(သားသားမီးမီးဖတ်ဖို့)
========================== =
မေမေအခုဘာသာပြန်လိုက်တဲ့ ပုံပြင်လေးကတော့ သားသမီးကို အရမ်းချစ်တတ်တဲ့အတွက် စိုးရိမ်မှုလွန်ကဲပြီး အစစအရာရာ အခက်အခဲမဖြစ်အောင် အလွန်အကျွံကာကွယ်တတ်တဲ့ (overprotection) မေမေ့အတွက်လဲ အသိတရားလေးရစေသလို.. သားသားမီးမီးတို့လဲ.. အသက်ကြီးလာတာနဲ့အမျှ ..ကိုယ့်အားကိုယ်ကိုးတတ်ဖို့ . .ပြဿနာတွေဖြေရှင်းတတ်ဖို့.. အမြင့်ဆုံးပျံသန်းနိုင်ဖို့ ..ကိုယ်ပိုင်ဆုံးဖြတ်ချက်ချ ပြီး..ကိုယ်တိုင်ကျော်လွှားတတ်ဖို့..လောကကြီးက လက်ဆောင် ပေးထားပြီးသားတွေရှိတယ်ဆိုတာ မေမေကသိစေချင်လို့ ဘာသာပြန်ပေးလိုက်တယ်နော်။
========================== =
တစ်ခါတုန်းက လူငယ်တစ်ယောက်ဟာ ပိုးအိမ်လေးတစ်ခုကို တွေ့ သတဲ့။အဲဒိ ပိုးအိမ်ထဲမှာ လိပ်ပြာဖြစ်တော့မယ့် ဘောက်ဖတ်ပိုးတုံးလုံးလေးဟာ သူ့ရဲ့ကိုယ်လုံးကို တွန့်လိမ်ခေါက်ကွေးကာနဲ့ ပိုးပေါက်သေးသေးလေး ကနေပြီး အပြင်ကို ထွက်ဖို ကြိုးစာ့း  ရုန်းကန်နေရရှာသတဲ့။ အပေါက်ကမထွက်နိုင်ဘဲ ရပ်လိုက်..ရုန်းလိုက်.. ပြီးတော့ ..နားလိုက့် .. ရုန်းထွက်လိုက်နဲ့.. နာရီပေါင်းများစွာကြာတဲ့အထိ
ရုန်းကန်နေပေမဲ့ အပေါက်က ထွက်မလာနိုင်ရှာဘူး။ ဒီလိုနဲ့ ဘာမှထူးခြားမလာတာ
မြင်တဲ့အခါ လူငယ်က ပိုးတုံးလုံးလေးကို ကူညီဖို့ဆုံးဖြတ်လိုက်တယ်။သူဟာ ကပ်ကျေးတစ်ချောင်းယူလာပြီး ကျဉ်းနေတဲ့ ပိုးပေါက်ကလေးကို ချဲ့ပေးလိုက်ပါတော့တယ်။အဲဒိ အချိန်မှာ ပိုးတုံးလုံးလေးဟာ အလွယ်တကူဘဲ အပေါက်ကနေ အပြင်ကိုတိုးထွက်လာနိုင်သွားတယ် ။
ဒါပေမဲ့ အပြင်ရောက်လာတဲ့ ဘောက်ဖတ်ပိုးတုံးလုံးလေးမှာ တော့ တွန့်လိမ်ကြေမွနေတဲ့ အတောင်ပံတွေနဲ့အတူ သူ့ ရဲ့ခန္ဓာကိုယ် တစ်ခုလုံး ယောင်ရမ်းနေပါတော့တယ်။လူငယ် ကလဲ
သူကူညီခဲ့တဲ့ အကောင်လေးဟာ မကြာခင်မှာဘဲ လှပတဲ့အတောင်ပံတွေနဲ့
ပြည့်စုံလာမယ့် လိပ်ပြာတစ်ကောင် ဖြစ်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့
