Blue Peace
လွှတ်တော်မှာဥက္ကဌကြီး အဖြစ် ခန့်ခန့်ကြီးနဲ့ လူကြီး လူကောင်းယောင် ဆောင်နေတဲ့ ရွှေမန်းဟာ ဘယ်လို လူစားမျိုးလဲ။
ဧရာဝတီတိုင်းမှာ နေတဲ့ လယ်သမားတိုင်း သိကြတယ်။ ရွှေမန်း မှာ သား ၂ ယောက်ရှိတယ်။ သူ နေရာ ရစမှာ အောင်သက်မန်းက မြေသြဇာ စက်ရုံထောင်ပြီး လယ်သမားတွေကို တဧက ဘယ်လောက်ယူရမယ်ဆိုပြီး အကြွေး စနစ်နဲ့ အတင်းအဓမ္မ ရောင်းချခဲ့တယ်။
လောလော လတ်လတ် အောင်သက်မန်း(ခေါ်) ရွှေမန်းကိုကိုက Red Link Communications လုပ်ငန်းလုပ်ကိုင်ခွင့်ရခဲ့ရာမှာ ဆက်သွယ်ရေး ၀န်ကြီး ကုဋေချီ လာဘ်စားမှုမှာ အစစ်ခံနေရတယ်။
တိုးနိုင်မန်းကတော့ နာမည်ကျော် ဇေကမ္ဘာလုပ်ငန်းပိုင်ရှင်ကြီး ခင်ရွှေရဲ့ သမီး ဇေဇင်လတ် နဲ့ လက်ထပ်ပြီး အမည်မဖော်တဲ့ လုပ်ခွင့်ရ လုပ်ငန်းတွေ လုပ်နေတယ်။
ခရိုနီ အကြီးစား တစ်ယောက...်ဖြစ်တဲ့ ဇေကမ္ဘာ ခင်ရွှေ ( လွှတ်တော်ဥက္ကဌ ရွှေမန်းနဲ့ သမီးပေး- သမက်ယူလုပ်ထားတဲ့သူ) ကတော့ သူအနိုင်ကျင့်သမျှ၊ မတရား သိမ်းထားတဲ့ မြေယာတွေ မှန်သမျှရဲ့ အပြစ်တွေကို အိုးအိမ် ဦးစီး ဌာနမှာ တာဝန်ရှိကြောင်း ပြောဆိုနေတယ်။ လယ်သမားတွေ သူ သိမ်းထားတဲ့ လယ်ထဲ ဆင်းရင် သူ့  ၀န်ထမ်း(၃၀၀၀)ကျော်နဲ့ ရိုက်သတ်မယ်၊ လယ်သမားတွေကို အကူအညီပေးနေတဲ့ နေမျိုးဝေကို ကြိုးနဲ့ တုတ်ပြီး ထောင်ထဲ ပို့ မယ်ဆိုတဲ့ စကားတွေကိုတော့ ဒုသမ္မတ စိုင်းမောက်ခမ်းတို့ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး အဖွဲ့က ဖြစ်စဉ်ကို ပြန်လည် စီစစ်- စုံစမ်း ဖော်ထုတ်ဖို့ လမ်းစမမြင် ဖြစ်နေတယ်။ ခရိုနီ အကြီးစား တစ်ယောက်ဖြစ်တဲ့ ဇေကမ္ဘာ ခင်ရွှေဟာ တချိန်က ၀န်ကြီးချုပ်ပြုတ် ခင်ညွန့်  နဲ့ ကပ်ပြီး စားကွက် ဖန်တယ်။ လက်ရှိ အနေမှာ ရွှေမန်း အားကိုးနဲ့ မိုက်ရိုင်း နေတယ်။
ဧရာဝတီတိုင်းမှာ နေတဲ့ လယ်သမားတိုင်း သိကြတယ်။ ရွှေမန်း မှာ သား ၂ ယောက်ရှိတယ်။ သူ နေရာ ရစမှာ အောင်သက်မန်းက မြေသြဇာ စက်ရုံထောင်ပြီး လယ်သမားတွေကို တဧက ဘယ်လောက်ယူရမယ်ဆိုပြီး အကြွေး စနစ်နဲ့ အတင်းအဓမ္မ ရောင်းချခဲ့တယ်။
လောလော လတ်လတ် အောင်သက်မန်း(ခေါ်) ရွှေမန်းကိုကိုက Red Link Communications လုပ်ငန်းလုပ်ကိုင်ခွင့်ရခဲ့ရာမှ
တိုးနိုင်မန်းကတော့ နာမည်ကျော် ဇေကမ္ဘာလုပ်ငန်းပိုင်ရှင်ကြီး ခင်ရွှေရဲ့ သမီး ဇေဇင်လတ် နဲ့ လက်ထပ်ပြီး အမည်မဖော်တဲ့ လုပ်ခွင့်ရ လုပ်ငန်းတွေ လုပ်နေတယ်။
