Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 29, 2014

တိုင်းရင်းသား ပြည်သူတွေရဲ့ အဆုံးအဖြတ် ပါ


တိုင်းရင်းသား ပြည်သူတွေရဲ့ အဆုံးအဖြတ် ပါ

လူလိမ်တွေက ဟန်ဆောင် ကောင်းတယ် ။ မျက်နှာ ချိုတယ် ။ အပြံးအရယ်နဲ့ ဖုံးအုပ်ပြီး စိတ်ရှည် တယ် ။ ဒါမှ အတွင်းက သူတို့ သူတပါးပေါ် မကောင်းကြံတာ လူ မရိပ်မိတာ ပေါ့ ။
လိုချင်တာ လုပ်ချင်တာကို ကိုယ်ချင်းစားစိတ် မရှိဘဲ လုပ်တတ်တယ် ။ ရပြီးရင် တန်ဖိုးထား သယောင်နဲ့ တခြားလူက စွဲလန်းပြီး ဘယ်တော့မှ သူတို့ကို အပြစ် မမြင်အောင် ဖုံးကွယ်တယ် ။

သူ့ ဘက်ကို ရပ်တည်အောင် လူတွေကို ပေးကြွေးပြီး စည်းရုံး တတ်တယ် ။ အပြောချိုတော့ အပျိုချောတွေ အပျိုကြီးတွေက ကြိုက်ကြ စွဲလန်းတာ ပေါ့ ။ စကားကို အမျိုးမျိုး လိမ်လည် တတ်တယ် ။ အလိုက်သင့် ချော့ သဘော ကြအောင် ညာနည်းတွေ မက်လုံးတွေ ပြောကြ လုပ်တတ် ကြတယ် ။ ဒါမှ သူများက သူတို့ကို ပိုယုံကြည် လေးစား မယ် ။ သစ္စာ မရှိကြဘူး ။ ရှိုးထုတ် ဟန်ပန် ကြွားဝါးပြီး အမြဲ အထင်ကြီးအောင် လုပ်တယ် ။

မြန်မာ စကားမှာ ရှိတယ် ။ လူဖြောင့် စိတ်တို တဲ့ ။ ဖြောင့်မတ် မှန်ကန် စေတနာကောင်း လူကောင်းတွေက နေပုံ ရိုးတယ် ။ ဒါကြောင့် လူအထင် မကြီးဘူး ။ စကားကို တည်တည်တံ့တံ့ ပြောတယ် ။ နားထောင်လို့ မကောင်းဘူး ။ လူအများက သိပ်မကြိုက် ချင်ဘူး ။ စေတနာနဲ့ လုပ်စရာ ရှိတာ လုပ်ပေးပြီး ပြောစရာ ရှိရင် ပြောတယ် ။ နေတာ ထိုင်တာ တန်ဖိုး ရှိတယ် ။ မသိသူတွေက လူဂွစာ မာနကြီး သလို ဂျစ်ကန်ကန် တဇွတ်ထိုး သမားလို့ မြင်တတ်တယ် ။ သူတို့က ပုံပန် ဟန်တွေက ကြမ်းသလို ဆိုးသလို ခက်ထန်သလို ရှိပေမယ့် အသဲကြီး တယ် ။ အချစ်ကြီး တယ် ။ ဇွဲကြီး တယ် ။

ဒါပေမယ့် နူးညံ့တဲ့ အသဲ ရှိတယ် ။ ကိုယ်ချင်စားစိတ် သနား ညှာတာစိတ် ရှိတယ် ။ အနစ်နာ ခံတတ် တယ် ။ အများ အတွက် ပေးဆပ်တာ စွန့်လွှတ်တာ များလို့ အချစ်ရေး အိမ်ထောင်ရေး
ဘဝမှာ ကံမကောင်းမှုတွေ သူများထက် ပိုပြီး ရင်ဆိုင် ရတယ် ။ အသက်တို တတ်တယ် ။ အထီးကျန် တတ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ အများအတွက် ဖြစ်ဖြစ် ကောင်းရာ ကောင်းကျိုးတွေကို တစိုက်မတ်မတ် လုပ်တတ်လို့ ဘဲ ။

