အချစ်သီချင်းတွေနည်းသွားမယ့်  ဆုန်သင်းပါရ်ရဲ့ စီးရီးသစ်
အဆိုပညာကို သေသပ်ပိုင်နိုင်တဲ့ အမျိုးသမီးအဆိုရှင်တွေထဲက တစ်ဦး ဖြစ်တဲ့ ဆုန်သင်းပါရ်က သူ့ရဲ့နောက်ထပ်တစ်ကိုယ်တော်
စီးရီးသစ်ကို ပြင်ဆင်နေပြီလို့ သိရပါ တယ်။ ဒီစီးရီးသစ်ကတော့ ကော်ပီ
သီချင်းများဖြစ်ပြီး သိပ်ကြားလေ့ကြားထမရှိတဲ့ သီချင်းမျိုးတွေ
ကိုပြန်ဆိုထားတယ်လို့သိရပါတ ယ်။
“သီချင်းက ၁၃ ပုဒ်ပါမယ်။ ၁၂ ပုဒ်ကတော့ ကော်ပီတွေပေါ့။ တစ်ပုဒ် ကတော့ ကိုယ့်ချင်းတောင်နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ပါ မယ်။ ဒီတစ်ခေါက်ကတော့ ကော်ပီတွေများတာပေါ့။ ပြီးတော့ ဒီအခွေမှာ ဆုန်သင်းအနေနဲ့ ဆိုတဲ့ စတိုင်တွေက အစ သေချာလေးပြင်ဆင်ထားပါတယ်။ ဒီအခွေမှာ သေချာတာကတော့ အချစ်သီချင်း ပါမှာမဟုတ်ဘူး။ တေးရေး တွေကို အပ်တဲ့အခါ သူတို့က ဆုန်သင်းကိုပဲ ကြည့်သလား၊ အသက်အရွယ်ပဲ ကြည့်သလားမသိပါဘူး (ရယ်လျက်) အချစ်သီချင်း တစ်ပုဒ်မှမပါဘူး။ ဘဝ ဒဿနအကြောင်းလေးတွေ၊ ပြီးတော့ အချစ်အကြောင်းဆိုရင် တောင် တအားနုရွတဲ့ပုံစံမျိုးတွေ သိပ်မပါဘူး” လို့ ဆုန်သင်းပါရ်က ပြောပြပါတယ်။ ဆုန်သင်းပါရ် အနေနဲ့ ၂ဝဝဝ ခုနှစ်ကျော်ကာလတွေက ဂီတလောကအတွင်း မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လှုပ်ရှား ခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်ကျော်ကာလ များမှာတော့ ဆုန်သင်းပါရ်ရဲ့ အနု ပညာလှုပ်ရှားမှုတွေ နှေးလာသလို မြင်မိတာကြောင့် ဒီအပေါ် မှာ မေး ကြည့်တော့..
“အဓိကတော့ ဆုန်သင်းအနေနဲ့ ကိုယ် အာရုံလာတဲ့အပေါ်မှာပဲ ဆိုဖြစ်တာများတော့ တယ်။ အရင်ကလို အလုပ်ကို လုပ်နေရမှဖြစ် မယ်ဆိုတဲ့ ဒီအပေါ်မှာ နံပါတ်တစ်တော့ မဖြစ်တော့ဘူး။ ကိုယ့်မှာ မိသားစုရှိတယ်။ ကလေးလည်းရှိလာပြီဖြစ်တော့ အိမ်ထောင် ရှင်မ တာဝန်လည်း ထမ်းဆောင်နေတဲ့ အခါ အရင်လို အားသွန်ခွန်စိုက် လုပ်ဖို့တအားတော့ မလွယ်လှ ဘူး။ဒါပေမဲ့ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် အခွေ လေးတွေထုတ်မယ်။ ပွဲလေး တွေလုပ် ဖြစ်မလား၊ ကိုယ်ဆို ချင်တဲ့ပွဲလေးတွေဆိုဖြစ်တာ မျိုး ဒီလိုပဲ ကိုယ်ဝါသနာပါ တဲ့လမ်းကြောင်းမှာ ဆက် လျှောက် သွားမယ်။ ပရိသတ်နဲ့ အဆက်မပြတ်အောင်ပေါ့။ အခု ခေတ်လူငယ်တွေနဲ့ အပြိုင်ပေါ့။ သူတို့နဲ့တွဲပြီး Featuring အနေ နဲ့ဆိုဖို့တို့ဘာတို့အဲဒီလိုတော့
