[ KoThura's Note - 30 Apr 2017 ]
*** အောင်မြင်ရေးအတွက် အရေးကြီးဆုံး တခု ***
တိုးတက်မှုတွေ၊ အောင်မြင်မှုတွေကို ရှာဖွေနေသူ၊ ကြိုးစားနေသူတွေအတွက် စာအုပ်တွေ၊ သင်တန်းတွေ၊ အချက်အလက်တွေ၊ ပညာတွေက မနည်းမနေပါပဲ...
နည်းလမ်းတွေ၊ အကြံဥာဏ်တွေကလည်း ဖတ်လို့ကုန်တယ်ရယ်မရှိပါဘူး ...
ဒီလို လေ့လာရင်းနဲ့ တွေးမိပါတယ်... ဒီအချက်အလက်တွေထဲမှာ ဘယ်တခုက အရေးကြီးဆုံးဖြစ်မလဲဆိုတာပါ ...
စာပေတွေဖတ်ရှုပါတယ်၊ ရှာဖွေပါတယ်၊ လေ့လာပါတယ်၊ သုံးသပ်ပါတယ်... နောက်ဆုံးမှာ ကောက်ချက်ချမိတာတခုရှိပါတယ် .
အောင်မြင်တိုးတက်ဖို့အတွက် အရေးကြီးဆုံးက တခုရှိတယ်...
သူရှိရင်.... အားလုံး တဖြည်းဖြည်းပြည့်စုံလာနိုင် ပြီး... သူမရှိရင်တော့ ဘာမှ လုပ်လို့မရတော့ဘူးဗျာ...
" အဲ့ဒါက ဦးနှောက်ပဲ "
ဟုတ်တယ်.. ဦးနှောက်ပဲ..
- စာဖတ်ချင်လား... ဦးနှောက်လိုတယ်
- အယူအဆကောင်းတွေးချင်လား... ဦးနှောက်လိုတယ်
- ဝိတ်ချချင်လား... ဦးနှောက်လိုတယ်
- ပိုက်ဆံရှာချင်လား... ဦးနှောက်လိုတယ်
- ကြိုးစားချင်လား... ဦးနှောက်လိုတယ်
- ဆက်ဆံရေးကောင်းချင်လား... ဦးနှောက်လိုတယ်
- ပျော်ရွှင်ချင်လား.. ဦးနှောက်လိုတယ်
- စည်းကမ်းလိုက်နာချင်လား... ဦးနှောက်လိုတယ်
တိုးတက်မှုတိုင်း ဆင့်ကဲဖြစ်ပေါ်လာနိုင်ဖို့အတွက် အကုန်ထိန်းချုပ်ထားတဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့လိုပါတယ်
ဒါ့ကြောင့် နာမည်ကြီး စကားလေးတခုရှိတယ်...
ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါတယ် တဲ့...
စာရေးသူကတော့ အသိပညာတွေ ရှာမှီးပါလို့ ကျွန်တော်ယူဆပေမယ့်...
စေ့စေ့ဆက်တွေးမယ်ဆိုရင် တကယ်မှန်တဲ့စကားပါ...
Physical ဦးနှောက်ကြီးကောင်းဖို့ကို လည်း ကောင်းကောင်း ရင်းနှီးမြုပ်နှံသင့်ပါတယ်
ဒါကောင်းရင် အကုန်ကောင်းလာပြီး.. ဒါ မကောင်းရင်တော့ အကုန်သွားရောဗျာ...
ဦးနှောက်ကောင်းဖို့...
- လေ့ကျင့်ခန်းလုပ်ပါ
- အိပ်ရေးဝဝအိပ်စက်ပါ
- ဦးနှောက်အာဟာရ ရှိသော အစားအစာစားပါ
- ငါးကြီးဆီသောက်ပါ
- တရားထိုင်ပါ
- စိတ်ဖိစီးမှုလျော့ပါ
အားလုံး မှန်ကန်တဲ့ ရင်းနှီးမှုတခုကို လုပ်နိုင်ကြပါစေဗျာ...
