Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, April 23, 2013

မြန်မာဗီဒီယို ရိုက်ကွင်းမှ တာဝန်ရှိသူများသို့...


ဗုဒ္ဓဘာသာတရား ထွန်းကားတဲ့ မြန်မာပြည်မှာ နေထိုင်ကြတဲ့ မြန်မာလူမျိုးအများစုဟာ နေ့စဉ်နေ့တိုင်း အရက်သေစာသောက်စားခြင်း မရှိတာကတကြောင်း၊ “ဖန်ခွက်” ဟု ဆိုလိုက်သည်နှင့် မည်သည့်အရည်မျိုးကို မည်သည့်ခွက်နှင့်မဆို ထည့်နိုင်သည်ဟု လွယ်ကူစွာ နားလည်သဘောပေါက်ထားခြင်းကြောင့် ဖန်ခွက်အမျိုးအစားများ မှားယွင်းစွာ သုံးစွဲနေခြင်းကို မြန်မာဗီဒီယို ဇာတ်ဝင်ခန်းများနှင့် VCD တေးသရုပ်ဖော် ဇာတ်ဝင်ခန်းတချို့တွင် မကြာခန တွေ့မြင်နေရသည်ကို ကျမ သတိထားမိသည်မှာ ကြာခဲ့လေပြီ။


မြန်မာအမျိုးသမီးတယောက်ဖြစ်သည့် ကျမအဖို့ ဤပြကွက်များကို နားလည်ခံစားနိုင်ပါသည်။ သို့သော် မြန်မာဗီဒီယို ဇာတ်ကားများကို “ဖျော်ဖြေရေး”သက်သက်အနေဖြင့် ရိုက်ကူးပြသသည်ဆိုသော်လည်း ယခုအခါ မြန်မာဗီဒီယို ဇာတ်လမ်းများကို စီးပွားရေးတရပ်အနေဖြင့် ပုဂ္ဂလိက ကြော်ငြာကုမ္ပဏီများဖြစ်ကြသော Shwe O ၊Free Myanmar VCD ၊Shwe Dream..အစရှိသည့် ကုမ္ပဏီများက အင်တာနက်ပေါ်တွင် ထုတ်လွှင့် ပြသလျှက်ရှိရာ ပြည်တွင်းမှ မြန်မာလူမျိုးများပါမက ပြည်ပရောက် မြန်မာလူမျိုးများနှင့် ၎င်းတို့နှင့် ဆက်နွယ်သည့် နိုင်ငံခြားသားများပါ ကြည့်ရှုနိုင်သည့် အနေအထားမျိုးတွင် နိုင်ငံခြားသားများမှ မိမိနိုင်ငံအား အထင်သေးနိုင်သည့် (သို့မဟုတ်) ပျက်ရယ်(ရီ)ပြုနိုင်သည့် မည်သည့် အသေးအဖွဲ အမှားမျိုးကိုမဆို သတိလက်လွတ်၍သော်၎င်း၊ အလွယ်လိုက်၍သော်၎င်း၊ မမှားမိစေရန် မြန်မာဗီဒီယို ရိုက်ကွင်းမှ တာဝန်ရှိသူများအနေနှင့် အထူးသတိပြုသင့်ပေသည်။

ဗီဒီယို ဇာတ်ကားတခုအတွက် ကုန်ကျစားရိတ်၊ အချိန်၊ လိုအပ်သောသရုပ်ဆောင်များ သတ်မှတ်ထားသောအချိန်တွင်း အဆင်သင့်ရှိရန် ညှိယူနေရသည့် တနေ့တာရိုက်ကွင်း ဖြစ်မြောက်ရေးအတွက် အခက်အခဲများစွာ ရှိနေသည်ကို နားလည်ပါသော်လည်း မြန်မာဗီဒီယိုများ ကမ္ဘာတဝှမ်းတွင် တန်းဝင်နိုင်ရေးအတွက် ရိုက်ကွင်းတွင် တာဝန်ရှိသော ရှူတင်မန်နေဂျာနှင့် ဒါရိုက်တာများ သတိမပြုမိသော “ဖန်ခွက်သုံးစွဲပုံ” မှားယွင်းမှုများကို ဆက်လက်မမှားမိစေရန် ရည်ရွယ်ပြီး ဤဆောင်းပါးကို ရေးသားရင်း ကျမကြည့်မိသော မြန်မာဗီဒီယိုဇာတ်လမ်းနှင့် VCD တေးသရုပ်ဖော်ပြကွက်တချို့မှ ဖန်ခွက်သုံးစွဲပုံနှင့် သရုပ်ဆောင်ပုံများ လွဲမှားနေပုံတချို့ကို ရေးသားတင်ပြရင်း ဤသို့ထောက်ပြခြင်းကို နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်။

