သမ္မတကြီးကျေးဇူးကြောင့် ဖုန်းတွေ ဈေးပေါပေါနဲ့ ကိုင်ရတာ။
========================== ===========
၁၅၀၀ နဲ့ ဖုန်းကတ်တွေဝယ်နိုင်လာတာ သမ္မတကြီးကြောင့်.......ဆိုတဲ့ စာတွေ မြင်တွေ့ရတာများလာတော့ ဟမ်းဖုန်းတို့ရဲ့ ရာဇဝင်ကို သတိရသလောက်လေး ချရေးချင်မိပြန်ပါရော။
စစ်အစိုးရလက်ထက်မှာ စစချင်း ချရောင်းပေးခဲ့တာ ဆယ်လ်လူလာဖုန်း။ 09 99 နဲ့စတဲ့ ဆယ်လ်လူလာဖုန်းတွေကို အစိုးချရောင်းဈေးက ၅သိန်း ၅သောင်းဆိုပေမယ့် ပြင်ပမှာ သိန်းလေးဆယ်ကျော် ငါးဆယ်နီးပါးအထိပေါက်ခဲ့တယ် ။
နောက်ထပ်ပေါ်လာတာက ဂျီအက်စ်အမ်ဖုန်း။ 095နဲ့ စတဲ့ဖုန်းတွေ။ သူလဲ စချပေးတုန်းက ငါးသိန်းငါးသောင်းကနေ ဆယ့်ငါးသိန်းငါးသောင်းအထိ ဈေးတင်ပစ်လိုက်တယ်၊ ပြင်ပဈေးကွက်မှာ လေးဆယ်ကျော်အထိပေါက်ခဲ့တယ်။
အဲဒီ ဆယ်လ်လူလာကိုရော ဂျီအက်စ်အမ်ဖုန်းကိုပါ လွယ်လွယ်ကူကူရောင်းပေးခဲ့တာ တော့မဟုတ်ဘူး။ စာတိုက်ကြီးကနေလျှောက်လွှာတင်ရတယ်။
လျှောက်တဲ့လူတိုင်းလဲ မရဘူး။ လျှောက်လွှာမှာ ဆိုင်ရာပိုင်ရာတို့ရဲ့
လက်မှတ်လေးတွေပါမှ ကျနိုင်တဲ့ခေတ်။ အဲဒီအချိန်က ဖုန်းချပေးခံရတဲ့သူဟာ
ထီပေါက်သလိုကို ဝမ်းသာရတယ်။ ဖုန်းချပေးပါတယ်ဆိုတဲ့
အကြောင်းကြားစာကိုလာပို့တဲ့ စာတိုက်ကစာပို့သမားတွေတောင် တစ်သောင်းမျိုး နှစ်သောင်းမျိုး မုန့်ဖိုးရကြတယ်။
၂၀၀၈၊ ၂၀၀၉ လောက်ကျတော့ တမျိုးပြောင်းပြီး လှီးလာတယ်။ ဖုန်းဈေးကွက်ကိုထိန်းချုပ် ထားလို့ ဝယ်လိုအားတွေမြင့်တက်နေတဲ့ ပြည်သူတွေအကြားကို ဘယ်နိုင်ငံမှာမှမကြားဖူးတဲ့
စနစ်နဲ့ရောင်းတာ။ တစ်လသုံးဖုန်းကတ်တဲ့။ တစ်ကတ်ကို
ဒေါ်လာနှစ်ဆယ်နဲ့ရောင်းတယ်။ တစ်လပဲသုံးလို့ရတယ်။ တစ်လပြည့်တာနဲ့
နံပတ်ရောဖုန်းကတ်ပါ သုံးမရတော့ဘူး။
