Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, April 30, 2017

အိပ်မက်စုဗူး – ၈ (ပျော်ရွှင်မှု)


အိပ်မက်စုဗူး – ၈ (ပျော်ရွှင်မှု)
ကျွန်တော်တို့ အိပ်မက်စုဗူးထဲ ထည့်လာခဲ့တဲ့ အိပ်မက် ကျပ်တန်လေးတွေ အတော်အသင့်ရှိလာပါပြီ။
ဒီစုဗူးလေးကို တကယ်ဂရုတစိုက်နဲ့ ဖြည့်လာတာဆိုရင်တော့ ကြာလာတာနဲ့အမျှ ကျွန်တော်တို့လိုချင်နေတဲ့ အိပ်မက်နဲ့ ပိုပြီး နီးကပ်လာမှာပါ။
အိပ်မက်တွေကို ကြိုးစားပြီး ဆောက်တည်နေချိန်မှာ ဒီအိပ်မက်တွေကို တကယ် ရှင်သန်ထမြောက်လာအောင် လုပ်နေတဲ့ ကျွန်တော်တို့ ကိုယ်တိုင်ဟာလည်း ပျော်ရွှင်နေတတ်ဖို့လိုပါတယ်။
ပျော်ရွှင်ခြင်းဟာ အိပ်မက်တွေကို ဖန်တီးရာမှာ အင်မတန် အရေးကြီးပါတယ်။
မပျော်ရွှင်နေပဲ ကိုယ့်အိပ်မက်တွေကို ကြိုးစားနေတာဟာ ပေါက်နေတဲ့ လှေကို ကမ်းရောက်အောင် အတင်းလှော်နေသလိုပါပဲ။ ဘယ်လောက်အားစိုက်ထုတ်ထုတ် လှေက ပေါက်နေရင် လမ်းလယ်မှာပဲ မြုပ်သွားမှာပါ။

ကိုယ်လုပ်နေတဲ့ အလုပ်ကို မပျော်ရင်၊ မလိုချင်တာကို အတင်းကြိုးစားနေရရင်၊ မလုပ်ချင်တာကို အတင်းလုပ်နေရရင်၊ တကယ်မလိုချင်တဲ့ အိပ်မက်ဖြစ်နေရင် စိုက်ထုတ်လိုက်ရတဲ့ ခွန်အားတွေ၊ ငွေတွေ၊ ဥာဏ်တွေ အလဟဿဖြစ်သွားတတ်ပါတယ်။
လုပ်တဲ့အလုပ်မှာ ပျော်လာရင်၊ အိပ်မက်ကို ရဖို့ ကြိုးစားနေရတာကို ပျော်ရွှင်လာရင် နေ့စဉ်နေ့တိုင်း ဘဝဟာ အဓိပ္ပာယ်သိပ်ရှိပါလားလို့ ခံစားမိပါမယ်။
ပျော်ရွှင်ရခြင်းရဲ့ အားသာချက်ဟာ စိတ်ခံစားမှု တခုတည်း မဟုတ်ပါဘူး၊ အခြား အကျိုးကျေးဇူးတွေများစွာရှိပါတယ်။

၁) နှလုံးကို ကောင်းမွန်စေပါတယ်

ပျော်ရွှင်ခြင်းဟာ နှလုံးသားက လာတာမဟုတ်ပေမယ့်၊ သွေးလေ ကောင်းစွာ လည်ပတ်စေတာကြောင့် နှလုံးကျန်းမာရေးကို များစွာ အထောက်အကူပေးပါတယ်။ ပျာ်ရွှင်သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ချေပိုနည်းပါတယ်။ သွေးတိုးရောဂါ ဖြစ်ပွားမှု လျှော့ချပေးပါတယ်။ နှလုံးကို ကောင်းမွန်စွာ အလုပ်လုပ်ပေးနေတဲ့အတွက် ခန္ဓာကိုယ်ပါ ကျန်းမာပါတယ်။