လူတွေက နားလည်းရ ခက်တယ် ။ အကောင်း သိပ် မမြင်ဘူး ။ ဥပမာ ဗိုလ်ချုပ် အောင်ဆန်း ၊ အိုင်စတိုင်း လောကတွင် ဘုရား ဖြစ်သူများ အမှန်တရား မြတ်နိုးသူများကိုကို ပထမ အပြစ် တင်ကြ ဖျက်ကြ တိုက်ခိုက် မုန်တီး ကြတယ် ။ အုပ်စုဖွဲ့ ဒုက္ခ ပေးတယ် ။ သတ်ဖြတ် သေစေထိ လုပ်ဆောင် ကြတယ် ။ အမျိုးမျိုး ပြသနာကို ဖန်းတီး ဝိုင်းပယ် မလိုလားအောင် လုပ်ကြတယ် ။ အချို့ သတ်လို့ သေတယ် ။ အချို့ ပေးဆပ်ပြီး အကောင်းဆုံး လုပ်ဆောင်ပြီး
ကိုယ်ကျိုး မဖက် ပြသပြီး သဘာဝ အရ သေကြတယ် ။ သူတို့တွေ လုပ်ဆောင်မှု တွေကို နောင်ကြမှ လူသားတွေ အသိ တိုးတက် အမြင် တက်လာမှ လက်ခံ ယုံကြည် ကြတယ် ။ ပိုကြာလေ တန်ဖိုး ရှိလေ ပို သတိတရ ဖြစ်ကြတယ် ။ တချို့က ဒီလို လူကောင်းတွေနဲ့ ပေါင်းဖော် ရတယ် ။ ပြန်ဆုံခွင့် ရကြတယ် ၊ ရှိ ရတယ် ၊ များသောအားဖြင့် မရ ကြပါဘူး ။ တန်ဖိုး သိမှ ၊ တန်ဖိုး ထားမှ ၊ တန်ဖိုး ရှိမှ ၊ ပိုင်ဆိုင် ရ အတူ လုပ်ကိုင် ဆောင်ရွက် ရ ၊ တာရှည် သူငယ်ချင်း ဖြစ်ခွင့် ရတာပါ ။ စိန် အရိုင်းတုံး ပတ္တမြား အရိုင်းတုံးလို အများကြီး ပြင်ဆင် ကြွားပြစရာ ကြွားမှ တန်ဖိုး ရအောင် လိုက်ရောင်းရ ပြင်ဆင် ရောနှောမှ စိတ်ဝင် စားအောင် လုပ်ရတာ မဟုတ်ပါဘူး ။

တန်ဖိုး ရှိမှန် သိသူတွေက ဖော်ထုတ် လုပ်ဆောင် ပေးကြတာ ပါ ။ ဂန္ဒီဟာ အဝတ်စားတွေ အမျိုးမျိုး မဝတ် ပါဘူး ။ မရှိ ပါဘူ ။ တိုက်တာတွေ မပိုင် ပါဘူး ။ ဓာတ်ပုံတွေ ရိုက်ပြီး နေရာတကာ ဖြန့်ပို့ သွားလာ မော်ကြွား လူ ဂုဏ်တန်းတွေနဲ့ သိအောင် ရောနှော ဂုဏ်ယူသူ မဟုတ် ပါဘူး ။ စိတ်ကောင်း နှလုံးကောင်းနဲ့ ပေးဆပ်သူတွေ ပါ ။