ဟုတ်ကဲ့ လာပါပြီ။ ၂၀၁၀ သမ္မတကြီးလက်ထက် မှာတော့ ၀၇၃ နဲ့စတဲ့ စီဒီအမ်အေဖုန်းတွေကို ရပ်ကွက်ရုံးတွေကမှတဆင့် လျှောက်ထားပြီးရောင်းချပေးပါတယ်။ လျှောက်တဲ့လူတိုင်းမရသလို ရတဲ့လူတွေကလဲ ရပ်ကွက်ရုံးကို သောင်းဂဏန်းအလှူငွေထည့်ခဲ့ရတ ယ်။
အဲ...အဲဒီ စီဒီအမ်အေဖုန်းတွေကလဲ ထူးခြားချက်လေးနဲ့ဗျ။ ကိုယ့်နေထိုင်ရာ မြို့နယ်ကနေပဲ ခေါ်လို့ရတယ်၊ မြို့နယ်ကျော်သွားရင် ခေါ်လို့မရတော့ဘူး။ အဲဒါကိုလဲ ဆက်သွယ်ရေးလိုအပ်ချက်အရ အလုအယက်ဝယ်ကြရတာပါပဲ။
နောက်ပိုင်းကျတော့ မြို့နယ်ကျော်ခေါ်ခွင့်ကို ဖွင့်ပေးခဲ့ပေမယ့် တစ်မိနစ်ကို ခြောက်ဆယ်လို့ သတ်မှတ်ထားလိုက်တယ်။
စီဒီအမ်အေနဲ့ ယူလို့လဲဝသွားရော wcdmaတွေကို နှစ်သိန်းခွဲနဲ့ ထုတ်ရောင်းပြန်ပါလေရော။
အစိုးရထုတ်ဖုန်းကတ်တွေ ဈေးမြင့်လွန်းလို့ ရွှေပြည်တံခွန်က တစ်ကတ်ငါးထောင်နဲ့ ရောင်းပေးပါ့မယ်ဆိုတာကိုတော င် မဖြစ်နိုင်ဘူး၊ နှစ်သိန်းခွဲနဲ့ရောင်းနေတာေ တာင် ရှုံးနေပါတယ်လို့ မျက်နှာပြောင်တိုက်ပြီး ငြင်းနေခဲ့တာ။
နောက်ဆုံး ကဲ့ယူ၊ သဲ့ယူ၊ ခြစ်ယူသွားလို့ အားရတဲ့အချိန်၊ ဒီမိုကရေစီအစိုးရလို့ မျက်နှာပန်းလှအောင် ဈေးကွက်ဖွင့်ပေးလိုက်ရတဲ့အ ချိန်ကျရောက်လာတော့မှ နိုင်ငံခြားကုမ္ပဏီတွေဝင်လာလို့
၁၅၀၀ ဖြစ်လာတာ။ ဒါတောင် သူများတွေက တစ်မိနစ် ၂၅ယူနေချိန်မှာ အမ်ပီတီက
ငါးဆယ်နဲ့ ရသလောက်ယူခဲ့သေးတာ။ နောက်ဆုံး မလျှော့ပေးရင်မဖြစ်တဲ့အချိန်ရောက်မှသာ နှစ်ဆယ့်သုံးကျပ်ကို လျှော့ပေးခဲ့ရတယ်။
ပြောချင်တာကတော့ စေတနာကောင်းလွန်းလို့ ၁၅၀၀ နဲ့ ကိုင်နေရတာလား၊ ယူလို့ဝ လှီးလို့ဝသွားလို့ ၁၅၀၀ နဲ့ ကိုင်နေရတာလား အသိသာကြီိးပါ။ အဆီမြိုလို့လဲဝ ၊ အသားစားလို့လဲ အင့်သွားမှ ရော့ကွာလို့ အရိုးအရင်းလေးချပေးလိုက်တာကို ကျေးဇူးတော်ရှင်ကြီးလို့ သတ်မှတ်နေမယ်ဆိုရင်တော့ .... မိတ်ဆွေ.... နီးစပ်ရာစိတ်ကျန်းမာရေးဆရာဝ န်ဆီ အမြန်သွားပြလိုက်ပါတော့ဗျာ။
ကိုသက်ငြိမ်
.
.
