Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Monday, April 29, 2013

သားသားမီးမီးတို့အတွက် ကာကွယ်ဆေး

Latest Yangonhealthguide with Nyunt Nyunt Than and 51 others
 
သားသားမီးမီးတို့အတွက် ကာကွယ်ဆေး
ဒေါက်တာဦးမျိုးမင်းဂေါင် (ကလေးအထူးကု)

ဤကမ္ဘာပေါ်တွင် မှီတင်းနေထိုင်ကြသော သက်ရှိသတ္တ၀ါများတွင် အစဉ်အမြဲ ဥမကွဲ သိုက်မပျက် နေထိုင်ကြရန် အလို အပ်ဆုံးအရာကို တင်ပြရလျှင် မေတ္တာတရားတည်းဟူသော တရားသာလျှင် မျှော်လင့်အားထားစရာ ဖြစ်ပေလိမ့်မည်။ ထို မေတ္တာတရားတို့တွင်လည်း လောဘ၊ ဒေါသ၊ တဏှာ မပါသော ၅၂၈ မေတ္တာသာလျှင် ရေ ရှည်တည်တံ့ခိုင်မြဲခြင်းဆိုသော နှောင်ဖွဲ့မှုကို ပေးစွမ်းနိုင် သည်ကို သမိုင်းအစဉ်အလာပုံ သာဓက၀တ္ထုများ များစွာ သက်သေပြခဲ့ကြပြီး၊ ကြဆဲလည်း ဖြစ်ပေလိမ့်မည်။
ထိုမေတ္တာတရားတို့တွင် မိဘတို့က မိမိ၏သားသမီး အပေါ်ထားသော မေတ္တာစိတ်သည်ကား မြင့်မိုရ်တောင်မက ထုထည်ကြီးမားရကား တုံ့လှည့်ကျေးဇူးမမျှော်ကိုးဘဲ ကိုယ်ကျိုးစွန့်ကာ မိမိ၏ရင်သွေးသားသမီးတို့အပေါ် အလုံးစုံချမ်းသာစေရေး ပေးဆပ်ခဲ့ကြသည်မှာ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု မည်မျှကွဲပြားစေကာမူ အတူတူချည်းသာ ဖြစ်လေသည်။ မိမိတို့၏ သားသမီးများ ကျန်းကျန်းမာမာ ချမ်းချမ်း သာသာနေရေးမှာ မိဘတိုင်း၊ မိဘတိုင်းက နေ့စဉ်နှင့်အမျှ စိုးရိမ်ပူပန် စောင့်ရှောက်ပေးရသော ၀တ္တရားဖြစ်ပေရာ မိမိတို့သားသမီးများ ရောဂါဖြစ်ပွားလာမှ ဆေးကုသကြခြင်းထက် ရောဂါမဖြစ်ပွားမီ ကြိုတင်ကာကွယ်ခြင်းကသာလျှင် ပို၍ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည်။ ၁၉ ရာစုခေတ်က Lewis Pauster ဆိုသည့် သိပ္ပံပညာရှင်မှတစ်ဆင့် ပေါက်ဖွားလာခဲ့သော Vaccines ဟုခေါ်သော ကာကွယ်ဆေးများကြောင့် လူသန်းပေါင်းများစွာ ရောဂါများ ဖြစ်ပွားခြင်းဘေး၊ သေဆုံးခြင်းဘေးတို့မှ ကင်းဝေးကာ ပိုမိုကောင်းမွန်သော မိသားစုဘ၀၊ တိုင်းပြည်၊ နိုင်ငံများ ထူထောင်နိုင်ခဲ့ကြလေပြီ။ ထို့အတွက်ကြောင့် မိမိ၏သားသမီးများ ဒေါင်ဒေါင်မြည်ကျန်းမာရေးကောင်း၍ ရောဂါဘယများကင်းဝေးပြီး ထူးချွန်သော ဉာဏ်ရည်ထက်မြက်သော လူသားဘ၀များ ထူထောင်နိုင်ကြစေရန်အတွက် သားသားမီးမီးတို့အတွက် ခေတ်အခါနှင့်လိုက်လျောညီစွာ ထိုးသင့်ထိုးထိုက်သော ကာကွယ်ဆေးများကို မိဘချင်းကိုယ်ချင်းစာနာ၍ ထိုးနှံပေးနိုင်ကြစေရန် ရေးသားတင်ပြအပ်ပါသည်။ မိမိတို့၏မေတ္တာတရားကို ကာကွယ်ဆေးများ အချိန်မီထိုးနှံပေးခြင်းဖြင့် အကောင်းဆုံးပေးဆပ်နိုင်သော မိဘများဖြစ်နိုင်ကြပါစေဟု ဆုမွန်ကောင်းတောင်းရန် ထိုးနှံတိုက်ကျွေးသင့်သော ကာကွယ်ဆေးများကို တစ်ခုချင်းစီအလိုက်သော် လည်းကောင်း၊ အချိန်ဇယားနှင့်သော်လည်းကောင်း ဖော်ပြအပ်ပါသည်။

