Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ BobbySoxer Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HTDTunYin&ဟသာင်္တထွန်းရင် HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JMe&ဂျေးမီ JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း KKT&ကေကေတီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LDKyaw&L.ဒီကျော် LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MaNaw&မနော Madi&မဒီ Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NO&နိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PanYaungChel&ပန်းရောင်ခြယ် PannEiPhyu&ပန်းအိဖြူ Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SiThuLwin&စည်သူလွင် SiYan&စီယံ SinPauk&ဆင်ပေါက် SithuWin&စည်သူဝင်း Snare SoTay&ဆိုတေး SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SuNit&ဆူးနစ် SungTinPar&ဆုန်သင်းပါရ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TinZarMaw&တင်ဇာမော် TintTintTun&တင့်တင့်ထွန်း TuTu&တူးတူး TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း V.NoTun&V.နိုထွန်း WaNa&ဝန WaiLa&ဝေလ WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး XGALZ Xbox Y-Zet YY&၀ိုင်ဝိုင်း YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YuZaNa&ယုဇန YummyRookie Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့် khinMgHtoo&ခင်မောင်ထူး
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, February 2, 2016

Slang ဗန်းစကား

 
Slang ဗန်းစကား

ဒီစာကို ၂၃-၁-၂ဝ၁၅ နေ့က ရေးတင်ခဲ့ပါတယ်။ အခုပဲ မုံရွာကအမျိုးတယောက်ကနေလှမ်းပြောတယ်။ 7 Day News ဂျာနယ်မှာ ဒီစာကို ကိုးကားထားတယ်တဲ့။ အဲတာနဲ့ပြန်တင်ဖြစ်တာပါ။

သတ်ပုံသတ်ညွှန်းအကြောင်းရေးတာအောက်မှာ မှတ်ချက်ပေးတာတွေဖတ်ပြီး ဒီစာလေးရေးဖြစ်တာပါ။ ခေတ်လူတွေက စကားလုံးတွေ တီထွင်ကြတယ်တဲ့။ စကားလုံးသစ်တီထွင်တာနဲ့ သတ်ပုံမှန်အောင်မရေးတာတော့ မတူပါဗျာ။ အများ လက်ခံပြီးသားဗန်းစကားကိုလဲ စာလုံးပေါင်းမှားလို့မရပါ။ အခုစာရေးနေရင်း ဖေ့စ်ဘွတ်မှာ ဖတ်ရတယ်။ အလမ်းတဲ့။ အလန်းမဟုတ်လား။ အလမ်းဆိုရင် နာရီနိုးစက်ဖြစ်သွားမယ်။

ဗန်းစကားကို အင်္ဂလိပ်လို Slang နဲ့ Jargon ဖြစ်ပါတယ်။ အီဒီယမ်ဝေါဟာရတမျိုးဖြစ်တယ်။ ဗန်းစကားဆိုတာ Colloquial language အရပ်သုံးစကားနဲ့မတူပါ။ ဗန်းစကားဟာ ခေတ်စကားဖြစ်တယ်။ အသစ်ထွင်တာဖြစ်တယ်။ မြန်မာလိုတော့ ဓလေ့သုံးစကား၊ ကာလဒေသအလိုက်သုံးစကား၊ ဒေသိယစကား စသဖြင့် ဘာသာပြန်ပါတယ်။

ဗန်းစကားဆိုတာ ခပ်လွယ်လွယ်၊ ခပ်ပေါ့ပေါ့၊ ပျော်စေပျက်စေ၊ ထိထိမိမိ၊ မတိမကျ၊ ခပ်စောင်းစောင်း၊ ထူးထူးခြားခြား၊ ရွှန်းရွှန်းလဲ့လဲ့၊ ခပ်ရိုင်းရိုင်း၊ မဖွယ်မရာ၊ လူလေလူလွင့်ပြောစကား၊ အချင်းချင်းသာနားလည်တဲ့၊ လူတိုင်းမသိတဲ့၊ အတူလုပ်သူတွေသာသိတဲ့ စကားမျိုးဖြစ်တယ်။ ဗန်းစကားတွေကို ကာလတိုတခုမှာသာသုံးတယ်။ တမင်တကာ တီထွင်ယူတာမျိုးဖြစ်တယ်။ သူခိုးသုံး၊ စစ်သုံး၊ ပုလိပ်သုံး၊ ထောက်လှမ်းရေးသုံး၊ စီးပွါးရေးလောကသုံး၊ ပွဲစားသုံး၊ နိုင်ငံရေးသုံး၊ မူးယစ်လောကသုံး စကားလုံးတွေ ဖြစ်တယ်။ နောက်ပိုင်းမှာ အင်တာနက်သုံး၊ ဆိုရှယ်ကွန်ယက်သုံးတွေ ပေါ်လာတယ်။

