Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 29, 2014

တရုတ်ပြည်ကနေ ကမ္ဘာအနှံ့တင်ပို့နေတဲ့ လူ့ဆံပင် သို့မဟုတ် ရွှေမည်း


လူ့ဆံပင်အတိုအစများ စုပြုံထိုးထည့်ထားသော ဂုံနီအိတ်များ ပြန့်ကျဲနေသော လမ်းများရှိရာ ကျေးလက်ဒေသမှ လယ်သမားများသည် လယ်ယာ စိုက်ပျိုးခြင်းဖြင့် သာ နိုင် ငံ၏ ပို့ကုန်ကဏ္ဍကို ထောက်ကူပေးနေသည်သာ မကဘဲ တရုတ်ကိုကမ္ဘာ့အကြီးဆုံး လူ့ဆံပင်တင်ပို့သောနိုင်ငံအဖြစ် ရပ်တည်နေနိုင်စေ ခဲ့ပြီ ဖြစ်သည်။  တိုင် ဟီမြို့ မ ဈေးလေးတွင် မနက်အရုဏ်အလင်းရောင် ပီပီပြင်ပြင်မဖြစ်မီကပင် လမ်းဘေးဈေးသည်များက တရုတ်နိုင်ငံ၏ ဒေသအသီးသီးမှ တင်ပို့ လိုက်သော ဆံပင် အပိုင်း အစ များအတွက် ဝယ်သူများနှင့် အကြိတ်အနယ်ဈေးစကား ပြောနေကြပြီ ဖြစ်သည်။

”ဒီဆံပင်တွေအတွက် ကျွန်တော်တို့ ဈေးဆစ်ရတာ အာပေါက်မတတ်ပါပဲ” ဟု ဈေးထဲသို့ မနက် ၅ နာရီခွဲအချိန်ကတည်းက ရောက်နေသော အသက် ၃၅ နှစ်အရွယ် အ ဝယ်တော် လျူယမ်ဝမ်းက ဆိုသည်။  ”နိုင်ငံခြားကို တင်ပို့ဖို့ ဒီဆံပင်အိုအစတွေကို ကျွန်တော်တို့ စက်ရုံမှာ ထုတ်ကုန်အဖြစ်ပြောင်းရတယ်လေ”ဟု လျူက ဆံပင် တု စက်ရုံ အကြောင်း ပြောသည်။ သူမကိုယ်တိုင်လည်း ကတုံးပြောင်အောင် ရိတ်ထားသည့် ဈေးသည် Gao Puu က ဆံပင်အတိုအရှည်စသော သီးသန့် အစည်းလေး များ ကို ဗန်း ထဲတွင် ဖြန့် ခင်းနေရင်းက သူမလည်း ပြီးခဲ့သည့်လအတွင်းက ဆံပင်ကို ရိတ်ရောင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
”ဒါတွေက ရှေးရိုးတရုတ်တွေရဲ့ ခေါင်းက ဆံပင်တွေလေ” ဟု ဆံပင်အရှည်တစ်တွဲကို ကိုင်မြှောက်ပြရင်း သူမက ဆိုသည်။ လက်မ ၂ဝ အရှည်ရှိ ဆံပင် တစ်ကီလို ဂရမ် အ တွက် တရုတ်နိုင်ငံသုံးယွမ်ငွေ ၅ ၄ဝဝ အထိဈေးပေါက်သည်ဟု သိရသည်။ တရုတ်နိုင်ငံ အရှေ့ပိုင်း Anhui ခရိုင်အတွင်းရှိ တိုင်ဟီမြို့ကလေးသည် လူ့ဆံပင် အတို အ ရှည် တို့ကို ဆံပင်ကောက် အရှည်အတိုနှင့် ဆံပင်ပုံစံတုများစသော ထုတ်ကုန်အဖြစ်ပြောင်းပြီး အမေရိကန်၊ ဥရောပနှင့် အာဖရိကသို့ တင်ပို့နေသော ကုမ္ပဏီပေါင်း ၄ဝဝ ထက်မနည်း အခြေစိုက်ရာ မြို့လေးဖြစ်သည်။ ယင်းသို့ဖြစ်လာစေရန် စွန့်ဦးတီထွင် လုပ်ဆောင်ခဲ့သူကတော့ FU Quanguo ဖြစ်ပါသည်။ ယခုအခါ အသက် ၆၄ နှစ် ရှိပြီဖြစ်သော ဖူက ၁၉၇ဝ ပြည့်နှစ်များကတည်းက ဤ လုပ်ငန်းကိုတစိုက်မတ်မတ် လုပ်ဆောင်လာခဲ့သူ ဖြစ်သည်။
