အမေရိကန်ရုပ်သံလိုင်း MSNBC ရဲ့ နာမည်ကျော် စီစဉ်တင်ဆက်သူတယောက်ဖြစ်တဲ့ Alex WAGNER
သူ အခု မင်္ဂလာဆောင်ပါပြီ။
သူ့မင်္ဂလာဆောင်ကို သမ္မတအိုဘားမားတို့ဇနီးမောင်နှံလည်း တက်ရောက်ပါမယ်။
ဘာကြောင့်လဲ ဆိုတော့ သတို့သားက အိမ်ဖြူတော်ရဲ့ စားဖိုမှူးကြီးဖြစ်နေလို့ပါပဲ။
သူတို့နှစ်ယောက် ပြီးခဲ့တဲ့နှစ်မှာ စေ့စပ်ကြောင်းလမ်းခဲ့ကြတာပါ။
အခုတော့ စနေနေ့မှာ မင်္ဂလာဆောင်ပါပြီ။
Alex WAGNER
Alex WAGNER
ရုပ်သံမှာ ပါတယ်၊ သမ္မတနဲ့ နီးစပ်တယ်၊ နှစ်လိုဖွယ်ရာကောင်းတယ် ဆိုတဲ့ အချက်တွေကြောင့်ပါ ဆိုပြီး The VOGUE
http://www.vogue.com/1061155/this-is-our-youth-kenneth-lonergan မှာ အပြည့်အစုံဖတ်ပါ။
အွန်လိုင်းမီဒီယာအများအပြားမှာ သူတို့စုံတွဲအကြောင်း ရေးသားထားကြတာ အများအပြားပါပဲ။
ဒီနေ့ စနေနေ့ (အာရှမှာတော့ တနင်္ဂနွေနေ့) ဖြစ်တဲ့အတွက် မင်္ဂလာပွဲ အခမ်းအနား ပြီးသွားပြီလို့ ယူဆရပါတယ်။
သတို့သမီးက ၃၆ နှစ်။
သတို့သားက ၃၄။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမေရိကန် ခရီးစဉ်အတွင်း အင်တာဗျူးတဲ့ မီဒီယာသမားထဲ ALEX
အဲဒီအကြောင်း Amnesty အဖွဲ့ရဲ့ ဘလော့စာမျက်နှာတခု မှာ ဖတ်နိုင်ပါတယ်။
http://blog.irrawaddy.org/2014/08/alex-wagner.html

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။