Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Sunday, August 31, 2014

ချစ်ခြင်းရဲ့မှန်ဘောင်

ချစ်ခြင်းရဲ့မှန်ဘောင်
______________

လက်ထပ်ပြီးရက်ပေါင်း ၂၅၅၅ရက်….
သူနဲ့ကျွန်တော်ရဲ့ ဆက်ဆံရေးက လုံးဝကွဲအက်သွားခဲ့တယ်။
ဘောင်ခတ်ထားတဲ့စည်းရိုးတစ်ခုကို ကျော်ဖြတ်ခဲ့တဲ့ ယောက်ျားမိန်းမတွေလည်း လက်ရှိသူ့ပုံစံအတိုင်းဖြစ်မယ်လို့ တံခါးဝက လှမ်းထွက်သွားတဲ့သူ့ကိုကြည့်ပြီး ကျွန်တော်စဉ်းစားမိတယ်။ ကျွန်တော့်ကို နောက်ထပ်တစ်ချက် စောင်းငဲ့လို့ သူမကြည့်ချင်ခဲ့တော့ဘူး။

နောက်တစ်နေ့မှာ သူ့ပစ္စည်းတွေကို သူကိုယ်တိုင်လာသိမ်းခဲ့တယ်။ ပစ္စည်းတွေသိမ်းဆည်းပြီး အခန်းထဲ ဟိုဟိုသည်သည် သူလှည့်ပတ်ကြည့်
နေတယ်။ ရုတ်တရက် သစ်သီးခြင်းထဲက အနီဆုံးပန်းသီး ၃,၄လုံးကို နှိုက်ပြီး အိတ်ထဲသူထည့်လိုက်တယ်။ အဲဒီပန်းသီးတွေကို လွန်ခဲ့တဲ့ရက်တွေက သူဝယ်ခဲ့တာဖြစ်တယ်။

ကျွန်တော်ခပ်ယဲ့ယဲ့တစ်ချက် ပြုံးလိုက်မိပါတယ်။

အိမ်ထောင်ရေးဆိုတာက တကယ်ပဲ ရယ်စရာကောင်းတဲ့ အရာတစ်ခုလား၊

အတူနေစဉ်မှာ သူ့အတွက် ရင်ကိုခွဲပြီး အသည်းနှလုံးကိုတောင် ထုတ်ပေးချင်ခဲ့တယ်။ ကွဲကြ၊ လမ်းခွဲကြတော့ ပန်းသီးတောင် အလွတ်မပေးဘဲ ချန်မထားချင်ခဲ့တော့ဘူး။ ပစ္စည်းတွေကုန်သလောက် သိမ်းပြီးတာတောင် အိမ်အနှံ့ သူလှည့်ပတ်ကြည့်နေခဲ့သေးတယ်

ရုတ်တရက် သူ့အကြည့်တွေနံရံတစ်နေရာမှာ ရပ်သွားခဲ့တယ်။ အဲဒီနေရာက မှန်ဘောင်သွင်းပြီးချိတ်ဆွဲထားတဲ့ လက်မ၄ဝရှိတဲ့ မင်္ဂလာဆောင်ဓာတ်ပုံဆိုတာ ကျွန်တော်သိလိုက်တယ်။ အဲဒီဓာတ်ပုံကို သူယူသွားမယ်လို့ ကျွန်တော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဓာတ်ပုံကိုပုံကြီးချဲ့မယ်ဆိုတုန်းက ကုန်ကျငွေကို ကျွန်တော်မပေးချင်ခဲ့ဘူး။ ဒါကိုသူက “တစ်သက်မှ တစ်ခါပဲ။ ကပ်စီးနည်းမနေပါနဲ့။ ငါတို့တစ်ယောက်တဝက် ထုတ်ပြီးလုပ်ကြရအောင်” လို့ ပြောခဲ့တယ်။

ထိုင်ရာကထပြီး ဓာတ်ပုံကိုကျွန်တော်ဖြုတ်ယူလိုက်တယ်။ ဘောင်အနားမှာ တပ်ထားတဲ့သံတွေကို လှည့်ယူဖို့ပြင်လိုက်တယ်။ ကျွန်တော်လည်း ကုန်ကျငွေတဝက်ထုတ်ထားတဲ့အတွက် ကျွန်တော်လည်းတဝက်ပိုင်ပါတယ်။ သူလိုချင်ရင်တော့ တဝက်ပဲရမယ်။

