Sein-kyaw Laing
အမွေ
၂၀၁၇ ခုနှစ်အတွက် ကမ္ဘာ့အချမ်းသာဆုံး မိုက်ခရိုဆော့သူဋ္ဌေးကြီး ဘီလ်ဂိတ်စ်က သူ့သားသမီးတွေကို အသက် ၁၄ နှစ်မတိုင်ခင် လက်ကိုင်ဖုန်းကိုင်ခွင့်မပေးတဲ့ပြင် အိမ်မှာ ညစာစားချိန်ကျရင် မိသားစုထဲက ဘယ်သူမှ လက်ကိုင်ဖုန်းကိုင်ခွင့်မရှိတဲ့အကြောင်း မကြာခင်က လန်ဒန်အခြေစိုက်The Mirror သတင်းစာကို ပြောပါတယ်။
မိဘက သားသမီးကို ချစ်တာချင်း မတူကြ။ အထူးသဖြင့် ဘီလ်ဂိတ်စ်လို
အမေရိကန်သူဌေးကြီးက သူ့သားသမီးတွေကို အသက် ၁၄ နှစ်မပြည့်မချင်း
လက်ကိုင်ဖုန်းသုံးခွင့်ပိတ်မယ်လို့ ဘယ်သူမှထင်မှာမဟုတ်။ အငယ်ဆုံးကလေး ၁၄
နှစ်ပြည့်ပီးမှသာ လက်ကိုင်ဖုန်းကိစ္စ ကမ္ဘာကို ထုတ်ပြောတာပါ။
အနောက်နိင်ငံတွေအကုန်အံအားသင့်ကုန်ပါတယ်။
သားသမီးအရွယ်မရောက်ခင် လက်ကိုင်ဖုန်းပေးကိုင်ရင် ပညာရေးမှာ ဘယ်လောက်ထိခိုက်မလဲ ဘီလ်ဂိတ်စ်ကသိထားတယ်။ ဒါကြောင့် အသက် ၁၄ နှစ်ထိ လက်ကိုင်ဖုန်းသုံးခွင့်မပေးဘဲ ကျောင်းစာကိုသာ အာရုံစိုက်ခိုင်းထားပါတယ်။ ဒါလဲပညာအမွေကို စည်းကမ်းနဲ့ပေးတဲ့သဘော။
ဘီလ်ဂိတ်စ်ဘယ်လောက်ချမ်းသာချမ်းသာ သားသမီးတဦးကို ပညာသင်စရိတ် ဒေါ်လာ၁၀သန်းစီကလွဲပီး ဘာအမွေမှမပေးဘူးလို့လဲ ကမ္ဘာသိပြောထားပြီးသား။ သားသမီးကို သူတို့ပညာနဲ့ ကိုယ့်ဒူးကိုယ်ချွန်တတ်အောင် ရေထဲပစ်ချတဲ့ ဘီလ်ဂိတ်ပါတကား။
(ကမ္ဘာ့အချမ်းသာဆုံး မိုက်ခရိုဆော့သူဋ္ဌေးကြီးဘီလ်ဂိတ်စ်က ဒေါ်လာ ၈၆ ဘီလီလျံပိုင်ပေမဲ့ သူသားသမီးတယောက်ကို ပညာဆက်သင်ဘို့ ဒေါ်လာ ဆယ်သန်းစီသာအမွေပေးပီး ကျန်တာကို Charity အဖွဲ့တွေ အကုန်လှူပစ်မယ်လို့ပြောပါတယ်။)

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။