We are the Men.
ဦးဘုန်း ►
တစ်ချိန်တုန်းက အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့အိပ်မက် တစ်ခုရှိတယ်။ ကြွေးကြော်သံတစ်ခုရှိတယ်။
We are the men တဲ့။
မနက် မနက်ဆိုရင် ဈေးထဲမှာ နွားတွေ၊ ဆိတ်တွေ ရောင်းသလိုပဲ လူမည်းတွေက လန်ကွတ်တီနဲ့ ထိုင်နေရတယ်။ ဈေးလာဝယ်တဲ့ လူဖြူတွေက သူတို့အိမ် အတွက် ကျေးကျွန်လာဝယ်တာ။
ကျေးကျွန်ဝယ်ရင် နွားဝယ်သလိုပဲ။ ငုတ်တုတ်ထိုင်နေတဲ့ ကျေးကျွန်ကို သစ်သားတူနဲ့ ဒူးခေါင်းကို ခေါက်ကြည့် တယ်။ ပြီးရင် သွားဖြဲကြည့်တယ်။ အဓိပ္ပာယ်က ဒီလို၊
သွားဖြဲကြည့်လို့ သွားကောင်းရင် အစားကောင်းကောင်းစားမယ်။ အစားကောင်းကောင်း စားရင် ခွန်အားရှိမယ်။ ခွန်အားရှိရင် ခိုင်းကောင်းမယ်။ ဒါပဲ။
ဒူးခေါင်းကို ခေါက်ကြည့်တာ ဒီကောင် ဒူးချောင်သလား မချောင်ဘူးလား။ ဆိုလိုတာက များများခိုင်းလို့ရမလားပေါ့ ။
လူမည်းတွေက မနက်ဆိုရင် ငုတ်တုတ်လေးထိုင်ပြီး လာသမျှ လူဖြူတွေကို ကြည့်နေရတာ။ သို့သော် ထူးဆန်းတာက နေမြင့်လာလေလေ၊ ဒူးခေါင်းကို အခေါက်ခံရတဲ့ အကြိမ်အရေအတွက်က များလေလေ ဖြစ်လာတယ်။ ဒူးခေါင်းလေး နည်းနည်းတွန့်သွားတာနဲ့ အဲဒီကောင် အိမ်ရောက်ရင် အသတ်ခံရပြီ။
လူမည်းတစ်ယောက်ဟာ သွားကျိုးလိုက်တာနဲ့ အသတ်ခံရပြီ။
အဲဒီခေတ်ကြီးကို အမေရိကန်မှာ လူမည်းတွေက ဖြတ်သန်းခဲ့ရတာ။
ဆိုပါစို့။ လူဖြူတွေရဲ့ အိမ်တစ်အိမ်မှာပေါ့။
လူမည်းတွေကို မိသားစု လိုက်ထားထားတယ်။ အစဉ်အဆက် ကလေးတွေ မွေးထားတယ်။ သူတို့ သွားမကျိုးအောင် နေကြရတယ်။
သို့သော် သွားမကျိုးဘဲ ဒူးအခေါက်ခံ ရတဲ့အချိန်မှာ တစ်ချက်ကလေးတွန့်သွားတာနဲ့ အိမ်ရောက်ရင် အသတ်ခံ ရတယ်။ ကျင်းကြီးရှေ့မှာ လက်ပြန်ကြိုး တုပ်ထားပြီး မတ်တတ်ရပ်နေရတာ။ ဟိုဘက်တစ်ဖက်ကလည်း သေနတ်နဲ့ ပစ်သတ်တော့မှာ။
ဆိုပါစို့။ အဲဒီအိမ်မှာရှိတဲ့ လူမည်းအဖေက အသက်ကြီးပြီ။ ကလေးတွေဟာ သူ့အဖေ ရောင်းတဲ့အထဲမှာ ပါသွားရင် ၀မ်းနည်းရပြီ။ သူ့အဖေပြန် လာရင် ပျော်တယ်။ ဒါပေမဲ့ ပြန်လာတဲ့အခါမှာ သူ့အဖေက မျက်နှာပျက်နေ ပြီ။ အဓိပ္ပာယ်က ဒူးခေါင်းကို တူနဲ့ခေါက်တဲ့အချိန်တုန်းက နေမြင့်တော့ လူများလာပြီး မျက်နှာက တွန့်သွားမယ်။ တစ်ကြိမ်မဟုတ် သုံးလေးကြိမ် တွန့်သွားမယ်။ ဒီကျွန်က ဈေးကောင်းမရတော့ဘူး။ တစ်ဖက်ထိပ်မှာ ထားပြီး သေနတ်နဲ့ပစ်သတ်တာပဲ။
အဲဒီအချိန်မှာ ထရံပေါက် က ချောင်းကြည့်နေတဲ့ သားသမီးတွေ၊ ပြတင်းပေါက်က ကြည့်နေတဲ့ မိန်းမတွေ အားလုံးရဲ့ပါးစပ်ကနေ တိုးတိုးလေးရေရွတ်တဲ့စကားသံ တစ်ခုရှိတယ်။
