" အကြိုက်ဆုံးသုံးသပ်ချက်စာတမ်း"
------------------------------------
ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့နိုင်ငံရေးဝိုင်းဝန်းကူညီလို့အားပေး (အပိုင်း-၁)
=================================
(၁)
***မစ္စတာ ဒီကလပ်ကိုဖြောင့်မတ်တည်ကြည်သူဟုကျွန်တော်ခေါ်သည်
သို့သော်ဤစကားအတိုင်းသူ မလုပ်သည့်ပုံပေါ်သည့်အခါ ထိုစကားလုံးများက
ကျနော့်ကိုအကြိမ်ပေါင်းများစွာခြောက်လှန့်စေခဲ့သည်***
အထက်ပါစကားလုံးများသည် တောင်အာဖရိကလွတ်မြောက်ရေးခေါင်းဆောင်
နယ်လ်ဆင်မင်ဒဲလား၏ကိုယ်တိုင်ရေးအထ္ထုပတ္တိစာအုပ်ထဲတွင်ပါဝင်သောစကားစုထဲမှဖြစ်သည် သူသည်အသစ်တက်လာသောလူဖြူသမ္မတဒီကလပ်ကိုအပြုသဘောဆောင်သောလုပ်ရပ်များအတွက်ချီးကျူးအားပေးခဲ့သော်လည်း မူမမှန်သောလုပ်ရပ်များအတွက်ရှုံ့ချခဲ့သည်။ တောင်အာဖရိက၏လူဖြူအစိုးရအောက်မှရုန်းကန်တိုက်ပွဲသည်
မြန်မာနိုင်ငံ၏ဒီမိုကရေစီရုန်းကန်မှုကြီးနှင့် နေရာအတော်များများတွင်ဆင်တူခဲ့သည်။
အလားတူပင်ကမ္ဘာပေါ်မှာရှိသော မည်သည့်အာဏာရှင်ဆန်သောနိုင်ငံတွင်မဟူ ဖိနှိပ်မှု ကလိန်ကျမှု ထိုလူမဆန်သောရက်စက်မှုများကဆင်တူနေမည်သာ။သူတို့သည်မည်သည့်အခါမှလွယ်လွယ်နှင့်လျှော့မပေးတတ်။
တောင်အာဖရိကသည်နောက်ဆုံးတွင်လွတ်မြောက်ခဲ့သည်မှန်သော်လည်း မြန်မာပြည်အစိုးရထက်ပိုမိုကောင်းမွန်သောလုပ်ရပ်များပြခဲ့သည်ဟုယူဆစရာရှိသောမစ္စတာဒီကလပ်ကိုပင်မူမှန်မဟုတ်သောအခက်အခဲများကိုကြုံတွေ့ခဲ့ရသောအခါ မင်ဒဲလားကယခုလိုရှုမြင်ခဲ့သည် ***ဒီကလပ်သည်ထက်မြက်သောအပြုအမူများရှိသော်လည်း ဖိနှိပ်မှုကယ်တင်ရှင်မဟုတ်ချေ သူသည်တဖြည်းဖြည်းပြောင်းလဲသူဖြစ်သည် သူ့ကိုယ်သူအာဏာလက်လွတ်စေမည့်ကြံရွယ်ချက်ဖြင့် ပြုပြင်ပြောင်းလဲမှုကိုသူမလုပ် ပြုပြင်ပြောင်းလဲမှုများကိုဆန့်ကျင်ဘက်အကြောင်းကြောင့်သာသူပြုလုပ်သည် အစီအမံသစ်တွင် အာဖရိကန်နာ(အာဖရိကရှိအုပ်စိုးသူလူဖြူ)များအတွက်အာဏာအသေအချာရရှိစေရန်ဖြစ်သည် လူဖြူအုပ်စိုးမှုအဆုံးသတ်ခြင်းကို သူစေ့စပ်ညှိုနှိုင်းဖို့ပြင်ဆင်မထားချေ***
