Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, February 28, 2016

သြကာသ ကန်တော့ခန်း ရှင်းလင်းချက်

သြကာသ ကန်တော့ခန်း ရှင်းလင်းချက်
••••••••••••••••••••••••••••••••••••••••••••
မြန်မာနိုင်ငံတွင် သြကာသအစချီသော ကန်တော့ခန်းသည် ပုဂံခေတ် ရှင်အရဟံမထေရ်လက်ထက်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ သြကာသ ကန်တော့ခန်းမှာ မူကွဲအမျိုးမျိုးရှိလေသည်။ အများစုလက်ခံထားသည့် ကန်တော့ခန်း နှင့် ရှင်းလင်းချက်ကို ဖော်ပြပေးပါမည်။

သြကာသ ကန်တော့ချိုး
••••••••••••••••••••••••••

သြကာသ သြကာသ သြကာသ ကာယကံ ၀စီကံ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ဘုရား ရတနာ တရားရတနာ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော် မာန်လျှော့ ကန်တော့ပါ၏ အရှင်ဘုရား။
ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး၊ ကပ်သုံးပါး၊ ရပ်ပြစ်ရှစ်ပါး၊ ရန်သူမျိုးငါးပါး၊ ၀ိပတ္တိတရားလေးပါး၊ ဗျသနတရားငါးပါးတို့မှအခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည်ဖြစ်၍ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတော်မြတ်ကို ရပါလို၏ အရှင်ဘုရား။

(သြကာသ ကန်တော့ခန်းရှင်းလင်းချက်)
•••••••••••••••••••••••••••••••••••••••••••••
သြကာသ ။ ။ အခွင့်၊ ခွင့်ပြုတော်မူပါ။ (ရှိခိုးခွင့် ပြုတော်မူပါ။ ကန်တော့ခွင့်ပြုတော်မူပါဟု ခွင့်တောင်းခြင်းဖြစ်သည်။ ရိုသေမှုကို အလေးအနက်ပြုလိုသောကြောင့် သြကာသ ကို သုံးကြိမ် ရွတ်ဆိုကြရသည်။)

ကာယကံ ။ ။ ကိုယ်ဖြင့် ပြုလုပ်သောအမှု
ဝစီကံ ။ ။ နှုတ်ဖြင့် ပြောဆိုသောအမှု
မနောကံ ။ ။ စိတ်ဖြင့် ကြံစည်သောအမှု
သဗ္ဗဒေါသ ။ ။ သဗ္ဗ+ဒေါသ=ခပ်သိမ်းသော+အပြစ်
ခပ်သိမ်းသော အပြစ်တို့ကို ။ ။ သဗ္ဗဒေါသဟူသော ပါဠိစကားကို မြန်မာဘာသာပြန်ဆို၍ လေးနက်စေရန် ထပ်မံဆိုခြင်းဖြစ်သည်။်

ပျောက်ပါစေခြင်း အကျိုးငှာ ။ ။ ရတနာသုံးပါးနှင့် မိဘဆရာသမားများအပေါ်၌ ကိုယ်အမူအရာဖြင့် ပြစ်မှားခြင်း၊ အပြောအဆို (နှုတ်) ဖြင့် ပြစ်မှားခြင်း၊ စိတ်ကူး အကြံအစည်ဖြင့် ပြစ်မှားခြင်းတို့တွင် တစုံတခုသော ပြစ်မှားခြင်း ရှိခဲ့သော် ထိုအပြစ်တို့ကိုပပျောက်လျော့ပါး သွားစေရန် တောင်းပန်ဝန်ချကန်တော့ခြင်းဖြစ်သည်။

ပထမ ဒုတိယ တတိယ တစ်ကြိမ် နှစ်ကြိမ် သုံးကြိမ်မြောက်အောင် ။ ။ ပါဠိနှင့်မြန်မာတွဲဖက်သုံးနှုန်းထားခြင်းဖြစ်သည်။ အနက်အဓိပ္ပာယ် အထူးရှင်းရန်မလိုပါ။

