shared by knight on 28/04/17 - shwemom.com - News
အမေရိကန် နိုင်ငံ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အသက် ၁၇ နှစ်အရွယ် မက်ကင်နာ နူးမန်းဆိုသူ ကောင်မလေးဟာ သူမရဲ့ ဖခင်ဖြစ်သူ အကြောင်းကို ဝေမျှခဲ့ပါတယ်။
သူမရဲ့ဖခင်ဖြစ်သူဟာ ဂျွန် နူးမန်းဖြစ်ပြီး မိခင်ဖြစ်သူကတော့ မာစီ နူးမန်းလို့ အမည်ရပါတယ်။မာစီဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ မှာ သိုင်းရွိုက် ကင်ဆာ ( သိုင်းရွိုက် = ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးမှုကိုထိန်းသည့်ဒြပ်တစ်မျိုး ကိုထုတ်ပေးသောအကျိတ်) ဖြစ်ပွားခဲ့တဲ့ အချိန်မှာ ဇနီးဖြစ်သူ အနားမှာ အမြဲရှိနေပေးခဲ့တာတော့ ခင်ပွန်း ဖြစ်သူ ဂျွန်ပဲ ဖြစ်ပါတယ်။
ဂျွန်ဟာ ဇနီးဖြစ်သူရဲ့ ကျန်းမာရေးအတွက် ဒေါက်တာများနဲ့ တွေ့ဆုံမှုတိုင်း၊သွေးစစ်ဆေးမှုတိုင်း၊ခွဲစိတ်မှုတိုင်း၊ဓာတ်ကင် ကုသမှု တိုင်းကို မပျက်မကွက် အတူလိုက်ပါခဲ့ပါတယ်။
ဒါပေမဲ့ တစ်ညမှာ သူတို့ရဲ့ သမီးဖြစ်သူ မက်ကင်နာ က တစ်ညမှာ မိခင်ဖြစ်သူရဲ့ အိပ်ခန်းဝမှာ ထိုင်ခုံချပြီး စောင့်ပေးနေတဲ့ ဖခင်ဖြစ်သူကို တွေ့ခဲ့ပြီး ဓာတ်ပုံရိုက်ကူးခဲ့ပါတယ်။
အိပ်ခန်းအပြင်မှာ စောင့်နေရခြင်းအကြောင်းရင်းကတော့ မာစီက ဓာတ်ကင်ပြီး ပြန်လာကာစ ဖြစ်ပြီး ဆရာဝန်များ ရေဒီယို သတ္တုကြွဓာတ်ဟာ တခြားသူများကို မထိခိုက်စေရန်အတွက် လူနာ ဖြစ်သူကို ခွဲထားရန် ညွှန်ကြားခဲ့တဲ့ အတွက်ဖြစ်ပါတယ်။ဒါကြောင့် ဇနီးသည် အခန်းထဲလည်း ရေဒီယို သတ္တုကြွ ဓာတ်ကြောင့် ၀င်လို့မရတဲ့ ဂျွန်ဟာ ဇနီးသည် လိုအပ်ရင် ခေါ်နိုင်ဖို့ရန် ဇနီးသည်ရဲ့ အိပ်ခန်းရှေ့မှာ ထိုင်ခုံတစ်လုံးချပြီး တစ်ညလုံး စောင့်ရှောက်ခဲ့ တာဖြစ်ပါတယ်။
သမီးဖြစ်သူ မက်ကင်နာကတော့ ” အမေကို အရမ်း ချစ်တဲ့ ဖခင်ဖြစ်သူကို ပိုင်ဆိုင်ထားရတာ အရမ်း ကံကောင်းပါတယ်။ ” လို့ရေးသားခဲ့ပါတယ်။
Shwemom
Ref : Buzz feed News
searchmyanmar
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။