ဒီလိုနဲ့ ယနေ့ ကမ္ဘာကြီးမှာ လူတယောက် ဘဝ တိုးတက်မှု မဟုတ်ဘဲ လူအများစုက ယဉ်ကျေး လိမ္မာ ရိုးသား သစ္စာ ကတိ ကြ်ုးစားမှု ငြိမ်းချမ်းစွာ ချစ်ခင် နေထိုင် တတ်လာပြီး အောင်မြင် ကောင်းမွန် လာတယ် ။ သို့သော် လောက လူ့ သဘာဝ အတ္တ လောဘက လိုတာထက် ပိုလာတော့ အကျိုးထက် အဆိုးတွေ ပြန်လည် လာတယ် ။ ပြောင်းလဲခြင်းရဲ့ သဘာဝက တဏှာက ဖြစ်ချင်တာ လိုတာများတော့ တိရိစ္ဆာန်စိတ် လိုပဲ အကျင့် သီလ တဖန် ပျက်လာတယ် ။ လိမ်လည်မှုတွေ မတရားမှုတွေကို လွတ်လပ်မှု ၊ တိုးတက်မှု ထင်လာတယ် ။ အကျင့် သီလလို့ ခေါ်တာတွေ ပေါ့ ။ ခိုးကြောင် ခိုးဝှက် ခိုးတတ် လုပ်တတ်တယ် ။

လင်ခိုး မယားခိုး ရည်းစား လုတွေ ပေါ့ ။ သောက်စား မူးယစ်တာ ခိုးဝှက် လိမ်တာ ဖျောက်ပြန်တာ သတ်ဖြတ်တာကို ဘာမှ မဟုတ် သလို ၊ အပြစ် မရှိ သလို ၊ လက်ခံ
လုပ်ဆောင် လာလို့ ကလေးငယ်တွေ ပျောက်လို ပျောက် ၊ လိင် ဖျောက်ပြန်လို့
ကလေးတွေ မိဘမဲ့ဖြစ် အပျို မစစ်ယုံ မက ရောင်းစား ခံရ ၊ ရောဂါရ လူစဉ်မမှီ ၊ သဘာဝ ဘေးတွေ ပိုများ ခံရတယ် ။ စစ်ပွဲကြီးတွေ ပိုဖြစ် လာတယ် ။ အိမ်ထဲမှာ နေပြီး ကွန်ပြူ တာ ဖုံးတွေနဲ့ ဖောက်ပြန် လာတယ် ။ သစ္စာမဲ့ လာတယ် ။ လိုအပ်တာ အပန်းဖြေစရာ အသုံးဆောင်တွေက အကျင့်ပျက် ပစ္စည်း ဖြစ်လာတယ် ။ လင်ကွဲ ရည်းစားကွဲ အကျင့်ကွဲ အောက်တန်း ကြတဲ့ စိတ်တွေနဲ့ သုံးတော့ ငွေကြေး ရာထူး ဘာတွေ ချမ်းသာလို သုံးသုံး ၊ ဆင်းရဲလို သုံးသုံး နောက်ဆုံးတော့ အောက်တန်းစား ဖြစ်သွားတယ် ။ အဆင့်အတန်း မဲ့သွား တယ် ။ လူ့ အဆင့်အတန်း တိုးတက်မှု လူ့လောက ဆိုတာ တလွှဲ အဓိပ္ပါယ် ဖြစ်သွားတယ် ။ တိုးတက်မှု အဓိပ္ပါယ် တလွှဲ ဖြစ်သွားတယ် ။

အကျင့် သီလ တရား မျှတ ကိုယ်ချင်းစားစိတ် ကြိုစား စိတ်တွေကို ချုပ်ရင် ပညာလို့ ခေါ်တယ် ။ စာ တစ်ခု သင်တာ ၊ ဘွဲ့ရတာ ၊ သင်ညာ လက်မှတ် လုပ်စားရတဲ့ အသိကို ဆင့်ပွားဖို့ အခြေခံ ပေးတာ ။ ပညာနဲ့ သင်ညာ မကွဲ ကြဘူး ။ ဒီတော့ အဆင့်အတန်း မရှိဘူး ။ မတိုးတက် ဘူး ။ တကယ့် ပညာကို မသိဘူး ။ မှတ်ထားပါ အမှား အမှန် အကောင်း အဆိုး
အကြောင်း အကျိုး ကိုယ် ဆင်ခြင်ပြီး တစ်ဦးချင်း အတွက်ရော အများ အတွက် ပါ အကျိုးရှိ သက်ရောက်မှု ရှိအောင် လမ်းပြ လုပ်ကိုင်တဲ့ နည်း ပါ ။ အသိပါ ဆောင်ရွက် သူတိုင်း လေ့လာ သူတိုင်း လူတိုင်း ရနိုင် ဆင်ခြင် တတ်တဲ့ အသိနဲ့ အရာကို ခေါ်တယ် ။