#KoThuraNote
#30Apr2017
*** အောင်မြင်ရေးအတွက် အရေးကြီးဆုံး တခု ***
တိုးတက်မှုတွေ၊ အောင်မြင်မှုတွေကို ရှာဖွေနေသူ၊ ကြိုးစားနေသူတွေအတွက် စာအုပ်တွေ၊ သင်တန်းတွေ၊ အချက်အလက်တွေ၊ ပညာတွေက မနည်းမနေပါပဲ...
နည်းလမ်းတွေ၊ အကြံဥာဏ်တွေကလည်း ဖတ်လို့ကုန်တယ်ရယ်မရှိပါဘူး
ဒီလို လေ့လာရင်းနဲ့ တွေးမိပါတယ်... ဒီအချက်အလက်တွေထဲမှာ ဘယ်တခုက အရေးကြီးဆုံးဖြစ်မလဲဆိုတာပါ
စာပေတွေဖတ်ရှုပါတယ်၊ ရှာဖွေပါတယ်၊ လေ့လာပါတယ်၊ သုံးသပ်ပါတယ်... နောက်ဆုံးမှာ ကောက်ချက်ချမိတာတခုရှိပါတယ်
အောင်မြင်တိုးတက်ဖို့အတွက် အရေးကြီးဆုံးက တခုရှိတယ်...
သူရှိရင်.... အားလုံး တဖြည်းဖြည်းပြည့်စုံလာနိုင်
" အဲ့ဒါက ဦးနှောက်ပဲ "
ဟုတ်တယ်.. ဦးနှောက်ပဲ..
- စာဖတ်ချင်လား... ဦးနှောက်လိုတယ်
- အယူအဆကောင်းတွေးချင်လား... ဦးနှောက်လိုတယ်
- ဝိတ်ချချင်လား... ဦးနှောက်လိုတယ်
- ပိုက်ဆံရှာချင်လား... ဦးနှောက်လိုတယ်
- ကြိုးစားချင်လား... ဦးနှောက်လိုတယ်
- ဆက်ဆံရေးကောင်းချင်လား... ဦးနှောက်လိုတယ်
- ပျော်ရွှင်ချင်လား.. ဦးနှောက်လိုတယ်
- စည်းကမ်းလိုက်နာချင်လား... ဦးနှောက်လိုတယ်
တိုးတက်မှုတိုင်း ဆင့်ကဲဖြစ်ပေါ်လာနိုင်ဖို့အတ
ဒါ့ကြောင့် နာမည်ကြီး စကားလေးတခုရှိတယ်...
ဦးနှောက်တွင် ရင်းနှီးမြုပ်နှံပါတယ် တဲ့...
စာရေးသူကတော့ အသိပညာတွေ ရှာမှီးပါလို့ ကျွန်တော်ယူဆပေမယ့်...
စေ့စေ့ဆက်တွေးမယ်ဆိုရင် တကယ်မှန်တဲ့စကားပါ...
Physical ဦးနှောက်ကြီးကောင်းဖို့ကို
ဒါကောင်းရင် အကုန်ကောင်းလာပြီး.. ဒါ မကောင်းရင်တော့ အကုန်သွားရောဗျာ...
ဦးနှောက်ကောင်းဖို့...
- လေ့ကျင့်ခန်းလုပ်ပါ
- အိပ်ရေးဝဝအိပ်စက်ပါ
- ဦးနှောက်အာဟာရ ရှိသော အစားအစာစားပါ
- ငါးကြီးဆီသောက်ပါ
- တရားထိုင်ပါ
- စိတ်ဖိစီးမှုလျော့ပါ
အားလုံး မှန်ကန်တဲ့ ရင်းနှီးမှုတခုကို လုပ်နိုင်ကြပါစေဗျာ...
#KoThuraNote
#30Apr2017
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။