Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, April 28, 2017

ဖေဖေ့အတွက် ဟင်းတစ်ဖတ်၊ မေမေ့အတွက် ဟင်းတစ်ဖတ်

════════════════════════════════
ဖေဖေ့အတွက် ဟင်းတစ်ဖတ်၊ မေမေ့အတွက် ဟင်းတစ်ဖတ်
════════════════════════════════
.
.

❖ ခွက်ဦးအလှူလို့ခေါ်တဲ့ ပန်းကန်ဦးအလှူကိုလည်း နေ့စဉ် ဝတ်ထားပြီးတော့ကို
ပြုလုပ်သင့်ပါတယ်။ နေ့တိုင်း ထမင်းစားနေတာဆိုတော့ မလုပ်ဖြစ်စရာလည်း
အကြောင်းမရှိပါဘူး။ သတိရှိဖို့နဲ့ အလေ့အကျင့် စွဲမြဲဖို့ပဲ လိုပါတယ်။
မလုပ်ဖြစ်သေးခင်သာ ခက်သလို ထင်ရပေမယ့် လုပ်နေကျဖြစ်သွားရင်တော့
လွယ်လွယ်ကူကူနဲ့ နေ့စဉ် လုပ်ဖြစ်သွားမှာပါ။

❖ ထမင်းစားတဲ့အခါ ကိုယ်စားမယ့် ပန်းကန်ထဲ ထမင်းထည့် ပြီးပြီဆိုတာနဲ့
အလှူခံပုဂ္ဂိုလ်ရှိမရှိ ဘေးဘီကို လှည့်ကြည့်လိုက်ရသေးတယ်။
ကိုယ့်ရဲ့ ရှေ့နောက်ဝဲယာမှာ အလှူခံပုဂ္ဂိုလ်ရှိနေရင် ကိုယ်မစားခင် အလှူခံပုဂ္ဂိုလ်ကို
အရင်ဆုံး ဦးဦးဖျားဖျား လှူဒါန်းလိုက်ရတယ်၊ ကိုယ်စွမ်းနိုင်သလောက် ဦးဦးဖျားဖျား
လှူဒါန်းပြီးမှ ကိုယ်က ဆက်စားပေါ့။

❖ အလှူခံပုဂ္ဂိုလ်ဆိုတာကလည်း ကိုယ်တစ်ယောက်တည်း ထမင်းစားရင်သာ မရှိတာပါ။ မိသားစုနဲ့ အတူဝိုင်းဖွဲ့စားရင်တော့ မိသားစုဆိုတဲ့ အလှူခံပုဂ္ဂိုလ်က
အနည်းဆုံးရှိနေတာပါပဲ။ ကိုယ်နဲ့ ထမင်းအတူတူ တစ်ဝိုင်းတည်းစားတဲ့ မိဘတွေ၊
အစ်ကို အစ်မတွေ၊ ဦးကြီးဦးလေး၊ ဒေါ်ကြီးဒေါ်လေး၊ အဘိုးအဘွားတွေဟာ
အလှူခံပုဂ္ဂိုလ်တွေပါပဲ။ အဲဒီ အလှူခံပုဂ္ဂိုလ်တွေကို ဦးဦးဖျားဖျားလှူတဲ့အကျင့်
စွဲမြဲအောင် လုပ်ထားရမှာပေါ့။

❖ ဦးဇင်းတို့ ငယ်ငယ်တုန်းက `ထမင်းစားရင် မိဘကိုအရင်ဦးချပြီးမှ စားရမယ်`
လို့ မိဘတွေကလည်း အမြဲဆုံးမတယ်၊ ဆရာတော် သံဃာတော်တွေကလည်း
အမြဲဆုံးမတယ်။ ဒါကတော့ ဗုဒ္ဓဘာသာဝင်တိုင်း ဆုံးမနေကျပါပဲ။
တရားနာပရိသတ်များလည်း ဒီအဆုံးအမ ရဖူးကြတာချည်းပါပဲ။