နောက်ဆုံးအချိန်အထိသူတို့ရုန်းကန်ခဲ့ရသည် တိုက်ခိုက်ခဲ့ရသည် ။
------------------------
(၂)
ကမ္ဘာပေါ်တွင်အစိုးရပြောင်းလဲပုံဘယ်နှစ်မျိုးပင်ရှိရှိအမှန်တကယ်တကယ်တမ်းစဉ်းစားကြည့်ရာတွင်မူ တစ်မျိုးသာရှိပေလိမ့်မည်။ ကမ္ဘာဦးအစကပင် အားကြီးသူသည် အားနည်းသူကိုနိုင်စတမ်းဖြစ်၏။
မြန်မာပြည်တွင် နိုင်ငံရေးကိုဦးဆောင်နေသူမှာ အစိုးရဖြစ်နေပြီး သူ့နောက်သို့သာအကုန်ပါကြရသည်။အဘယ့်ကြောင့်နည်း။နိုင်ငံရေးအကြပ်အတည်းများစွားကို သူတို့သည် အင်အားနှင့်အနိုင်ယူခဲ့လေသည်။
၉၀ပြည့်နှစ်မတိုင်မီကတရားလွန်ဖိနှိပ်မှုများကြုံလာသောအခါ DASSKနှင့်ခေါင်းဆောင်များကမတရားရားတဲ့အမိန့်အာဏာဟူသမျှတာဝန်အရဖီဆန်ကြဟု ပြန်လည်တုံ့ပြန်သည့်အခါ နိုင်ငံရေးဒီရေမြင့်နေချိန်မှာပင် တနိုင်ငံလုံးနှင့်စာသော်ဖီဆန်ရဲသူနည်းပါးလှရာ ဖီဆန်သူအကုန်ထောင်တွင်းသို့သာ ရောက်ကုန်ပါသည်။၉၀ခုနှစ်အလွန် အာဏာလွှဲမပေးသောအခါ ၉၀ရွေးကောက်ပွဲအနိုင်ရလွှတ်တော်အမတ်များနှင့်ဖွဲ့စည်းထားသော CRPPက နောက်ဆုံးရက်သတ်မှတ်ပေး၍ စစ်အစိုးရအားလွှတ်တော် ခေါ်ပေးရန်တောင်းဆိုပြီး မခေါ်ပေးပါက ကိုယ့်ဘာသာခေါ်မည်ဟု ရာဇသံပေးလိုက်ပါသည်။တာဝန်အရသာ လုပ်နေရသော်လည်း ထိုရာဇသံမှာ အလွန်အားပျော့လှရာ မခေါ်ပေးရုံမက ထောင်ထဲသို့သာထပ်ထည့်လိုက်ပါသည်။ထိုသို့ပင် ၃ပွင့်ဆိုင်ကဲ့သို့တောင်းဆိုချက်များသည်လည်း အစိုးရအားကောင်းစွာဖိအားမပေးနိုင်ခဲ့ပါ။
စစ်အစိုးရနှင့်ဆန့်ကျင်သူနိုင်ငံရေးအင်အားစုများ၏မတူညီချက်မှာ စစ်အစိုးရတွင် ဒါမလုပ်ရင် ဒါဖြစ်မယ်ဟူသော နိုင်ကွက်ရှိနေပြီး တဖက်ကတော့ ကြေငြာချက်ထုတ်ပြန်ရုံအပြင် ဘာမှမတတ်နိုင်ခဲ့ပါ။
အဘယ်ကြောင့်ဆိုသော် လုံလောက်သောအားအင်မရှိသောကြောင့်သာ။
ညောင်နှစ်ပင်ညီလာခံမှ NLD နှုတ်ထွက်ခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတည်ပြုပြီးသွားလေပြီ။ရွေးကောက်ပွဲသို့ဝင်ပြိုင်ခဲ့ကြသည်။ နိုင်ငံရေးအင်အားစုများမှာ အစိုးရ၏ တရပ်စပ်ဖိနှိပ်မှု ပြည်သူများ၏အကြောက်တရား