BCG (Bacille- Calmittle) Vaccine - တီဘီရောဂါ ကာကွယ်ဆေး
ဤတီဘီရောဂါကာကွယ်ဆေးသည် တီဘီရောဂါဖြစ်ပွားမှုနှုန်းများသော ဖွံ့ဖြိုးမှုနိမ့်ကျသည့် တိုင်း ပြည်များတွင် မွေးကင်းစကတည်းက စတင်ထိုးနှံပေးသင့်သည်ဟု WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက တိုက်တွန်းထားပြီး UCI (Universal Children Immunization) ပရိုဂရမ်နှင့် EPI (Extended Program of Immunization) ပရိုဂရမ်စီမံချက်များအရ မြန်မာနိုင်ငံရှိ ကလေးသူငယ်တိုင်းအားလုံး မွေးကင်းစမှ ပထမ ၁ လခွဲ အသက်အရွယ်အတွင်း တစ်ကြိမ်ထိုးနှံပေးသင့်ပေသည်။

Hepatitis B Vaccine - အသည်းရောင်အသားဝါဘီ ကာကွယ်ဆေး
ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါဘီပိုးကြောင့် အသည်းကင်ဆာဖြစ်ပွားမှုနှုန်း ကြောက်ခမန်း လိလိ တိုးများလာခဲ့ရာ ဤအသည်းရောင်အသားဝါဘီ ကာကွယ်ဆေးသည် ဘီပိုးကြောင့် ဖြစ်ပွားမည့် အသည်းကင်ဆာကို ကာကွယ်မှုပေးစွမ်းနိုင်သဖြင့် မိမိတို့၏ရင်သွေးငယ်များကို မွေးကင်းစ၌တစ်ကြိမ်၊ ၁ လ၌ တစ်ကြိမ်၊ ၆ လ၌တစ်ကြိမ် ထိုးနှံပေးပြီး ယင်းနောက်ပိုင်း ၅ နှစ်ခြား အချိန်တိုင်း တစ်ကြိမ်စီထိုးခြင်း အားဖြင့် ယခုကုရာနတ်္ထိဆေးမရှိ ကင်ဆာဆိုလျှင် သေရမည်ဟူသော ရောဂါဆိုးကြီးကို ကာကွယ်နိုင်ပြီဖြစ် ကြောင်း သတင်းကောင်းပါးလိုက်ရပါသည်။

Rota Virus Vaccine - ၀မ်းလျှောဝမ်းပျက်ရောဂါ ကာကွယ်ဆေး
ဤ၀မ်းပျက်ဝမ်းလျှောရောဂါကာကွယ်ဆေးမှာ မထိုးမဖြစ် ထိုးရမည့်ဆေးအမျိုးအစားထဲ တွင် မပါသော်လည်း ထိုးနှံတိုက်ကျွေးပေးထားမည်ဆိုပါက မိမိတို့ကလေး ၀မ်းပျက်စေခြင်းမှ လည်းကောင်း၊ ၀မ်းပျက်သောအသက်ဆုံးရှုံးမှုဖြစ်လောက်အောင် မပြင်းထန်စေခြင်းဖြင့်လည်းကောင်း ကာကွယ်မှုပေးနိုင် သဖြင့် ငွေကြေးတတ်နိုင်သူ မိဘများအနေနှင့် ကြိုတင်တိုက်ကျွေးထားပါက သင့်လျော်သည့် ကာကွယ်ဆေးတစ်မျိုး ဖြစ်ပေသည်။ အသက် ၂ လခွဲတွင် တစ်ကြိမ်၊ ၃ လခွဲတွင်တစ်ကြိမ် ပါးစပ်မှ အစက်ချတိုက်ကျွေးထားနိုင်သည်။ ထိုးနှံရမည့် ဆေးအမျိုးအစားမဟုတ်ပါ။