❖ ထမင်းတစ်ဝိုင်း အတူတူ စားကြပြီဆိုရင် ကိုယ့်ထက် အသက်ကြီးတဲ့ မိဘ၊
အစ်ကိုအစ်မ စသည်ကို အရင်ဆုံး ဦးချပြီးမှ စားရတယ်။
မိဘရှိရင် မိဘ၊ အစ်ကို အစ်မ ရှိရင် အစ်ကို အစ်မပေါ့။
ဒါဟာ သူတော်ကောင်း ကျင့်ဝတ်ပဲ။

❖ မိဘပန်းကန်ထဲ ထမင်းအရင်ခူးထည့်ပေးတာ၊ ဟင်းအရင် ခပ်ထည့်ပေးတာဟာ
ဦးချတာပါပဲ။ ဒါပေမဲ့ အဲဒီလို အရင်ဦးချတာက ဒါနတော့ မဟုတ်သေးပါဘူး၊ သီလပါ။
ဘာသီလလဲဆိုရင် စာရိတ္တ သီလပေါ့။

❖ သီလက နှစ်မျိုးရှိပါတယ်။
မလုပ်သင့် မလုပ်ထိုက်တာတွေကို ရှောင်ကြဉ်ရတဲ့ ဝါရိတ္တသီလ (ရှောင်သီလ) ရယ်၊
လုပ်သင့်လုပ်ထိုက်တာတွေကို ဆောင်ငင်ရတဲ့ စာရိတ္တသီလ (ဆောင်သီလ) ရယ်လို့
သီလနှစ်မျိုး ရှိပါတယ်။ ရှောင်သီလနဲ့ ဆောင်သီလပေါ့။

❖ `မိဘဆရာသမားစတဲ့ ကြီးသူကို ရိုသေရမယ်၊ ဦးစားပေးရမယ်` ဆိုတဲ့
ကျင့်ဝတ်ဟာ လုပ်သင့်လုပ်ထိုက်၊ ကျင့်သင့်ကျင့်ထိုက်တဲ့ `ဆောင်သီလ` ဖြစ်ပါတယ်။
ထမင်းဟင်း အရင်ဦးချတာဟာ ဆောင်သီလကို ပြုကျင့်တာဖြစ်တဲ့အတွက်
သီလကုသိုလ်ရပါတယ်။
အများနားလည်တဲ့စကားအတိုင်း ပြောရရင် ဝေယျာဝစ္စသီလပေါ့။ ဝေယျာဝစ္စကုသိုလ်ပေါ့။

❖ ဝေယျာဝစ္စသီလကုသိုလ်အပြင် ဒါနကုသိုလ်ပါ ရချင်တယ်ဆိုရင်တော့ ကိုယ့်ခွဲတမ်း၊
ကိုယ့်ဝေစုထဲက အရင်ဦးချပြီး လှူမှ ဖြစ်ပါမယ်။ ကိုယ့်ခွဲတမ်း မဟုတ်တာကို ဦးချရင်
သီလ၊ ကိုယ့်ခွဲတမ်းထဲက ဦးချရင် ဒါန၊ ဦးချတာနဲ့ ပတ်သက်လို့ ကုသိုလ်နှစ်မျိုးရှိပါတယ်။
နှစ်မျိုးစလုံး ရအောင်ယူပါ။