များကြောင့် မည်သို့မျှမတတ်နိုင်ပဲ လက်ခံခဲ့ရသည်။
နိုင်ငံရေးသမားများမှာသူ့တန်ဖိုးသူ့နေရာသူစုစည်းတိုက်ကွက်ဖော်ဆောင်နိုင်ရန်အားနည်းသူလှရာဗဟိုကွက်ကိုမစိုးမိုးနိုင်ပဲတဖက်၏ချုပ်ကိုင်ကစားခြင်းကိုခံရတော့သည်။တဖက်က ရွှေ့စေချင်သောအကွက်သို့ မဖြစ်မနေရွှေ့ပေးနေရာသလိုဖြစ်နေပါသည်။သူတို့အားအပြစ်ဆိုရန်ရှိသော်လည်း မိမိမလုပ်နိုင်သည့်အလုပ်များလုပ်ပေးရုံနှင့်ကျေးဇူးတင်ကြရပါမည်။
DASSK လုပ်သောနိုင်ငံရေးမှာ လူထုအုံကြွမှုလဲမဟုတ်၊သူလုပ်နေသောနိုင်ငံရေးမှာ သူ၏လောကအမြင်နှင့်ဆက်စပ်၏။ သူကလူတွင် သင်ပေးလို့ရသူနှင့် သင်ပေးလို့မရသူနှစ်မျိုးရှိသည်ဟုဆို၏။မည်မျှဆိုးသွမ်းသူဖြစ်ပါစေ လူ၏ မူလစိတ်သည် ကောင်း၏ ဆိုသောသဘောတရားကို လက်ခံထား၏။ မြန်မာပြည်သည် သင်ကြားသူမဲ့နေခြင်းကြောင့်သာ ပြည်သူလူထုသည် နိုင်ငံရေးတွင်မပါချင်၊ စစ်အစိုးရသည်လည်းသင်ကြားမှုမရှိသောကြောင့် နည်းမှန်လမ်းမှန်မဟုတ်သည်များကို ကျင့်သုံးနေသည်ဟု လက်ခံထား၏။သူက ပြည်တွင်းပြည်ပအသိပညာရှင်အတတ်ပညာရှင်တို့၏ အားအင်များကိုရယူကာ ပြည်သူတို့အားသင်ကြားပေးခြင်းဖြင့် မိမိအားအင်ကိုဖြည့်တင်း၍ တဖက်မှလည်း စစ်အစိုးရကို ဒီမိုကရေစီနှင့် လူ့ကျင့်ဝတ် များသင်ကြားပြီး နှစ်ဦးနှစ်ဖက် စေ့စပ်ညှိုနှိုင်းခြင်းဖြင့်လက်ရှိတွင် ဒီမိုကရေစီရရန်သာမကနောင်မျိုးဆက်များအထိ တည်ငြိမ်အေ
းချမ်းသော နိုင်ငံရေးယဉ်ကျေးမှုတရပ်ဖြစ်လာအောင်
ပြုစုနေပါသည်။
အငြင်းပွားဖွယ်ရာဖြစ်သောသူ၏ လမ်းစဉ်သည် ကျားကိုသကြားလုံးကြွေးသလို ဖြစ်နေသည်၏ဟု ဝေဖန်ကြမည့်သူအများအပြားရှိနှိုင်ပါသည်။သို့ရာတွင် သူ၏လမ်းစဉ်သည် သကြားလုံးမစားပါက ဒါဖြစ်ရမည်ဟူသော ဖိအားကြီးကြီးမားမားပါဝင်ပါသည်။မိမိတို့တွင်အင်အားရှိနေလျှင် ကျားသည်လည်း သကြားလုံးစားရမည်သာဖြစ်သည်။စစ်အစိုးရသည် သူ၏ကာယအားဥာဏအားကိုအသုံးပြုအကြပ်ကိုင်ကာ အသုံးချနှိုင်ခဲ့သည်ဆိုလျှင်ဒါလုပ်ရင်ဒါဖြစ်မည်ဖြစ်ပြီး ဒါမလုပ်ရင် ဘာဖြစ်မလဲ ဆိုသောဖိအားကြီးကြီးမားမားပါဝင်သည့် DASSK၏လမ်းစဉ်ကို မိမိတို့လက်ခံရပါမည်။
