော အဆုံးအဖြတ်များတွင်
ဆုံးဖြတ်နိုင်ခွင့်ရှိခြင်း
ပြန်မသွားရေး ဥပဒေကန့် သတ်ချက်များ ဖြစ်နေလေသည်။
ယခု အာဏာရနေသော ပြည်ခိုင်ဖြိုးပါတီမှာ စစ်အစိုးရလက်ထက်က ကြံ့ခိုင်ရေး
နှင့် ဖွံ့ ဖြိုးတိုးတက်ရေးအဖွဲ့ ဖြစ်ပါသည်။ စစ်တပ်၏ လက်ကိုင်တုတ်ဖြစ်သည်။
၂၀၀၈ ဖွဲ့ စည်းပုံဥပဒေဆွဲပြီး ရွေးကောက်ပွဲလုပ်တော့မည့်အခ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏
ပြောင်းလဲသွားခဲ့၏။ ပြည်သူ့ ဆီမှရသော ငွေများမှာ ထိုပါတီ၏ ရံပုံငွေများ
ဖြစ်သွားခဲ့သည်။ ထိုပါတီ၏ရံပုံငွေများမှာ အမှန်တကယ် သန့် စင်ပါသလော။
ထို့ အပြင် ပြည်ခိုင်ဖြိုးပါတီ၏ မူလအစမှာ ၁၉၅၈ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း
အိမ်စောင့်အစိုးရအဖြစ် အာဏာသိမ်းစဉ်က ဖွဲ့ စည်းခဲ့သော ပြည်ခိုင်ဖြိုးအဖွဲ့ ပင်
မဟုတ်ပါလော။ ပြည်ခိုင်ဖြိုးပါတီအစိုးရ သမ္မတနှင့် ၀န်ကြီးအဖွဲ့ ဝင်အားလုံးမှာ
ီယခင်အာဏာသိမ်းစစ်အစိုးရမှ ဗိုလ်ချုပ်ကြီးများဖြစ်လေသည
ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်မှာ
ယူနီဖောင်းဝတ်၍ တောင်ရှည်ပုဆိုးလဲကာ စစ်အုပ်ချုပ်ရေးမှ အရပ်သား
အုပ်ချုပ်ရေးဟု ကြွေးကြော်လိုက်ခြင်း မဟုတ်ပါလော။
ထို့ ကြောင့် စစ်တပ်သည် စစ်တန်းလျားသို့ ပြန်သွားပြီလားဟု မေးလျှင်
ပြန်မသွားသေးဟု ဖြေရပေလိမ့်မည်။ စစ်တပ်သည် စစ်တန်းလျားသို့ ပြန်သွားပြီး
တိုင်းပြည်ကာကွယ်ရေးအတွက်သာ
(၁) ဖွဲ့ စည်းပုံအခြေခံဥပဒေမှ တပ်မတော်သားကိုယ်စားလှယ် ၂၅ %
ကာကွယ်ရေးဦးစီးချုပ်၏ အမိန့် ဖြင့် ထည့်သွင်းထားခြင်းအား ပယ်ဖျက်ရမည်။
(၂) တပ်မတော်မှ တိုင်းပြည်အတွက် လိုအပ်လာလျှင် အချိန်မရွေး အာဏာ
သိမ်းပိုင်ခွင့်ရှိသည်ဆိုသေ
မရှိသော အာဏာရှင်စနစ်ကျင့်သုံးသောနိ
ဖျက်သိမ်းပေးရမည်။
(၃) နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ချွင်းချက်မရှိ ဖျက်သိမ်း
ပေးရမည်။
ထက်မြက်
(ပြည်သူ့ ဆန္ဒဂျာနယ် အတွဲ ၁၊ အမှတ် ၆ တွင် ဖော်ပြပါရှိသော ထက်မြက်၏
“စစ်တန်းလျားကို ပြန်ကြပါ” ဆောင်းပါးမှ ထုတ်နုတ်ပါသည်)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။