Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, February 26, 2016

"ရေးသူ့ဈေးကွက်" (မင်းလူ)

"ရေးသူ့ဈေးကွက်" (မင်းလူ)
===================

စီးပွားရေးလောကမှာ ရောင်းလိုအားနှင့် ဝယ်လိုအားဆိုတာရှိ၏။ ထုတ်လုပ်မှုနှင့် လိုအပ်မှု၊ ဒီမန်းနှင့် ဆပ်ပလိုင်း စသည်ဖြင့်လည်း ဆိုကြသည်။ ထုတ်လုပ်မှုက များပြီး လိုအပ်မှု(ဝယ်လိုအား)ကနည်းနေလျှင် ဝယ်သူကို ရောင်းသူက အောက်ကျို့ရသည်။ ဝယ်သူ့အလိုကို လိုက်လျောရသည်။ ဒါကို ဝယ်သူ့ဈေးကွက်ဟု ခေါ်သည်။ တကယ်လို့ ထုတ်လုပ်မှုကနည်းပြီး လိုအပ်မှု(ဝယ်လိုအား)ကများနေလျှင် ရောင်းသူက အပေါ်စီးရသွားသည်။ ဝယ်သူက ပြန်အောက်ကျို့ရသည်။ ဒါကိုရောင်းသူ့ဈေးကွက်ဟုခေါ်သည်။ (ဟိုအရင်က ပြည်သူ့ဆိုင်တွေလိုပေါ့။)

ခုချိန်မှာ မဂ္ဂဇင်း၊ ဂျာနယ်တွေ အမြောက်အမြားထွက်နေသည်။ ရိုက်နှိပ်သမျှ စောင်ရေတွေ အားလုံးပေါင်းလိုက်လျှင် စာဖတ်ပရိသတ်ဦးရေထက်တော် ပိုများနေမလားမသိ။ စာနယ်ဇင်းတွေ များလာသလို စာရေးဆရာတွေ ပိုများလာတာလည်း မှန်သည်။ ကလောင်ငယ် ကလောင်သစ်တွေ နေရာပိုရလာတာလည်း မှန်သည်။ သို့တိုင်အောင် မဂ္ဂဇင်း၊ ဂျာနယ်တွေအဖို့ ဝါရင့်ကလောင်၊ နာမည်ကြီး၊ နာမည်ရ စာရေးဆရာတို့၏ စာမူမပါလို့မဖြစ်။ ရောင်းအားအတွက်ပဲဖြစ်ဖြစ် ဒီဆရာတွေက မရှိမဖြစ်လိုအပ်နေသည်။

ခက်နေတာကတော့ တကယ်ရေးအားကောင်းသော စာရေးဆရာရှားပါးနေခြင်းပင်ဖြစ်၏။ တချို့အစပိုင်းမှာ အားသွန်ခွန်စိုက် ရေးနိုင်သော်လည်း ကြာတော့ လက်ပန်းကျလာသည်။ တချို့ နဂိုကပင် စာရေးနှေးသူတွေ ရှိသည်။ ဒီလိုလူတွေအတွက်တော့ ဂျာနယ်မဂ္ဂဇင်းတွေ လိုအပ်သမျှ အလျင်မီအောင်ရေးနိုင်ဖို့မလွယ်။ ဒီမန်းက များပြီး ဆပ်ပလိုင်းက နည်းနေသည့်သဘောဖြစ်၏။ ထိုအခါ "ရေးသူဈေးကွက်"ဖြစ်လာ၏။ (စီးပွားရေးလောကမှာ ဝယ်လိုအားများလာလျှင် ဈေးတင်သလိုမျိုး စာမူခကို ပိုတောင်းလို့မရတာကတော့ ခြွင်းချက်ပေါ့။

သူသည် နာမည်ရ စာရေးဆရာတစ်ဦးဖြစ်၏။ ထို့ကြောင့် စားအုန်းဆီ ကိုယ်စားလှယ်ရထားသူ တစ်ယောက်လို မျက်နှာပွင့်လှသည်။

အစပိုင်းမှာတော့ သူကလည်း တယ်ဟုတ်တဲ့ငါပါလား၊ စာမူလိုချင်တဲ့လူတွေ ဝိုင်းဝိုင်းကိုလည်နေတာပဲဆိုပြီး ကျေနပ်နေခဲ့သေးသည်။ တောင်းသမျှကို မညည်းမညူရေးသည်။ ကြာတော့ ဦးနှောက်က ခန်းလာသည်။ ရေးစရာအကြောင်းအရာ ရှားပါးလာသည်။ သူက ရသစာပေဘက် အားသန်သူဖြစ်သောကြောင့် စိတ်မပါဘဲ တာဝန်အရရေးလျှင် အရည်အသွေးကျလာတတ်သည်။ စာမူတောင်းတဲ့သူတွေကတော့ ခရီးသည်နှင့်ဘတ်စ်ကားစင်းရေလို မမျှမတဖြစ်နေဆဲ။