Khant Naing
=================
==========================
၁၅၀၀ နဲ့ ဖုန်းကတ်တွေဝယ်နိုင်လာတာ သမ္မတကြီးကြောင့်.......ဆိုတ
စစ်အစိုးရလက်ထက်မှာ စစချင်း ချရောင်းပေးခဲ့တာ ဆယ်လ်လူလာဖုန်း။ 09 99 နဲ့စတဲ့ ဆယ်လ်လူလာဖုန်းတွေကို အစိုးချရောင်းဈေးက ၅သိန်း ၅သောင်းဆိုပေမယ့် ပြင်ပမှာ သိန်းလေးဆယ်ကျော် ငါးဆယ်နီးပါးအထိပေါက်ခဲ့တယ်
နောက်ထပ်ပေါ်လာတာက ဂျီအက်စ်အမ်ဖုန်း။ 095နဲ့ စတဲ့ဖုန်းတွေ။ သူလဲ စချပေးတုန်းက ငါးသိန်းငါးသောင်းကနေ ဆယ့်ငါးသိန်းငါးသောင်းအထိ ဈေးတင်ပစ်လိုက်တယ်၊ ပြင်ပဈေးကွက်မှာ လေးဆယ်ကျော်အထိပေါက်ခဲ့တယ်။
အဲဒီ ဆယ်လ်လူလာကိုရော ဂျီအက်စ်အမ်ဖုန်းကိုပါ လွယ်လွယ်ကူကူရောင်းပေးခဲ့တာ
၂၀၀၈၊ ၂၀၀၉ လောက်ကျတော့ တမျိုးပြောင်းပြီး လှီးလာတယ်။ ဖုန်းဈေးကွက်ကိုထိန်းချုပ်
ဟုတ်ကဲ့ လာပါပြီ။ ၂၀၁၀ သမ္မတကြီးလက်ထက် မှာတော့ ၀၇၃ နဲ့စတဲ့ စီဒီအမ်အေဖုန်းတွေကို ရပ်ကွက်ရုံးတွေကမှတဆင့် လျှောက်ထားပြီးရောင်းချပေးပ
အဲ...အဲဒီ စီဒီအမ်အေဖုန်းတွေကလဲ ထူးခြားချက်လေးနဲ့ဗျ။ ကိုယ့်နေထိုင်ရာ မြို့နယ်ကနေပဲ ခေါ်လို့ရတယ်၊ မြို့နယ်ကျော်သွားရင် ခေါ်လို့မရတော့ဘူး။ အဲဒါကိုလဲ ဆက်သွယ်ရေးလိုအပ်ချက်အရ အလုအယက်ဝယ်ကြရတာပါပဲ။
နောက်ပိုင်းကျတော့ မြို့နယ်ကျော်ခေါ်ခွင့်ကို ဖွင့်ပေးခဲ့ပေမယ့် တစ်မိနစ်ကို ခြောက်ဆယ်လို့ သတ်မှတ်ထားလိုက်တယ်။
စီဒီအမ်အေနဲ့ ယူလို့လဲဝသွားရော wcdmaတွေကို နှစ်သိန်းခွဲနဲ့ ထုတ်ရောင်းပြန်ပါလေရော။
အစိုးရထုတ်ဖုန်းကတ်တွေ ဈေးမြင့်လွန်းလို့ ရွှေပြည်တံခွန်က တစ်ကတ်ငါးထောင်နဲ့ ရောင်းပေးပါ့မယ်ဆိုတာကိုတော
နောက်ဆုံး ကဲ့ယူ၊ သဲ့ယူ၊ ခြစ်ယူသွားလို့ အားရတဲ့အချိန်၊ ဒီမိုကရေစီအစိုးရလို့ မျက်နှာပန်းလှအောင် ဈေးကွက်ဖွင့်ပေးလိုက်ရတဲ့အ
ပြောချင်တာကတော့ စေတနာကောင်းလွန်းလို့ ၁၅၀၀ နဲ့ ကိုင်နေရတာလား၊ ယူလို့ဝ လှီးလို့ဝသွားလို့ ၁၅၀၀ နဲ့ ကိုင်နေရတာလား အသိသာကြီိးပါ။ အဆီမြိုလို့လဲဝ ၊ အသားစားလို့လဲ အင့်သွားမှ ရော့ကွာလို့ အရိုးအရင်းလေးချပေးလိုက်တာက
ကိုသက်ငြိမ်
.
.
Khant Naing
=================
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။