ကမ္ဘာသိတော့မယ့် မြန်မာ
==============
ကျဉ်းလိုက်တဲ့ ကမ္ဘာ..
အောင်မြင်မှုတွေခြေဆန့်
သြဇာတွေ လမ်းလျှောက်ထွက်ဖို့
လက်ချိုးရေလို့ရတဲ့ ပုဂ္ဂိုလ်တွေ
လက်ချင်းဆက်လိုက်တဲ့ အချိန်မှာ
ကမ္ဘာကြီးက ကျဉ်းသွားတယ်။
သေးလိုက်တဲ့ ကမ္ဘာ..
တုနှိုင်းမဲ့ မေတ္တာ
စာနာတဲ့ စိတ်ထားနဲ့
ကမ်းပြိုတဲ့ စေတနာရှင်တွေ
လောကအပေါ် စီးဆင်းချိန်မှာ
ကမ္ဘာကြီးက သေးသွားတယ်။
လှလိုက်တဲ့ ကမ္ဘာ...
ဖြောင့်မတ်မှုတွေ ထုံမွှန်း
ငြိမ်းချမ်းမှုတွေ ပက်ဖြန်းလို့
လူသားဆန်တဲ့ ခေါင်းဆောင်တွေ
ပြုံးပြလို့ နှုတ်ဆက်ချိန်မှာ
ကမ္ဘာကြီးက လှပသွားတယ်။
ခမ်းနားလိုက်တဲ့ ကမ္ဘာ...
လူမဆန်တဲ့ ရက်စက်ခြင်းနဲ့
အတ္တလွန် ဗိုလ်ကျမှုတွေကြား
ကိုယ်ကျိုးစွန့် လူသားကြီးတွေ
အများလူအတွက် ငဲ့ကြချိန်မှာ
ကမ္ဘာကြီးက ခမ်းနားသွားတယ်။
ကမ္ဘာကို ငုံ့ကြည့်လို့
သစ္စာစကားတွေ ကိုယ်စီဆိုလိုက်ရင်ပဲ
မှတ်သားထိုက်တဲ့ ဆောင်ပုဒ်အဖြစ်
လူသားတွေရဲ့ ရင်မှာစိုက်ထူရင်း
အစဉ်ထာဝရ
ဦးညွှတ်လောက်တဲ့ သိက္ခာတွေနဲ့
ကမ္ဘာက စံပြုရတဲ့ပုဂ္ဂိုလ်တွေ။
ထိုထို ကမ္ဘာ့မျက်နှာဖုံးတွေကြား
မြန်မာကွလို့ ခေါင်းစဉ်တပ်
အာဏာရှင် ၀ဲဂယက်မှာ
ငြိမ်းချမ်းရေးရွက်တချပ်နဲ့
ရွက်လွှင့်ရင်း ခရီးဆက်
ကမ်းမမြင်လမ်းမမြင် ခရီးကြမ်းထဲ
ကောက်ကျစ်မှုလှိုင်းတွေကြား
ဘာမထီ စိတ်ထားနဲ့
အောင်ပန်းပွေ့ချီခဲ့တဲ့ သူမ
အောင်ဆန်းစုကြည် တဲ့။
လောင်မီးတွေ ဘယ်လောက်ကျကျ
ပြန်ထတတ်တဲ့ ဖီးနစ်ငှက်လို
နှိပ်ကွပ်ခြင်း မီးတောက်တွေကြား
ရက်စက်ခြင်း မီးတောင်များကိုတော့
မေတ္တာနဲ့ ငြိမ်းသက်ရင်း
နိုးထ ရပ်တည်နိုင်တဲ့ သူ။
ခွေးတွေ ဘယ်လောက်ဟောင်ဟောင်
