ပထမဆုံးအကြိမ် လကမ္ဘာပေါ်ခြေချသူနှစ်ဦးရှိခဲ့တယ်။
အားလုံးသိကြတဲ့ Neil Armstrong အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားကို ဒီကနေ့ထိ ဆိုရိုးစကားအဖြစ်သုံးခဲ့ကြတ ယ်။
"ကျွန်တော်ရဲ့ခြေလမ်းငယ်တစ် လှမ်းက ကမ္ဘာပေါ်ကလူတွေအတွက်
ခြေလမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်"
လကမ္ဘာရောက်သူတွေရဲ့ အောင်မြင်မှုဂုဏ်ပြုတဲ့ပွဲမှာ သတင်းထောက်တစ်ဦးက Buzz Aldrin ကို အဖြေရကျပ်တဲ့ မေးခွန်းတစ်ခုမေးလိုက်တယ်။
"Armstrongက လကမ္ဘာပေါ် အရင်ခြေချခဲ့လို့ လကမ္ဘာရောက် ပထမဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒီအတွက် ခင်ဗျာဝမ်းမနည်းဘူးလား"
ပရိသတ်တွေရဲ့ သိလိုတဲ့အကြည့်အောက်မှာ Buzz Aldrin က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်။
"ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အချိန် အာကာသယာဉ်ကနေ ကျွန်တော်အရင်ဆုံး ထွက်ခဲ့တယ်။ ဒါကြောင့် ကျွန်တော်က တခြားကမ္ဘာကနေ ကမ္ဘာမြေပြင်ပေါ် ပထမဆုံး ခြေချခဲ့သူဖြစ်တယ် ဆိုတာကိုလည်း မမေ့နဲ့ပေါ့ဗျာ..."
ပရိသတ်ရဲ့ ရယ်မောသံနဲ့အတူ အားရကျေနပ်တဲ့လက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တယ်။
လုပ်ဖော်ကိုင်ဖက်ရဲ့ အောင်မြင်မှုကို သင်လေးစား၊ တန်ဖိုးထားခဲ့ဖူးပါသလား။
သူ့အတွက် ကိုယ့်လက်ခုပ်သံကို ပေးခဲ့ဖူးပါသလား။
အောင်မြင်မှုမှာ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတဲ့ အတ္တတွေနဲ့ ခွဲခြားသတ်မှတ်စရာ မလိုပါဘူး။ အဖွဲ့ရဲ့အောင်မြင်မှုက ကိုယ့်အောင်မြင်မှုပဲဖြစ်တယ် ။
အားလုံးသိကြတဲ့ Neil Armstrong အပြင် နောက်တစ်ယောက်က Buzz Aldrin ဖြစ်တယ်။ အဲဒီတုန်းက Neil Armstrong စကားတစ်ခွန်းပြောခဲ့တယ်။ အဲဒီစကားကို ဒီကနေ့ထိ ဆိုရိုးစကားအဖြစ်သုံးခဲ့ကြတ
"ကျွန်တော်ရဲ့ခြေလမ်းငယ်တစ်
ခြေလမ်းကြီးတစ်လှမ်း ဖြစ်ခဲ့တယ်"
လကမ္ဘာရောက်သူတွေရဲ့ အောင်မြင်မှုဂုဏ်ပြုတဲ့ပွဲမှ
"Armstrongက လကမ္ဘာပေါ် အရင်ခြေချခဲ့လို့ လကမ္ဘာရောက် ပထမဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတယ်။ ဒီအတွက် ခင်ဗျာဝမ်းမနည်းဘူးလား"
ပရိသတ်တွေရဲ့ သိလိုတဲ့အကြည့်အောက်မှာ Buzz Aldrin က တည်တည်ငြိမ်ငြိမ် ပြန်ဖြေခဲ့ပါတယ်။
"ကမ္ဘာမြေပေါ်ပြန်ရောက်တဲ့အချ
ပရိသတ်ရဲ့ ရယ်မောသံနဲ့အတူ အားရကျေနပ်တဲ့လက်ခုပ်သံတွေ ဟိန်းထွက်လာခဲ့တယ်။
လုပ်ဖော်ကိုင်ဖက်ရဲ့ အောင်မြင်မှုကို သင်လေးစား၊ တန်ဖိုးထားခဲ့ဖူးပါသလား။
သူ့အတွက် ကိုယ့်လက်ခုပ်သံကို ပေးခဲ့ဖူးပါသလား။
အောင်မြင်မှုမှာ သူ့ကြောင့်၊ ကိုယ့်ကြောင့်ဆိုတဲ့ အတ္တတွေနဲ့ ခွဲခြားသတ်မှတ်စရာ မလိုပါဘူး။ အဖွဲ့ရဲ့အောင်မြင်မှုက ကိုယ့်အောင်မြင်မှုပဲဖြစ်တယ်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။