Ice Bucket Challenge ရေခဲပုံးနဲ့လောင်းပြီး ရောဂါအတွက်ဆော်သြခြင်း
အခု ကမ္ဘာနဲ့အဝှမ်း ခေတ်စားပြီး တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် မြန်မြန်ကြီးကူးစက်နေတဲ့ Ice Bucket Challenge နဲ့ ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်ကနေ ဆရာ့အမြင်လေး သိပါရစေဆရာ။ ဒီလောက်အေးစက်နေတဲ့ ရေခဲရေတွေ ပုံးလိုက် ခေါင်းပေါ်ကနေ လောင်းချတာ ဘယ်လိုဆိုးကျိုးရှိနိုင်မလဲ ၊ ဘယ်လိုကျန်းမာရေး အခြေအနေရှိသူတွေ မလုပ်သင့်ဘူးလဲ စသည်ဖြင့် ကျန်းမာရေး ဗဟုသုတ ဝေမျှပေးဖို့ လေးစားစွာ တောင်းဆိုပါရစေဆရာ။
• Ice Bucket Challenge ရေခဲပုံးနဲ့လောင်းခြင်းဆိုတဲ့သတင်းဟာ အခုတလော တီဗွီတွေမှာပါတယ်။ အဓိက ဆိုရှယ်မီဒီယာမှာ ပြန့်နေတယ်။
• လူတယောက်ကို ရေခဲရေတွေနဲ့ ခေါင်းပေါ်ကနေလောင်းချတဲ့ သတင်းကို သေချာနားမထောင်မိ၊ မဖတ်မိရင် ခပ်ကြောင်ကြောင်လို့ထင်မယ်။ အမှန်က Amyotrophic lateral sclerosis (ALS) ခေါ်တဲ့ရောဂါကို လူအများသိစေအောင် လှုံ့ဆော်ရေး လုပ်နေတာပါ။ သုတေသနတွေအတွက် အလှူခံတာလဲဖြစ်တယ်။ ဒါကြောင့် ALS Ice Bucket Challenge လို့လဲခေါ်တယ်။
• Amyotrophic lateral sclerosis (ALS) ဆိုတာ motor neurone disease (MND) ရောဂါအမျိုးအစားဖြစ်တယ်။ အာရုံကြောထဲက ကြွက်သားလှုပ်ရှားမှုကို ထိန်းတာမှာရောဂါဖြစ်တာပါ။ ရောဂါဖြစ်ရင် ကြွက်သားတွေ အားနည်းလာတယ်။ ဆိုးဆိုးလာတယ်။ ကြွက်သားတွေ တင်းနေမယ်။ သေးလာမယ်။ စကားပြောရတာလဲ ခက်လာမယ်။ မျိုချရခက်လာမယ်။ အသက်ရှူရပါခက်လာမယ်။
• ယူအက်စ်မှာ လူနာပေါင်း ၃ဝဝဝဝ ရှိတယ်။ လူ တသိန်းသေတဲ့အထဲမှာ ဒီလိုဖြစ်လို့သေဆုံးရသူ ၂ ယောက်ပါတယ်။
• Ice Bucket Challenge သမိုင်းရှာတော့ ၂ဝ၁၃ နှစ်လည်ကစတယ်။ လုပ်ကာစမှာ Cold Water Challenge လို့ခေါ်ပါတယ်။ အခုတော့ ဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်လာပြီ။ ကင်ဆာအတွက် ရေခဲရေထဲလူတွေ ပြိုင်တူ ခုန်ဆင်းတာလဲလုပ်ကြတာရှိတယ် ။
