လတ်တလော ဖေ့စ်ဘုတ် စာမျက်နှာထက်မှာ အနုပညာရှင် များနဲ့ တခြား အပြင်က လူတွေပါ အရုပ်ကလေးတွေ နဲ့ ဓာတ်ပုံ ရိုက်တာကို တွေ့မြင်ကြ ရပါတယ်။ ဒီ အရုပ်လေးတွေက စစ်ဘေးသင့်ဒေသ အတွက် အလှူခံတဲ့ အရုပ်တွေဖြစ် ကြောင်း သိရတာကြောင့် ဓာတ်ပုံ ရိုက်ကူးခဲ့တဲ့ မို့မို့မြင့်အောင်ကို မေးကြည့် တော့
“မဟော်ဂနီ ထုတ်လုပ်ရေးက ဂျမန်းတို့က အိမ်ကို လာလည်ချင်တယ်ဆို တော့လာလည်ပေါ့။ မမို့ကလည်း အိမ်နေရင်းပဲ ဘာမိတ်ကပ်မှ မလိမ်းထား ဘူး။ ကိုယ့် သူငယ်ချင်းတွေ ဆိုတော့လည်း လာကြပေါ့။ သူတို့က အရုပ်လေးတွေ ထုတ်ပြတယ်။ ကိုယ်ကလည်း အင်တာနက်ထဲ မှာ သူများတွေ အရုပ်ကိုင် ထားတာတွေ့တယ်။ ဘာမှန်းတော့ မသိဘူး။ နောက်တော့မှ စစ်ဘေးသင့် ကလေးတွေ အတွက် အလှူခံ ပါတယ်တဲ့။ ကိုယ်လည်း အိမ်ထဲမှာနေရင်း အလှူ တစ်ခုဖြစ် သွားတာပေါ့။ ကိုယ်တိုင်လည်း သွား မလှူနိုင်ဘူးလေ။ ဒုက္ခရောက်နေတဲ့ ကလေးတွေ အတွက်ကို အိမ်ထဲ မှာနေရင်းနဲ့ လှူဒါန်းဖြစ် သွားတာပေါ့။ စိတ်ထဲ မှာ ဘယ်လို ခံစားမှုရလဲ ဆိုတော့ ပထမ ဒီ အရုပ်လေးတွေ က ရိုးရိုး ချစ်စရာ ကောင်းတဲ့ အရုပ် ကလေးတွေပဲ။ ဘာအတွက် မှန်းတော့ မသိဘူး။ အရုပ်ရဲ့ အဓိပ္ပာယ်က မျိုးစုံပြောင်းလဲ သွားတာပေါ့။ ဒီကလေးတွေ ကို လှူမှာမို့လို့ အရုပ် လေးတွေကို ပေးရင်းနဲ့ ငွေသား ပါပေးမှာပေါ့။ ဒီကလေးတွေရဲ့ ကိုယ်စားပြုပြီး တော့ ဒီအရုပ်လေးတွေ က လာအလှူ ခံသလိုဖြစ် သွားတော့ ဒီ အရုပ်လေးတွေက သနားစရာ ကောင်းသွားသလို ခံစားရသွားတယ်” လို့ ပြောပါတယ်။
http://www.popularmyanmar.com
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။