❖ ဦးဇင်းတို့ ငယ်ငယ်တုန်းက ထမင်းစားပြီဆိုရင် လေးထောင့်စားပွဲရှည်ကြီးနဲ့
စားကြပါတယ်။ အရှေ့ဘက်ထိပ်က ခမည်းတော် တစ်ယောက်တည်း ထိုင်၊
ခမည်းတော်ရဲ့ ညာဘက်အတန်းက မယ်တော်နဲ့ ဦးဇင်းနောင်တော်ကြီး နှစ်ယောက်
အစဉ်အတိုင်း ထိုင်၊ အနောက်ဘက်ထိပ်က ဦးဇင်းတစ်ယောက်တည်း ထိုင်၊
ဦးဇင်းရဲ့ ညာဘက်အတန်းက ဦးဇင်း ညီတော်နှစ်ယောက် အစဉ်အတိုင်း ထိုင်၊
ညီတော် အငယ်ဆုံးက ခမည်းတော်ရဲ့ ဘယ်ဘက်ကပ်ရက်နေရာ ရောက်သွားတာပေါ့။

❖ လေးထောင့်စားပွဲရှည်နဲ့ မိသားစု ခြောက်ယောက် နေရာယူရတာ ကွက်တိပါပဲ။
ခမည်းတော်နဲ့ ဦးဇင်းက ဟိုဘက်ထိပ်၊ ဒီဘက်ထိပ် မျက်နှာချင်းဆိုင်၊ ဘေးနှစ်ဖက်က
နှစ်ယောက်စီ မျက်နှာချင်းဆိုင်၊ ကြီးစဉ်ငယ်လိုက် အစဉ်အတိုင်း ထိုင်ပြီး
ထမင်းစားကြပါတယ်။

❖ အများအားဖြင့် မိသားစုခြောက်ယောက်စုံမှ စားလေ့ရှိပါတယ်။
တစ်ယောက်တစ်ယောက် အပြင်ထွက်နေရင်လည်း စုံအောင်စောင့်ပြီးမှ စားကြတာပါ။
အချိန်သိပ်လွန်မှသာ မစောင့်ဘဲ ရှိတဲ့လူနဲ့ စားကြတာပေါ့။

❖ ကြီးစဉ်ငယ်လိုက် ပန်းကန်တွေထဲ ထမင်းထည့်ပြီးပြီဆိုတာနဲ့ ဦးဇင်းတို့
ညီအကိုလေးယောက်က ကိုယ့်ပန်းကန်ထဲက ထမင်းတွေကို တစ်ယောက်
လက်တစ်ဆုပ်စီလောက် အဖေ့ပန်းကန်နဲ့ အမေ့ပန်းကန်ထဲ ဦးချပြီး လှူကြပါတယ်။
ကိုယ်ဝေစုရတဲ့ အသားတုံးတွေထဲကလည်း နည်းနည်းစီ ဖဲ့ပြီး မိဘကို ဦးချလှူကြပါတယ်။

❖ ကလေးဘဝတုန်းကတော့ အဓိကဟင်းဖြစ်တဲ့ အသားဟင်းက ခွဲတမ်းနဲ့ ဝေပုံကျ
ရတာပေါ့။ နှစ်တုံးဖြင့် နှစ်တုံး၊ သုံးတုံးဖြင့် သုံးတုံး၊ ငါးတုံးဖြင့် ငါးတုံး၊ ဟင်းအမျိုးအစား
အပေါ် မူတည်ပြီး မိဘက ခွဲတမ်းချပေးပါတယ်။ အဲဒီလိုမှ ခွဲတမ်းချမပေးရင်လည်း
ဟင်းဖတ်က နှိုက်လို့ဆုံးမှာ မဟုတ်တော့ဘူးလေ။ ကျန်တဲ့ အသုပ်တို့၊ အကြော်တို့
အရောအနှော နယ်စား၊ အနှစ်ဟင်းတို့၊ ဟင်းချို-ချဉ်ရည်-အရည် သောက်ဟင်း
တို့ကတော့ အလယ်မှာ တည်ထားတဲ့ ဟင်းပန်းကန်တွေထဲက ကြိုက်သလောက်
ခပ်စား ခပ်သောက်ပေါ့။