၂) ရောဂါ ကာကွယ်မှု စနစ်မြှင့်တင်ပေးပါတယ်

ပျော်ရွှင်ခြင်းကြောင့်ထွက်လာတဲ့ ဓာတ်ဟာ ခန္ဓာကိုယ်ရဲ့ ရောဂါတိုက်ဖျက်မှု စနစ်ကို တိုးမြှင့်ပေးပါတယ်။ ပြောင်းပြန်ပြောရရင် မပျော်ရွှင်ဖြစ်နေသူများဟာ ရောဂါပိုးဝင်ဖို့၊ ကူးဖို့ ပိုလွယ်ပါတယ်။ ၂၀၀၅ ခုနှစ် Pittsburgh University မှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုအရ ပျော်ရွှင်မှု ခံစားရတဲ့ သူတွေဟာ ရောဂါကူးစက်မှုကို ၂ဆ အထိ ပိုပြီး ခံနိုင်ရည်ရှိတာတွေ့ရပါတယ်။

၃) အသက်ရှည်စေပါတယ်

လူတွေ ပြောနေကြတဲ့ “ပျော်ပျော်နေ သေခဲ” ဆိုတဲ့ စကားကို လက်ခံရမယ့် အနေအထားဖြစ်လာပါပြီ။
အထက်မှာ ပြောခဲ့တဲ့အတိုင်း ပျော်ရွှင်ခြင်းကြောင့် နှလုံးရောဂါဖြစ်မှုနှုန်းကို ကာကွယ်ပေးခြင်း၊ ရောဂါအလွယ်တကူမဝင်ရောက်နိုင်ခြင်းများအပြင် အခြားအခြားသော ခန္ဓာကိုယ်အတွက် ကောင်းကျိုးများကြောင့် လူတွေရဲ့ အသက်ကို ပိုလို့ရှည်စေပါတယ်။
(အမှန်တကယ်နေလို့ရတဲ့ အသက်ထက် မတိုသွားစေဘူး ဆို ပိုမှန်ပါတယ်)

၎) စိတ်ဖိစီးမှုကို လျှော့ချပေးပါတယ်

ပျော်ရွှင်သူတွေဟာ စိတ်ဖိစီးမှုကိုပါ တိုက်ထုတ်ပြီးသားဖြစ်ပါတယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်ရတဲ့ ပြဿနာတွေ တကယ့်ကို အများကြီးပါ။
ခဏတာ စိတ်ညစ်ရတာ၊ အလုပ်မှာ စိတ်မပါတာ၊ မိသားစုနဲ့ အဆင်မပြေတာကစလို့ ညဖက်အိပ်မပျော်တာ၊ အစားစားချင်စိတ်မရှိတာ၊ တွေ့ကရာ အများကြီးစားချင်တာ၊ အသက်ရှူ မဝတာ၊ အာရုံစိုက်နိုင်မှု နည်းလာတာ၊ အသားအရည် ပျက်စီးတာ၊ သွေးတိုး ဆီးချို ကင်ဆာ အထိ ဖြစ်နိုင်ပါတယ်။ သိပ္ပံပညာရှင်ပေါင်းများစွာ တညီတညွတ်ထဲ သဘောတူထားကြပါတယ်။

