ဘယ်မှာနေလဲ မေးတဲ့သူတွေကို
ဒီကဗျာလေးနဲ့ ဖြေလိုက်တယ်
_______________
ဘယ်မှာနေသလဲ မမေးပါနဲ့
*******************
လူသွား ပလက်ဖောင်း ပျောက်
ဈေးဆိုင်တွေ လမ်းပေါ်ရောက်နေတဲ့မြို့
မိုးတွင်းဆို အသွင်ပြောင်း
လမ်းတွေ မြောင်းဖြစ်တဲ့မြို့
လေပြင်းတစ်ချက်တိုက်ရင်
ဖုန်းလိုင်းတွေပြတ်မီးတွေမှောင်မိုက်တတ်တဲ့မြို့
အပြင်ပန်း အမြင်လှတဲ့
သင်တန်းဟန်ပြတွေများတဲ့မြို့ 
စပွန်ဆာဆိုတဲ့ စကား ခေတ်စားပြီး
ဟိုတယ် မာဆတ်တွေ များတဲ့မြို့
ငါးပိသိပ် ငါးချဉ်သိပ် ခရီးသည်တင်
အဲကွန်းပျက်နေတဲ့ အထူးယာဉ်တွေ များတဲ့မြို့
မြို့လည်ခေါင် သေနတ်နဲ့ပစ်
အာဏာရှင်အကျင့်ဆိုးတွေ အုပ်မိုးခဲ့ဖူးတဲ့မြို့
တစ်ခေတ်က အာရှရဲ့ရှေ့ဆောင်
ခုချိန်မှာ နန်းကျ ချောင်ထိုးခံထားရတဲ့မြို့
အဲဒီမြို့မှာ ကျွန်တော်နေတယ်......../ /
ကိုရေဦး
.
Khaing Thitsar
==============
ဒီကဗျာလေးနဲ့ ဖြေလိုက်တယ်
_______________
ဘယ်မှာနေသလဲ မမေးပါနဲ့
*******************
လူသွား ပလက်ဖောင်း ပျောက်
ဈေးဆိုင်တွေ လမ်းပေါ်ရောက်နေတဲ့မြို့
မိုးတွင်းဆို အသွင်ပြောင်း
လမ်းတွေ မြောင်းဖြစ်တဲ့မြို့
လေပြင်းတစ်ချက်တိုက်ရင်
ဖုန်းလိုင်းတွေပြတ်မီးတွေမေ
အပြင်ပန်း အမြင်လှတဲ့
သင်တန်းဟန်ပြတွေများတဲ့မြို
စပွန်ဆာဆိုတဲ့ စကား ခေတ်စားပြီး
ဟိုတယ် မာဆတ်တွေ များတဲ့မြို့
ငါးပိသိပ် ငါးချဉ်သိပ် ခရီးသည်တင်
အဲကွန်းပျက်နေတဲ့ အထူးယာဉ်တွေ များတဲ့မြို့
မြို့လည်ခေါင် သေနတ်နဲ့ပစ်
အာဏာရှင်အကျင့်ဆိုးတွေ အုပ်မိုးခဲ့ဖူးတဲ့မြို့
တစ်ခေတ်က အာရှရဲ့ရှေ့ဆောင်
ခုချိန်မှာ နန်းကျ ချောင်ထိုးခံထားရတဲ့မြို့
အဲဒီမြို့မှာ ကျွန်တော်နေတယ်......../ /
ကိုရေဦး
.
Khaing Thitsar
==============
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။