• ယူအက်စ်မှာလုပ်ရာကနေ လူသိပိုများလာတယ်။ နာမည်ကြီးသူတွေပါလာလို့ဖြစ် ပါတယ်။ နာမည်ကြီး ဂေါက်သီးသမား 'ဂရက် နော်မန်' လဲပါတယ်။ 'အိုဘားမား' ကို ချဲလင့်ခေါ်ပေမဲ့ သူက ရေခဲကြောက်ပုံရတယ်၊ ငြင်းလိုက်တယ်။ သမတဟောင် 'ဘွတ်ရှ်' နဲ့ 'ကလင်တန်' တို့က တကယ်ပါတယ်။
• စည်းမျဉ်းထားတယ်။ ချဲလင့်ခေါ်ခံရသူဟာ သဘောတူတယ်လို့ ထုတ်ပြောရမယ်။ နောက် ၂၄ နာရီအတွင်းမှာ ခေါင်းပေါ်ကနေ ရေခဲရေလောင်းချခံတာကို ဗီဒီယို မှတ်တမ်းတင်နဲ့လုပ်ပြရတယ်။ ချဲလင့်ခေါ်သူက အလှူငွေ ထည့်ရတယ်။
• /နယူးယော့ခ်တိုင်းမ်/ အဆိုအရ ဇွန်လဆန်းကနေ သြဂုတ်လ ၁၃ ရက်အတွင်း၊ ဖေ့စ်ဘွတ်ပေါ်မှာ လူပေါင်း ၁့၂ သန်း ပါဝင်ပြီးဖြစ်တယ်။ ဇူလိုင် ၂၉ ကနေ သြဂုတ် ၁၃ အထိ၊ 'တွစ်တာ' မှာ လူပေါင်း ၂့၂ သန်းပါခဲံပြီးဖြစ်တယ်။
• ALS Association အသင်းအတွက် ဇူလိုင် ၂၉ ကနေ သြဂုတ် ၂၁ အတွင်းမှာ အလှူငွေ ၄၁့ဂ သန်းရပြီးပြီ။ လှူမဲ့သူအသစ် ၇၃၉ဝဝဝ ကနေ ၁၉့၎ သန်းလှူတယ်။
• ယူကေနိုင်ငံမှာ Motor Neurone Disease Association အတွက်နဲ့ စကော့တလန်မှာ Macmillan Cancer Support ကင်ဆာအတွက် အဲလိုရံပုံငွေရှာကြတယ်။
• ဘာလုပ်လုပ် အပြစ်ပြောသူတွေတော့ရှိတယ်။
• ရေခဲရေလောင်းချလို့ ရုတ်တရက် ကိုယ်အပူချိန်အေးမယ်။ သွေးကြောတွေကျဉ်းမယ်။ ခဏသာဖြစ်ပါမယ်။ အပူချိန်ကလဲ အပြင်မှာသာနည်းမယ်။ လူတွေ (ကလေးတွေ) ကိုယ်ပူရင် ရေခဲရေချိုးရတယ်။ ရေအေးဝတ် တိုက်ရတယ်။ အခုနည်းမှာ နေကောင်းကျန်းမာနေသူက စိတ်တူသဘောတူလုပ်တာမို့ ရောဂါရယ်လို့ မဖြစ်စေလောက်ပါ။ လှူချင်တဲ့စေတနာကလဲ ဦးဆောင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၄
အခု ကမ္ဘာနဲ့အဝှမ်း ခေတ်စားပြီး တစ်တိုင်းပြည်နဲ့ တစ်တိုင်းပြည် မြန်မြန်ကြီးကူးစက်နေတဲ့ Ice Bucket Challenge နဲ့ ပတ်သက်ပြီး ကျန်းမာရေးရှုထောင့်ကနေ ဆရာ့အမြင်လေး သိပါရစေဆရာ။ ဒီလောက်အေးစက်နေတဲ့ ရေခဲရေတွေ ပုံးလိုက် ခေါင်းပေါ်ကနေ လောင်းချတာ ဘယ်လိုဆိုးကျိုးရှိနိုင်မလဲ
• Ice Bucket Challenge ရေခဲပုံးနဲ့လောင်းခြင်းဆိုတ
• လူတယောက်ကို ရေခဲရေတွေနဲ့ ခေါင်းပေါ်ကနေလောင်းချတဲ့ သတင်းကို သေချာနားမထောင်မိ၊ မဖတ်မိရင် ခပ်ကြောင်ကြောင်လို့ထင်မယ်။