❖ ဥပမာ- ကြက်သားတုံး သုံးတုံး ဝေစုရတယ်ဆိုပါတော့၊ ဦးဦးဖျားဖျား တစ်တုံးကို
တစ်ဝက်စီခြမ်းပြီး အဖေတစ်ခြမ်း၊ အမေတစ်ခြမ်း လှူတာပေါ့။
ဒါမှမဟုတ် စိတ်ကောင်း ပိုဝင်တဲ့နေကျတော့လည်း အဖေ တစ်တုံး၊ အမေ တစ်တုံး
လှူတာပေါ့။ ကျန်တဲ့ နှစ်တုံး၊ သို့မဟုတ် တစ်တုံးကိုတော့ ကိုယ်စားတာပေါ့။
မိဘပန်းကန်ထဲ များများထည့်လှူလိုက်တဲ့နေ့ဆို မိဘကလည်း အကုန်စားမပစ်ပါဘူး။
ကိုယ်ရတဲ့ ဝေစုထဲက ဖဲ့ပြီး သားသမီးပန်းကန်ထဲ `အန္တရာယ်ကင်းတယ်` လို့ ပြောပြီး
ဟင်းဖတ် ပြန်တာပါပဲ။

❖ မိဘနဲ့ သားသမီး အပြန်အလှန် ဒါနကုသိုလ် ဖြစ်တဲ့အပြင် တစ်ယောက်နဲ့
တစ်ယောက် မေတ္တာဓာတ်တွေ ကူးလူးယှက်နွယ်ပြီး မိသားစုမေတ္တာ ခိုင်မြဲသွားတာပေါ့။ နှမြောတွန့်တိုတတ်တဲ့စိတ်ကိုလည်း ငယ်စဉ်ကတည်းက
ဖယ်ရှားပြီးသား ဖြစ်သွားတာပေါ့။ အင်မတန်ကောင်းတဲ့ ဓလေ့ထုံးစံလေးပါပဲ။

❖ ဒါကြောင့် ကိုယ့်မိသားစုနဲ့ပဲ စားစား၊ တခြားလူတွေနဲ့ပဲ စားစား၊ ကြီးသူကို
အရင်ဦးချတဲ့ ဝေယျာဝစ္စသီလ၊ တခြားသူကို ကိုယ့်ခွဲတမ်း မျှလှူတဲ့ ဒါန၊
လုပ်ဖြစ်အောင် လုပ်သင့်ပါတယ်။ ကြီးသူကို လှူမှ ဒါနဖြစ်တာ မဟုတ်ဘူးနော်။
ငယ်သူကို လှူလည်း ဒါနဖြစ်တာပါပဲ။ ကိုယ်စားရမယ့် ခွဲတမ်းကို နည်းနည်းလျှော့
စားလိုက်လို့ ကိုယ့်မှာလည်း ဘာမှ ထိခိုက်နစ်နာမသွားပါဘူး။

❖ တန်ဖိုးနည်းနည်းနဲ့ ကုသိုလ်မြဲတဲ့အလုပ် သူတော်ကောင်းတိုင်း လုပ်သင့်ပါတယ်။
သီးခြား အကုန်အကျခံပြီး လှူတာလည်း လှူပေါ့။ အဲ့ဒါအပြင် ကိုယ်စားမဲ့အထဲက
နည်းနည်းလျှော့စားပြီး လှူတာမျိုးလည်း နိဗဒ္ဓကောင်းမှု (အမြဲကောင်းမှု)
အဖြစ်နဲ့ အလေ့အကျင့်စွဲအောင် လှူသင့်ပါတယ်။ ဒါမှ ကုသိုလ်တွေ များသထက်များပြီး
စိတ်ဓာတ်တွေလည်း သန့်သထက်သန့်၊ မြတ်သထက်မြတ် လာပါလိမ့်မယ်။

ဆရာတော်အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)



Thanks:
#WinSoe(Ko Lin)
#နိဗ္ဗာန်ဆော်

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။