နိုဘယ်ဆုရ ဒိန်းမတ်နာမည်ကျော် ဒေါက်တာတယောက်က သူ့လုပ်ငန်းကိုဆက်ခံဖို့ လူငယ်ဆရာဝန်တယောက်ရွေးချင်တယ်။ ဒါပေမယ့် ဒီလိုအရမ်းပျင်းစရာကောင်းတဲ့လုပ်ငန်းကို ဇွဲရှိရှိလုပ်နိုင်ပါ့မလားလို့ သံသယရှိတဲ့အတွက် သူ့ရဲ့လက်ထောက်က အကြံတခုပေးတာက အခြား တယောက်တယောက်ကနေ လွယ်ကူတဲ့အလုပ်တခုအတွက် ဒီလူငယ်ဆရာဝန်ကို လစာမြင့်မြင့်ပေးပြီး အစမ်းခေါ်ခန့်ကြည့်ခိုင်း လိုက်ပါ။ ဒီလိုခေါ်တဲ့ဘက်ကို သူသွားမလားစောင့်ကြည့်လိုက်ပါ။ ဆရာကြီးက ဒီအကြံကိုမသုံးလိုက်ပဲ ပြောပြတာက … လူတယောက်ရဲ့ကိုယ်ကျင့်တရားကို သွားမစမ်းသပ်ပါနဲ့ ။ ဒီလူငယ်က အရမ်းဆင်းရဲတဲ့ မိသားစုကနေ ပေါက်ဖွားလာတဲ့အတွက် ငွေကြေးရဲ့စွဲဆောင်မှုကို သူဘယ်ငြင်းနိုင်မလဲ။ ကျွန်တော်တို့အားလုံးက သာမန်လူတွေပါပဲ။
နောက်ဆုံးမှာ ဒီလူငယ်လေးက သူ့လုပ်ငန်းကို ဆက်ခံပြီး အရမ်းအောင်မြင်ကျော်ကြားတဲ့ဆရာဝန်တယောက်ဖြစ်သွားတယ်။ ဒီဇာတ်လမ်းကို ဆရာဝန်လူငယ်ပြန်သိလိုက်ရတဲ့အချိန်မှာ မျက်ရည်ကျပြီးပြောတာက … အကယ်၍ ကျွန်တော်ရဲ့ကျေးဇူးရှင်ဆရာကြီးက အဲဒီလိုမျိုးစမ်းသပ်ခဲ့မယ်ဆိုရင် ကျွန်တော်ကသေချာပေါက် လစာမြင့်တဲ့အလုပ်ကိုလက်ခံလိုက်မှာပဲ။အခုလို ကြီးကျယ်တဲ့အောင်မြင်မှုကို ရလာစရာအကြောင်းမရှိဘူး ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီအချိန်တုန်းက ကျွန်တော်အမေက အိပ်ရာထဲမှာ လဲနေပြီးဆေးကုဖို့ ငွေလိုနေတယ် ၊ ကျန်တဲ့မောင်နှမတွေလည်း ကျောင်းတက်ဖို့ ကျွန်တော့်လစာကိုစောင့်နေကြတယ် တဲ့ ။
ကျွန်တော်တို့တွေအားလုံးက သာမန်လူတွေပါ ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရားအ၇မ်းကောင်းတယ်ဆိုပြီး အထင်နဲ့ သူများရဲ့ကိုယ်ကျင့်တရားကိုစောင့်ကြည့်တာမျိုးမလုပ်ပါနဲ့ ။ နည်းစနစ် ၊ စည်းမျဉ်းစည်းကမ်း ၊ ဥပဒေကို သေချာတည်ထောင်ပြီး တိုင်းပြည်ကိုအုပ်ချုပ်တာမျိုး မဟုတ်ပဲ ပြီးပြည့်စုံတဲ့ သူရဲကောင်းတွေပေါ်ထွက်လာပြီး အုပ်ချုပ်ဖို့ မျှော်နေတာမျိုးက တကယ်တမ်းပြောရရင် ဒီမိုကရေစီမကျတဲ့အတွေးတမျိုးပါ။ အာဏာရှင်တယောက်ကိုမွေးထုတ်နေသလိုပဲ။
နောက်ဆုံးမှာ ဒီလူငယ်လေးက သူ့လုပ်ငန်းကို ဆက်ခံပြီး အရမ်းအောင်မြင်ကျော်ကြားတဲ့
ကျွန်တော်တို့တွေအားလုံးက သာမန်လူတွေပါ ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့တွေ ကိုယ့်ကိုယ်ကို ကိုယ်ကျင့်တရားအ၇မ်းကောင်းတ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။