အရောင်မပျက်တဲ့ လမင်းလို
မနာလို သပ်လျှိုထားတဲ့ တိမ်တွေကြား
ကဲ့ရဲ့ရှုတ်ချမှုတွေကိုတော့
အပြုံးတချက်နဲ့ လွင့်စေရင်း
သာယာ ထွန်းလင်းခဲ့တဲ့ သူ။
နွံမှာ ဘယ်လောက်နှစ်နှစ်
နစ်မြုပ်မသွားတဲ့ ပတ္တမြားလို
အပုတ်ချ ဆဲဆိုမှုတွေကြား
မမှန်သတင်း လုပ်ကြံခြင်းတွေကိုတော့
သမာဓိနဲ့ တုံ့ပြန်ရင်း
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ သူ။
ပြာတွေ ဘယ်လောက်ဖုံးဖုံး
ပျက်သုဉ်းမသွားတဲ့ မီးခဲလို
ဟန်ဆောင်လှည့်ပတ်မှုတွေကြား
ဥာဏ်များတတ်တဲ့ လူ့မိစ္ဆာတွေကိုတော့
ပညာဥာဏ်နဲ့ ကြည့်ရှောင်ရင်း
ပွဲလယ်မှာ တင့်နိုင်မြဲတဲ့ သူ။
သူ..သူ...သူ
ကမ္ဘာကို ကိုင်လှုပ်မယ့် သူ..
မြန်မာရဲ့ ပြယုဂ်ဖြစ်တဲ့ သူ...
ကမ္ဘာမှာ မြန်မာလို့ သိစေခဲ့တဲ့ သူ...
မြန်မာကို ကမ္ဘာက ဦးညွတ်စေမယ့် သူ...
တဦးတည်းသော သူ...
နှစ်ယောက် မရှိတဲ့ သူ...။
သူခင်းထားတဲ့ လမ်းမထက်
မြန်မာပြည်မြေပုံကို ထမ်းရွက်လို့
ကမ္ဘာ့အဆင့်မှီတွေကြား
အရောက်သွားကြ အုံးစို့ရဲ့။
YaeTayZa@တောကဘကြီး
—==============
ကျဉ်းလိုက်တဲ့ ကမ္ဘာ..
အောင်မြင်မှုတွေခြေဆန့်
သြဇာတွေ လမ်းလျှောက်ထွက်ဖို့
လက်ချိုးရေလို့ရတဲ့ ပုဂ္ဂိုလ်တွေ
လက်ချင်းဆက်လိုက်တဲ့ အချိန်မှာ
ကမ္ဘာကြီးက ကျဉ်းသွားတယ်။
သေးလိုက်တဲ့ ကမ္ဘာ..
တုနှိုင်းမဲ့ မေတ္တာ
စာနာတဲ့ စိတ်ထားနဲ့
ကမ်းပြိုတဲ့ စေတနာရှင်တွေ
လောကအပေါ် စီးဆင်းချိန်မှာ
ကမ္ဘာကြီးက သေးသွားတယ်။
လှလိုက်တဲ့ ကမ္ဘာ...
ဖြောင့်မတ်မှုတွေ ထုံမွှန်း
ငြိမ်းချမ်းမှုတွေ ပက်ဖြန်းလို့
လူသားဆန်တဲ့ ခေါင်းဆောင်တွေ
ပြုံးပြလို့ နှုတ်ဆက်ချိန်မှာ
ကမ္ဘာကြီးက လှပသွားတယ်။
ခမ်းနားလိုက်တဲ့ ကမ္ဘာ...