”ကျွန်တော်တို့ ဒီဆံပင်တွေကို အရင်က ဒေသတွင်းမှာပဲ ဝယ်ယူခဲ့တာပါ” ဟု ဖူကဆိုသည်။ သို့ရာတွင် တွင်ကျယ်လာသော လုပ်ငန်းအနေအထားကြောင့် အခြားအိမ် နီး ချင်းနိုင်ငံများမှ ကုန်ကြမ်းများကို စုဆောင်းလာရသည်မှာ အတော်ကြာပြီဟု ၎င်းက ဆိုသည်။  ”အခုတော့ မြန်မာတို့ ဗီယက်နမ်တို့လို နိုင်ငံမျိုးဆီကနေ ကျွန်တော်တို့ ဝယ် ယူနေရပါပြီ”ဟု မီးခိုးရောင်ဖျော့ဖျော့ ဖြစ်နေသော ဆံစကိုသပ်တင်ရင်း သူက ကြွားကြွားဝင့်ဝင့် ဆိုသည်။
”ဟိုးအရင်ကတော့ ဒီဆံပင်ကနေ ပြန်ပြီး ဆံပင်တုလိုမျိုး ထုတ်ကုန်လုပ်ရတာက ခက်ခဲတယ်။ အားလုံးကို ဟောဒီလက်တွေနဲ့ပဲလုပ်ခဲ့ရလို့လေ။ အခုတော့ နည်းပညာ အ ကူအညီနဲ့ ကျွန်တော်တို့သေးသေးလေးကနေ နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်တဲ့အထိ ကြီးထွားလာခဲ့ပါပြီလေ”ဟု ဖူက ပြောသည်။ ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း (WTO)  လက်အောက်ခံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေးစင်တာ၏ စာရင်းအချက်အလက်အရ ကမ္ဘာတစ်ဝန်းလုံးမှ ငှက်မွေး၊ ငှက်သားရေ၊ ပန်းအတုနှင့် လူ့ဆံပင်မှ ထုတ်လုပ်သောထုတ်ကုန်များ တင်ပို့မှု၏ ၇၅ ရာခိုင်နှုန်းခန့်ကို တရုတ်နိုင်ငံက နှစ်စဉ်တင်ပို့ ရောင်းချနေသည်ဟု သိရသည်။
လူ့ဆံပင်ရောင်းချသော ဈေး၊ ပြိုပျက်လုလု အလုပ်ရုံများနှင့် စက်ရုံများရှိရာ တိုင်ဟီမြို့လေးသည် ၂ဝ၁၂ ခုနှစ်အတွင်း ဆံပင်နှင့်ဆက်စပ် ထုတ်ကုန်ရောင်းချမှုမှ အမေရိကန်ဒေါ်လာ ၈၈ သန်းရရှိခဲ့ပြီး တရုတ်တစ်ပြည်လုံး ဆံပင်ဈေးကွက်၏ ထက်ဝက်ခန့် ရှိခဲ့သည်ဟု ဒေသခံအာဏာပိုင်တို့၏ စာရင်းများက ညွှန်းဆိုနေကြသည်။ ယင်းဒေသသည် တရုတ်နိုင်ငံရှိ ထုတ်ကုန်တစ်မျိုးတည်းကိုသာ အာရုံစိုက်သော စက်မှုဇုန်ငယ်လေးများထဲမှ တစ်ခုသာ ဖြစ်သည်။ လွန်ခဲ့သည့် ဆယ် စုနှစ်များအတွင်း အကြီးအကျယ်တိုးတက်လာသော တရုတ်၏ ပို့ကုန်ကဏ္ဍကြောင့် ယင်းကဲ့သို့သော စက်မှုဇုန်ငယ်များ နိုင်ငံ၏ ဒေသအသီးသီးတွင် အလျင်အမြန် ထွန်းကားစည် ပင် လာခဲ့သည်။ အထူးသဖြင့် ၁၉၈ဝ ပြည့်နှစ်များကတည်းက လယ်သမားများက တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများကို စွန့်ဦးတီထွင် လုပ်ဆောင်နေခဲ့ကြသော နိုင်ငံ၏ အရှေ့ဘက်ခြမ်းဒေသများတွင် ယခုအခါ မီးသီးများ၊ ခြေအိတ်များ၊ မီးခြစ်များနှင့် ဘရာစီယာတွယ်ချိတ်များ စသော ထုတ်ကုန်တစ်မျိုးတည်းကို အာရုံစိုက်ထုတ်လုပ်သော စက်ရုံငယ်လေးများ တစ်ရှိန်တိုး တိုးတက်လာနေပြီ ဖြစ်သည်။
