Followers အားပေးသူများ အထူး အထူးပဲ ကျေးဇူးတင်ပါသည်။

✩✩ ✩ ✩ ✩ ✩ ✩သီချင်းချစ်သူ ✪ မှ ✪ သီချင်းချစ်သူသို့✩ ✩ ✩ ✩ ✩ ✩✩

8Chit&အိမ့်ချစ် AhMoon&အမွန်း AhNaing&အနိုင် AhNge&အငဲ Akuk Alex&အဲလက်စ် AnnHellar&အန်ဟဲလာ Ar-T AungHtet&အောင်ထက် AungLa&အောင်လ AungNaing&အောင်နိုင် AungThu&အောင်သူ AungYin&အောင်ရင် AuraLi&အ်ာရာလီ AyeChanMay&အေးချမ်းမေ AyeTinChoShwe&အေသင်ချိုဆွေ AyeWuttYiThaung&အေးဝတ်ရည်သောင်း BaDin&ဗဒင် Blueberry BobbySoxer BoBo&ဘိုဘို BoBoHan&ဘိုဘိုဟန် BoPhyu&ဘိုဖြူ Breaky&ဘရိတ်ကီ BunnyPhyoe&ဘန်နီဖြိုး ChanChan&ချမ်းချမ်း ChanChann&ချမ်ချမ်း ChawSuKhin&ချောစုခင် ChinSong&ချင်းသီချင်း ChitKaung&ချစ်ကောင်း ChitThuWai&ချစ်သုဝေ ChoLayLung&ချိုလေးလုန် ChoPyone&ချိုပြုံး ChristmasSong&ခရစ္စမတ်သီချင်း CityFm Dawn&ဒွန်း DiraMore&ဓီရာမိုရ် DoeLone&ဒိုးလုံး Dway&ဒွေး EainEain&အိန်အိန်း G.Latt&ဂျီလတ် GaeGae&ဂေဂေး GirlLay&ဂဲ(လ်)လေး Graham&ဂရေဟမ် Group&အဖွဲ့လိုက် GuRawng&ကူးရောင် GyoGyar&ကြိုးကြာ HanTun&ဟန်ထွန်း HaymarNayWin&ဟေမာနေဝင်း He`Lay&ဟဲလေး HlonMoe&လွှမ်းမိုး HlwanPaing&လွှမ်းပိုင် HtamHkay&ထျန်ခေး HTDTunYin&ဟသာင်္တထွန်းရင် HtetAung&ထက်အောင် HtetHtetMyintAung&ထက်ထက်မြင့်အောင် HtetSaung&ထက်လျှောင်း HtooEainThin&ထူးအိမ်သင် HtooHtooSet&ထူးထူးဆက် HtooL.Lin&ထူးအယ်လင်း HtunHtun&ထွဏ်းထွဏ်း HtunYati&ထွန်းရတီ IreneZinMarMyint&အိုင်ရင်းဇင်မာမြင့် J.LingMawng&ဂေလိန်းမောင်း J.MgMg&ဂျေမောင်မောင် JarSan&ဂျာဆန် JetSanHtun&ဂျက်ဆန်ထွန်း JMe&ဂျေးမီ KabarPhone&ကမ္ဘာဖုန်း KaiZar&ကိုင်ဇာ KapyaBoiHmu&ကဗျာဘွဲ့မှူး KaungKaung&ကောင်းကောင်း KhaingHtoo&ခိုင်ထူး KhinBone&ခင်ဘုဏ်း khinMgHtoo&ခင်မောင်ထူး KhinMgToe&ခင်မောင်တိုး KhinSuSuNaing&ခင်စုစုနိုင် KhupPi&ခုပ်ပီး KKT&ကေကေတီ KoKoGyi&ကိုကိုကြီး KoNi&ကော်နီ KyingLianMoong L.KhunYe&L.ခွန်းရီ L.LwinWar&L.လွန်းဝါ L.SengZi&L.ဆိုင်းဇီ LaShioTheinAung&လားရှိုးသိန်းအောင် LaWi&လဝီ LayLayWar&လေးလေးဝါ LayPhyu&လေးဖြူ LDKyaw&L.ဒီကျော် LiLiMyint&လီလီမြင့် LinNit&လင်းနစ် LynnLynn&လင်းလင်း Madi&မဒီ MaNaw&မနော Marritza&မာရဇ္ဇ MayKhaLar&မေခလာ MaySweet&မေဆွိ MayThu&မေသူ MgThitMin&မောင်သစ်မင်း MiMiKhe&မီးမီးခဲ MiMiWinPhay&မီမီဝင်းဖေ MinAung&မင်းအောင် Misandi&မိဆန္ဒီ MMGospelSong&ခရစ်ယာန်ဓမ္မတေး MMLoveSong&မြန်မာသီချင်း MoMo&မို့မို့ MoonAung&မွန်းအောင် Music&ဂီတ Myanmar-Kid-Songs MyayPeYo&မြေပဲယို MyoGyi&မျိုးကြီး MyoMyo&မျိုးမျိုး NangKhinZayYar&နန်းခင်ဇေယျာ Naung&နောင် NawLiZar&နော်လီဇာ NawNaw&နောနော် NgeNgeLay&ငဲ့ငယ်လေး NiNiKhinZaw&နီနီခင်ဇော် NiNiWinShwe&နီနီဝင်းရွှေ NO&နိုး NweYinWin&နွဲ့ယဉ်ဝင် NyanLinAung&ဥာဏ်လင်းအောင် NyiMinKhine&ညီမင်းခိုင် NyiZaw&ညီဇော် PannEiPhyu&ပန်းအိဖြူ PanYaungChel&ပန်းရောင်ခြယ် Pb.ThanNaing&သန်းနိုင် PhawKa&ဖော်ကာ PhoeKar&ဖိုးကာ PhuPhuThit&ဖူးဖူးသစ် PhyoGyi&ဖြိုးကြီး PhyoKyawHtake&ဖြိုးကျော်ထိုက် PhyuPhyuKyawThein&ဖြူဖြူကျော်သိန်း PhyuThi&ဖြူသီ PoEiSan&ပိုးအိစံ PoPo&ပိုပို PuSue&ပူစူး R.ZarNi&R.ဇာနည် RainMoe&ရိန်မိုး RebeccaWin&ရေဗက္ကာဝင်း Ringo&ရင်ဂို SaiHteeSaing&စိုင်းထီးဆိုင် SaiLay&စိုင်းလေး SaiSaiKhanHlaing&စိုင်းစိုင်းခမ်းလှိုင် SaiSaiMaw&စိုင်းဆိုင်မောဝ် SaiSan&ဆိုင်စံ SalaiJonhTinZam SalaiJonhTinZam&ဆလိုင်းဂျွန်သင်ဇမ်း SalaiSunCeu&ဆလိုင်းဆွန်ကျဲအို SalaiThuahAung&ဆလိုင်းသွှအောင် SalaiZamLain&ဆလိုင်းသျှမ်းလျန် SandyMyintLwin&စန္ဒီမြင့်လွင် SangPi&စံပီး SaungOoHlaing&ဆောင်းဦးလှိုင် SawBweHmu&စာဘွဲ့မှူး SawKhuSe&စောခူဆဲ She&သျှီ ShinPhone&ရှင်ဖုန်း ShweHtoo&ရွှေထူး SinPauk&ဆင်ပေါက် SiThuLwin&စည်သူလွင် SithuWin&စည်သူဝင်း SiYan&စီယံ Snare SoeLwinLwin&စိုးလွင်လွင် SoeNandarKyaw&စိုးနန္ဒာကျော် SoePyaeThazin&စိုးပြည့်သဇင် SoeSandarTun&စိုးစန္ဒာထွန်း SoTay&ဆိုတေး SungTinPar&ဆုန်သင်းပါရ် SuNit&ဆူးနစ် TekatawAyeMg&တက္ကသိုလ်အေးမောင် ThangPaa&ထန်းပါး TharDeeLu&သာဒီးလူ ThawZin&သော်ဇင် ThiriJ.MgMg&သီရိဂျေမောင်မောင် Thoon&သွန်း TinGyanSong&သင်္ကြန်သီချင်း TintTintTun&တင့်တင့်ထွန်း TinZarMaw&တင်ဇာမော် TunEaindraBo&ထွန်းအိန္ဒြာဗို TunKham&ထွဏ်းခမ် TunTun&ထွန်းထွန်း TuTu&တူးတူး V.NoTun&V.နိုထွန်း WaiLa&ဝေလ WaNa&ဝန WarsoMoeOo&ဝါဆိုမိုးဦး WineSuKhineThein&ဝိုင်းစုခိုင်သိန်း WyneLay&ဝိုင်းလေး Xbox XGALZ Y-Zet YadanaMai&ရတနာမိုင် YadanaOo&ရတနာဦး YairYintAung&ရဲရင့်အောင် YanAung&ရန်အောင် YarZarWinTint&ရာဇာဝင်းတင့် YeTwin&ရဲသွင် YummyRookie YuZaNa&ယုဇန YY&၀ိုင်ဝိုင်း Z.DiLa&Z.ဒီးလာ ZamNu&ဇမ်နူး ZawOne&ဇော်ဝမ်း ZawPaing&ဇော်ပိုင် ZawWinHtut&ဇော်ဝင်းထွဋ် ZawWinShing&ဇော်ဝင်းရှိန် ZayYe&ဇေရဲ ZwePyae&ဇွဲပြည့်
သီချင်းနားထောင်ရန် အပေါ်က အဆိုတော် နာမည် Click ပါနော်