လူမဆန်တဲ့ ရက်စက်ခြင်းနဲ့
အတ္တလွန် ဗိုလ်ကျမှုတွေကြား
ကိုယ်ကျိုးစွန့် လူသားကြီးတွေ
အများလူအတွက် ငဲ့ကြချိန်မှာ
ကမ္ဘာကြီးက ခမ်းနားသွားတယ်။
ကမ္ဘာကို ငုံ့ကြည့်လို့
သစ္စာစကားတွေ ကိုယ်စီဆိုလိုက်ရင်ပဲ
မှတ်သားထိုက်တဲ့ ဆောင်ပုဒ်အဖြစ်
လူသားတွေရဲ့ ရင်မှာစိုက်ထူရင်း
အစဉ်ထာဝရ
ဦးညွှတ်လောက်တဲ့ သိက္ခာတွေနဲ့
ကမ္ဘာက စံပြုရတဲ့ပုဂ္ဂိုလ်တွေ။
ထိုထို ကမ္ဘာ့မျက်နှာဖုံးတွေကြား
မြန်မာကွလို့ ခေါင်းစဉ်တပ်
အာဏာရှင် ၀ဲဂယက်မှာ
ငြိမ်းချမ်းရေးရွက်တချပ်နဲ့
ရွက်လွှင့်ရင်း ခရီးဆက်
ကမ်းမမြင်လမ်းမမြင် ခရီးကြမ်းထဲ
ကောက်ကျစ်မှုလှိုင်းတွေကြား
ဘာမထီ စိတ်ထားနဲ့
အောင်ပန်းပွေ့ချီခဲ့တဲ့ သူမ
အောင်ဆန်းစုကြည် တဲ့။
လောင်မီးတွေ ဘယ်လောက်ကျကျ
ပြန်ထတတ်တဲ့ ဖီးနစ်ငှက်လို
နှိပ်ကွပ်ခြင်း မီးတောက်တွေကြား
ရက်စက်ခြင်း မီးတောင်များကိုတော့
မေတ္တာနဲ့ ငြိမ်းသက်ရင်း
နိုးထ ရပ်တည်နိုင်တဲ့ သူ။
ခွေးတွေ ဘယ်လောက်ဟောင်ဟောင်
အရောင်မပျက်တဲ့ လမင်းလို
မနာလို သပ်လျှိုထားတဲ့ တိမ်တွေကြား
ကဲ့ရဲ့ရှုတ်ချမှုတွေကိုတော့
အပြုံးတချက်နဲ့ လွင့်စေရင်း
သာယာ ထွန်းလင်းခဲ့တဲ့ သူ။
နွံမှာ ဘယ်လောက်နှစ်နှစ်
နစ်မြုပ်မသွားတဲ့ ပတ္တမြားလို
အပုတ်ချ ဆဲဆိုမှုတွေကြား
မမှန်သတင်း လုပ်ကြံခြင်းတွေကိုတော့
သမာဓိနဲ့ တုံ့ပြန်ရင်း
ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ သူ။
ပြာတွေ ဘယ်လောက်ဖုံးဖုံး
ပျက်သုဉ်းမသွားတဲ့ မီးခဲလို
ဟန်ဆောင်လှည့်ပတ်မှုတွေကြား
ဥာဏ်များတတ်တဲ့ လူ့မိစ္ဆာတွေကိုတော့
ပညာဥာဏ်နဲ့ ကြည့်ရှောင်ရင်း
ပွဲလယ်မှာ တင့်နိုင်မြဲတဲ့ သူ။
သူ..သူ...သူ
ကမ္ဘာကို ကိုင်လှုပ်မယ့် သူ..
မြန်မာရဲ့ ပြယုဂ်ဖြစ်တဲ့ သူ...
ကမ္ဘာမှာ မြန်မာလို့ သိစေခဲ့တဲ့ သူ...
မြန်မာကို ကမ္ဘာက ဦးညွတ်စေမယ့် သူ...
တဦးတည်းသော သူ...
နှစ်ယောက် မရှိတဲ့ သူ...။
သူခင်းထားတဲ့ လမ်းမထက်
မြန်မာပြည်မြေပုံကို ထမ်းရွက်လို့
ကမ္ဘာ့အဆင့်မှီတွေကြား
အရောက်သွားကြ အုံးစို့ရဲ့။
YaeTayZa@တောကဘကြီး
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။