Diptheria, Tetanus, Pertussis - ဆုံဆို့၊ မေးခိုင်၊ ကြက်ညှာချောင်းဆိုး ကာကွယ်ဆေး
ဤဆုံဆို့၊ မေးခိုင်၊ ကြက်ညှာ (သို့) ရက်တစ်ရာ ချောင်းဆိုးရောဂါ ကာကွယ်ဆေးမှာ UCI / EPI စီမံချက်များတွင်ပါဝင်ပြီး မဖြစ်မနေရင်သွေးငယ်များ ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲ အချိန်များတွင် ၁ လခြား ၃ ကြိမ် ထိုးနှံခြင်းဖြင့် ဖော်ပြပါရောဂါများကို ကာကွယ်နိုင်ပေသည်။ ထို့အပြင် ၁၈ လအရွယ်တွင် တစ်ကြိမ်၊ ၄ နှစ်နှင့် ၆ နှစ် အကြားတွင် ၁ ကြိမ် ထပ်ဆောင်း ထိုးနှံစေခြင်းဖြင့် ရောဂါကာကွယ်မှုအရှိန်ကို မြှင့်တင်ပေးသင့်သည်။

Haemophilas Inpluenzae Type B (Hib) and Pneumococcal Conjugate Vaccine (Pcv) - အဆုတ်ရောင်၊ ဦးနှောက်အမြှေးပါးရောင် ကာကွယ်ဆေး အဆုတ်ပွနမိုးနီးယား
ဤနမိုးနီးယားခေါ် အဆုတ်ကြွက်သားရောင်နှင့် ဦးနှောက်အမြှေးပါးရောင် ရောဂါကာကွယ်ဆေး ၂ မျိုးသည် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကလေးသူငယ်များ သေဆုံးမှုကို လျှော့ချပေးနိုင်သည့် ကာကွယ်ဆေး ၂ ခုအဖြစ် သက်သေထူခဲ့ပြီးဖြစ်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများတွင်သာ ဤကာကွယ်ဆေး ၂ မျိုး၏ တန်ဖိုးကြီးမြှင့်မှုကြောင့် ထိုးနှံပေးသင့်သော ကာကွယ်ဆေး ဖြစ်ပါလျက်နှင့် မထိုးပေးနိုင်ကြသော ဆေးဖြစ်ခဲ့ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကလေးများ သေဆုံးမှု မြင့်မားနေခြင်း၏ အခြေခံအကြောင်းရင်းလည်း ဖြစ်စေခဲ့သည်။ ယခုအခါ နိုင်ငံတော်မှ ထိုးပေးနေသော ငါးမျိုးစပ် Pentavalent ကာကွယ်ဆေးတွင် Haemophilas ကာကွယ်ဆေး ပါဝင်လာသော်လည်း Pneumococcus ကာကွယ်ဆေးမှာတော့ အလှမ်းဝေးနေဆဲ ဖြစ်သည်။ Hib ကာကွယ်ဆေးကို ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲတို့တွင် တစ်လခြား သုံးခါထိုးစေပြီး ၁၈ လနှင့် ၄ နှစ်မှ ၆ နှစ် ကြားတွင် တစ်ကြိမ်စီ ထပ်ထိုးစေသင့်သည်။ ထို့အတူ Pcv Pnemococcal Vaccine ကိုလည်း ၂ လခွဲ၊ ၃ လခွဲနှင့် ၆ လတို့တွင် တစ်ကြိမ်စီ ထိုးပြီးနောက် ၁၂ လကျော်လျှင် နောက်ထပ်တစ်ကြိမ် ထပ်မံထိုးအပ်ပေသည်။