ဆက်လက်စောင့်ကြည့်နေခဲ့ပါတယ်။အချိန်တွေသာကုန်သွားတယ် ပိုးတုံးလုံးလေးဟာ လိပ်ပြာလဲဖြစ်မလာ..ဘယ်တော့မှမပျံသန်းနိုင်တော့ဘဲ..ရြှိ မဲဘောက်ဖတ်အတိုင်း.. ဒုက္ခိတဘဝနဲ့ ဘဝတစ်လျောက်လုံး တွားသွားနေရပါတော့တယ်။
တကယ်တမ်း..ထိုလူငယ်လေးဟာ အရမ်းကို ကြင်နာသနားတတ်ပြီး ကူညီလိုစိတ်ရှိသူဖြစ်ပါတယ်။ ဒါပေမဲ့ ပိုးအိမ်ထဲက လိပ်ပြာဘဝဖြစ်စဉ်ကိုတော့ နားမလည်ခဲ့ပါဘူး။ပိုးတုံးလုံး
ဘောက်ဖတ်ကလေးများဟာ ပိုးပေါက်ကနေ အပြင်ကို တိုးထွက်ရတဲ့အခါတိုင်း
အကြိမ်ကြိမ်ကြိုးစား ရုန်းကန်ကြရတယ်.. အဲ့လိုကြိုးစားရတိုင်း..ခန္ဓာကိုယ်ကထွက်လာတဲ့
စေးပျစ်တဲ့အရည်တွေနဲ့  သူတို့အတွက် ပြီးပြည့်စုံတဲ့ တောင်ပံတစ်စုံရဖို့
တည်ဆောက်ရလေ့ရှိတယ်.. ရုန်းကန်အားများလေလေ..လှပတဲ့ အတောင်ပံနဲ့အတူ
အပြင်လောကကို ထွက်နိုင်လေလေပါဘဲ. နောက်ဆုံးမှာ အမြင့်ဆုံးတွန်းကန်အားနဲ့
ပိုးအိမ်ထဲက ရုန်းထွက်နိုင်ပြီး အလှဆုံးလိပ်ပြာတွေ ဖြစ်ကြရတယ်။
လူ့ဘဝမှာလဲ ဒီလိုပါဘဲ အသက်ရှင်သန်နေထိုင်ဖို့ လုံလောက်တဲ့ရင့်ကျက်မှုအတွက် ရုန်းကန်ရခြင်းဆိုတာ လိုအပ်စမြဲပါဘဲ။အခက်အခဲလုံး ဝမကြုံရဘဲ ဘဝကို ဖြတ်သန်းဖို့ ခွင့်ပြုခဲ့မယ်ဆိုရင် ကျွန်မတို့လဲ ဘောက်ဖတ်ကလေးဘဝလို မစွမ်းမသန်ဖြစ်ရမှာပါဘဲ.အစွ မ်းကုန်အားမသုံးခဲ့ရတဲ့အတွက် အမြင့်ဆုံးရောက်ဖို့ ဆိုတာ ဘယ်တော့မှဖြစ်မလာနိုင်ပါဘူး ။
တစ်ခါတစ်လေ ကျမတို့ ဟာ "လိုချင်တာတွေဖြစ်ချင်တာတွေ " တောင်းဆိုလိုက်တိုင်း ဘဝမှာ ရပ်တည်နိုင်ဖို့အတွက် ဘုရားသခင်က "လိုအပ်တာကိုဘဲ "ဖန်ဆင်းပေးပါတယ်။
သာဓကအနေနဲ့ ပြောရရင်
ကျွန်မတို့က အားအင်(strength)ရှိဖို့  တောင်းဆိုတယ်..ဒိအတွက် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ အခက်အခဲ(difficulties)တွေ ပြန် ပေးတယ်။
ဥာဏ်ပညာ(wisdom) ရှိဖို့ တောင်းဆိုလိုက်တဲ့အခါ ဖြေရှင်းဖို့ပြဿနာ(problem) တွေ ပေးတယ်။
ကြွယ်ဝချမ်းသာမှု(Prosperity )ကို တောင်းဆိုတိုင်း အလုပ်လုပ်ဖို့ အတွက် ဦးနှောက်နဲ့ခွန်အား(Brain and Brawn)ကို ပေးတယ်။
သတ္တိ(courage)ရှိဖို့ တောင်းဆိုလိုက်တိုင်း ကျော်လွှားနိုင်ဖို့ အန္တရာယ်(danger)တွေ ပေးတယ်။