အင်း...မဖြစ်သေးပါဘူး။ တောင်းသမျှ ရေးနေလျှင် သိပ်လွယ်တယ်ထင်ကြမယ်။ ဒါကြောင့် ကိုယ့်စာမူတန်ဖိုးရှိအောင် လုပ်ရမည်။ အရင်လိုပါးစပ်နဲ့တောင်းတာမျိုးလက်မခံတော့။ စာမူတောင်းသူတွေ အတွက် စည်းကမ်းချက်တွေသတ်မှတ်ရမည်။ ဒါမှ လူစစ်ပြီးသားဖြစ်သွားမည်။

စည်းကမ်းချက်တွေကတော့ . . .

- စာမူတောင်းခံလိုသူသည် လျှောက်လွှာတင်ရမည်။

- ဘားဖြူစက္ကူနှင့်ရိုက်နှိပ်ထားသော လျှောက်လွှာပုံစံတစ်စောင်လျှင် ငါးဆယ်ကျပ်ဖြင့်ဝယ်ယူရမည်။

- လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်းထောက်ခံစာကိုပါ ပူးတွဲတင်ပြရမည်။

- အယ်ဒီတာလုပ်သက် အနည်းဆုံး သုံးနှစ်ရှိရမည်။

- ရုပ်ရည်ပြေပြစ်ရမည်။

- အင်္ဂလိပ်စကားပြော ကျွမ်းကျင်ရမည်။

- စာလုံးပေါင်းသတ်ပုံနှင့် သဒ္ဒါမှန်ကန်အောင် ရေးသားနိုင်ရမည်။

- လူတွေ့စစ်ဆေးခြင်းခံရမည်။

- လျှောက်လွှာနှင့်အတူ စာမူခကိုပါ တစ်ပါတည်း ပေးသွင်းရမည်။



မဂ္ဂဇင်းတစ်စောင်မှ အယ်ဒီတာတစ်ယောက်ရောက်လာ၏။

"စာမူလိုချင်လို့ပါဆရာ"

ဟု ပြောသည်။ စည်းကမ်းချက်များ ရိုက်နှိပ်ထားသော စာရွက်ကိုပေးလိုက်ပြီး-

"စာမူလိုချင်ရင် ဒါကိုအရင်ဖတ်ကြည့်ဦး"

ဟုပြောလိုက်၏။ လက်ထောက်အယ်ဒီတာက ဖတ်ကြည့်ပြီးပြုံးသည်။ ပြီးတော့-

"သိပ်ကောင်းတာပဲ ဆရာ၊ ဒါမှလည်း စနစ်တကျဖြစ်တော့မှာပေါ့၊ ဩော်....ဒါနဲ့ ဆရာ ထမင်းစားပြီးပြီလား"

"ဘယ်စားရဦးမလဲဗျ၊ အခုပဲစားမလို့ဟာ၊ ခင်ဗျားရောက်လာတာနဲ့"

"ဒါဆိုအတော်ပဲ ဆရာ၊ ကျွန်တော်လည် မစားရသေးဘူး၊ တစ်ခုခုသွားစားရအောင်"

ဆိုပြီး စားသောက်ဆိုင်ကိုခေါ်သွားသည်။ တိုက်ဂါးဘီယာနှင့် ငုံးကြွပ်ကြော်၊ ဂဏန်းအစာသွတ်၊ ပုစွန်အစိမ်းသုပ် စသော စားသောက်ဖွယ်ရာများမှာသည်။ စားရင်းသောက်ရင်း သရုပ်မှန်စာပေအကြောင်း ပြောကြသည်။ ဘီယာသုံးလုံးနှင့် ငါးသုံးလုံး စီးကရက်ဘူးတစ်ဝက် ကုန်သွားပြီး နောက်ထပ်ဘီယာနှစ်လုံးနှင့် ဘဲကင်တစ်စိပ်မှာလိုက်သော အချိန်မှာပင်-

လူချင်း(ဒီနေ့ကျမှ)အရမ်းခင်မင်နေကြတာကို ထောက်ထားပြီး စာမူတစ်ပုဒ်ကို တစ်ပတ်အတွင်း ရေးပေးမည်ဟု ကတိပြုလိုက်သည်။

"လျှောက်လွှာကရော ဆရာ"

ဟု မေးတော့-

"ကျွန်တော့်ဘာသာပဲ ကြည့်ဖြည့်လိုက်ပါ့မယ်"

ဟု ပြန်ဖြေလေ၏။

--------------------------------------------------

- မင်းလူ
အတွေးသစ်ဂျာနယ်။
၂၆.၈.၂၀၀၂

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။