လူ့ အသိ ပညာ လောကမှာ မတိုးတက်ရင် ယနေ့ တိုက်တာတွေ ကား မဖြစ်သလို ငြိမ်ချမ်း သာယာမှု မဖြစ်ဘူး ။ အောက်တန်း ကြတဲ့ အဆင့်အတန်း မရှိတဲ့ စိတ်ဓါတ်နဲ့
လိမ်လည် ဖောက်ပြန် အကျင့် စောင့်ထိန်းမှု ကိုယ်တိုင် မရှိရင် အလကား ဘဲ ။ ဘာမှ အသုံးမကျ ဘူး ။ သူများ ဆောက်တဲ့ အိမ်ငှား နေသလိုပဲ မီးလောင်လို့ပဲ ဖြစ်ဖြစ် ပိုင်ဆိုင်သူက ဖယ်ခိုင်း ပစ်သွားလို့ပဲ ဖြစ်ဖြစ် ဒုက္ခ ဖြစ်တော့ ၊ ပျက်စီး လာတော့ ကိုယ်ပိုင် အသိ ခေါင်းထဲ မရှိတော့ ပျက်သတဲ့ ။ ပြင် မရတော့ အကုသိုလ် ( မကောင်းသော လောဘ မကောင်းသော စိတ် မကောင်းသော ဘဝ အဖြစ်တွေနဲ့ ) လူပါ သေရတော့ တာပေါ့ ။

တကယ် လူတွေ အုပ်ချုပ်ပြီး တကယ့် တိုင်းရင်းသား ပြည်သူတွေက ရုပ်လှတဲ့ ဟာရှာ ၊ ငွေဆိုတဲ့ နောက်လိုက်မှာ လား ။ စောက်ကျင့်တွေ ပြင်ပြီး ကိုယ်တိုင်း ကျိုးစား
တကယ် ပညာ အသိ ရှိအောင် လုပ်မလား ။ တကယ် တိုးတက်တာ သိအောင် နေ ၊ သိအောင် လုပ်ကြပါ ။ ကိုယ်တိုင် မလုပ်ရင်တော့ သူများ လုပ်တာ ခံရမယ် ။ အပြော ချိုချို စတိုင် ကောင်းသူတွေက စိတ်ရှည်ရှည် စွဲလန်းအောင် လုပ် ၊ ဟန် ထုတ်ပြ ၊ အချိန်တိုင်း ဆက်သွယ်ပြီး ပိုင်ဆိုင်မှု ပြ ၊ အပြီ ချဖို့ ဝင်လာပြီး ။

တိုက် ကြီးကြီး ၊ ကား ကောင်းကောင်း ၊ ကုတင် ကောင်းကောင်းပေါ် တင်ပြီး အိပ်ခံ ရမှာ ပါပဲ ။ ပျိုချင်လို့ တစ်ဘဝ စောင့်ရဟာကို လိုချင်သူက အယုံသွင်း ၊ အကုန် နင်းခံ ရမယ် ။ ကြိုက်ရင် ဆက်လုပ်ကြ ၊ ဒီ အတိုင်း နေကြ ပေါ့ ။ ကိုယ့် တန်ဖိုးနဲ့ ကိုယ့် အဆင့် မသိရင်တော့ ဗိုလ်ချုပ် ပြောသလို ဘဲ ။ ငွေ ရှိရှိ အာဏာ ဘာညာတွေ ရှိရှိ ပါ ။ ဖာသည်လို့ အပြောင်းအလဲ အလိမ်အညာ ၊ ထမင်းစား ကြီးလာတာ ဖြစ်ဖြစ် ၊ ဖာဆန်တဲ့ အချောင် အတွေးတွေနဲ့ အလွယ် လမ်းမှာ သာယာမှု နောက်လိုက်ရင် အမြဲလို ဖောက်သည် ရှာရတဲ့ ခေတ်မှီ အင်တာနက် ကွန်ပြူ တာ ဖုံးဆက် သုံးပြီး ဘယ်သူက ငါ့ကို ယူ ၊ ငါက ဘယ်သူ့ကို ရွေးရ ၊ မကောင်းရင် တစ်ယောက် ပြောင်းရှာတဲ့ ဈေးကွက်က အချစ်နဲ့ နိုင်ငံရေး ခေတ်မှီ လာတဲ့
ဖာသည်နဲ့ ဖာ နိုင်ငံ တိုးတက်မှု လုပ်ကြ ပေါ့ ။