• Amyotrophic lateral sclerosis (ALS) ဆိုတာ motor neurone disease (MND) ရောဂါအမျိုးအစားဖြစ်တယ်။ အာရုံကြောထဲက ကြွက်သားလှုပ်ရှားမှုကို ထိန်းတာမှာရောဂါဖြစ်တာပါ။ ရောဂါဖြစ်ရင် ကြွက်သားတွေ အားနည်းလာတယ်။ ဆိုးဆိုးလာတယ်။ ကြွက်သားတွေ တင်းနေမယ်။ သေးလာမယ်။ စကားပြောရတာလဲ ခက်လာမယ်။ မျိုချရခက်လာမယ်။ အသက်ရှူရပါခက်လာမယ်။
• ယူအက်စ်မှာ လူနာပေါင်း ၃ဝဝဝဝ ရှိတယ်။ လူ တသိန်းသေတဲ့အထဲမှာ ဒီလိုဖြစ်လို့သေဆုံးရသူ ၂ ယောက်ပါတယ်။
• Ice Bucket Challenge သမိုင်းရှာတော့ ၂ဝ၁၃ နှစ်လည်ကစတယ်။ လုပ်ကာစမှာ Cold Water Challenge လို့ခေါ်ပါတယ်။ အခုတော့ ဆိုရှယ်မီဒီယာမှာ ပေါ်ပြူလာဖြစ်လာပြီ။ ကင်ဆာအတွက် ရေခဲရေထဲလူတွေ ပြိုင်တူ ခုန်ဆင်းတာလဲလုပ်ကြတာရှိတယ်
• ယူအက်စ်မှာလုပ်ရာကနေ လူသိပိုများလာတယ်။ နာမည်ကြီးသူတွေပါလာလို့ဖြစ်
• စည်းမျဉ်းထားတယ်။ ချဲလင့်ခေါ်ခံရသူဟာ သဘောတူတယ်လို့ ထုတ်ပြောရမယ်။ နောက် ၂၄ နာရီအတွင်းမှာ ခေါင်းပေါ်ကနေ ရေခဲရေလောင်းချခံတာကို ဗီဒီယို မှတ်တမ်းတင်နဲ့လုပ်ပြရတယ်။ ချဲလင့်ခေါ်သူက အလှူငွေ ထည့်ရတယ်။
• /နယူးယော့ခ်တိုင်းမ်/ အဆိုအရ ဇွန်လဆန်းကနေ သြဂုတ်လ ၁၃ ရက်အတွင်း၊ ဖေ့စ်ဘွတ်ပေါ်မှာ လူပေါင်း ၁့၂ သန်း ပါဝင်ပြီးဖြစ်တယ်။ ဇူလိုင် ၂၉ ကနေ သြဂုတ် ၁၃ အထိ၊ 'တွစ်တာ' မှာ လူပေါင်း ၂့၂ သန်းပါခဲံပြီးဖြစ်တယ်။
• ALS Association အသင်းအတွက် ဇူလိုင် ၂၉ ကနေ သြဂုတ် ၂၁ အတွင်းမှာ အလှူငွေ ၄၁့ဂ သန်းရပြီးပြီ။ လှူမဲ့သူအသစ် ၇၃၉ဝဝဝ ကနေ ၁၉့၎ သန်းလှူတယ်။
• ယူကေနိုင်ငံမှာ Motor Neurone Disease Association အတွက်နဲ့ စကော့တလန်မှာ Macmillan Cancer Support ကင်ဆာအတွက် အဲလိုရံပုံငွေရှာကြတယ်။
• ဘာလုပ်လုပ် အပြစ်ပြောသူတွေတော့ရှိတယ်။
• ရေခဲရေလောင်းချလို့ ရုတ်တရက် ကိုယ်အပူချိန်အေးမယ်။ သွေးကြောတွေကျဉ်းမယ်။ ခဏသာဖြစ်ပါမယ်။ အပူချိန်ကလဲ အပြင်မှာသာနည်းမယ်။ လူတွေ (ကလေးတွေ) ကိုယ်ပူရင် ရေခဲရေချိုးရတယ်။ ရေအေးဝတ် တိုက်ရတယ်။ အခုနည်းမှာ နေကောင်းကျန်းမာနေသူက စိတ်တူသဘောတူလုပ်တာမို့ ရောဂါရယ်လို့ မဖြစ်စေလောက်ပါ။ လှူချင်တဲ့စေတနာကလဲ ဦးဆောင်ပါတယ်။
ဒေါက်တာတင့်ဆွေ
၂၆-၈-၂ဝ၁၄
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။