Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Thursday, February 25, 2016

ဒါလား နိုင်ငံတော်သမ္မတ

 
ဒါလား နိုင်ငံတော်သမ္မတ

Wed, 24 Feb 2016

(တစ်)

ဥရုဂွေး (Uruguay) ဆိုသည့် နိုင်ငံကလေးကို အစက ကျွန်တော်စိတ်မဝင်စားလှပါ။ တခြားတခြားသော မြန်မာနိုင်ငံသားတို့သည်လည်း ကျွန်တော့်နည်းတူပဲဖြစ်ကြလိမ့်မည်ဟု ထင်ပါသည်။ ကျွန်တော်တို့၏ အာရုံကျက်စားရာနိုင်ငံများက အမေရိကန်၊ ဂျပန်၊ ယူကေ၊ သြစတြေးလျ၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ၊ ပြင်သစ်၊ အီတလီ၊ ဂျာမနီ၊ ကိုရီးယား စသည်...စသည်။ ဥရုဂွေးဆိုသည့် နိုင်ငံကလေး၏အမည်ကို ကမ္ဘာ့ဖလားဘောလုံးပွဲများ ကျင်းပစဉ်ရက်များအတွင်း၌ ပွဲစဉ်ဇယားထဲတွင် ခဏခဏတွေ့ခဲ့ရပြီးနောက် ကျွန်တော်တို့၏ အာရုံထဲကနေ ပြန်လည်၍ ပျောက်ကွယ်သွားတတ်မြဲဖြစ်ပါသည်။

အခုဥရုဂွေးကို ကျွန်တော်စိတ်ဝင်စားသွားမိသည်က ဆရာကိုတာကြောင့်ဖြစ်ပါသည်။ ဆရာကိုတာက သူ့ဇာတိမုံရွေးသို့ ရောက်ရောက်ချင်း မနက်မိုးလင်းလုလုမှာပင် ရော့...ခင်ဗျားဖို့ဟုဆိုကာ စာအုပ်ကလေးနှစ်အုပ်လက်ဆောင်နှင်းလေရာ တစ်အုပ်က ‘‘ခေတ်နှင့်ဆီလျော်လာသော ဝေါဟာရများ’’ စာအုပ်ဖြစ်ပါသည်။ ထိုစာအုပ်၏ နောက်ဆုံးစာမူက ‘‘ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး’’ ဖြစ်ပါသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ ‘‘အညာမင်္ဂလာဆောင်’’ လေးချိုးကြီးထဲ၌ ပါဝင်သည့် အလုံ၊ မုံရွေး၊ ကြေးမုံ၊ ချောင်းဦးနယ်တစ်လွှား၌ ကြောင်လျှာတို့ပွင့် ကြဆဲ၊ မိုးနှံတို့ ဖူးကြဆဲ၊ တမာရွက်တို့ တဖြုတ်ဖြုတ်ကြွေကြဆဲ၊ မြူအိုးထဲ၌ ထန်းရည်တို့ အမြှုပ်တစီစီထကြဆဲ ရက်များအတွင်း၌ အညာရောက် ကျွန်တော်က ဆရာကိုတာ၏ သည်ဆောင်းပါးကိုဖတ်ကာ ဆရာမဂျူးပါ ပါဝင်လျက် ဥရုဂွေးစကားဝိုင်းဖွဲ့ဖြစ်ပါသည်။

နောက်တော့ ကျွန်တော့်ထုံးစံ အင်တာနက်ကို ဖွင့်မိပါသည်။ ဤတွင် ဆရာကိုတာနှင့် အင်တာနက် ပေါင်းစပ်လျက် ကိုယ်ခံစားရသည့် ကလေးများကို ဝေငှလိုစိတ်ဖြစ်ပေါ်လာခြင်းဖြစ်ပါသည်။

(နှစ်)

BBC NEWS Magazine က The World’s Poorest President ဟုဆိုထားရာ ဆရာကိုတာက သည်ခေါင်းစဉ်ကလေးကို သုံးထားပုံရပါသည်။ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတတဲ့။ ဥရုဂွေးသမ္မတ။