ဒါပေမယ့် ဘောင်ပေါ်က သံ(၁၂)ချောင်းလုံး သံချေးတက်နေခဲ့လို့ ဘယ်လိုမှ လှည့်ထုတ်လို့မရခဲ့ဘူး။ ကျွန်တော်လွှထယူတော့ သူက ခပ်တိုးတိုးဆိုတယ်။

“ဖြုတ်မရလည်း ထားလိုက်ပါ… နင်ပဲသိမ်းထားလိုက်တော့”

သူ့အပြောကို ကျွန်တော်တစ်ချက်မဲ့လိုက်ပြီး “ဟင်း… မလိုပါဘူး။ နင်ပဲယူသွားလိုက်”

ခေါင်းမာမာနဲ့ ဓာတ်ပုံကို သူ့ကားနောက်ခန်းထဲ ကျွန်တော်ထိုးထည့်ပေးလိုက်တယ်။ စိတ်ထဲမှာ အားရကျေနပ်လို့… ဒါပေမယ့် အိမ်ထဲပြန်ဝင်ခဲ့ပြီး ဓာတ်ပုံမဲ့နေတဲ့နံရံအဖြူကွက်ကို တွေ့လိုက်တဲ့တခဏ အမည်မသိဝေဒနာတစ်ခုက ကျွန်တော့်ရင်ထဲ တိုးဝင်လာခဲ့တယ်။

အဲဒီနောက်ပိုင်း နေ့လယ်ရုံးတက်၊ ညနေ ဘားတက်နဲ့ နေ့ရက်တွေကို ကျွန်တော် ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့တယ်။ ဒါပေမယ့် အိမ်ပြန်ရောက်တိုင်း နံရံပေါ်ကအဖြူကွက်ဆီကိုပဲ အကြည့်ရောက်သွားတတ်တယ်။ အဲဒီအခါ နာကျင်မှုတွေက ရင်ဝမှာ လာဆို့နေတော့တယ်။

ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့မှာ အဖော်သူငယ်ချင်းတွေက စုံတွဲကိုယ်စီနဲ့ ထွက်လည်ကြပြီး ကျွန်တော့်ကိုချန်ထားခဲ့ကြတယ်။ အဖော်မဲ့တဲ့ကျွန်တော် အိမ်ကိုပဲ ပြန်လာခဲ့တယ်။ အိမ်ရောက်တာနဲ့ ကွန်ပျူတာကို ကျွန်တော်ဖွင့်လိုက်တယ်။ ဟုမ်ပေ့ခ်ျမှာ သူ့ဘလော့ထွက်ကျလာပါတယ်။

ဒီဘလော့က သူ(၃ဝ)ပြည့်မွေးနေ့မှာ ကျွန်တော်ကိုယ်တိုင်လုပ်ပေးလိုက်တဲ့ လက်ဆောင်ဘလော့ဖြစ်တယ်။ လွမ်းဆွတ်မှုတစ်မျိုးကြောင့်သူ့နေ့စဉ်မှတ်တမ်းကို ကျွန်တော် ဖွင့်ကြည့်လိုက်မိပါတယ်။ သူနောက်ဆုံးရေးခဲ့တဲ့စာက ကျွန်တော်နဲ့သူ လမ်းခွဲတဲ့နေ့ကဖြစ်တယ်။

“သူရုံးဆင်းချိန် သူကြိုက်တတ်တဲ့ အစားအစာတွေချက်ပြုတ်ပြီး ဝိုင်တစ်ပုလင်းနဲ့ ကျွန်မစောင့်နေခဲ့တယ်။ ဒါပေမယ့် အဲဒီညက သူပြန်အလာကိုစောင့်ရင်း စားပွဲခုံပေါ်မှောက်ရက် ကျွန်မအိပ်ပျော်သွားခဲ့တယ်”

“နံရံပေါ်က ဓာတ်ပုံကို သူဖြုတ်နေချိန် သူချွေးဇောတွေပြန်နေခဲ့တယ်။ သံတွေက သံချေးတက်နေပေမယ့် မှန်ဘောင်ကို ပိုမြဲအောင်တွယ်ထားသေးတယ်။ တကယ်လို့ အချစ်မှာလည်း ဒီအတိုင်းဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ…….”