လက်ရှိတွင်အစိုးရသည်မည်သို့ပင်စိတ်ကောင်းစေတနာရှိနှိုင်သော်လည်း ၄င်းတို့စစ်အုပ်စုသည် မြန်မာ့စီးပွားရေးတစ်ရပ်လုံးကိုကုမ္ပဏီပြု၍အုပ်ချုပ်နေကြရာ လွယ်လွယ်နှင့်ဆင်းမပေးနိုင်ပါ။အထဲမှာအမြစ်လိုတွယ်နေသောလုပ်ငန်းများနောက်တစ်နေ့မှာအသိမ်းခံရဖို့ မည်သူလုပ်ချင်မည်နည်း။ထို့ကြောင့်သူတို့ပြောသောပြုပြင်ပြောင်းလဲရေးများဆိုသည်မှာ အာဏာရှင်စနစ်ကိုပြုပြင်ဖာထေးနေခြင်းမျှသာပင် မင်ဒဲလားပြောခဲ့သလိုပင်ဖြစ်နေသည်။
ထို့ကြောင့်စစ်အုပ်စုအား မရွှေ့လျှင်မဖြစ်သောအကွက်သို့ရွှေ့ရအောင် ချုပ်ကိုင်ကစားနိုင်ရန်မိမိတို့ကာယဥာဏအင်အားများဖြင့်ဗဟိုကွက်ကိုပြန်လည်စိုးမိုးနိုင်ရန် အားလုံးပါဝင်ကူညီဖို့ရာလိုအပ်ပါသည်။
(ဒီလူတွေလိမ်မှာပါ လိမ်မှာပါ ဆိုသော ဝေဖန်မှုမျိုးသည် လက်တွေ့နိုင်ငံရေးနှင့်တော့မအပ်စပ်လှသလိုတရားသေဆုပ်ကိုင်မှုသည်လည်းမအပ်စပ်ပါ။ ဘာကြောင့်လိမ်ပြီး ဘယ်လိုဖောက်ထွက်ရမည်ဆိုသော အတွေးအခေါ်ပေးနိုင်ရန်အရေးကြီးပါသည်)
-----------------------------
(၃)
ယခုကာလကိုပြုပြင်ပြောင်းလဲရေးကာလမဟုတ်သေး ဖြေလျှော့လို့ရတာလောက်ဖြေလျှော့ပေးသည့်အဆင့်ပဲရှိသေးသည်ဟု DSSKနှင့်နိုင်ငံရေးလေ့လာသူတို့ကသုံးသပ်သည်။
ပြုပြင်ပြောင်းလဲရေးလက္ခဏာဘာတစ်ခုမှမရှိချေ
၁။ဖြစ်ခဲ့သောကိစ္စအဝဝအားပြည်သူလူထုသိအောင်လူသိရှင်ကြားတောင်းပန်ရမည်။(သူတို့မတောင်းပန်နိုင်စစ်အုပ်စုတစ်ခုလုံး၏အကျိုးစီးပွားကိုကြည့်ရမည်)
၂။အားလုံးပါဝင်နိုင်သောကြားဖြတ်အစိုးရရှိရမည် (မလုပ်နိုင် စစ်အုပ်စုအကျိုးစီးပွားကိုကြည့်ရမည်)
၃။လွတ်လပ်သောရွေးကောက်ပွဲကော်မရှင်ရှိရမည်( မရှိ သူတို့အိမ်ကွင်းတွင်သူတို့ပဲဒိုင်သူတို့ပဲကစားသမားလုပ်မည် စစ်အုပ်စုတစ်ခုလုံး၏ဘုံအကျိုးစီးပွားကိုကြည့်ရမည်)
