shared by knight on 14/03/17 - phothutaw.com - Community
၁ - နားလည်ပါ
ပိုက်ဆံပြန်မရဘဲ ဖြစ်သွားနိုင်တယ်ဆိုတာကို နားလည်ပါ။ သူငယ်ချင်းတစ်ယောက်က ပိုက်ဆံချေးလာတဲ့အခါ ပြန်တောင်းရင် နှစ်ဦးခင်မင်မှု ထိခိုက်နိုင်လားဆိုတာကို စဉ်းစားပါ။ ထိခိုက်နိုင်တဲ့လူမျိုးဆိုရင် ပြန်မပေးလည်း ဘာမှ မဖြစ်တဲ့ ပမာဏလောက်ကိုပဲ ချေးသင့်ပါတယ်။
၂ - ပိုမတောင်းပါနဲ့
ပိုက်ဆံပြန်ဆပ်တဲ့အခါ သင့်ကို တစ်ခုခုလိုက်ကျွေးသင့်တယ်ဆိုတဲ့ အတွေးမျိုး မထားပါနဲ့။ ပိုက်ဆံသာပြန်ယူပြီး ဒီလို တစ်ခုခုလုပ်ပေးမယ်ဆိုတဲ့ ကတိမျိုးလည်း လက်မခံပါနဲ့။
၃ - တခြားနည်းလမ်း
ငွေကြေးချေးတဲ့အခါ သူ့အခက်အခဲကို မေးသင့်ပါတယ်။ တခြားသင်ကူညီနိုင်တဲ့ နည်းလမ်း ဘာရှိလဲ မေးကြည့်သင့်ပါတယ်။
၎ - ငြင်း
မရှိဘူးလို့ ရဲရဲ ငြင်းနိုင်ဖို့လည်း လိုပါတယ်။ သူတို့အကြောင်း သိပြီး ပိုက်ဆံပြန်ပေးမှာ သေချာတယ်လို့ သင့်ဘက်က ယုံကြည်မှုရှိတဲ့လူဆိုရင် ချေးသင့်ပါတယ်။ ဒါပေမဲ့ မယုံကြည်တဲ့ လူကိုလည်း ရဲရဲ ငြင်းဖို့ ဝန်မလေးသင့်ပါဘူး။ ချေးပြီးမှ ဒီ့ထက်မိတ်ပျက်စရာ အကြောင်းတွေ ရှိလာပါလိမ့်မယ်။
Credit: duwun
searchmyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။