Facebook မှာ ဖတ်ချင်ရင် Like တစ်ချက်လောက် နဲ့ အားပေးနိုင်ပါသည်

Friday, August 29, 2014

"ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းတဲ့ ငှက်ကြိုးကြာ"

Netflix မှာ Wildest Indiaကိုကြည့်မိပြီး အဲဒီထဲက ရိုက်ကွက်တစ်ခုမှာ Demoiselle ကြိုးကြာငှက်အကြောင်းပါလာလို့ ရေးခဲ့တဲ့စာတစ်ပုဒ်ကို သတိရလိုက်မိတာနဲ့
ပြန်တင်လိုက်ပါတယ်။ Wildest India က အိန္ဒိယနိုင်ငံက သဘာဝသားရိုင်းတိရစ္ဆာန်အကြောင်း မှတ်တမ်းရုပ်ရှင်ကားလေးပါ။ အပိုင်း ၅ပိုင်းပါပါတယ်။ အဲဒီကလူတွေနဲ့ တိရစ္ဆာန်တို့ သင့်သင့်မြတ်မြတ်နေထိုင်ပုံတွေ၊ အဲဒီနိုင်ငံမှာရှိတဲ့ သားရိုင်းတိရစ္ဆာန်မျိုးစုတွေကို ရိုက်ကူးတင်ဆက်ထားတာ
ဖြစ်ပါတယ်။ စကားကြုံလို့ ပြောပါဦးမယ်... အိန္ဒိယနိုင်ငံကို ဘုရားဖူးရောက်ခဲ့ဖူးသူတွေက ပြောပါတယ်။ အိန္ဒိယနိုင်ငံမှာ နွားတွေ၊ ဆိတ်တွေက ဈေးထဲ၊ မြို့ထဲမှာလျှောက်သွားနေတယ်။ နွားချေး၊ ဆိတ်ချေးတွေနဲ့ ညစ်ပတ်နေပါတယ်တဲ့။ ကျွန်မဖတ်ဖူးတဲ့ တရုတ်ဆောင်းပါးတစ်ခုမှာတော့အိန္ဒိယနိုင်ငံဟာ သဘာဝတရားတွေနဲ့ ပြည့်နှက်နေတယ်။ လူနဲ့တိရစ္ဆာန်တို့ဟာ သဘာဝကျကျ အတူတကွ ချစ်ချစ်ခင်ခင်နေထိုင်နေကြတယ်လို့ဆိုပါတယ်။ အမြင်လေးတွေတော့ ကွဲပြားခွင့်ရှိတာပေါ့နော်... ဟုတ်ပါတယ်.. "ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းတဲ့ ငှက်ကြိုးကြာ" ပါ.. မဖတ်ရသေးရင် ဖတ်ကြည့်ပါဦး...
--------

"ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းတဲ့ ငှက်ကြိုးကြာ"

တီဗွီဖန်သားပြင်ပေါ်ထင်ဟပ်တဲ့အဲဒီပုံရိပ်က ကျွန်တော့်ကို ပထမဆုံးအကြိမ် နက်နက်ရှိုင်းရှိုင်း တုန်လှုပ်စေခဲ့ပါတယ်။ အစီအစဉ်တင်ဆက်သူလိုပဲ ဒါဟာ ကျွန်တော့်ကို ပထမဆုံးအကြိမ် ရင်နင့်မျက်ရည်ကျစေတဲ့ မြင်ကွင်းဖြစ်ပါတယ်။ အဲဒီမြင်ကွင်းက CCTV အသံလွှင့်ဌာနကထုတ်လွှင့်တဲ့ "Our Earth"ဆိုတဲ့အစီအစဉ်ထဲမှာ ကြည့်ခဲ့ရတာဖြစ်ပါတယ်။