ခရိုနီ အကြီးစား တစ်ယောက...်ဖြစ်တဲ့ ဇေကမ္ဘာ ခင်ရွှေ ( လွှတ်တော်ဥက္ကဌ ရွှေမန်းနဲ့ သမီးပေး- သမက်ယူလုပ်ထားတဲ့သူ) ကတော့ သူအနိုင်ကျင့်သမျှ၊ မတရား သိမ်းထားတဲ့ မြေယာတွေ မှန်သမျှရဲ့ အပြစ်တွေကို အိုးအိမ် ဦးစီး ဌာနမှာ တာဝန်ရှိကြောင်း ပြောဆိုနေတယ်။ လယ်သမားတွေ သူ သိမ်းထားတဲ့ လယ်ထဲ ဆင်းရင် သူ့  ၀န်ထမ်း(၃၀၀၀)ကျော်နဲ့ ရိုက်သတ်မယ်၊ လယ်သမားတွေကို အကူအညီပေးနေတဲ့ နေမျိုးဝေကို ကြိုးနဲ့ တုတ်ပြီး ထောင်ထဲ ပို့ မယ်ဆိုတဲ့ စကားတွေကိုတော့ ဒုသမ္မတ စိုင်းမောက်ခမ်းတို့ လာဘ်ပေး လာဘ်ယူ တိုက်ဖျက်ရေး အဖွဲ့က ဖြစ်စဉ်ကို ပြန်လည် စီစစ်- စုံစမ်း ဖော်ထုတ်ဖို့ လမ်းစမမြင် ဖြစ်နေတယ်။ ခရိုနီ အကြီးစား တစ်ယောက်ဖြစ်တဲ့ ဇေကမ္ဘာ ခင်ရွှေဟာ တချိန်က ၀န်ကြီးချုပ်ပြုတ် ခင်ညွန့်  နဲ့ ကပ်ပြီး စားကွက် ဖန်တယ်။ လက်ရှိ အနေမှာ ရွှေမန်း အားကိုးနဲ့ မိုက်ရိုင်း နေတယ်။
- ဘာပဲပြောပြော အော့ချက်(ဒ်) ကုမ္ပဏီ ကို ဘယ်သူပိုင်ပါတယ်လို့ ထုတ်ဖော်တာ မသိကြရသေးဘူး။
ရဲတွေ ရာချီပြီး- ချီတက် အကာအကွယ်ယူ၊ အသက်ပေးတဲ့ လုပ်ဆောင်မှုကြီး ဖြစ်တော့ နောက်ကွယ်မှာ အကောင်ကြီးကြီး ရှိတယ်ဆိုတာ မြေကြီး လက်ခတ်မလွဲ လူတိုင်း သိနေကြတယ်။
ဒါပေမယ့် ဖိုးသန်းရွှေကြီး ပိုင်သလား၊ ရွှေမန်း မိသားစု (အောင်သက်မန်း)နဲ့ ဆက်စပ် နေသလားဆိုတာ သတင်း ထိန်ချန် ပြီး ပြည်တွင်း ပြည်ပ မီဒီယာတွေက ဖော်ပြနေတာ မြင်ရတယ်။
ဦးသိန်းစိန် တစ်ယောက် ဥရောပ နိုင်ငံခရီး လှည့်လည်ပြီး စီပွါးရေး ပိတ်ဆို့မှုတွေ ရပ်ဖို့၊ ဥရောပ ယူနီယံက အကူအညီတွေ တိုးပေးဖို့၊ အကြွေးတွေလှော်ပေးဖို့ စည်းရုံးနေချိန်မှာ မအူပင်ခရိုင် မအူပင်မြို့နယ် မလက်တိုကျေးရွာအုပ်စု ပလောင်းကျေးရွာမှာ အသိမ်းခံ လယ်ယာမြေတွေကို ပြန် ရဖို့ တောင်းဆိုရင်း လယ်သမားနဲ့ ရဲတွေကြား ပစ်ခတ် သန်ဖြတ်မှု ဖြစ်ပြန်တယ်။
အော့ချက်(ဒ်) ကုမ္ပဏီပိုင် ဧက (၅၅၀) ရှိ၊ ငါးကန်အတွင်းသို့ စပါးစိုက်ပျိုးရန် အကြောင်းပြ၍ ၀ါးတိုင်များ ၀င်ရောက်စိုက်ထူခြင်း၊ ကန်ဘောင်မှ ၀ါးများ ခုတ်ယူခြင်းတို့ကို ဥပဒေမဲ့ ဆောင်ရွက်ခဲ့ကြောင်း၊ ကုမ္ပဏီ မန်နေဂျင်း ဒါရိုက်တာ ဒေါက်တာ မြင့်စိန် တိုင်ကြားတယ်။ ဒါကြောင်း ရဲတွေက ကူညီပါရစေဆိုတဲ့ ဆိုင်းဘုတ်ကို ပြည်သူတွေဘက် မထားဘဲ၊ စစ်ဗိုလ်ချုပ်တွေနဲ့ လက်ဝါးရိုက်ထားတဲ့ ခရိုနီတွေ ဘက် အကူအညီပေးခဲ့တယ်။

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။