ချစ်ခြင်းမေတ္တာ(Love)ကို တောင်းဆိုတိုင်း ကူညီဖို့အတွက် ဒုက္ခသည်တွေ(troubled people)
ပေးတယ်။
========================== ===
ဒါကြောင့် ဒီပုံပြင်လေးရဲ့ မူရင်းရည်ရွယ်ချက်ကိုတော့ မေမေမသိဘူး.. ဒါပေမဲ့ သားသမီးကို လွန်ကဲစွာ ချစ်တတ်တဲ့တချို့မိဘတွေမှာ သားသမီးအပေါ် ချစ်ရာမရောက်နှစ်ရာရောက်သွားတဲ့
အဖြစ်မျိုး လေး...မေမေတို့မိဘတွေမှာ ကြုံရတယ်..ကလေးတွေရဲ့
ရင့်ကျက်လာမှုဖြစ်စဉ်ကို အားမပေးဘဲ အစစအရာရာ ကာကွယ်ပေးနေမိတတ်ကြတယ်။မြူတ စ်မှုံမှမခက်ခဲစေရဘူး..အကုန် ဖြည့်ဆီးပေးနေမိတယ်။ဒီလိုမျိုးနဲ့ ကြီးပြင်းလာရတဲ့ တချို့လေးတွေမှာ ကိုယ်ပိုင်အစွမ်းအစမဲ့စွာနဲ့ အောင်မြင်ဖို့အတွက် အမြင့်ကို တက်လှမ်းနိုင်တဲ့ အားအင်တွေ မထူထောင်နိုင်ကြတော့ဘူး.. မီးခဲပြာဖုံးဖြစ်ကြရတယ်။
ဒါကြောင့် မိဘတွေကိုယ်တိုင်ကဘဲ ကလေးတွေရဲ့ အိပ်မက်တွေကို ဖျက်စီးမှန်းမသိ ဖျက်စီးမိတော့တာပါဘဲ။"somet imes
it is the people that love you the most that try to kill your dreams"
"တခါတရံ ကိုယ့်ချစ်တဲ့သူတွေကဘဲ ကိုယ့်ရဲ့အိမ်မက်တွေကို သတ်ဖို့
ကြိုးစားကြတယ်"တဲ့...အခု မေမေရလိုက်တဲ့ အသိတရားလေးကတော့
သားသမီးအပေါ်overprotectionမ လုပ်မိဖို့နဲ့..သားသားမီးမီးကလဲ မိဘတွေရဲ့ တချို့ စေတနာအမှားလေးတွေကို ချစ်လိုမှားတာပါလားလို့ လက်ခံပေးစေချင်ပါတယ်.. တစ်နေ့မိဘနေရာရောက်တဲ့အခါမှာ နားလည်လာပြီး လက်တွေ့အသုံးချပါကွယ်...အခု လဲ လက်တွေ့ကိုယ်တိုင် ကြုံရတဲ့ အရာတွေအပေါ်ကနေ အကောင်းဆုံးဖန်တီးပြီး အမြင့်ဆုံးကို ပျံသန်းနိုင်ပါစေလို့ မေမေဆုတောင်းပေးလိုက်ပါတယ်ေ နာ်။
-ဒေါက်တာနီလာသန့်-Dr.NLT
Credit#youtube#inspiration alvideos
==========================
မေမေအခုဘာသာပြန်လိုက်တဲ့ ပုံပြင်လေးကတော့ သားသမီးကို အရမ်းချစ်တတ်တဲ့အတွက် စိုးရိမ်မှုလွန်ကဲပြီး အစစအရာရာ အခက်အခဲမဖြစ်အောင် အလွန်အကျွံကာကွယ်တတ်တဲ့ (overprotection) မေမေ့အတွက်လဲ အသိတရားလေးရစေသလို.. သားသားမီးမီးတို့လဲ.. အသက်ကြီးလာတာနဲ့အမျှ ..ကိုယ့်အားကိုယ်ကိုးတတ်ဖို