ဟိမဝန္တာတောင်ကို ကမ္ဘာ့အမြင့်ဆုံးတောင်လို့ လူတွေတင်စားကြပါတယ်။ "ငှက်တောင်မှ ဖြတ်ကျော်ပျံသန်းလို့မရတဲ့တောင်"လို့လည်း ဆိုကြပါတယ်။ ဟိမဝန္တာတောင်ရဲ့အမြင့်ဆုံးတောင်ထိပ် -- ဧဝရက်တောင်ကိုတက်ကြတဲ့ လူ၁ဝယောက်လောက်မှာ ၁ယောက်ကသေဆုံးရပါတယ်။
တောင်ထိပ်အရောက်တက်နိုင်ခဲ့ရင်တောင် ကြာရှည်မနေနိုင်ခဲ့ကြပါဘူး။

ဒါပေမယ့် နှစ်စဉ်နှစ်တိုင်း Demoiselle ကြိုးကြာငှက် ၅သောင်းခန့်ဟာ အိန္ဒိယဖက်ဆီ ဆောင်းခိုဖို့ ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းကြပါတယ်။

ဒါဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးရွေ့ပြောင်းမှုတစ်ခုပါ။ မနက်ပိုင်းဆိုရင် တောင်ထိပ်မှာလေကြမ်းတိုက်ခိုက်ပါတယ်။ Demoiselle ကြိုးကြာငှက်တွေက လုံလောက်တဲ့အမြင့်ဆီ ပျံသန်းနိုင်မှသာလျှင်
လေကြမ်းကိုရှောင်နိုင်မှာဖြစ်တယ်။ ဒါပေမယ့် ပြင်းထန်တဲ့လေထုနဲ့ကြုံရင် သူတို့လမ်းကြောင်းပြန်လှည့်ရပါတယ်။ ပြန်မလှည့်ရင် သူတို့သေဆုံးရပါတယ်။
နေ့သစ်မှာ မျှော်လင့်ချက်အသစ်နဲ့ သူတို့ပျံသန်းကြပြန်ပါတယ်။ အချင်းချင်း နီးနီးကပ်ကပ်နဲ့ ညာသံပေးပြီး ပျံသန်းကြပြန်ပါတယ်။ အစာ ရေစာချို့တဲ့လို့ သူတို့ဟာအင်အားချိနဲ့နေကြပါပြီ။ အပေါ်ဖက်ဆီထိုးတက်တဲ့ လေနွေးငွေ့ကို အားပြု ပြီး ကိုယ့်ကိုယ်ကိုအမြင့်ကိုရောက်ဖို့ သူတို့ပျံသန်းကြပါတယ်။

Demoiselle ကြိုးကြာငှက်အများအတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် ဟိမဝန္တာတောင်ကို ဖြတ်ကျော်ကြတာပါ။ တချို့Demoiselle ကြိုးကြာငှက်အတွက်တော့ ဒါဟာ နောက်ဆုံးတစ်ကြိမ်လည်း ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ သားရိုင်းတစ်မျိုးဖြစ်တဲ့ golden eagle ရွှေလင်းယုန်ငှက်တွေက သူတို့ကိုဖမ်းစားဖို့ စောင့်နေကြလို့ပါ။ ရွှေလင်းယုန်တွေဟာ စုံလိုက်ဆီးစောင့်နေပြီး ငယ်ရွယ်တဲ့ Demoiselle ကြိုးကြာငှက်တွေကို အုပ်စုထဲကနေခွဲထုတ်ပစ်ပြီး သူတို့ရဲ့ချွန်ထက်တဲ့လက်သည်းနဲ့ ဖမ်းကုတ်စားသောက်ပါတယ်။ အဖွဲ့ဝင်တွေ တဖြုတ်ဖြုတ်ဆုံးရှုံးသွားတာနဲ့ကြုံရတဲ့ Demoiselle ကြိုးကြာငှက်တွေဟာ ဘာမှမတတ်နိုင်ဘဲ ဆက်လက်ပျံသန်းကြပါတယ်။