ဥရုဂွေးက တောင်အမေရိကနိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လေးပုံတစ်ပုံပဲ ကျယ်ဝန်းပါသည်။ ဘရာဇီး၏ ဧရာမလက်မကြီးနှင့် အာဂျင်တီးနား၏ ရှည်လျားသည့် လက်ညှိုးကြားတွင်ရှိသော နိုင်ငံတဲ့။ နိုင်ငံ့ဆောင်ပုဒ်က Freedom or Death ။ လွတ်လပ်မှုနဲ့ သေခြင်းတရားကြိုက်ရာရွေးဆိုလား။ ကျွန်တော်စွဲငြိသွားပါသည်။

အဆင်းရဲဆုံးသမ္မတက ဟိုဆေးမူဇီကာ (Jose Mujica) ကို ရည်ညွှန်းခြင်းဖြစ်ပါသည်။ သူက အယောက် ၄၀ မြောက်သမ္မတ။ ၂၀၁၀ မတ်လ ၁ ရက်၌ သမ္မတ တာဝန်စတင်ထမ်းဆောင်ကာ ၂၀၁၅ မတ်လ ၁ ရက်၌ သမ္မတအဖြစ်မှ နုတ်ထွက်သူ။ အတိအကျ။ တစ်ရက်မစွန်း။

သမ္မတကြီး မူဇီကာကို မွေးသည်က မြို့တော်မွန်တီဗီဒီယို (Montevideo) ဖြစ်သော်လည်း သူ့ဖခင်က ဆင်းရဲသော လယ်သမားဖြစ်ပါသည်။ ဆင်းရဲသည်မှ လူမွဲခံသည်အထိပင် အဆင်မပြေသော လယ်သမားတစ်ဦးဖြစ်ပါ၏။ သူ့ကိုမွေးသည် ၁၉၃၅ မေလ ၂၀ ရက်။ ထို့ကြောင့် ယခုအခါ သူ့အသက်က (၈၁) နှစ်ရှိခဲ့ပါပြီ။

ဥရုဂွေးသည်လည်း စစ်အာဏာရှင်လက်အောက်သို့ ကျရောက်ခဲ့ဖူးသည့် နိုင်ငံဖြစ်ပါသည်။ ၁၉၇၀ အလွန်နှစ်ကာလများမှသည် ၁၉၈၀ အလွန်နှစ်ကာလများအတွင်း ဆယ့်သုံးနှစ်တာကာလ၌ မူဇီကာက အကျဉ်းထောင်ထဲသို့ မကြာခဏဝင်ခဲ့ရသည့် နိုင်ငံရေး သမားတစ်ယောက်ပင် ဖြစ်ပါသည်။

သူတို့အဖွဲ့က မတရားမှုကို ပယ်ဖျောက်လိုသောအဖွဲ့၊ နိုင်ငံကို အသစ်ပြန်လုပ်လိုသောအဖွဲ့။ အဖွဲ့အမည်က တူပါမာရော့စ် (Tupmaros)။ သည့်အတွက် သူထောင်ဆယ့်လေးနှစ်ကျခဲ့ဖူးသည်ဟု ဆိုပါသည်။ သူ့ကိုယ်ပေါ်မှာ ကျည်ဆန်ရာခြောက်ခုရှိသည်ဟု ဆိုပါသည်။

ဥရုဂွေး၌ စစ်အာဏာရှင် ဇာတ်သိမ်းကာ ခေတ်သစ်ကိုပြောင်းပြီးသည့်အခါ သူက Livestock, Agriculture and Fisheries ဝန်ကြီး။ ခြံမွေးတိရစ္ဆာန်သား ငါးနှင့် လယ်ယာဝန်ကြီးဟု ဆိုကြပါစို့။ နောင်အခါတွင်မှ သမ္မတ။

(သုံး)

သူ့ဇနီးသည်က လူစီယာ (Lucia) ဖြစ်ပါသည်။ မြို့တော် မွန်တီဗီဒီယို၏ ဆင်ခြေဖုံးတွင်သူ တို့ပိုင်သည့် လယ်တောအိမ်ကလေးရှိပါသည်။ သမ္မတကြီးမူဇီကာက ထိုအိမ်ကလေးမှာပဲနေပါသည်။ အထူးသဖြင့် အလွန်အေးသည့် ဆောင်းရက်များတွင် သမ္မတအိမ်တော်ထဲ၌ အိမ်ခြေ ယာခြေမရှိသည့်သူများကို နေခွင့်ပေးသည်ဟုဆိုရာ ကျွန်တော်အံ့သြသွားပါသည်။