We are the men. ငါတို့က လူတွေ၊ ဟေ့ကောင် လူဖြူ၊ မင်းလည်း လူ၊ ငါလည်းလူပဲ။ အဲဒါ သူတို့ရဲ့အိပ်မက်နော်။ ရည်မှန်းချက်။ သူတို့ရဲ့အိပ်မက်တွေက ဒီကနေ့ အကောင်အထည်ဖော်နိုင်တယ်လေ။ သူတို့က လူဆိုတာ သေချာသွားပြီ။ သမ္မတတောင် ဖြစ်နေပြီ။
အိပ်မက်တွေ၊ အနာဂတ်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာက ဇွတ်တွန်းပြီး ကြိုးစားဖို့လိုသလို နောက်မဆုတ်တဲ့ စိတ်လည်း လိုအပ်တယ်။ Political ပိုင်းက သတ်မှတ်တဲ့ဘောင်တွေ၊ မူတွေက သက်သက်၊ ရည်မှန်းချက်ကြီးမားတဲ့ ဆန္ဒအဟုန်ကလည်း ပါဝင်ဖို့လိုအပ်တယ်။ We are the men ဆိုတဲ့ အဟုန်ကြီး ကြီးလာတဲ့အခါမှာ အမေရိကန်နိုင်ငံကို တို့အခုမြင်နေရတဲ့ နိုင်ငံ Structure ကြီးက သူ့ အလိုလို ဖြစ်သွားတာ။ ဒါကြောင့် လူငယ်တွေကို ပြောချင်တာက သူတို့နိုင်ငံမှာတောင် အခက်ခဲဆုံးဟာကြီးကို လွတ်မြောက်အောင် ကြိုးစားနိုင်သေးရင် တို့လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေလည်း တစ်ချိန်ချိန် မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိစေချင်တယ်။
credit to --
Eternal Light Magazine
November 2013
Cover Story
The Future for Youth
လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း
မောင်သာချို၊ ကောင်းသန့်၊ ဦးဘုန်း(ဓာတု)
credit to ----------သက် လွင်
ဦးဘုန်း ►
တစ်ချိန်တုန်းက အမေရိကန်နိုင်ငံမှာ လူမည်းတွေရဲ့အိပ်မက် တစ်ခုရှိတယ်။ ကြွေးကြော်သံတစ်ခုရှိတယ်။
We are the men တဲ့။
မနက် မနက်ဆိုရင် ဈေးထဲမှာ နွားတွေ၊ ဆိတ်တွေ ရောင်းသလိုပဲ လူမည်းတွေက လန်ကွတ်တီနဲ့ ထိုင်နေရတယ်။ ဈေးလာဝယ်တဲ့ လူဖြူတွေက သူတို့အိမ် အတွက် ကျေးကျွန်လာဝယ်တာ။
ကျေးကျွန်ဝယ်ရင် နွားဝယ်သလိုပဲ။ ငုတ်တုတ်ထိုင်နေတဲ့ ကျေးကျွန်ကို သစ်သားတူနဲ့ ဒူးခေါင်းကို ခေါက်ကြည့် တယ်။ ပြီးရင် သွားဖြဲကြည့်တယ်။ အဓိပ္ပာယ်က ဒီလို၊
သွားဖြဲကြည့်လို့ သွားကောင်းရင် အစားကောင်းကောင်းစားမယ်။ အစားကောင်းကောင်း စားရင် ခွန်အားရှိမယ်။ ခွန်အားရှိရင် ခိုင်းကောင်းမယ်။ ဒါပဲ။
ဒူးခေါင်းကို ခေါက်ကြည့်တာ ဒီကောင် ဒူးချောင်သလား မချောင်ဘူးလား။ ဆိုလိုတာက များများခိုင်းလို့ရမလားပေါ
လူမည်းတွေက မနက်ဆိုရင် ငုတ်တုတ်လေးထိုင်ပြီး လာသမျှ လူဖြူတွေကို ကြည့်နေရတာ။ သို့သော် ထူးဆန်းတာက နေမြင့်လာလေလေ၊ ဒူးခေါင်းကို အခေါက်ခံရတဲ့ အကြိမ်အရေအတွက်က များလေလေ ဖြစ်လာတယ်။ ဒူးခေါင်းလေး နည်းနည်းတွန့်သွားတာနဲ့ အဲဒီကောင် အိမ်ရောက်ရင် အသတ်ခံရပြီ။
လူမည်းတစ်ယောက်ဟာ သွားကျိုးလိုက်တာနဲ့ အသတ်ခံရပြီ။