၅) ဆက်ဆံရေး ကောင်းစေပါတယ်

စိတ်ပျော်ရွှင်နေသူအတွက် လူတိုင်းနဲ့ ဆက်ဆံရတာ ပျော်စရာပါ။ ဒီလို ဆက်ဆံတဲ့အတွက်လည်း သူနဲ့ ဆက်ဆံရတဲ့ သူတိုင်းကပါ စိတ်အေးချမ်းသာ ပျော်ရွှင်ရပါတယ်။ မိသားစုတွေနဲ့ရော၊ မိတ်ဆွေတွေနဲ့ရော၊ အပေါင်းအသင်းတွေနဲ့ရော၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ရောပါ ပေါင်းသင်းဆက်ဆံရေးမှာ အဆင်ပြေကြပါတယ်။
အလွယ်တကူ စိတ်တိုခြင်း၊ စိတ်မရှည်ခြင်း၊ အပြစ်တင်မှုများနည်းပါးပါတယ်။
ကဲ… ပျော်ရွှင်ခြင်းရဲ့ အကျိုးတွေကတော့ အများကြီးရှိပါသေးတယ်။
လက်ရှိ ဖတ်ပြီးသလောက်နဲ့တင် ဘာ့ကြောင့် ပျော်ပျော်ရွှင်ရွှင်နေရမယ်ဆိုတာ သဘောပေါက်လောက်ပြီထင်ပါတယ်။ ဒါဆိုရင် ဘယ်လို ပျော်အောင်နေရမလဲ ကြည့်ရအောင်…
ပျော်အောင် ကလိထိုးနေလို့တော့ မပြောပါဘူး။
ပျော်ရွှင်မှုကို ရှာဖွေပြီး ဖန်တီးလို့ရပါတယ်။ လူတော်တော်များများကတော့ ပျော်ရွှင်မှုဆိုတာ ဟာသကားလေးကြည့်လိုက်ရင်၊ ရယ်စရာ ရုပ်ပုံလေးမြင်လိုက်ရရင်၊ အဖြစ်အပျက်လေးကြားလိုက်ရရင် ဖြစ်တယ်လို့ ယူဆပြီး စိတ်ဖိစီးတိုင်း၊ မပျော်ရွှင်တိုင်း ရုပ်ရှင်ကြည့်တာ၊ ဟာသပုံတွေ ကြည့်ရှုတာ၊ ဟာသ စာစောင်တွေရှာဖတ်တာရှိပါတယ်။
ဒီလို လုပ်နေသူ ဆိုရင် မေးပါရစေ… ဒါတွေ လုပ်ပြီးရင် တကယ်ပျော်ပြီး ကျန်ခဲ့ရဲ့လား၊ ဒါမှမဟုတ် ကြည့်နေစဉ် ခဏလေးပဲလား။ ခဏလေးပဲဆိုရင်တော့ ပေးရတဲ့ အချိန်အတွက် မတန်ပါဘူး။ အိပ်မက်ကို ကြိုးစားဖို့အတွက် ခဏလေး ခံတဲ့ အပျော်နဲ့ မရပါဘူး။ ရေရှည်တည်မြဲတဲ့ ပျော်ရွှင် ကြည်နူးမှု ဖြစ်ဖို့လိုပါတယ်။ (ကြည်နူးမှု ဆိုတာလေးကို သတိပြုပါ)။
ရေရှည်ခံမယ့် အရာမှန်သမျှ အချိန်နဲ့ လုံ့လ ဝီရိယ တော့ လိုပါတယ်။ လုပ်နိုင်တယ်.. ပေးနိုင်တယ်ဆိုရင် ဆက်ကြည့်ရအောင်…

နေ့စဉ် အိပ်မက်မက်ပါ

နေ့စဉ် မိမိရဲ့ ဖြစ်ချင်တဲ့ အိပ်မက်ကို ပြန်လည် စိတ်ကူးကြည့်ပါ။ ငါ… ဘာဖြစ်ချင်တာလဲ၊ ဘာရချင်တာလဲ၊ ဘာ့ကြောင့် ဒါကို လုပ်ချင်တာလဲ၊ ဘာ့ကြောင့် လက်ရှိအလုပ်ဟာ ဒီအိပ်မက် အကောင်အထည်ပေါ်လာဖို့အတွက် အရေးကြီးတာလဲ ဆိုတဲ့ မေးခွန်းလေးတွေ မေးပါ။ တဦးတည်း တိုးတိုး ပြန်ဖြေကြည့်ပါ။ (မှတ်ချက်။။ အိပ်မက်ဟာ ကိုယ်တကယ်ဖြစ်ချင်တဲ့ အိပ်မက်ဖြစ်ရပါမယ်)