ဆိုးဝါးတဲ့ရာသီဥတု၊ ရက်စက်တဲ့ဝိုင်းအုံမှုတွေက ဟိမဝန္တာတောင်ကို ဖြတ်ကျော်ပျံသန်းမယ့် Demoiselle ကြိုးကြာငှက်ရဲ့ဆုံးဖြတ်ချက်ကို မတွန်းလှန်နိုင်ခဲ့ပါဘူး။ အမြင့်ဆုံးတောင်ထိပ်ဆီ သူတို့တစ်ဟုန်ထိုးပျံတက်ကြတယ်။ အထူးသဖြင့် နောက်ဆုံးအမြင့်နေရာကို ရောက်ချိန်မှာ တောင်ပံတစ်ချက်ခတ်တာတောင် သူတို့ အရမ်းအားယူကြရပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာ ဟိမဝန္တာတောင်ကို သူတို့ဖြတ်ကျော်ပျံသန်းနိုင်ခဲ့ကြပါတယ်။ Demoiselle ကြိုးကြာငှက်က ကြိုးကြာငှက်မျိုးနွှယ်ထဲမှာခန္ဓာကိုယ်အသေးဆုံးဖြစ်တယ်။ ဒါပေမယ့် သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ ကြီးမားတဲ့အင်အားတစ်ခုက ခိုအောင်းနေခဲ့ပါတယ်။ အဲဒီအင်အားက ကျွန်တော်တို့ကို အံ့သြတုန်လှုပ်စေခဲ့ပါတယ်။

ဟိမဝန္တာတောင်က "ငှက်တွေတောင် ဖြတ်ကျော်ပျံသန်းလို့မရတဲ့တောင်" မဟုတ်ဘူးဆိုတာကို Demoiselle ကြိုးကြာငှက်က ကျွန်တော်တို့ကို သက်သေပြခဲ့ပါတယ်။

ဟုတ်ပါတယ်... စိတ်မြင့်သလောက် မိုးကောင်းကင်ကြီး လိုက်မြင့်ပါတယ်၊ စိတ်ကျယ်ပြောသလောက် လောကကြီးလိုက်ကျယ်ပြောပါတယ်။ နပိုလီယံပြောခဲ့သလိုပါပဲ...
"လူတစ်ယောက် ဘယ်လောက်မြင့်မြင့်ပျံသန်းနိုင်မယ်ဆိုတာကို တခြားအကြောင်းရင်းတွေနဲ့ ဆုံးဖြတ်တာမဟုတ်ပါဘူး.. သူ့ရဲ့စိတ်နဲ့ပဲ ဆုံးဖြတ်ပါတယ်"တဲ့။

ဒီလောကမှာ လူအများကင်းမဲ့နေတာက စိတ်ကူးအတွေးတွေမဟုတ်ပါဘူး.. သူတို့ကင်းမဲ့နေတာက လက်တွေ့လုပ်ဆောင်တဲ့ကြိုးစားမှုနဲ့ လုံ့လပါ။ လူတိုင်းရဲ့ရှေ့မှာ ကန့်လန့်ခံနေတဲ့ "ဟိမဝန္တာတောင်"တွေ အများကြီး ရှိကောင်းရှိပါလိမ့်မယ်။ လူအများက ဒါကို ဖြတ်ကျော်ပျံသန်းဖို့ခက်ခဲနေခဲ့တာဟာ သူတို့မှာ ကြံ့ခိုင်သန်မာမှုတစ်မျိုး၊ ဇွဲလုံ့လတစ်ခုနဲ့ တောင့်ခံမှုတစ်ခုလေးပဲ ကင်းမဲ့နေခဲ့တဲ့အတွက်ကြောင့်လည်း
ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

--------
မူရင်း-- ၂ဝဝ၇ခုနှစ် အမှတ်စဉ် ၁၅ Readers (DuZhe) မဂ္ဂဇင်းထဲမှာပါတဲ့ စာတစ်ပုဒ်ထဲက ကောက်နုတ်ဘာသာပြန်ထားတာဖြစ်ပါတယ်။

ကြိုးကြာငှက်တွေရဲ့ ရွေ့ပြောင်းမှုကို youtubeမှာကြည့်နိုင်ပါတယ်

https://www.youtube.com/watch?v=_skh3a-h_uA(အင်္ဂလိပ်)
https://www.youtube.com/watch?v=pzOLidZxRK8(တရုတ်)

နိုင်းနိုင်းစနေ (April. 5. 2014)

No comments:

Post a Comment

မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။