စိတ်ကူးမရှိဘူး။ ဆုန်သင်းကြိုက် တဲ့လိုင်းပေါ်မှာပဲ ဆက်သွားမယ်။ ဒီအပေါ်မှာ
အားပေး တဲ့ ပရိသတ် တွေနဲ့အတူရှိနေမှာပါ” လို့ ဆုန်သင်းပါရ်က ပြောပါတယ်။
ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း
Popular
အဆိုပညာကို သေသပ်ပိုင်နိုင်တဲ့ အမျိုးသမီးအဆိုရှင်တွေထဲက တစ်ဦး ဖြစ်တဲ့ ဆုန်သင်းပါရ်က သူ့ရဲ့နောက်ထပ်တစ်ကိုယ်တော်
“သီချင်းက ၁၃ ပုဒ်ပါမယ်။ ၁၂ ပုဒ်ကတော့ ကော်ပီတွေပေါ့။ တစ်ပုဒ် ကတော့ ကိုယ့်ချင်းတောင်နဲ့ ပတ်သက်တဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ပါ မယ်။ ဒီတစ်ခေါက်ကတော့ ကော်ပီတွေများတာပေါ့။ ပြီးတော့ ဒီအခွေမှာ ဆုန်သင်းအနေနဲ့ ဆိုတဲ့ စတိုင်တွေက အစ သေချာလေးပြင်ဆင်ထားပါတယ်။ ဒီအခွေမှာ သေချာတာကတော့ အချစ်သီချင်း ပါမှာမဟုတ်ဘူး။ တေးရေး တွေကို အပ်တဲ့အခါ သူတို့က ဆုန်သင်းကိုပဲ ကြည့်သလား၊ အသက်အရွယ်ပဲ ကြည့်သလားမသိပါဘူး (ရယ်လျက်) အချစ်သီချင်း တစ်ပုဒ်မှမပါဘူး။ ဘဝ ဒဿနအကြောင်းလေးတွေ၊ ပြီးတော့ အချစ်အကြောင်းဆိုရင် တောင် တအားနုရွတဲ့ပုံစံမျိုးတွေ သိပ်မပါဘူး” လို့ ဆုန်သင်းပါရ်က ပြောပြပါတယ်။ ဆုန်သင်းပါရ် အနေနဲ့ ၂ဝဝဝ ခုနှစ်ကျော်ကာလတွေက ဂီတလောကအတွင်း မှာ အရှိန်အဟုန်ပြင်းပြင်းနဲ့ လှုပ်ရှား ခဲ့ပေမယ့် ၂ဝ၁ဝ ခုနှစ်ကျော်ကာလ များမှာတော့ ဆုန်သင်းပါရ်ရဲ့ အနု ပညာလှုပ်ရှားမှုတွေ နှေးလာသလို မြင်မိတာကြောင့် ဒီအပေါ် မှာ မေး ကြည့်တော့..
“အဓိကတော့ ဆုန်သင်းအနေနဲ့ ကိုယ် အာရုံလာတဲ့အပေါ်မှာပဲ ဆိုဖြစ်တာများတော့ တယ်။ အရင်ကလို အလုပ်ကို လုပ်နေရမှဖြစ် မယ်ဆိုတဲ့ ဒီအပေါ်မှာ နံပါတ်တစ်တော့ မဖြစ်တော့ဘူး။ ကိုယ့်မှာ မိသားစုရှိတယ်။ ကလေးလည်းရှိလာပြီဖြစ်တော့ အိမ်ထောင် ရှင်မ တာဝန်လည်း ထမ်းဆောင်နေတဲ့ အခါ အရင်လို အားသွန်ခွန်စိုက် လုပ်ဖို့တအားတော့ မလွယ်လှ ဘူး။ဒါပေမဲ့ပရိသတ်နဲ့ အဆက်အသွယ် မပြတ်အောင် အခွေ လေးတွေထုတ်မယ်။ ပွဲလေး တွေလုပ် ဖြစ်မလား၊ ကိုယ်ဆို ချင်တဲ့ပွဲလေးတွေဆိုဖြစ်တာ မျိုး ဒီလိုပဲ ကိုယ်ဝါသနာပါ တဲ့လမ်းကြောင်းမှာ ဆက် လျှောက် သွားမယ်။ ပရိသတ်နဲ့ အဆက်မပြတ်အောင်ပေါ့။ အခု ခေတ်လူငယ်တွေနဲ့ အပြိုင်ပေါ့။ သူတို့နဲ့တွဲပြီး Featuring အနေ နဲ့ဆိုဖို့တို့ဘာတို့အဲဒီလိ
ရဲရဲ
ဓာတ်ပုံ-အောင်ဇော်မင်း
Popular
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။