အနာဂတ် ကလေးတွေရဲ့ ကံကြမ္မာ ၊ အပျိုပေါက်လေးတွေ အောက်ဈေးနဲ့ ကြိုဝယ်လို့ ရလာတဲ့ မြန်မာပြည်ရဲ့ တိုတက်မှုကြီးက ချီကျူးလို့ ရပြီး ပေါ့ ။ တိုးတက်တယ် ဆိုတာ သာသနာ ပိတ် ၊ တိုင်းရင်းသား ပြည်သူတွေ အရိပ် မရှိ ၊ သူဌေး အစိုးရက တိုက်နဲ့ နေ ၊ တိုင်းရင်းသား ပြည်သူတွေ ပြည်တွင်း ပြည်ပတွေမှာ သေ ၊ မသေခင် ဒေါ်လာ ရှာပေး ၊ ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်တဲ့ အတွေး ၊ တိုင်းရင်းသား ပြည်သူတွေရဲ့ အသိ ခေါင်းထဲကို အတွေးတွေ ထည့်ပြီး လက်ဝါးကြီး အုပ် ၊ ခိုးထုတ် ပိုက် ၊ အုပ်ချုပ် ချင်တာ လား ။
တိုးတက်မှုကို မျက်လှည့် ပြ ၊ သမိုင်းကို လိမ်တုတ် ၊ ဥပဒေကို လိမ် လုပ်နေကြတာ ကြာပါပြီ ။ ဘယ်လမ်းကို တိုင်းရင်းသား ပြည်သူတွေက လျှောက် မလဲ ။ ခင်ဗျာ တို့ရဲ့ အား ပါပဲ ။

ဒီလို ဆက်လုပ်သူကို ကြိုက်ရင် ၊ နောက်ကြမှ ဖာသည်မ ငိုချင်းနဲ့ ၊ ပုလိပ် လုပ်လို့ ၊ စစ်တပ် လုပ်လိုက်နဲ့ လှတဲ့ မိန်းမ ဆိုရင် ပုပုကွကွ လူဖြစ်ရင် လာထား ၊ အစိုးရ လူကြီးဆီမှာ ညအိပ် သွားရတဲ့ ဘဝ စကားတောင် မဟရဲ ကြိတ်ပွဲ ဆင်နွှဲ ၊ အထက်တန်းစား ဖာ စားရင်ထဲ ရောက်ကြ ပါပြီ ။

မြေသိမ်း လယ်သိမ် မြစ်ချောင်း သိမ်းတာ ဒုက္ခ အဖြာဖြာတွေနဲ့ လာပြီး မအော်နဲ့ ၊ ဆင်းရဲ ငတ်ပြတ်ပြီး သတ်နေ ပါပြီ ။ မတရားမှုတွေ ဒုနဲ့ ဒေးနဲ့ သဘာဝ အန္တရာယ်တွေ ကယ်ပါ ယူပါ လာပြီ မအော် ကြနဲ့ ၊ ဒုနသတော အတင်းလုပ် လုပ်လို့ အသဲကွဲ ကြ ၊ လင်ရှာ ကြတာတွေ လာ မဆူနဲ့ ၊ လိမ်သူကြောင့် ခံကြရတာ အားလုံး ပါတယ် ။

ဘယ်လမ်းကို ရွေး မလဲ ။ ဘာတွေ လုပ် မလဲ ။ တိုင်းရင်းသာ ပြည်သူတွေရဲ့ ခေါင်းဆောင်ဘက်မှာ ရပ်ပြီး ဆက်တိုက် ကြပါ ။

BY - Oo Aung
 

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။