၁။ ဝိုင်ခွက်ထဲသို့ အအေးထည့်သောက်ခြင်း၊
၂။ ဝိုင်ခွက်ထဲသို့ ဝီစကီနှင့် ဘရန်ဒီအရက်များ ထည့်သောက်ခြင်း၊
၃။ ဘရန်ဒီခွက်ဖြင့် ဝီစကီအရက် ထည့်သောက်သည့် ပုံစံဖြစ်နေခြင်း၊(ဝီစကီနှင့် ဘရန်ဒီအရက်တို့၏ ကွာခြားချက်ကို အောက်တွင် အကျယ်ဖော်ပြထားပါသည်)။
၎။ အအေးခွက်ထဲသို့ ဝီစကီအရက် ထည့်သောက်ခြင်း၊
၅။ မည်သို့မှ တခါထဲနှင့် တခွက်လုံးကုန်အောင် သောက်၍မရသော (သို့) ထိုသို့ သောက်သုံးရသည့်အရက် အမျိုးအစားမဟုတ်သည့် အရက်မျိုးကို အရမ်းစိတ်ညစ်၍ လောကကြီးကို မေ့သွားချင်သည့်ရည်ရွယ်ချက်ဖြင့် တခွက်လုံးကုန်အောင် မော့သောက်ပြသော အိုက်တင်(Action)။
၆။Cognac(ကောန်နပ်) ဟုခေါ်သောRemy Martin X.O ၊ Hennessy X.O ၊ Courvoisier V.S.O.P ၊ အစရှိသည့် ဈေးကြီးသော အကောင်းစား အရက်အမျိုးအစားပုလင်းများကို ထောင်ပြထားပြီး

ထိုအရက်ကို ဖန်ခွက်ထဲတွင် အပြည့် ထည့်၍ ဖိတ်တဝက် စင်တဝက် သောက်ပြသော သရုပ်ဆောင်ပြကွက်များမှာ အရက်၏ တန်ဖိုးနှင့် အရက်အကြောင်း နားမလည်သူများအတွက် အဆန်းတကျယ်မဟုတ်သော်လည်း ဟိုတည်ကြီးများ၊ စားသောက်ဆိုင်များတွင် အလုပ် လုပ်ကိုင်လျှက်ရှိကြသော မြန်မာများ၊ ထိုအရက်များကို သောက်သုံးလျှက်ရှိကြသူများ၊ထိုဇာတ်ကွက်များပါသည့် မြန်မာဗီဒီယိုဇာတ်လမ်းများကို ကြည့်မိကြသော နိုင်ငံခြားသားများအတွက် ကြည့်ရရုပ်ဆိုးသော ပြကွက်များဖြစ်သည်။

အရက်နှင့် ဖျော်ရည်မကာ လောကတွင် များပြားလှသည့် အရည်အမျိုးအစားများနှင့် သုံးစွဲရမည့် ဖန်ခွက်ပုံသဏ္ဍာန်များစွာ ရှိပါသော်လည်း မြန်မာဗီဒီယို ဇာတ်ဝင်ခန်းများတွင် အတွေ့များသော (သို့မဟုတ်)အသုံးပြုများသော အရည်နှင့် ဖန်ခွက်တချို့အကြောင်းကိုသာ ကောက်နှုတ်တင်ပြရမည်ဆိုပါလျှင်....

