စင်္ကာပူ နိုင်ငံသား တရုတ်လူမျိုး အများစု က ပညာရေး ကို အလေး ထားကြတယ်။ အခုလက်ရှိ အောင်မြင်နေတဲ့ တရုတ် လူမျိုး အသိပညာရှင် အတတ်ပညာရှင် တွေ ၊ စီးပွားရေး လုပ်ငန်းရှင်တွေ အများစု ရဲ့ ပထမမျိုးဆက် ( အဖိုး ) တွေ က တရုတ်ပြည်မကြီး က ပြောင်းရွှေ့အခြေချလာကြတဲ့ သူတွေပါ။ [ကူလီ တွေ နဲ့ အောက်ခြေအလုပ်သမားတွေ များပါတယ်]
ကျွန်တော့် အလုပ်ထဲမှာ ရှိတဲ့ ရာထူးကြီးကြီး တရုတ်လူမျိုး တစ်ယောက်ရဲ့ အဖေ ဆို လမ်းဘေး မှာ ဖိနပ်ချုပ်တဲ့သူဗျ။ သူတို့ က ဒီလို ကိစ္စ မျိုး ကို ရှက်စရာလို့ မယူဆဘဲ ဂုဏ်ယူစရာလို့ မြင်ကြတယ်။ [သူတို့ မျိုးဆက်တွေတိုင်းမှာ ပညာတတ်တွေ ဖြစ်လာတာ နဲ့ အောင်မြင်မှုတွေ ပိုင်ဆိုင်လာကြတာကို ဂုဏ်ယူပြီး မိတ်ဆွေ တွေကို ပြောပြလေ့ရှိတယ်]
စင်္ကာပူ နိုင်ငံသား မလေးလူမျိုးတွေကတော့ အင်မတန် ရောင့်ရဲ လွယ်တယ်။ ပညာရေးကို ဦးစားပေးတဲ့ မလေးလူမျိုး အနည်းငယ်လောက်ဘဲရှိပြီး ၊ မလေးလူမျိုး အများစုကတော့ စင်္ကာပူ ရဲ့ အောက်ခြေ လူတန်းစား အနေနဲ့ဘဲ ရပ်တည်နိုင်ကြပါတယ်။ ခလေး တွေ အများကြီး မွေးပြီး အရွယ်ရောက်တာနဲ့ ခိုင်းစားတော့တာဘဲ။ ဒါကြောင့် မလေးလူမျိုးတွေ ရဲ့ မျိုးဆက်တွေ က စင်္ကာပူ မှာ ချီးကားမောင်းတဲ့သူ ၊ ကြွက်ဖမ်းတဲ့ သူ တွေ ဖြစ်နေကြရပါတယ်။ [သူတို့ကို နှိမ်တာ မဟုတ်ပါဘူး။ တကယ့်အဖြစ်မှန် ကို ရေးတာပါ]
အဓိက အချက်က ပညာရေးပါဘဲ။ ပညာတတ်မှ တွေးခေါ်နိုင်မှုစွမ်းရည် မြင့်တက်လာမှာပါ။ မိမိ တို့ ရဲ့ မျိုးဆက်သစ် တွေ အတွက် အကောင်းဆုံးပြင်ဆင်ပေးနိုင်မှာပါ။
မြန်မာလူမျိုးတွေ အတွက် ပညာရေး က ဘာကြောင့် အရေးကြီးတယ်။ ဒေါ်အောင်ဆန်းစုကြည် က ဘာကြောင့် ပညာရေး ကို ဒီလောက် အလေးထားတယ်ဆိုတာ ကျွန်တော်က တော့ နားလည်သဘောပေါက်နေမိပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် လို ခေါင်းဆောင်မျိုး ကို ကျွန်တော်ထောက်ခံ တာပါခင်ဗျာ။
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။