သို့သော်မတောင်းပန်သည့်အပြင်မှာပင် ဦးသိန်းစိန်အစိုးရသည် သူတို့ဟာဒီမိုကရေစီကြီးကိုတသက်လုံးရုပ်လုံးပေါ်အောင်ဖော်နေသည့်သဏ္ဍန်ပြောနေသည်။(ဒီမိုကရေစီကိုပုံဖော်နေသည်လား စစ်အုပ်စုအကျိုးစီးပွားခိုင်မြဲအောင်တသက်လုံးစီမံကိန်းချပုံဖော်နေခဲ့သည်လားဆိုသည်မှာ သူတို့နှင့်သင့်မြတ်သူလက်တစ်ဆုပ်စာက ထားစရာမရှိအောင်ချမ်းသာပြီးပြည်သူအများကောက်စရာမရှိအောင်မွဲနေခြင်းကအကောင်းဆုံးသက်သေဖြစ်သည်)
ထိုသို့အမှန်တိုင်းဝန်မခံပဲ ယခင်ကလိုပင်ပြည်သူများအပေါ် လည်သလိုပတ်သလိုလုပ်မြဲဖြစ်ကာ တချို့သောအချက်များကိုဖြေလျှော့ပေးခြင်းဖြင့် ရိုးသားသောပြည်သူလူထုကြီးကို အချိုသပ်ပြီး အာဏာကိုဆွဲဆန့်နိုင်သလောက်ဆွဲဆန့်ဖို့အကွက်ရွှေ့နေခြင်းသာ။
သူတို့အစိုးရတာဝန်ယူသည်မှာ၎နှစ်တာပဲရှိသေးသည်။ဒီနှစ်ပိုင်းအခြားလေးနှင့် ဘယ်လိုလုပ်အကုန်ပြောင်းလဲနိုင်မည်လဲဟု ပြန်ကြားရေးဝန်ကြီးကအမြဲထောက်ပြနေသည်။သူပြောသည့်သဘောက အရင်အစိုးရနှင့်မသက်ဆိုင်ဆိုသည့်သဘောဖြစ်သည်။သို့သော်လူတို့နားလည်ထားသည်မှာ အရင်အစိုးရနှင့်အခုအစိုးရအတူတူပဲဆိုသည့်အချက်ဖြစ်သည်။မတူလျှင်အရင်အစိုးရဝန်ကြီးတွေအကုန်ပြုတ်ကုန်မည်ဖြစ်ပြီးသန့်ရှင်းသောအစိုးရဖြစ်နေမည်ကိုသာရိုးရိုးရှင်းရှင်းနားလည်ထားကြသည်။
သို့သော်သူပြောသည့်အတိုင်းကျနော်တို့ ၄နှစ်တာလို့သဘောထားကြည့်မည်။ထိုသို့ဓားရိုးကိုပေးကိုင်ထားပြီးစဉ်းစားကြည့်သော် အစိုးရတွင်အကြပ်အတည်းများစွာရှိနေပုံရသည် ပြုပြင်ပြောင်းလဲလိုသူကတစ်ဖက် မပြုပြင်လိုသောသူကတစ်ဖက် အခက်ခဲကြားကလုပ်နေရသည့်သဘောသူတို့နောက်ကျောမှာပင် ဓားထောက်ခံထားရသည့်သဘောဖြစ်သည်။ထိုသို့ဆိုလျှင်ကော ယခုကာလသည်ပြုပြင်ပြောင်းလဲရေးကာလဟု အစိုးရအနေနှင့်ဆိုနိုင်ဦးမည်လား။အကြောင်းကားတိုင်းပြည်အစိုးရကိုယ်တိုင်လိမ်ညာပြောဆိုနေရပြီး သူတို့ကိုယ်တိုင်အကြပ်ရိုက်နေသလိုပြောနေသည့်ယခုကာလသည်ဘာကိုယုံကြည်ပြီးမျှော်လင့်စရာရှိတော့မည်နည်းဟု မေးစရာသာရှိသည်။ထိုကဲ့သို့အစိုးရကိုအကောင်းမြင်ပေးသောနည်းလမ်းမှာပင်ပြည်သူတို့အတွက်မျှော်လင့်စရာသည်ကုန်ခမ်းသွားပေပြီ။
--------------------------------