ရတနာ ။ ။ အလေးအမြတ်ပြုထိုက်ခြင်း၊ တန်ဖိုးကြီးမားခြင်း၊ ရှားပါး၍ ရခဲခြင်း၊ ရရှိသူ တွေ့ရှိသူအား နှစ်သက်မှုကို ဖြစ်စေနိုင်သောကြောင့် ရတနာဟု ခေါ်ဆိုရသည်။

ဘုရား ။ ။ အလုံးစုံကို အကုန်အစင် သိမြင်တော်မူသောကြောင့် ဘုရားဟုခေါ်ပါသည်။

တရား ။ ။ သတ္တ၀ါများကို ဆင်းရဲတွင်းသို့မကျရအောင် ဆောင်ယူတတ်သောကြောင့် တရားဟုခေါ်ပါသည်။

သံဃာ ။ ။ အယူသီလ တူမျှသော အရိယာပုဂ္ဂိုလ်အပေါင်းနှင့် သမ္မုတိသံဃာကို သံဃာဟုခေါ်ပါသည်။

ရတနာမြတ်သုံးပါးတို့ကို ။ ။ မြင့်မြတ်သော ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ တို့ကို

အရိုအသေ ။ ။ ၀ပ်တွားကျိုးနွံခြင်း၊ မလေးမခန့်မပြုဘဲကြောက်ရွံ့ခန့်ညားမှုကို ဖော်ပြခြင်း၊

အလေးအမြတ် ။ ။ လေးစားခြင်း၊ မြတ်နိုးခြင်း။

လက်အုပ်မိုး၍ ။ ။ လက်ဝါးနှစ်ဘက်ကို စုံညီပြု၍ နဖူးအထိ ချီမြှောက်ထားခြင်း၊
(ဘုရားရှိခိုးရာ၌ လက်အုပ်ကို မေးစေ့ (သို့) ရင်ညွှန့်မျှသာ မြှောက်ချီထားခြင်းသည် အမြင့်ဆုံးအရိုအသေပြုနည်းမဟုတ်၊
နဖူးအထိ မြှောက်ချီထားမှသာလျှင် အမြင့်ဆုံး အရိုအသေပြုခြင်း ဖြစ်သည်။)

ရှိခိုးပူဇော် ။ ။ ရှိခိုးခြင်းကိုပင် ပူဇော်ခြင်း ဟုဆိုလိုသည်။

ဖူးမြော် ။ ။ မြင်တွေ့ခြင်း၊ ကြည့်ရှုခြင်း၊ ဥာဏ်မျက်စိ၌ ထင်ရှားပေါ်လွင် လာအောင် အာရုံပြုခြင်း

မာန်လျှော့ ။ ။ ရှိခိုးခြင်း၊ ကန်တော့ခြင်းကို ပြုရာ၌ မာန်မာနကို လျှော့ချပြီးမှသာ ရှိခိုးကန်တော့နိုင်သည်။ (မိမိကိုယ်ကို ရတနာသုံးပါးအောက် နိမ့်ကျသည်၊ ညံ့သည်ဟု ယူဆပါမှ ရှိခိုးကန်တော့နိုင်သည်။)

ကန်တော့ပါ၏ ။ ။ ၀န်ချတောင်းပန်ပါ၏၊ မြန်မာစကား၌ လူကြီးသူမများကို မတော်တဆ ထိခိုက်မိ တိုက်မိပါက " ကန်တော့ ကန်တော့ " ဟု တောင်းပန်စကား ဆိုလေ့ရှိကြသည်။ ရှိခိုးပါ၏ ဟုအဓိပ္ပာယ်ရသည်။

ကန်တော့ရသော အကျိုးအားကြောင့် ။ ။ ကန်တော့ရသော ကုသိုလ်ကံစေတနာကြောင့် ဟု ဆိုလိုသည်။

အပါယ်လေးပါး ။ ။ အပါယ=(အပ+အယ။ အယ=ချမ်းသာ+အပ=ကင်းခြင်း) ချမ်းသာကင်းသောအရပ်၊ ကုသိုလ်ကောင်းမှုပြုခွင့်မရသော ဖော်ပြပါ အရပ်ဌာန ၄- ခုကို အပါယ်ဟုခေါ်သည်။

