၁၄ ။ရေတက် ရေကျ-ခန့်မှန်းတွက်ချက်နည်း
************************** ****
မြစ်ဝကျွန်းပေါ်ဒေသ ရေကြောင်းမှာ လှေလောင်း
အသုံးပြုသူတွေအတွက် ဒီတွက်ချက်ပုံလေးက
တော်တော်အသုံးဝင်မယ်ထင်တယ်။
မြစ်ဝကျွန်းပေါ် ဒေသတွေက ပင်လယ်ဒီရေ
အတက်အကျက တစ်ရက်မှာ (၂ ) ကြိမ်ဖြစ်
တယ်။ ရေတက် ၊ရေကျ တစ်ကြိမ်နှင့်တစ်ကြိမ်
( ၆ ) နာရီကွာခြားသည်။ရေတက်ပြီ (၆) နာရီ
ကြာရေပြန်ကျသည်။
မြန်မာ လဆန်း/လဆုတ်ရက်များ အလိုက်
ရေတက်ချိန်တွေ တစ်ရက်နဲ့တစ်ရက်မတူကြ
ပါ။ ဒီရေတက်ချိန်လဆန်း/ ဆုတ်ရက်အလိုက်
တွက်နည်း method လေးကို ရှေ့လူကြီးသူမ
တွေမှတ်သား သွားတဲ့ မြန်မာ့နည်းပညာလေး
က မှတ်သားစရာပါ။
လဆန်း ( ၁ )ရက်။ (၁ )ကျပ်မှ တစ်မတ် နှုတ်
သုံးမတ်ကျန်....၊တစ်ကျပ်ကို ၆၀မီနစ်ထား
တစ်မတ်က (၁၅) မီနစ်ဆိုတော့...သုံးမတ်က
(၄၅) မီနစ် ဖြစ်လို့၊ ပထမအကြိမ်ရေတက်က
၁၂ နာရီ၊ ၄၅မီနစ်။
လဆန်း (၂) ရက်။ (၂ )ကျပ်မှ နှစ်မတ် နှုတ်
တစ်ကျပ်ခွဲကျန်....၊နာရီဖွဲ့ ...၁ နာရီ ခွဲ ရေတက်၊
လဆန်း(၃) ရက်။ (၃ ) ကျပ်မှ သုံးမတ်က နှုတ်
နှစ်ကျပ်တစ်မတ်ကျန်...၊ နာရီဖွဲ့...၂နာရီ၁၅မီနစ်
ရေတက်ပါ။
လဆန်း (၄ )။ (၄ ) ကျပ်မှ လေးမတ် နှုတ်
သုံးကျပ်ကျန်....၊ ၃ နာရီ ရေတက်ပါ။
လဆန်း (၅)ရက်။ (၅) ကျပ်မှ ငါးမတ် နှုတ်
သုံးကျပ်သုံးမတ်ကျန်...၊၃ နာရီ ၄၅မီနစ်ရေတက်
*ပင်လယ်ဒီရေအတက်အကျက လ ၏ဆွဲအား
ကြောင့်ဖြစ်တာလို့ ကျောင်းသုံးသိပ္ပံမှာသင်ရပါ
တယ်။ ဒါကြောင့် လဆန်း၊လဆုတ်တွေကြောင့်
မြစ်ဝကျွန်းပေါ်ဝေါဟာရစကားအရ ....
လဆန်းရက်တွေက ရေထရက်၊
လပြည့်တွေက ခေါင်ရေ၊
လဆုတ်ရက်က ရေသေ၊ စသည်ဖြင့်ရှေ့လူကြီး
တွေက အမှတ်အသားပြုခေါ်ဝေါ်ခဲ့ကြပါတ ယ်။
#Crd
**************************
မြစ်ဝကျွန်းပေါ်ဒေသ ရေကြောင်းမှာ လှေလောင်း
အသုံးပြုသူတွေအတွက် ဒီတွက်ချက်ပုံလေးက
တော်တော်အသုံးဝင်မယ်ထင်တယ်။
မြစ်ဝကျွန်းပေါ် ဒေသတွေက ပင်လယ်ဒီရေ
အတက်အကျက တစ်ရက်မှာ (၂ ) ကြိမ်ဖြစ်
တယ်။ ရေတက် ၊ရေကျ တစ်ကြိမ်နှင့်တစ်ကြိမ်
( ၆ ) နာရီကွာခြားသည်။ရေတက်ပြီ (၆) နာရီ
ကြာရေပြန်ကျသည်။
မြန်မာ လဆန်း/လဆုတ်ရက်များ အလိုက်
ရေတက်ချိန်တွေ တစ်ရက်နဲ့တစ်ရက်မတူကြ
ပါ။ ဒီရေတက်ချိန်လဆန်း/
တွက်နည်း method လေးကို ရှေ့လူကြီးသူမ
တွေမှတ်သား သွားတဲ့ မြန်မာ့နည်းပညာလေး
က မှတ်သားစရာပါ။
လဆန်း ( ၁ )ရက်။ (၁ )ကျပ်မှ တစ်မတ် နှုတ်
သုံးမတ်ကျန်....၊တစ်ကျပ်ကို
တစ်မတ်က (၁၅) မီနစ်ဆိုတော့...သုံးမတ်က
(၄၅) မီနစ် ဖြစ်လို့၊ ပထမအကြိမ်ရေတက်က
၁၂ နာရီ၊ ၄၅မီနစ်။
လဆန်း (၂) ရက်။ (၂ )ကျပ်မှ နှစ်မတ် နှုတ်
တစ်ကျပ်ခွဲကျန်....၊နာရီဖွဲ
လဆန်း(၃) ရက်။ (၃ ) ကျပ်မှ သုံးမတ်က နှုတ်
နှစ်ကျပ်တစ်မတ်ကျန်...၊ နာရီဖွဲ့...၂နာရီ၁၅မီနစ်
ရေတက်ပါ။
လဆန်း (၄ )။ (၄ ) ကျပ်မှ လေးမတ် နှုတ်
သုံးကျပ်ကျန်....၊ ၃ နာရီ ရေတက်ပါ။
လဆန်း (၅)ရက်။ (၅) ကျပ်မှ ငါးမတ် နှုတ်
သုံးကျပ်သုံးမတ်ကျန်...၊၃ နာရီ ၄၅မီနစ်ရေတက်
*ပင်လယ်ဒီရေအတက်အကျက လ ၏ဆွဲအား
ကြောင့်ဖြစ်တာလို့ ကျောင်းသုံးသိပ္ပံမှာသင်ရပါ
တယ်။ ဒါကြောင့် လဆန်း၊လဆုတ်တွေကြောင့်
မြစ်ဝကျွန်းပေါ်ဝေါဟာရစကားအရ
လဆန်းရက်တွေက ရေထရက်၊
လပြည့်တွေက ခေါင်ရေ၊
လဆုတ်ရက်က ရေသေ၊ စသည်ဖြင့်ရှေ့လူကြီး
တွေက အမှတ်အသားပြုခေါ်ဝေါ်ခဲ့ကြပါတ
#Crd
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။