Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Tuesday, August 19, 2014

အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး


အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး
================================

အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ 

အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

သုတေသီများသည် အသက်(၅၅)နှစ်အထက် အမျိုးသမီးကြီး (၇၀)တို့၏ ဟော်မုန်းဓာတ် အခြေအနေကို တိုင်းတာကာ စမ်းသပ်မှုများ ပြုလုပ်လာခဲ့ခြင်း ဖြစ်သည်။

ခရမ်းချဉ်သီး ဖျော်ရည်ကို တစ်နေ့လျှင် တစ်ခွက်နှုန်းမျှ ပုံမှန် သောက်သုံးပေးခြင်းသည် ရင်သားကင်ဆာ ကင်းဝေးစေမည့် အကောင်းဆုံး ကြိုတင်ကာကွယ်နည်းတစ်ခုဟု သိရှိရသည်။

အမေရိကန်မှ သုတေသီများက "ခရမ်းချဉ်သီး ဖျော်ရည်ချည်းပဲ သောက်ရမယ်လို့ မဆိုလိုပါဘူး။ ခရမ်းချဉ်သီးကို ပုံစံအမျိုးမျိုးနဲ့ စားသုံးတာ၊ ခရမ်းချဉ်သီး ပါဝင်တဲ့ တခြား အစားအသောက်တွေ စားသုံးတာကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုမျိုး ရှိပါတယ်။

ရင်သားကင်ဆာနဲ့ ပတ်သက်ပြီး ခရမ်းချဉ်သီးရဲ့ အကျိုးအာနိသင်တွေကတော့ ရှင်းလင်းခိုင်မာလွန်းတဲ့ တွေ့ရှိချက်တွေလို့ ဆိုနိုင်ပါတယ်"ဟု ထောက်ခံ ပြောဆိုခဲ့သည်။

ပုံမှန်အားဖြင့် တစ်နေ့လျှင် တစ်ခွက်မျှ သောက်သုံးပေးခြင်းဖြင့် ဖူလုံသော Lycopene ပမာဏကို ရရှိစေမည် ဖြစ်သည်။ ယင်းသည် ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးသည့် ဟိုမုန်းဖွဲ့စည်းမှုတွင် အကျိုးဖြစ်ထွန်းသည့် ဓာတ်တစ်မျိုး ဖြစ်သည်။

Lycopeneသည် ခရမ်းချဉ်သီးတွင် ပေါကြွယ်ဝစွာ ပါဝင်လေ့ရှိသည်။ ယခင်သုတေသန ရလဒ်များက ယင်းဓာတ်ပစ္စည်းသည် အမျိုးသားများတွင် ဆီးကြိတ်ကင်ဆာ မဖြစ်နိုင်အောင် ကာကွယ်ပေးကြောင်းလည်း ညွှန်ပြနေခဲ့သည်။

နယူးဂျာစီရှိ ရတ်ဂျာစ် တက္ကသိုလ်မှ ပညာရှင်များက အမျိုးသမီးကြီး (၇၀)တို့၏ ဟိုမုန်းများကို တိုင်းတာခဲ့သည်။ စမ်းသပ်မှုတွင် ပါဝင်သူ အားလုံးသည် ကိုယ်အလေးချိန် လွန်ကဲသူများ၊ သို့မဟုတ် ရင်သားကင်ဆာ ဝေဒနာရှင်များနှင့် ဆွေမျိုးတော်စပ်သူများဖြစ်ကြသည်။ ယင်းအခြေအနေများသည် ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေသည်။

Lycopene ကြွယ်ဝသော ခရမ်းချဉ်သီး ဖျော်ရည်များကို ပုံမှန်သောက်သုံးသည့်အခါ Adiponectin ဟော်မုန်း ပိုမိုဖွံ့ဖြိုးလာသည်ကို တွေ့ရသည်။

ယင်းဟော်မုန်းသည် ပိန်သွယ်သော အမျိုးသမီးများတွင် ပိုမိုများပြားပြီး ရင်သားကင်ဆာ ဖြစ်နိုင်ခြေကို ဟန့်တားနိုင်သည့် သဘာဝရှိသည်။ နေ့စဉ်ပုံမှန် ခရမ်းချဉ်သီးဖျော်ရည် သောက်သည့်အခါ (၁၀)ပတ်အကြာတွင် စမ်းသပ်မှု၌ ပါဝင်သူ အားလုံး၏ Lycopene ပမာဏသည် ယခင်ထက် ပျမ်းမျှ(၉)ရာခိုင်နှုန်းဝန်းကျင် တိုးပွားလာသည်ကို တွေ့ရသည်။

သုတေသီ တစ်ဦးဖြစ်သူ အဒါနာလာနော့စ်က "ဒီတွေ့ရှိချက်ဟာ အဝလွန်မှုနဲ့ ရင်သားကင်ဆာ ကာကွယ်မှုတွေမှာ အရေးကြီးတဲ့ အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။

အမျိုးသမီးတွေ အနေနဲ့ ခရမ်းချဉ်သီးနဲ့ ဆက်နွယ်တဲ့ အစားအသောက်တွေကို များများစားပေးတဲ့အခါ ကျန်းမာရေးအတွက် လျော်ကန်သင့်တင့်တဲ့ ကိုယ်အလေးချိန်မျိုး ထိန်းညှိထားနိုင်သလို ရင်သားကင်ဆာ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တဲ့ ကောင်းကျိုးမျိုး ရရှိပါလိမ့်မယ်"ဟု ရှင်းလင်းပြောဆိုသွားသည်။

.

Credit to Planet Myanmar Network
========================

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။