ဆန္ဒလက်ကောက်များ
-----------------------
တစ်ခါက.. အိန္ဒိယက ဘုရင်ကြီးတစ်ပါးဟာ..စိတ်ဖိစီးမှုများတာကြောင့် နေထိုင်မကောင်းဖြစ်နေပါသတဲ့ ..။ ဘုရင်ကြီးနေမကောင်း ဖြစ်တာမို့ သူ့ရဲ့ မိဖုရားတွေ.. ကိုယ်လုပ်မောင်းမတွေက လူးလာခေါက်ပြန် ပြာပြာသလဲပြုစုကြတယ်။
မိဖုရားတွေဟာ အိန္ဒိယ ရိုးရာအတိုင်း ရွှေလက်ကောက်တွေ အများကြီးဝတ်ဆင်ထားတာကြောင့်  မိဖုရားတွေ ဘုရင်ကြီးအနား ဖြတ်သန်းသွားတိုင်းမှာ လက်ကောက်ချင်း ထိခတ်တဲ့ တချွင်ချွင် အသံတွေ ဆူညံနေလေ့ ရှိပြန်တယ်။ အဲဒီအသံတွေကို ကြားရဖန်များတဲ့အခါ ဘုရင်ကြီးက ဒီလိုပြောသတဲ့
"ဟဲ့ နင်တို့ လက်ကောက်တွေရဲ့အသံက နားငြီးလွန်းတယ်.. ခေါင်းတောင်ပိုကိုက်လာသလိုပဲ.. ခုချက်ချင်း.. လက်ကောက်တွေ ချွတ်ကြစမ်း"
အဲဒီလို ပြောတဲ့အခါ မိဖုရားတွေဟာ သူတို့ဝတ်ဆင်ထားတဲ့ လက်ကောက်တွေထဲက ဘုရားကျောင်းက ပေးလိုက်တဲ့ အဆောင်လက်ကောက်တစ်ကွင်းကိုသာ
ချန်လှပ်ထားပြီး ကျန်တဲ့လက်ကောက်တွေကို ချွတ်လိုက်ကြသတဲ့။ အဲဒီအခါ
မိဖုရားတွေရဲ့ လက်ကောက်တွေက ထွက်လာတဲ့အသံတွေ ပျောက်ကွယ်သွားခဲ့တယ်။
အတန်ကြာတဲ့အခါ ဘုရင်ကြီးက
"ငါအခု သဘောပေါက်သွားပြီ၊ နေလည်းကောင်းသွားပြီ၊ လောကမှာ အလိုဆန္ဒများတဲ့သူဟာ.. လက်ကောက်အများကြီးဝတ်ထားသလိုပဲ.. စိတ်ရဲ့အေးချမ်းဆိတ်ငြိမ်ခြ င်းကို
ရမှာမဟုတ်ဘူး၊ လက်ကောက်တစ်ကွင်းထဲရှိတော့ အသံမထွက်သလို..
အလိုလောဘနည်းတဲ့အခါ.. အေးချမ်းဆိတ်ငြိမ်မှာပဲ ငါ့စိတ်ရဲ့ အေးချမ်းရာ
တရားဓမ္မကို ငါသဘောပေါက်သွားပြီ" လို့ပြောလိုက်တယ်..။
တကယ်တော့ ကျွန်တော်တို့တွေရဲ့ စိတ်အစဉ်ဟာလည်း မိဖုရားတွေရဲ့ လက်ကောက်နဲ့တူတဲ့ အလိုဆန္ဒတွေကြောင့် အေးချမ်းခြင်းနဲ့ ဝေးကွာနေခဲ့ကြတယ်။ အလိုဆန္ဒများစွာရဲ့ ဆူညံသံတွေနဲ့ ပင်ပန်းနေခဲ့ကြတယ်။ အဲဒီလို ဆူညံမွမ်းကြပ်လာတဲ့အခါ မိဖုရားတွေလက်ကောက် ချွတ်သလို ကိုယ့်စိတ်ရဲ့ ဆန္ဒတွေကို တခဏ စွန့်ခွာရင်း အေးချမ်းမှုကို ရှာသင့်တယ်လို့ဆိုတယ်။
လက်ကောက်များလေလေ.. အချင်းချင်းထိခတ်လေလေ ဖြစ်သလို လိုအင်ဆန္ဒများလေလေ.. စိတ်ရဲ့ အေးချမ်းမှု ပျောက်ဆုံးလေလေ ဆိုတဲ့အဖြစ်ကို သိမြင်သင့်လှတယ်
There is no greater wealth in this world than the peace of mind. ဆိုတဲ့စကားလို.. စိတ်အေးချမ်းမှုလောက် ကြီးမြတ်တဲ့ စည်းစိမ်ချမ်းသာ လောကမှာ မရှိဘူးလို့ဆိုတယ်..။ လိုအင်ဆန္ဒများကို လျှော့ချ ပယ်ခွာခြင်းကနေ.. စိတ်အေးချမ်းမှုကို ရနိုင်ကြပါစေ..
