Security အဓိပ္ပါယ်
Nyan Lin ဥသြငှက်တွေ မိုးနဲ့ဆောင်းမှာ ကိုးကိုးကျွန်းပေါ်လာခိုကြတ ယ်လို့ ဆရာမြသန်းတင့်ရေးခဲ့ဘူးပါတယ်။
တိရစ္ဆာန်တွေဟာ အစားအစာ၊ နားခိုစရာနဲ့ ရေအတွက် ပူနွေးတဲ့နေရာသီရှိရာနေရာတွေကို နှစ်စဉ်ရွေ့ပြောင်းကြတယ်။ တချို့ငှက်တွေက ဆောင်းမှာနေရာသစ်ရှာရပြီး၊ တချို့ငှက်တွေက နွေမှာနေရာသစ်ရှာကြတယ်။
လူစင်စစ်ဖြစ်ကြတဲ့ မြန်မာနိုင်ငံသားတွေကြတော့ နွေမိုးဆောင်း ဥတုသုံးပါးလုံးမှာ ဒုတိယ၊ တတိယနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရတယ်။ တချို့ကြ အပြီးတိုင်ပြောင်းရွေ့နေထို င်ကြရတယ်။ ငှက်တွေမှာ နေရာကောင်းရှာရတဲ့ တခြား အကြောင်းက မျိုးပွါးဖို့ဖြစ်တယ်။ မြန်မာနိုင်ငံသားတွေတချိြု့ က ကိုယ့်နိုင်ငံကိုပြန်မီးဖွါးကြပြီး၊ နို့စိုအရွယ်လေးထားရစ်ကာ အလုပ်လုပ်ရာတိုင်းပြည်ကို ထွက်ရပြန်တယ်။
Security ရဲ့ အဓိပ္ပါယ်မှန်က လုံခြုံရေးတခုတည်းမဟုတ်ပါ။ လုံခြုံမှုကအဓိကဖြစ်တယ်။ မြန်မာပြည်သားတွေဟာ ဥတုကိုတော့ ခံနိုင်ရည်ရှိကြပေမဲ့ ဘဝလုံခြုံမှုရှာနေကြရတယ်။ ကိုယ့်နိုင်ငံဟာ ကိုယ့်လူမျိုးတွေကိုတောင်မှ လုံခြုံမှု မပေးနိုင်သေးပါတကား။
Security =
1. the state of being free from danger or threat အန္တရာယ်နဲ့ ခြိမ်းခြောက်မှုကင်လွတ်ခြင်း ။
2. a private police force that guards a building, campus, park, etc. အဆောက်အဦ၊ ခြံဝင်း၊ ပန်းခြံစတာတွေကို လုံခြုံစေရန်စောင့်ရှာက်သည့်  သီးသန့်ရဲ။
3. the state of being protected or safe from harm ကာကွယ်ထားသည့် (သို့) ဘေးဥပဒ်မှ လုံခြုံသည့်အခြေအနေ။
4. things done to make people or places safe လူ (သို့) နေရာတွေကို လုံခြုံစေသည့်အစီအမံများ။
ကျွန်တော် မန္တလေးဆေးကျောင်းတက်ရကာစ ဖါသာလဖုန်း (အထက ၁၄) ကျောင်းဆောင်မှာ တနှစ်နေခဲ့ရတယ်။ တနေ့မှာ စားသောက်ခန်းကဇွန်းတွေပျောက်တော့ ချင်းတိုင်းရင်းသားအဆောင်မှူးက ဝန်ထမ်းတွေကို ငေါက်ငမ်းပါတယ်။ မင်းတို့ ကိုယ့့် ကိုယ် စောင့်နေကြတာလားတဲ့။ (ကန်တော့ပါဗျာ)
ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၅
Nyan Lin ဥသြငှက်တွေ မိုးနဲ့ဆောင်းမှာ ကိုးကိုးကျွန်းပေါ်လာခိုကြတ
တိရစ္ဆာန်တွေဟာ အစားအစာ၊ နားခိုစရာနဲ့ ရေအတွက် ပူနွေးတဲ့နေရာသီရှိရာနေရာတေ
လူစင်စစ်ဖြစ်ကြတဲ့ မြန်မာနိုင်ငံသားတွေကြတော့ နွေမိုးဆောင်း ဥတုသုံးပါးလုံးမှာ ဒုတိယ၊ တတိယနိုင်ငံတွေကိုထွက်ပြီး အလုပ်လုပ်ကြရတယ်။ တချို့ကြ အပြီးတိုင်ပြောင်းရွေ့နေထို
Security ရဲ့ အဓိပ္ပါယ်မှန်က လုံခြုံရေးတခုတည်းမဟုတ်ပါ။ လုံခြုံမှုကအဓိကဖြစ်တယ်။ မြန်မာပြည်သားတွေဟာ ဥတုကိုတော့ ခံနိုင်ရည်ရှိကြပေမဲ့ ဘဝလုံခြုံမှုရှာနေကြရတယ်။ ကိုယ့်နိုင်ငံဟာ ကိုယ့်လူမျိုးတွေကိုတောင်မှ
Security =
1. the state of being free from danger or threat အန္တရာယ်နဲ့ ခြိမ်းခြောက်မှုကင်လွတ်ခြင်း
2. a private police force that guards a building, campus, park, etc. အဆောက်အဦ၊ ခြံဝင်း၊ ပန်းခြံစတာတွေကို လုံခြုံစေရန်စောင့်ရှာက်သည်
3. the state of being protected or safe from harm ကာကွယ်ထားသည့် (သို့) ဘေးဥပဒ်မှ လုံခြုံသည့်အခြေအနေ။
4. things done to make people or places safe လူ (သို့) နေရာတွေကို လုံခြုံစေသည့်အစီအမံများ။
ကျွန်တော် မန္တလေးဆေးကျောင်းတက်ရကာစ ဖါသာလဖုန်း (အထက ၁၄) ကျောင်းဆောင်မှာ တနှစ်နေခဲ့ရတယ်။ တနေ့မှာ စားသောက်ခန်းကဇွန်းတွေပျောက
ဒေါက်တာတင့်ဆွေ
၁-၃-၂ဝ၁၅
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။