Red Wine ဆိုသည်မှာ Room Temperature ဟုခေါ်သော မိမိရောက်ရှိနေသည့် နေရာ ၊ဒေသ၊ အခန်း၏ သဘာဝ အခန်း၏သာမန် အပူချိန်အတိုင်း သောက်သုံးရသော အရည်မျိုးဖြစ်သည်။ ချမ်းအေးသော ရာသီတွင် ကိုယ်ခန္ဓာ နွေးထွေးမှုရစေရန် သောက်သုံးသော အရည်အမျိုးအစားဖြစ်သည့်အတွက် ဖန်ခွက်၏ ပုံသဏ္ဍာန်ကိုလည်း လုံးဝန်းသော သဏ္ဍာန်ပြုလုပ်ထားပြီး လက်ငါးချောင်းဖြင့် ဖန်ခွက်ကို အောက်ခြေမှ ပင့်ကိုင်သည့်အခါ လက်၏ အပူချိန်ဖြင့် ဖန်ခွက်ထဲမှ ဝိုင်များကို နွေးစေပါသည်။

ဖန်ခွက်ထဲတွင် ရှိသင့်သည့် အရည်ပမာနကိုလည်း သုံးပုံ တပုံ(၁/၃) သာထည့်ရန်နှင့် Red Wine ကို ရေခဲနှင့် ရောယှက်၍ မသောက်မိစေရန် အထူးသတိပြုသင့်ပေသည်။


White Wine ကိုတော့ ပူအိုက်သောအချိန်နှင့် ပူအိုက်သော ဒေသတို့တွင် သောက်သုံးလေ့ရှိသည့်အတွက် White Wine၏ အရည်ကို အေးစေရန် ဝိုင်အရည်ထည့်ထားသော ပုလင်းကို ရေခဲစိမ်၍ သောက်ရသည်။

အထူးသတိပြုရန်မှာ White Wine ကို ရေခဲနှင့် ရောသောက်သော ပြကွက်မျိုးကို ရှောင်ကျဉ်သင့်သည်။ ဗဟုသုတအနေဖြင့် White Wine ကို ဆိုဒါ(Soda)နှင့် ရောစပ်၍ သောက်နိုင်ပါသည်။ ထိုသို့ရောစပ်ထားသောအရည်ကို Wine Spritzer(ဝိုင် စပရီဆာ) ဟုခေါ်သည်။

မြန်မာနိုင်ငံတွင် Beer Station များစွာ ပေါ်ပေါက်နေပြီ ဖြစ်ရာ Beer ခွက်အကြောင်းကို ထွေထွေထူးထူးပြောစရာမရှိသော်လည်း မြန်မာဗီဒီယို ဇာတ်ဝင်ခန်းအများအပြားတွင် ပါရှိသော မင်းသားစိတ်ညစ်၍ အရက်သောက်သော ပြကွက်မျိုးတွင် ဝီစကီ(Wisky) ဟုခေါ်သည့်အရက်ကို ထည့်သည့် ဖန်ခွက်သုံးစွဲပုံမှာ များစွာ မှားယွင်းနေကြောင်း တွေ့ရှိရသည်။
ဖန်ခွက်အရှည်(Long Glass) နှင့် ဖန်ခွက်ပု(Short Glass) ဟူ၍ ဝီစကီထည့်သည့် အခြေခံဖန်ခွက် (၂)မျိုးရှိသည်။

Wisky(ဝီစကီ) ကို ရေ၊ ရေခဲ၊ ဆိုဒါတို့နှင့် ရောသောက်နိုင်သလို အပျင်းကြိုက်သူများအတွက် ဘာနှင့်မှ မရောပဲလည်း သောက်နိုင်ပါသည်။ ဝီစကီဆိုသည့် အရက်အမျိုးအစားမှာ ဖြည်းဖြည်းချင်း သောက်၍ အရက်၏ အရှိန်မှာလည်း တဖြည်းဖြည်းချင်း တက်သော အမျိုးအစားဖြစ်ရာ ရေရောမထားသော အရက်ကို ရေသောက်သလို တချက်ထဲနှင့် တခွက်လုံး ကုန်အောင်သောက်ပြသော ပြကွက်မျိုးကို အထူးသတိပြုသင့်သည်။