Poliomylitis (OPV/ IPV) Vaccine - ပိုလီယိုအကြောသေ ကာကွယ်ဆေး
ဤပိုလီယို ကာကွယ်ဆေးသည် တိုက်ကျွေးရ သောဆေး (OPV) နှင့် ထိုးနှံရသောဆေး (IPV) ဟူ၍ ၂ မျိုးရှိပေရာ ပိုလီယိုအကြောသေရောဂါကို ကာကွယ် ပေး နိုင်သဖြင့် ၁ လခွဲ၊ ၂ လခွဲ၊ ၃ လခွဲတွင် တစ်ကြိမ်စီ တိုက်ကျွေးပြီး ၁၈ လအရွယ်တွင် နောက်တစ်ကြိမ် တိုက်ကျွေးထားသင့်သည်။

Measles Vaccine/ Mump- Measles- Rubella MMR Vaccine - ၀က်သက်ကာကွယ်ဆေး / ပါးချိပ်ရောင်-၀က်သက်-ဂျိုက်သိုး ဥမျိုးစပ် ကာကွယ်ဆေး
ဤ၀က်သက်ကာကွယ်ဆေးကို ထိုးနှံမည်ဆိုပါက ၉ လတွင် တစ်ကြိမ်၊ ၁၈ လတွင် တစ်ကြိမ် နှစ်ကြိမ် ထိုးနှံပေးရမည်။ UCI/ EPI စီမံချက်များတွင်ပါဝင်ပြီး ဖြစ်သည်။ သို့သော MMR မျိုးစပ်ဆေးကို ထိုးလိုပါက ၁၂ လ နှင့် ၁၈ လကြား တွင် တစ်ကြိမ်၊ ၄ နှစ်နှင့် ၆ နှစ်ကြားတွင် တစ်ကြိမ်ထိုးနှံခြင်းဖြင့် ရောဂါဥမျိုးလုံးကို ကာကွယ်ပေးနိုင်သည်။ MMR သည် UCI/ EPI ထဲတွင် မပါဝင်ပေ။ ထို့အတူ တတ်နိုင်မည်ဆိုပါက ထိုအချိန်တွင် MMR နှင့်အတူ Varicellaခေါ် ရေကျောက်ရောဂါ ကာကွယ်ဆေးကိုလည်း မိမိအစီအစဉ်ဖြင့် ထိုးနှံပေးနိုင်သေးသည်။ ထို့အပြင် အသည်းရောင်အသားဝါ အေ ကာကွယ်ဆေး Hep A ကိုလည်း ထိုးပေးနိုင်ပါသေးသည်ဟု အကြံပေးအပ်ပါသည်။ Optional ဟု ခေါ်ဆိုရပါမည်။ မိမိအစီအစဉ်ဖြင့် ထိုးနှံရမည့် ကာကွယ်ဆေးများ ဖြစ်ပါသည်။

Typhoid Vaccine - အူယောင်ငန်းဖျား ကာကွယ်ဆေး
နောက်ဆုံး အဆုံးသတ်အနေဖြင့် မိမိအစီအစဉ်ဖြင့် ထိုးနှံသင့်သည့် ကာကွယ်ဆေးများထဲတွင် အူယောင်ငန်းဖျား ကာကွယ်ဆေးကို လည်း အသက် ၂ နှစ်တွင် တစ်ကြိမ်၊ ၄ နှစ်နှင့် ၆ နှစ်ကြားထဲတွင် နောက်တစ်ကြိမ် ထိုးနှံပေးသင့်ကြောင်း မိဘချင်းကိုယ်ချင်းစာနာ၍ တိုက်တွန်းအကြံပေးအပ်ပါသည်။

Yangon Health Guide 2013 တွင် ပါဝင်သော"သားသားမီးမီးတို့အတွက် ကာကွယ်ဆေး"ဆောင်းပါးဖြစ်ပါသည်။ Yangon Health Guide 2013 တွင်ပါဝင်သော ဖတ်ရှုစရာများအား Yangon Health Guide Fan Page အနေဖြင့် တင်ပေးသွားမည်ဖြစ်ပါသည်။ အဆင်ပြေပြေဖတ်ရှုနိုင်စေရန်အတွက် Yangon Health Guide Fan Page ဖြစ်သော အောက်ပါ Link ကို ၀င်ရောက်ကာ Like လုပ်ပေးပါရန် ပရိသတ်များအား လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။

http://www.facebook.com/pages/Yangon-Health-Guide/469629213107754

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။