ဖူကို အမွေဆက်ခံသော အသက် ၃၆ နှစ်အရွယ်သာဖြစ်သူ Fu Qianwei  သည် အင်္ဂလိပ်အမည်အန်နာကို ခံယူထားပြီး သူ၏ကုမ္ပဏီသည် နိုင်ငံခြားသို့ အထူးသဖြင့် အမေရိကန်သို့ ဆံပင်နှင့်ဆက်စပ်ထုတ်ကုန်တင်ပို့မှုမှ တစ်နှစ်လျှင် ကန်ဒေါ်လာ ၈ သန်းဝင်ငွေရရှိနေ ပြီ ဖြစ်သည်။  ”နိုင်ငံတိုင်းကတော့ ဆံပင်အိုအရှည်၊ အရည်အသွေးနဲ့ အရောင်အနုအရင့်ကအစ လိုချင်တာ မတူကြဘူးပေါ့” ဟု ဖူအငယ်က ပြောသည်။  ”အာဖရိကဆို စီးပွားရေးကောင်းမွန်တိုးတက်လာလို့ ဈေးကွက်ကလည်း ကြီးလာသလို အရည်အသွေးကောင်းတာကို ပိုမှာလာကြတယ်”ဟု ၎င်းက ဆိုသည်။ ဆံပင်ကို ပိုးသတ်ခြင်းမှစ၍ နောက်ဆုံးထုပ်ပိုးသည်အထိကို သူ့စက်ရုံက လုပ်ဆောင်ပြီး လုပ်သား အများစုကတော့ အမျိုးသမီးများ ဖြစ်သည်။  ”မဟုတ်ရင် လယ်ထဲမှာ လယ်ထွန်နေရပြီ။ အခုအလုပ်က ပိုသက်သာပြီး ဝင်ငွေပိုကောင်းတယ်” အသက် ၂၃ နှစ်အရွယ် အလုပ်သမ ZHANG Qingum က ပြောသည်။
ဆံပင်ထုတ်ကုန် တင်ပို့သောလုပ်ငန်းသည် တိုင်ဟီဒေသတွင် အကြီးဆုံးလုပ်ငန်းဖြစ်ပြီး အာဏာပိုင်များက မကြာမီ ကြီးမားသော စက်မှုဇုန်တစ်ခု ထူထောင်ပေးရန် လုပ်ေ ဆာင်နေပြီဟု ကြားနေရကြောင်းဖူအငယ်က ဆိုသည်။ ဖခင်ကြီးဖူကတော့ ဤလုပ်ငန်းကို စတင်ခဲ့သည့် ၁၉၈ဝ ပြည့်အချိန်များနှင့် ယနေ့ခေတ် ကွာခြားမှုကို လိုက်မ မီ နိုင်အောင် ဖြစ်နေရသည်ဟု ဝန်ခံထားသည်။  ”အဲ့ဒီတုန်းကတော့ ပြောင်းဆန်ကို အားထားစားနေရတဲ့အချိန်လေ၊ ဆန်လေးများ လုံလုံလောက်လောက်ရှိလို့ ကတော့ ပျော်နေကြတာပဲ” ဟု အဖိုးအိုက ဆိုသည်။ ယခုတော့ သူ့သားလက်ထက်တွင် သူစခဲ့သော ဆံပင်စက်ရုံအတွက် အချိန်ပြည့်လုပ်သား ၂ဝဝကျော်ကို ခန့် ထားနိုင်ပြီး ကုန်သွယ်ရေးအတွက် နိုင်ငံတကာနှင့်ပင် ဆက်ဆံနေရပြီ ဖြစ်သည်။  ”ကျွန်တော့်ဝင်ငွေတွေဟာ ဆံပင်ကနေရလာတာလေ”ဟု သူကဆိုသည်။  ”ဆံပင်ေ ဈးက အရမ်းကောင်းနေပြီး လူတွေက ရွှေမည်းလို့တောင် တင်စားနေကြပြီ”။
ကျော်ရဲလင်း
popularmyanma

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။