ကျေးဇူးတင်ပါ

ဒီ အိပ်မက်ကို အကောင်အထည်ဖေါ်နိုင်ခွင့် ရနေသေးတဲ့အတွက် ကျေးဇူးတင်ပါ။ ဒီလို လုပ်နိုင်ဖို့ ထောက်ပံ့ပေးနေတဲ့ မိသားစု၊ အလုပ်ရှင်၊ အလုပ်သမား၊ စားစရာ၊ ရာသီဥတု၊ စီးပွားရေး အခြေအနေ၊ ကျန်းမာရေး စတဲ့ ကျေးဇူးတင်စရာ အသေးစိတ်လေးတွေကို တွေးပြီး ကျေးဇူးတင်ပေးပါ။ ကိုယ့်မှာ ဒီ အိပ်မက်ဖန်တီးနိုင်အောင်၊ ကြိုးစားနိုင်အောင် ထောက်ပံ့ပေးနေတဲ့ အရာတွေ များစွာရှိတယ်ဆိုတာ မြင်လာရင် ကျေနပ် ပျော်ရွှင် ကြည်နူးမိပါလိမ့်မယ်

အောင်ပွဲခံပါ

အိပ်မက်ကြီး အကောင်အထည်မပေါ်သေးရင်တောင် လက်ရှိ ကိုယ်ကြိုးစားလုပ်နေတဲ့ အဖြစ်အပျက်လေးတွေ၊ အလုပ်လေးတွေ အပေါ်မှာ ဂုဏ်ယူပြီး အောင်ပွဲခံတတ်ဖို့လိုပါတယ်။
ဘာနဲ့ တူသလဲဆိုရင် ကျိုက်ထီးရိုး တောင်ပေါ် မရောက်သေးပေမယ့် လမ်းလျှောက်ရင်း နားလိုက်၊ အပမ်းဖြေလိုက်နဲ့ ကိုယ် တက်လာခဲ့တဲ့ တောင်တက် လှေခါးထစ်လေးတွေကြည့်ပြီး ကျေနပ်နေသလိုပါပဲ။ တာင်ပေါ်ကို တရွေ့ရွေ့နဲ့ ရောက်မှာပါပဲ။ မရောက်သေးလို့ဆိုပြီး စိတ်ညစ်နေမယ့်အစား၊ ရောက်နေတဲ့ လက်ရှိနေရာလေးအထိ အောင်မြင်အောင် တက်လာခဲ့နိုင်တာကို တွေးပြီး ကြည်နူးလိုက်ပါ။

ရှေ့စာစောင်တွေ လွတ်သွားခဲ့ရင် ဒီအောက်က Link တွေမှာ ဖတ်နိုင်ပါတယ်။
အိပ်မက်စုဗူး – ၁
အိပ်မက်စုဗူး – ၂
အိပ်မက်စုဗူး – ၃
အိပ်မက်စုဗူး – ၎
အိပ်မက်စုဗူး – ၅
အိပ်မက်စုဗူး – ၆
အိပ်မက်စုဗူး – 

မိတ်ဆွေဟာ အမြဲလိုလို မပျော်မရွှင်ဖြစ်ပြီး ခဏခဏ စိတ်ဓါတ်ကျနေတတ်သူဆိုရင်တော့ နောက်တခါ စိတ်ဓာတ်မကျခင် ဒီ ၅ ချက် သိထားပါ ။
အကယ်၍ ဒီစာစုကလေးကအကျိုးရှိလို့ အသိမိတ်ဆွေတွေကိုလည်း ဖတ်စေချင်ရင် Share လိုက်ပါ။ အသိပညာ ဝေငှခြင်းဟာ ကိုယ့်ကိုလည်း အသိဥာဏ်တိုးတက်စေပါတယ်။

 http://successupsize.com/blog/dreambank8/

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။