Brandy(ဘရန်ဒီ)၏ ထူးခြားချက်မှာ ၎င်း၏ အနံ့၊ အရသာသည် ဝီစကီထက် သာလွန်ခြင်းကြောင့် ဘရန်ဒီထည့်သည့် ဖန်ခွက်ကို အပူပေးထားခြင်း(သို့မဟုတ်) နွေးအောင်လုပ်ပြီးမှ ဘရန်ဒီအရက်ကို ဖန်ခွက်ထဲသို့ ထည့်စေခြင်းဖြင့် အရက်၏အနံ့ကို ပို၍ နိုးထစေပါသည်။ အဆင့်မြင့် စားသောက်ဆိုင်နှင့် ဟိုတည်ကြီးများတွင် ဘရန်ဒီအရက် ထည့်ထားသည့် ခွက်၏ အဝကို အထူးပြုလုပ်ထားသော အဖုံး(သို့မဟုတ်) အလှစက္ကူပါးဖြင့် ဖုံးအုပ်၍


စားပွဲထိုးများမှ မှာယူသူ၏ ရှေ့သို့ ပို့ပေးလေ့ရှိသည်။ ဘရန်ဒီ ဆိုသည်မှာ အနံ့ခံ၍ အနည်းငယ်စီသောက်ရသော ဇိမ်ခံအရက်မျိုးဖြစ်ရာ ဘရန်ဒီထည့်ထားသည့် ဖန်ခွက်၏ အဝကို အပေါက်ကျဉ်းသော ခွက်ပုံသဏ္ဍာန်ပြုလုပ်ထားခြင်းဖြင့် အရက်၏ အနံ့ကို ကြာရှည်စွာ ထိန်းသိမ်းနိုင်သည်။ အထူးသတိပြုရန်မှာ ဘရန်ဒီနှင့် ဝီစကီ အရက်နှစ်မျိုးကို အလျှင်မြန်ဆုံးခွဲခြားပုံမှာ (၁) ခွက်ပုံစံ၊ (၂)ဖန်ခွက်ထဲမှ အရည်ပမာန၊ (၃)ရေခဲပါ/ မပါ၊ တို့ကို ကြည့်၍ ခွဲခြားနိုင်သည်။
ဝီစကီ၏ ဖန်ခွက်မှာ ထုလုံးရှည်(စလင်ဒါ)ပုံစံဖြစ်၍ ဘရန်ဒီဖန်ခွက်မှာ လုံးဝိုင်းပြီး ခပ်ပုပုပုံစံဖြစ်သည်။ များသော အားဖြင့် ဝီစကီကို

ရေ၊ ရေခဲ၊ ဆိုဒါတို့နှင့် ရောစပ်၍ သောက်သုံးကြသည့်အတွက် ဖန်ခွက်ထဲမှ အရည်မှာ အပြည့်နီးပါး ဖြစ်နေတတ်ပြီး ဘရန်ဒီကို မည်သည့်အရာနှင့်မျှ ရောနှောသောက်လေ့မရှိသောကြောင့် ဖန်ခွက်ထဲတွင် လက်တလုံး အနေအထား(၁ပက်)ပမာနကိုသာ တွေ့မြင်နိုင်သည်။

(မှတ်ချက်။ ။ Brandy Sour ဟု ခေါ်သော cocktail မျိုးတော့ရှိသည်)