အဲဒီခေတ်ကြီးကို အမေရိကန်မှာ လူမည်းတွေက ဖြတ်သန်းခဲ့ရတာ။
ဆိုပါစို့။ လူဖြူတွေရဲ့ အိမ်တစ်အိမ်မှာပေါ့။
လူမည်းတွေကို မိသားစု လိုက်ထားထားတယ်။ အစဉ်အဆက် ကလေးတွေ မွေးထားတယ်။ သူတို့ သွားမကျိုးအောင် နေကြရတယ်။
သို့သော် သွားမကျိုးဘဲ ဒူးအခေါက်ခံ ရတဲ့အချိန်မှာ တစ်ချက်ကလေးတွန့်သွားတာနဲ့ အိမ်ရောက်ရင် အသတ်ခံ ရတယ်။ ကျင်းကြီးရှေ့မှာ လက်ပြန်ကြိုး တုပ်ထားပြီး မတ်တတ်ရပ်နေရတာ။ ဟိုဘက်တစ်ဖက်ကလည်း သေနတ်နဲ့ ပစ်သတ်တော့မှာ။
ဆိုပါစို့။ အဲဒီအိမ်မှာရှိတဲ့ လူမည်းအဖေက အသက်ကြီးပြီ။ ကလေးတွေဟာ သူ့အဖေ ရောင်းတဲ့အထဲမှာ ပါသွားရင် ၀မ်းနည်းရပြီ။ သူ့အဖေပြန် လာရင် ပျော်တယ်။ ဒါပေမဲ့ ပြန်လာတဲ့အခါမှာ သူ့အဖေက မျက်နှာပျက်နေ ပြီ။ အဓိပ္ပာယ်က ဒူးခေါင်းကို တူနဲ့ခေါက်တဲ့အချိန်တုန်းက နေမြင့်တော့ လူများလာပြီး မျက်နှာက တွန့်သွားမယ်။ တစ်ကြိမ်မဟုတ် သုံးလေးကြိမ် တွန့်သွားမယ်။ ဒီကျွန်က ဈေးကောင်းမရတော့ဘူး။ တစ်ဖက်ထိပ်မှာ ထားပြီး သေနတ်နဲ့ပစ်သတ်တာပဲ။
အဲဒီအချိန်မှာ ထရံပေါက် က ချောင်းကြည့်နေတဲ့ သားသမီးတွေ၊ ပြတင်းပေါက်က ကြည့်နေတဲ့ မိန်းမတွေ အားလုံးရဲ့ပါးစပ်ကနေ တိုးတိုးလေးရေရွတ်တဲ့စကားသံ
We are the men. ငါတို့က လူတွေ၊ ဟေ့ကောင် လူဖြူ၊ မင်းလည်း လူ၊ ငါလည်းလူပဲ။ အဲဒါ သူတို့ရဲ့အိပ်မက်နော်။ ရည်မှန်းချက်။ သူတို့ရဲ့အိပ်မက်တွေက ဒီကနေ့ အကောင်အထည်ဖော်နိုင်တယ်လေ။ သူတို့က လူဆိုတာ သေချာသွားပြီ။ သမ္မတတောင် ဖြစ်နေပြီ။
အိပ်မက်တွေ၊ အနာဂတ်တွေကို အကောင်အထည်ဖော်ဖို့ဆိုတာက ဇွတ်တွန်းပြီး ကြိုးစားဖို့လိုသလို နောက်မဆုတ်တဲ့ စိတ်လည်း လိုအပ်တယ်။ Political ပိုင်းက သတ်မှတ်တဲ့ဘောင်တွေ၊ မူတွေက သက်သက်၊ ရည်မှန်းချက်ကြီးမားတဲ့ ဆန္ဒအဟုန်ကလည်း ပါဝင်ဖို့လိုအပ်တယ်။ We are the men ဆိုတဲ့ အဟုန်ကြီး ကြီးလာတဲ့အခါမှာ အမေရိကန်နိုင်ငံကို တို့အခုမြင်နေရတဲ့ နိုင်ငံ Structure ကြီးက သူ့ အလိုလို ဖြစ်သွားတာ။ ဒါကြောင့် လူငယ်တွေကို ပြောချင်တာက သူတို့နိုင်ငံမှာတောင် အခက်ခဲဆုံးဟာကြီးကို လွတ်မြောက်အောင် ကြိုးစားနိုင်သေးရင် တို့လူငယ်တွေရဲ့ အနာဂတ်ရည်မှန်းချက်တွေလည်း တစ်ချိန်ချိန် မှာ ဖြစ်ကိုဖြစ်ရမယ်ဆိုတဲ့ ယုံကြည်မှုရှိစေချင်တယ်။
credit to --
Eternal Light Magazine
November 2013
Cover Story
The Future for Youth
လူငယ်တွေအတွက်အနာဂတ် စကားဝိုင်း
မောင်သာချို၊ ကောင်းသန့်၊ ဦးဘုန်း(ဓာတု)
credit to ----------သက် လွင်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။