၁။ ငရဲ=ငရဲထိန်း၊ ငရဲမီး စသည်တို့ဖြင့် အမြဲ နှိပ်စက်ခံရသော ဘုံဌာန၊

၂။ တိရစ္ဆာန်=မဂ်ဖိုလ် နိဗ္ဗာန်တရားတော်နှင့် ဖီလာကန့်လန့် ဖြစ်နေသော သတ္တ၀ါတို့၏ ဘုံဌာန

၃။ ပြိတ္တာ=စားရမဲ့ ၀တ်ရမဲ့ ခိုကိုးရာမဲ့ ဖြစ်နေသူတို့၏ ဘုံဌာန

၎။ အသူရကာယ်=ပြိတ္တာများထက် အခြေအနေဆိုး၍ အမြဲပူလောင် ဆင်းရဲ ခံနေရသူများ၏ ဘုံဌာန

ကပ်သုံးပါး ။ ။ ကပ္ပ=ကပ်=တစ်ခုသော အချိန်ကာလခေတ်၊ ဆိုးရွားသော ဘေးအန္တရာယ်များ ကျရောက်ချိန်ကာလကို ကပ်ဟုခေါ်သည်။ ကပ်သုံးပါးမှာ-

၁။ ဒုဗ္ဘိက္ခန္တရကပ်=
ငတ်မွတ်ခြင်းဘေးဆိုက်ရောက်နေသည့်ခေတ်ကာလ (ကြီးကျယ်သော ငတ်မွတ်ခြင်းဘေးကို - မဟာသရောကြီး - ဟုခေါ်သည်။) လူသားအများလောဘထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။

၂။ သတ္ထန္တရကပ်=လက်နက်ဘေး (သို့) စစ်ဘေး အန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများဒေါသထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။

၃။ ရောဂန္တရကပ်= ကူးစက်ရောဂါ ဘေးအန္တရာယ် ဆိုက်ရောက်သည့်ခေတ်ကာလ လူသားအများ မောဟထူပြောလျှင် ယင်းကပ်ဆိုက်တတ်သည်။

ရပ်ပြစ်ရှစ်ပါး ။ ။ ယင်းအရပ်ဌာနများ၌ ဖြစ်လာသူများသည် မြတ်စွာဘုရားရှင်၏ ဒေသနာတောင်ကို နာကြားခွင့် မရခြင်း၊ နာကြားရသော်လည်း အနက်အဓိပ္ပာယ်ကို သိနိုင်စွမ်း မရှိခြင်းကြောင့် ရပ်ပြစ်ရှစ်ပါး ဟုခေါ်သည်။

၁။ ငရဲ
၂။ တိရ စ္ဆာန်
၃။ ပြိတ္တာ

၎။ လွန်စွာ အသက်တမ်း၇ှည်သော အရူပဗြဟ္မာနှင့် အသညသတ်ဗြဟ္မာ၊ ( အရူပဗြဟ္မာ=ရုပ်မရှိ၊နာမ်တရားသက်သက်သာ
ရှိသည်။ အသညာသတ်ဗြဟ္မာ=နာမ်တရားမရှိ၊ ရုပ်သက်သက်သာ၇ှိသည်။)

၅။ ပစ္စန္တရာစ်အရပ်သား=တိုင်းစွန်ပြည်ဖျား လမ်းပန်းအဆက်အသွယ်ခက်ခဲ၍ ဝေါဟာရ မပြည့်စုံ မကြွယ်ဝသည့် လူရိုင်းအမျိုးအနွယ်။

၆။ မိစ္ဆာဒိဋ္ဌိ=မှားယွင်းသော အယူဝါဒရှိသော အမျိုးအနွယ်

၇။ ဒုပ္ပည=အသိညာဏ်လူစဉ်မမီသူ

၈။ သာသနာပ ကာလ

ရန်သူမျိုးငါးပါး၊ ။ ။ရန်သူ ဝေရ။ ရန်၊ ရန်သူ။ ဗုဒ္ဓ ဘာသာဝင်တို့သည် ဘုရားရှိခိုးဆုတောင်းတိုင်း ရန်သူမျိုးငါးပါးမှ ကင်းဝေးအောင် ဆုတောင်းလေ့ရှိကြသည်။ ယင်းရန်သူမျိုးငါးပါးမှာ-