အင်္ဂလိပ်ဗန်းစကားသမိုင်းကြည့်ရင် ၁၇၅ဝ တုံးက စပြီးမှတ်တမ်းရှိခဲ့တယ်လို့ဆိုပါတယ်။ ရာဇဝတ်မှုမှာ broad ကို မိန်းမဖေါ်၊ drag ဆိုတာ ဆေးလိပ်ငွေ့ရှူတာ၊ nick ဆိုတာ ခိုးတာ။ မြင်းပွဲတွေမှာ dark horse, no-hoper, hot favourite စတာတွေသုံးတယ်။ ကွန်ပြူတာသုံးတွေထဲက hacking ကွန်ယက်ထဲထိုးဖေါက်တာ၊ surfing အင်တာနက်ထဲ လိုက်ရှာတာလဲ အဲလိုကနေ ဖြစ်လာတာ။ လူငယ်သုံးစကားတွေမှာ blatantly ဆိုတာ definitely သေခြာပေါက်လို့ ပြောတာ၊ wicked ဆိုတာက excellent သိပ်ကောင်းတာ။ awesome ဆိုတာလဲ excellent သိပ်ကောင်းတာ၊ take out ဆိုတာ kill သတ်တာ။ Bae ဆိုတာ Baby, Sweetie ကိုပြောတာ။

တချိန်က ဗန်းစကားတချို့က အခုအခါမှာ စံကိုက်စကားလုံးတွေလိုဖြစ်လာပြီ။ arse ဆိုတာ ass, buttocks, anus တင်၊ ဖင်၊ စအိုလို့ပြောတာ။ stupid person, fool အရူးလို့လဲဆိုလိုတယ်။ shit ဆိုတာ ညစ်ညမ်းတယ်။ defecate အခင်းကြီးသွားတာ၊ disgusting မသတီတာ။

ဆေးလောကသုံး ဗန်းစကားတွေ
• Hemorrhage သွေးထွက်တာကို Bleed လို့သာပြောတယ်။
• Chicken spray ဆိုတာ ဆေးထိုးတာမနာအောင်ဖြန်းတဲ့ ethyl chloride spray ဆေး။
• Code call ဆိုတာ Urgent medical emergency အရေးပေါ်။
• Crack ဆိုတာ cocaine ကိုကိန်း။
• Crank ဆိုတာ cocaine + amphetamine ကိုကိန်းနဲ့ ရာဘရောထားတာ။
• Dope addict ဆိုတာ cocaine ကိုကိန်းနဲ့ heroin ဘိန်းဖြူစွဲနေသူ။
• Jump start ဆိုတာ Cardiac defibrillation နှလုံးခုန်ရပ်သွားတာကိုပြန်ခုန်အောင်လုပ်တဲ့ကိရိယာ။
• Pee ဆိုတာ ဆီးသွာတာ။
• Rule of 9s ဆိုတာ မီးလောင်နာကို တိုင်းထွာနည်း။

မြန်မာဗန်းစကားတွေ အများကြီး ခေတ်အလျောက်ပေါ်ပေါက်နေတာပါ။ ဗန်းစကားမသုံးသူက ခေတ်မမီဘူးတဲ့။ ဟောင်းသွားတဲ့ ဗန်းစကားတွေ သုံးရင် အောက်သွားပြီလို့သတ်မှတ်တယ်။ ခက်တာက အသက်ကြီးသူတွေကနေ ခေတ်သုံး ဗန်းစကားတွေ လိုက်ပြောပြန်ရင်လဲ မမိုက်ဖူးထင်တယ်။ သိပ်ငယ်ချင်ပုံရတယ်လို့ အထင်ခံရမယ်။ လူပေါင်းစုံက အသားကုန်ပြောနေတဲ့ အရမ်းအရမ်းကောင်းတဲ့ စကားလုံးသစ်တွေကို လိုက်မမီပါ။ ဖဲဝိုင်းမှာသုံးတာကို ဖဲသမားတွေသာ သိပါတယ်မဟုတ်ပါလား။ ဟုတ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။