(၄)
၁။လူထုအုံကြွမှု
၂။လက်နက်ကိုင်တော်လှန်ရေး
၃။နိုင်ငံတကာဖိအား
ယနေ့ရနေသောဖြေလျှော့ပေးခြင်းများပင်လျှင်ထိုအချက်များကြောင့်သာဖြစ်သည်။(သို့သော်တူညီသောအားနှင့်တူညီသောတုံ့ပြန်မှုသာရမည်ကိုသတိချပ်ကြည့်ပါ)။ဦးသိန်းစိန် အနေနှင့်မြို့ပေါ်နိုင်ငံရေးပါတီများထက် တောတွင်းလက်နက်ကိုင်အဖွဲ့တွေဖြင့်မကြာခဏတွေ့ဆုံဖြစ်နေသည်မှာ လက်နက်ကြောင့်ဖြစ်သည်။ခိုင်ခိုင်မာမာဘာတစ်ခုမှမရပဲလက်နက်စွန့်လိုက်လျှင်ရေမြွေလိုအနင်းခံမည်မှာသေချာသည်။နိုင်ငံရေးလုပ်ငန်းများမှာတစ်ခုနှင့်တစ်ခုဆက်စပ်နေသောကြောင့်အများကယခုအချိန်တွင်တောတွင်းအဖွဲ့များနှင့်မြို့ပေါ်နိုင်ငံရေးသမားများအားဟန်ချက်မညီပဲရှိမည်ကိုအထူးစိုးရိမ်နေကြသည်။
အစိုးရသည်တောတွင်းလက်နက်ကိုင်များကိုမူမမှန်သောနည်းလမ်းများသုံးကာစည်းရုံးပြီးမြို့ပေါ်နိုင်ငံရေးကိုတော့၂၀၀၈ဖွဲ့စည်းပုံအောက်ကလွှတ်တော်ဖြင့်ပြန်လည်ချုပ်ကိုင်ထားသည်။လွှတ်တော်ရှိတယ် လွှတ်တော်မှာပဲဆုံးဖြတ်ကြမယ် ဟုဆိုကာ သူတို့ပဲဒိုင် သူတို့ပဲကစားသမားလုပ်ထားသော အိမ်ကွင်းဖြစ်သည့် လွှတ်တော်အတွင်းသို့သာမောင်းသွင်းနေသည်။။ထိုအနေအထားများကြောင့်ဦးသိန်းစိန်သည် ဝေးလံသောအရပ်မှလာသူများအားမကြာခဏတွေ့ဆုံနေပြီးတမြို့ထဲမှာနေသောDSSKတောင်းဆိုထားသည့် ၄ပွင့်ဆိုင်တွေ့ဆုံခြင်းကိုမူလွှတ်တော်အကြောင်းပြကာရှောင်ရှားနေခြင်းဖြစ်သည်။
သီးခံနိုင်ဖွယ်ရာမရှိသောအချက်မှာDASSKအား ပြည်သူလူထုအများစုကြီးကထောက်ခံနေသည်ကိုသိလျှက်က DASSKအားတိုင်းပြည်ခေါင်းဆောင်တစ်ဦးအနေနှင့်မမြင်နိုင်ပဲလွှတ်တော်အမတ်တစ်ယောက်အဖြစ်သူတို့ချမှတ်ထားသောလမ်းစဉ်အတိုင်းသာဆက်ဆံပြီး အရပ်စကားနှင့်ဆိုရလျှင်ရူးချင်ယောင်ဆောင်၍လှိမ့်နေခြင်းသာဖြစ်သည် ။
ဒေါ်အောင်ဆန်းစုကြည်၏နောက်တွင်မည်သည့်အင်အားစုရှိသည်ကိုမျှလိုချင်ပုံမရ။တိုင်းပြည်အတွက်ဝမ်းနည်းစရာကောင်းသောအချက်မှာ အစိုးရကတစ်ချက်မွှေလျှင်တစ်ဖွဲ့ပါသွားတတ်သည့်အစဉ်အလာဖြစ
--------------------------