၁။ ရေ၊
၂။ မီး၊
၃။ မင်းဆိုး၊
၎။ ခိုးသူ၊
၅။ အမွေခံသားဆိုး၊ သမီးဆိုး တို့ဖြစ်သည်။

ဝိပတ္တိတရားလေးပါး။ ။ ၀ိပတ္တိ။ မပြည့်စုံခြင်း၊ ချို့တဲ့ခြင်း၊ ပျက်စီးခြင်း။ ဗုဒ္ဓဘာသာဝင်တို့ ဘုရားရှိခိုး ဆုတောင်းသည့်အခါ ၀ိပတ္တိတရားလေးပါးမှ ကင်းလွတ်ငြိမ်းအောင် ထည့်၍ဆုတောင်းလေ့ရှိကြသည်။

၁။ မင်းဆိုး မင်းယုတ်အုပ်စိုးသော ကာလ၌ဖြစ်ခြင်း၊
၂။ အပါယ်လေးပါး၌ ဖြစ်ရခြင်း၊
၃။ ရုပ်ဆင်းအင်္ဂါ ချို့တဲ့ခြင်း၊
၎။ အသိအလိမ္မာ ညာဏ်ပညာနှင့် သတိဝီရိယ မရှိခြင်း။

ဗျသနတရားငါးပါး။ ။ ဗျသန။ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း။ ဗျသနတရား ငါးပါးရှိသည်။
၁။ ဉာတိဗျသန - ဆွေမျိုးများ ပျက်စီးခြင်း၊
၂။ ဘောဂဗျသန - စည်းစိမ်ဥစ္စာ ပျက်စီးခြင်း၊
၃။ ရောဂဗျသန - အနာရောဂါဖြစ်၍ ပျက်စီးခြင်း၊
၎။ ဒိဋ္ဌိဗျသန - အယူမှား၍ ပျက်စီးခြင်း၊
၅။ သီလဗျသန - သီလ ပျက်စီးခြင်း။

မဂ်တရား ။ ။ မဂ်တရားလေးပါး- လောဘစသော ကိလေသာတို့ကို ပယ်သတ်၍ နိဗ္ဗာန်သို့သွားရောက်ကြောင်းဖြစ်သော တရားလမ်းကို မဂ်ဟုခေါ်သည်။
၁။ သောတာပတ္တိမဂ်
၂။ သကဒါဂါမိမဂ်
၃။ အနာဂါမိမဂ်
၎။ အရဟတ္တမဂ်

ဖိုလ်တရား ။ ။ မဂ်၏ တိုက်ရိုက် အကျိုးတရားကို ဖိုလ် ဟုခေါ်ပါသည်။ ဖိုလ်တရားလေးပါး-

၁။ သောတာပတ္တိဖိုလ်
၂။ သကဒါဂါမိဖိုလ်
၃။ အနာဂါမိဖိုလ်
၎။ အရဟတ္တဖိုလ်

နိဗ္ဗာန်တရားတော်မြတ် ။ ။ ဒုက္ခခပ်သိမ်းတို့၏ ကုန်ဆုံးရာ အေးငြိမ်းချမ်းသာသော ဓါတ်သဘောကို နိဗ္ဗာန် ဟုခေါ်ပါသည်။ ရာဂ၏ ကုန်ရာ၊ ဒေါသ၏ ကုန်ရာ၊ မောဟ၏ ကုန်ရာ သည် နိဗ္ဗာန်မည်၏။

ကန်တော့ခန်းရှင်းလင်းချက် ပြီးပါပြီ။

အသေးစိတ်သိရှိလိုပါက

" ရတနာ့ဂုဏ်ရည်"
==============
စာရေးသူ : မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ
အမျိုးအစား : ဘာသာရေး
စာမျက်နှာစုစုပေါင်း : ၄၁၀
ဘာသာစကား - မြန်မာ

credit: Shwe Thin SayaTaw

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။