ရင်ဝထဲက တစ်စုံတစ်ခုကွဲအက်သွားသံကိုကျွန်တော်ကြားလိုက်မိတယ်။ ကွန်ပျူတာစခရင်ကိုပဲ ကျွန်တော်ငေးမောကြည့်နေခဲ့တယ်။ လက်ဖမိုးပေါ်အေးစက်တဲ့ မျက်ရည်တစ်စက်ထိတွေ့မိမှ ကျွန်တော်သတိဝင်လာခဲ့တယ်။ ကျွန်တော့်မျက်လုံးအိမ်မှာ မျက်ရည်တွေ ပြည့်လျံနေခဲ့ပြီလေ။

သူ့ပို့စ်အောက်မှာ ကျွန်တော်ကော်မန့်ရေးလိုက်မိပါတယ်။

“ပစ္စည်းတစ်ခု အိမ်မှာကျန်ခဲ့သေးတယ်။ လာယူပါ”

နောက်တစ်နေ့ နေအိမ်ကိုသူရောက်လာခဲ့တယ်။ မယုံသလို အပြောမျိုးနဲ့ သူမေးတယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

သူ့ကိုစေ့စေ့ကြည့်ပြီး ကျွန်တော်နှုတ်ဆိတ်နေလိုက်တယ်။ တစ်ခုခုကို သူသဘောပေါက်သွားသလိုနဲ့ ကျွန်တော်အကြည့်ကိုရှောင်ပြီး နံရံပေါ်က အဖြူကွက်ကိုပဲ ငေးကြည့်နေခဲ့တယ်။

“ငါ့ပစ္စည်း ဘာကျန်ခဲ့တာလဲ”

တိတ်ဆိတ်ခြင်းကို သူစတင်ခွဲလိုက်တယ်။ သူ့ပခုံးကိုဆွဲလှည့်ပြီး ကျွန်တော် တစ်လုံးချင်းပြောလိုက်တယ်။

“ဒီမှာ… ဒီလူက နင်ပိုင်ဆိုင်တဲ့ပစ္စည်းပဲလေ

နေရာမှာတင် သူငေးကြောင်ပြီး ရပ်နေခဲ့တယ်။ ကျွန်တော့်ဆီကလည်း
နောက်ထပ် ဘာသံမှထွက်မလာခဲ့ဘူး။ တအောင့်ကြာမှ ကြိုးပြတ်သွားတဲ့ ပုလဲလေးတွေလို့ မျက်ရည်တွေ သူ့ပါးပြင်ပေါ် လိမ့်ကျလာခဲ့တယ်။ သူ့ကို ရင်ခွင်ထဲ တင်းတင်းဆွဲပွေ့ထားလိုက်မိတယ်။ သူလည်း ကျွန်တော့်ပခုံးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လို့…. ရင်ဘတ်နှစ်ခုက အသက်ရှုလို့မရအောင် တင်းကြပ်နေခဲ့တယ်။

အချိန်ဘယ်လောက်ကြာသွားခဲ့လဲ မသိပါဘူး။ ကျွန်တော့်ကို သူညင်ညင်သာသာ တွန်းထုတ်တယ်။ ပြီးတော့ ပလတ်စတစ်နဲ့ ထုတ်ထားတဲ့ အရာတစ်ခုကို ကားနောက်ခန်းက သူထုတ်ယူလာခဲ့တယ်။ ပလတ်စတစ်ကိုခွါပြီး ဓာတ်ပုံကို နံရံပေါ်ပြန်ချိတ်ထားလိုက်တယ်။ သူ့ပခုံးကို သာသာလေးဖက်ပြီး ဓာတ်ပုံကို ကျွန်တော်တို့ရပ်ကြည့်ခဲ့ကြတယ်။

ကျွန်တော်တို့ တစ်ယောက်ခေါင်းကိုတစ်ယောက် မှီလို့….
တစ်ယောက်လက်ကို တစ်ယောက် တင်းတင်းဆုပ်ကိုင်လို့….
ဖြူဖွေးတဲ့ မင်္ဂလာဝတ်စုံဇာပုဝါအောက်မှာ သူ့အပြုံးက ပျော်ရွှင်သက်ဝင်လို့…..

တကယ်တော့ အိမ်ထောင်ရေးက ဒီမှန်ဘောင်နဲ့တူခဲ့တယ်။ သံတွေဖြုတ်လို့မရရင် တစ်သက်လုံးဖြုတ်လို့ရနိုင်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ချစ်ခြင်းကလည်း မျက်စိရှေ့က မင်္ဂလာဓာတ်ပုံလိုပါပဲ ဘဝရဲ့ အလှဆုံးအချိန်မှာဘောင်သွင်းခဲ့သလို ထာဝရစဉ် မြဲနေတော့မှာဖြစ်ပါတယ်။

------

ရေးသူအမည်မပါတဲ့ London Global Times က သတင်းစာမှာ ဖတ်မိတဲ့ စာတစ်ပုဒ်ကို ဘောင်သွင်း (ဘာသာပြန်)ပါတယ်။

နိုင်းနိုင်းစနေ (Tuesday, June 02, 2009)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။