ဒေါ်အောင်ဆန်းစုကြည်လုပ်တဲ့နိ
==========================
(၁)
***မစ္စတာ ဒီကလပ်ကိုဖြောင့်မတ်တည်ကြည်
သို့သော်ဤစကားအတိုင်းသူ မလုပ်သည့်ပုံပေါ်သည့်အခါ ထိုစကားလုံးများက
ကျနော့်ကိုအကြိမ်ပေါင်းများ
အထက်ပါစကားလုံးများသည် တောင်အာဖရိကလွတ်မြောက်ရေးခေ
နယ်လ်ဆင်မင်ဒဲလား၏ကိုယ်တိုင
မြန်မာနိုင်ငံ၏ဒီမိုကရေစီရု
အလားတူပင်ကမ္ဘာပေါ်မှာရှိသော မည်သည့်အာဏာရှင်ဆန်သောနိုင်
တောင်အာဖရိကသည်နောက်ဆုံးတွင
နောက်ဆုံးအချိန်အထိသူတို့ရု
------------------------
(၂)
ကမ္ဘာပေါ်တွင်အစိုးရပြောင်းလဲ
မြန်မာပြည်တွင် နိုင်ငံရေးကိုဦးဆောင်နေသူမ
၉၀ပြည့်နှစ်မတိုင်မီကတရားလွ
စစ်အစိုးရနှင့်ဆန့်ကျင်သူနိ
အဘယ်ကြောင့်ဆိုသော် လုံလောက်သောအားအင်မရှိသေြာေ
ညောင်နှစ်ပင်ညီလာခံမှ NLD နှုတ်ထွက်ခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေသည် အတည်ပြုပြီးသွားလေပြီ။ရွေးေ
များကြောင့် မည်သို့မျှမတတ်နိုင်ပဲ လက်ခံခဲ့ရသည်။
နိုင်ငံရေးသမားများမှာသူ့တန
DASSK လုပ်သောနိုင်ငံရေးမှာ လူထုအုံကြွမှုလဲမဟုတ်၊သူလုပ်
းချမ်းသော နိုင်ငံရေးယဉ်ကျေးမှုတရပ်ဖြစ
ပြုစုနေပါသည်။
အငြင်းပွားဖွယ်ရာဖြစ်သောသူ၏
လက်ရှိတွင်အစိုးရသည်မည်သို့
ထို့ကြောင့်စစ်အုပ်စုအား မရွှေ့လျှင်မဖြစ်သောအကွက်သို
(ဒီလူတွေလိမ်မှာပါ လိမ်မှာပါ ဆိုသော ဝေဖန်မှုမျိုးသည် လက်တွေ့နိုင်ငံရေးနှင့်တော့
--------------------------
(၃)
ယခုကာလကိုပြုပြင်ပြောင်းလဲေ
ပြုပြင်ပြောင်းလဲရေးလက္ခဏာဘာ
၁။ဖြစ်ခဲ့သောကိစ္စအဝဝအားပြည်
၂။အားလုံးပါဝင်နိုင်သောကြား
၃။လွတ်လပ်သောရွေးကောက်ပွဲကေ
သို့သော်မတောင်းပန်သည့်အပြင
ထိုသို့အမှန်တိုင်းဝန်မခံပဲ
သူတို့အစိုးရတာဝန်ယူသည်မှာ၎
သို့သော်သူပြောသည့်အတိုင်းက
--------------------------
(၄)
၁။လူထုအုံကြွမှု
၂။လက်နက်ကိုင်တော်လှန်ရေး
၃။နိုင်ငံတကာဖိအား
ယနေ့ရနေသောဖြေလျှော့ပေးခြင်
အစိုးရသည်တောတွင်းလက်နက်ကို
သီးခံနိုင်ဖွယ်ရာမရှိသောအချ
ဒေါ်အောင်ဆန်းစုကြည်၏နောက်တွ