မြန်မာပြည်တွင်းတွင် ကြုံရာဖန်ခွက်ဖြင့် ကြုံရာအရည်များကို ထည့်၍ မိမိတို့၏ အိမ်တွင် အဆင်ပြေသလို အသုံးပြုနေကြခြင်းမှာ ပြဿနာတခုဟု မဆိုနိုင်သော်လည်း တိုးတက်နေပြီဖြစ်သည့် မြန်မာပြည်တွင် လူနေမှုအဆင့်အတန်းနှင့် သက်ဆိုင်သည့် ပစ္စည်း သုံးစွဲပုံ စံနစ်မှန်ကန်စေရန်မှာလည်း အရေးကြီးလှသည်။
အထူးသဖြင့် ပညာပေးအနေဖြင့်သော်၎င်း၊ ဖျော်ဖြေရေးအနေဖြင့် သော်၎င်း၊ စီးပွားရေးအနေဖြင့်သော်၎င်း၊ အကြောင်းအမျိုးမျိုးဖြင့် မြန်မာဗီဒီယိုဇာတ်ကားများ ထုတ်လုပ်ပြသလျှက်ရှိရာ ၎င်းတို့၏ မှားယွင်းသော ပြကွက်များကို မြန်မာပြည်သူများမှ မြင်ဆရာအဖြစ် သတ်မှတ် အတုယူမမှားမိစေရန်နှင့် မြန်မာဗီဒီယိုဇာတ်ကားများမှ မှန်ကန်သော အသိပညာ၊ အတတ်ပညာများနှင့် ဗဟုသုတများစွာကို ဖြန့်ဖြူးပေးရန်မှာ မြန်မာဗီဒီယို ထုတ်လုပ်သူများအနေဖြင့် များစွာတာဝန်ရှိပါကြောင်းနှင့် စားသောက်ဆိုင်နှင့် ဟိုတည်များတွင် စားပွဲထိုးအဖြစ် အလုပ်လုပ်ကိုင်ရန် ဆန္ဒရှိသူများအတွက်ပါ ရည်ရွယ်၍ ဗဟုသုတ တရပ်အနေဖြင့် တစေ့တစောင်း တင်ပြလိုက်ရပါသည်။


အကိုဆုံဆည်းမှု မေးထားတဲ့မေးခွန်းလေးကတော့ “White Wine”ပုလင်းနဲ့“Red Wine”ပုလင်းတို့ရဲ့အရောင်ကွာဟချက်လေးပါ။
သိပ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းလေးပါပဲ။
ကျမကိုယ်တိုင် အတိအကျမသိပေမယ့် အဖြစ်နိုင်ဆုံးအဖြေတစ်ခုကို ပြန်ကြားပေးလိုက်ပါတယ်။
အကယ်၍ အကိုဆုံဆည်းမှုအနေနဲ့ အတိအကျ သိခဲ့ပါလျှင် စာဖတ်သူများအတွက် ကျမရဲ့ပို့စ်လေးမှာကူညီ ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံပါတယ်ရှင်။
Red Wine ပဲဖြစ်ဖြစ် White Wine ပဲဖြစ်ဖြစ် Wine တိုင်းမှာ ကွဲပြားတဲ့အရောင်ကိုယ်စီရှိကြပါတယ်။
သာမန်အရ Wine သောက်သုံးသူများဟာ Wine ရဲ့အရသာလောက်ကိုသာ မြည်းစမ်းသောက်သုံးလေ့ရှိပြီး
Wine ရဲ့ အရောင် အနံ့ အရသာတို့ကို မြည်းစမ်းကြတဲ့
Wine Tasting လိုနေရာမျိုး၊ Wine Professional များဟာ ပုလင်းအတွင်း(သို့) ဖန်ခွက်အတွင်းမှ Wine ရဲ့အရောင်ကိုကြည့်ပြီး Wine အရည်အသွေးကိုစစ်လေ့ရှိရာမှာ Red Wine ထက် White Wine ကို ပိုအသားပေးစစ်ဆေးလေ့ရှိတာမို့ White
Wine ပုလင်းရဲ့အရောင်ကို အကြည်ရောင်အဖြစ် ဖန်တီးထားခြင်းဖြစ်ပါတယ်။
http://seaandangel.blogspot.no/2010/09/blog-post_19.html

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။