သူ့တွင် ကားခပ်ညံ့ညံ့ကလေး နှစ်စီးနှင့် လယ်မြေကလေးနည်းနည်းသာရှိပြီး သူ့လစာ၏ ၉၀ ရာခိုင်နှုန်းကို ဆင်းရဲသားများအတွက် ပေးလှူပစ်သည်ဟု ဆိုပါသည်။ သမ္မတကြီး မူဇီကာ၏လစာက ဒေါ်လာ ၁၂,၀၀၀ ဖြစ်ရာမြန်မာငွေသိန်း ၁၂၀ ဟုပဲ လွယ်လွယ်ဆိုလိုက်ကြပါစို့ရဲ့။ သမ္မတကြီးက ၁၂ သိန်းသာယူ၍ ၁၀၈ သိန်းကို ပေးလှူပစ်သည့်သဘော။

ကျွန်တော် တောင်ဖတ်မြောက်ဖတ် ဖတ်ရင်းက အံ့အားသင့်နေမိပါသည်။

ဆွေးမြည့်စရာ အကောင်းဆုံးကတော့ သမ္မတရာထူးက နုတ်ထွက်ချိန်ပဲဖြစ်ပါသည်။ လယ်တောရှိရာဆီသို့ ပြန်သွားပါလေပြီတဲ့။ ထိုနေရာ၌ သူ့ခွေးကလေးလည်းရှိနေပါသည်။ Three Legged Dog တဲ့။ သြော်...ခြေ ထောက်တစ်ချောင်းမရှိရှာတဲ့ ခွေးကလေး။ နာမည်က မာနူလာ (Manuela) တဲ့။

ထို့ကြောင့် သမ္မတကြီး မူဇီကာကို သုံးသပ်ကြရာ The World’s Humblest President ဟု ပါဝင်ပါသည်။ ကမ္ဘာ့နိဝါတ အရှိဆုံးသမ္မတတဲ့။ ကိုယ့်ကိုယ်ကိုယ် အနှိမ့်ချဆုံးသမ္မတ။ ငါဟာ ဘာမှမဟုတ်ဘူး သမ္မတ။

တစ်နေရာ၌မူ The Last Hero of Politics ဟုတွေ့ရပါသည်။ နိုင်ငံရေး၏ နောက်ဆုံးသူရဲကောင်းတဲ့။

မူဇီကာ သမ္မတအဖြစ်က နုတ်ထွက်အနားယူသော ၂၀၁၅ မတ်လ ၁ ရက်တွင် ဘီဘီစီသတင်းသမား Wyre Davies က ဘရာဇီး၊ အာဂျင်တီးနားစသော အိမ်နားနီးချင်းနိုင်ငံကြီးများ၏ အိပ်မက်ဖြစ်သည့် စီးပွားရေးဖွံ့ဖြိုးမှုနှင့် လူမှုဘဝတည်ငြိမ်ရေးကို မျှမျှတတ ထားရစ်ခဲ့နိုင်သူတဲ့။

သြော်...လာခြင်းကောင်းစွာမှာ ပြန်ခြင်းကောင်းကောင်းပါ ထပ်ပေါင်းလိုက်တဲ့ သမ္မတ။ ဒါလားနိုင်ငံတော်သမ္မတ။ ဒါလား နိုင်ငံ့ခေါင်းဆောင်။ ဒါလား နိုင်ငံတော်အကြီးအကဲ။ နံရံတွင် ချိတ်ထားသည့် ကမ္ဘာ့မြေပုံပေါ်ရှိ ဥရုဂွေးနိုင်ငံကလေးကိုကြည့်ကာ ရင်ထဲမှာ ဘာကိုဆာလောင်မွတ်သိပ်နေမိမှန်း မသိပါလေတော့။

မောင်သာချို
Credit: 7Day News

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။