==========================
တစ်ခါတုန်းက လူငယ်တစ်ယောက်ဟာ ပိုးအိမ်လေးတစ်ခုကို တွေ့ သတဲ့။အဲဒိ ပိုးအိမ်ထဲမှာ လိပ်ပြာဖြစ်တော့မယ့် ဘောက်ဖတ်ပိုးတုံးလုံးလေးဟာ သူ့ရဲ့ကိုယ်လုံးကို တွန့်လိမ်ခေါက်ကွေးကာနဲ့ ပိုးပေါက်သေးသေးလေး ကနေပြီး အပြင်ကို ထွက်ဖို ကြိုးစာ့း  ရုန်းကန်နေရရှာသတဲ့။ အပေါက်ကမထွက်နိုင်ဘဲ ရပ်လိုက်..ရုန်းလိုက်.. ပြီးတော့ ..နားလိုက့် .. ရုန်းထွက်လိုက်နဲ့.. နာရီပေါင်းများစွာကြာတဲ့အထိ
ဒါပေမဲ့ အပြင်ရောက်လာတဲ့ ဘောက်ဖတ်ပိုးတုံးလုံးလေးမှာ
တကယ်တမ်း..ထိုလူငယ်လေးဟာ အရမ်းကို ကြင်နာသနားတတ်ပြီး ကူညီလိုစိတ်ရှိသူဖြစ်ပါတယ်။
လူ့ဘဝမှာလဲ ဒီလိုပါဘဲ အသက်ရှင်သန်နေထိုင်ဖို့ လုံလောက်တဲ့ရင့်ကျက်မှုအတွက်
တစ်ခါတစ်လေ ကျမတို့ ဟာ "လိုချင်တာတွေဖြစ်ချင်တာတွေ
သာဓကအနေနဲ့ ပြောရရင်
ကျွန်မတို့က အားအင်(strength)ရှိဖို့  တောင်းဆိုတယ်..ဒိအတွက် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ အခက်အခဲ(difficulties)တွေ ပြန် ပေးတယ်။
ဥာဏ်ပညာ(wisdom) ရှိဖို့ တောင်းဆိုလိုက်တဲ့အခါ ဖြေရှင်းဖို့ပြဿနာ(problem)
ကြွယ်ဝချမ်းသာမှု(Prosperity
သတ္တိ(courage)ရှိဖို့ တောင်းဆိုလိုက်တိုင်း ကျော်လွှားနိုင်ဖို့ အန္တရာယ်(danger)တွေ ပေးတယ်။
ချစ်ခြင်းမေတ္တာ(Love)ကို တောင်းဆိုတိုင်း ကူညီဖို့အတွက် ဒုက္ခသည်တွေ(troubled people)
ပေးတယ်။
==========================
ဒါကြောင့် ဒီပုံပြင်လေးရဲ့ မူရင်းရည်ရွယ်ချက်ကိုတော့ မေမေမသိဘူး.. ဒါပေမဲ့ သားသမီးကို လွန်ကဲစွာ ချစ်တတ်တဲ့တချို့မိဘတွေမှာ သားသမီးအပေါ် ချစ်ရာမရောက်နှစ်ရာရောက်သွာ
ဒါကြောင့် မိဘတွေကိုယ်တိုင်ကဘဲ ကလေးတွေရဲ့ အိပ်မက်တွေကို ဖျက်စီးမှန်းမသိ ဖျက်စီးမိတော့တာပါဘဲ။"somet
-ဒေါက်တာနီလာသန့်-Dr.NLT
Credit#youtube#inspiration
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။