(ဖြိုးသုတ)
-----------------------
တစ်ခါက.. အိန္ဒိယက ဘုရင်ကြီးတစ်ပါးဟာ..စိတ်ဖိစ
မိဖုရားတွေဟာ အိန္ဒိယ ရိုးရာအတိုင်း ရွှေလက်ကောက်တွေ အများကြီးဝတ်ဆင်ထားတာကြောင်
"ဟဲ့ နင်တို့ လက်ကောက်တွေရဲ့အသံက နားငြီးလွန်းတယ်.. ခေါင်းတောင်ပိုကိုက်လာသလိုပ
အဲဒီလို ပြောတဲ့အခါ မိဖုရားတွေဟာ သူတို့ဝတ်ဆင်ထားတဲ့ လက်ကောက်တွေထဲက ဘုရားကျောင်းက ပေးလိုက်တဲ့ အဆောင်လက်ကောက်တစ်ကွင်းကိုသ
"ငါအခု သဘောပေါက်သွားပြီ၊ နေလည်းကောင်းသွားပြီ၊ လောကမှာ အလိုဆန္ဒများတဲ့သူဟာ.. လက်ကောက်အများကြီးဝတ်ထားသလိ
တကယ်တော့ ကျွန်တော်တို့တွေရဲ့ စိတ်အစဉ်ဟာလည်း မိဖုရားတွေရဲ့ လက်ကောက်နဲ့တူတဲ့ အလိုဆန္ဒတွေကြောင့် အေးချမ်းခြင်းနဲ့ ဝေးကွာနေခဲ့ကြတယ်။ အလိုဆန္ဒများစွာရဲ့ ဆူညံသံတွေနဲ့ ပင်ပန်းနေခဲ့ကြတယ်။ အဲဒီလို ဆူညံမွမ်းကြပ်လာတဲ့အခါ မိဖုရားတွေလက်ကောက် ချွတ်သလို ကိုယ့်စိတ်ရဲ့ ဆန္ဒတွေကို တခဏ စွန့်ခွာရင်း အေးချမ်းမှုကို ရှာသင့်တယ်လို့ဆိုတယ်။
လက်ကောက်များလေလေ.. အချင်းချင်းထိခတ်လေလေ ဖြစ်သလို လိုအင်ဆန္ဒများလေလေ.. စိတ်ရဲ့ အေးချမ်းမှု ပျောက်ဆုံးလေလေ ဆိုတဲ့အဖြစ်ကို သိမြင်သင့်လှတယ်
There is no greater wealth in this world than the peace of mind. ဆိုတဲ့စကားလို.. စိတ်အေးချမ်းမှုလောက် ကြီးမြတ်တဲ့ စည်းစိမ်ချမ်းသာ လောကမှာ မရှိဘူးလို့ဆိုတယ်..။ လိုအင်ဆန္ဒများကို လျှော့ချ ပယ်ခွာခြင်းကနေ.. စိတ်အေးချမ်းမှုကို ရနိုင်ကြပါစေ..
(ဖြိုးသုတ)
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။