သူတို့ထက် ယုတ်ညံ့တာ မရှိတော့ပြီ
~~~~~~~~~~~~~~~~~~~~~~
ဦးသန်းရွှေ စစ်အုပ်စု ရဲ့ လုပ်ရပ်ထက်
လောကမှာ ယုတ်ညံ့တဲ့ လုပ်ရပ်တွေ
မျက်မှောက်ကာလ ရှိမယ် မထင်တော့ပါ။
မြတ်စွာဘုရား သာ ရှိမယ် ဆိုရင်
လောက ရဲ့ အယုတ်ညံ့ဆုံးသော လုပ်ရပ် ကို ကျူးလွန်ကြသော ပုဂ္ဂိုလ်များအဖြစ်
ဧတဒဂ် ပေးမယ် လို့ အောင့်မေ့မိတယ်။
တိုင်းပြည် ကို
ပြည်သူ့အာဏာ လွှဲပြောင်းပေးရမှာ စိုးတဲ့အတွက်
နေရာအနှံ့ အဓိကရုဏ်းတွေ
ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသားအချင်းချင်း မုန်းတီးမှုတွေ
ကွဲပြားမှုတွေ အမျိုးမျိုးဖန်တီးပြီး
လူတွေ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီး
ရာဇ၀တ်မှုတွေ ထူပြော
မင်းမဲ့စရိုက်တွေ ပေါများအောင်
ဖန်တီးနေတယ်။
သံဃာတွေထဲမှာတောင်
လိုသလို သြဇာခံ သင်္ကန်းဝတ်အုပ်စုတွေ လက်သပ်မွေးပြီး
ဗုဒ္ဓသာသနာ ကို ညှိုးနွမ်းအောင်
ကွဲပြားအောင် လုပ် ခဲ့တယ်။
တတိုင်းပြည်လုံး
တောင်ဖြို
တောဖျက်
မြစ်ကော
ချောင်းကောရုံမက
လယ်သိမ်း
အိမ်သိမ်း
ရွာတွေပါ သိမ်း လို့
ပြည်သူကို ဓါးပြတိုက်
နောက်ဆုံး ကြံရာမရတော့
အိမ်ဖေါ်အနေနဲ့ နိုင်ငံခြားကိုပို့
အဲဒီ ပြည်သူတွေရဲ့ သားပျိုသမီးပျိုတွေကို
အလုပ်သမားတွေ
အိမ်ဖေါ်တွေ အနေနဲ့ ပို့ကုန် ပို့တာမှာ အဲဒီအစိုးရ
အမြတ်အစွန်းယူသလား၊ မယူဘူးလား၊
အခွန်အတုပ်ကောက်သလား
မကောက်ဘူးလား စိစစ်ကြည့်ပါလေ. . .
ပြည်သူကို ကျွန်ကုန်ကူး လို့
အမြတ်ထုတ်တဲ့ အထိ။
ဘယ်ဗိုလ်ချုပ်သားသမီး
ဘယ်စစ်ဗိုလ်သားသမီး
ဘယ်ခရိုနီသားသမီး ဒီလို ပို့တဲ့အထဲ ပါသလဲ။
ပြည်သူတွေအတွက်
ပညာရေးပြုပြင်မှုသာ နှောင့်နှေးနေတာ
သူတို့သားသမီးတွေတော့
နိုင်ငံတကာကျောင်းတွေမှာ တက်လို့ မဟုတ်လား။
ယှဉ်ကြည့်လေ
မြင်သိလေ ဖြစ်လိမ့်မယ်။
ယုတ်ညံ့တကာ့ အယုတ်ညံ့ဆုံး သတ္တ၀ါတွေပါပဲ။
ချိုတူးဇော်
~~~~~~~~~~~~~~~~~~~~~~
ဦးသန်းရွှေ စစ်အုပ်စု ရဲ့ လုပ်ရပ်ထက်
လောကမှာ ယုတ်ညံ့တဲ့ လုပ်ရပ်တွေ
မျက်မှောက်ကာလ ရှိမယ် မထင်တော့ပါ။
မြတ်စွာဘုရား သာ ရှိမယ် ဆိုရင်
လောက ရဲ့ အယုတ်ညံ့ဆုံးသော လုပ်ရပ် ကို ကျူးလွန်ကြသော ပုဂ္ဂိုလ်များအဖြစ်
ဧတဒဂ် ပေးမယ် လို့ အောင့်မေ့မိတယ်။
တိုင်းပြည် ကို
ပြည်သူ့အာဏာ လွှဲပြောင်းပေးရမှာ စိုးတဲ့အတွက်
နေရာအနှံ့ အဓိကရုဏ်းတွေ
ဘာသာရေး၊ လူမျိုးရေး၊ တိုင်းရင်းသားအချင်းချင်း မုန်းတီးမှုတွေ
ကွဲပြားမှုတွေ အမျိုးမျိုးဖန်တီးပြီး
လူတွေ အသက်အိုးအိမ်စည်းစိမ်တွေ ပျက်စီး
ရာဇ၀တ်မှုတွေ ထူပြော
မင်းမဲ့စရိုက်တွေ ပေါများအောင်
ဖန်တီးနေတယ်။
သံဃာတွေထဲမှာတောင်
လိုသလို သြဇာခံ သင်္ကန်းဝတ်အုပ်စုတွေ လက်သပ်မွေးပြီး
ဗုဒ္ဓသာသနာ ကို ညှိုးနွမ်းအောင်
ကွဲပြားအောင် လုပ် ခဲ့တယ်။
တတိုင်းပြည်လုံး
တောင်ဖြို
တောဖျက်
မြစ်ကော
ချောင်းကောရုံမက
လယ်သိမ်း
အိမ်သိမ်း
ရွာတွေပါ သိမ်း လို့
ပြည်သူကို ဓါးပြတိုက်
နောက်ဆုံး ကြံရာမရတော့
အိမ်ဖေါ်အနေနဲ့ နိုင်ငံခြားကိုပို့
အဲဒီ ပြည်သူတွေရဲ့ သားပျိုသမီးပျိုတွေကို
အလုပ်သမားတွေ
အိမ်ဖေါ်တွေ အနေနဲ့ ပို့ကုန် ပို့တာမှာ အဲဒီအစိုးရ
အမြတ်အစွန်းယူသလား၊ မယူဘူးလား၊
အခွန်အတုပ်ကောက်သလား
မကောက်ဘူးလား စိစစ်ကြည့်ပါလေ. . .
ပြည်သူကို ကျွန်ကုန်ကူး လို့
အမြတ်ထုတ်တဲ့ အထိ။
ဘယ်ဗိုလ်ချုပ်သားသမီး
ဘယ်စစ်ဗိုလ်သားသမီး
ဘယ်ခရိုနီသားသမီး ဒီလို ပို့တဲ့အထဲ ပါသလဲ။
ပြည်သူတွေအတွက်
ပညာရေးပြုပြင်မှုသာ နှောင့်နှေးနေတာ
သူတို့သားသမီးတွေတော့
နိုင်ငံတကာကျောင်းတွေမှာ တက်လို့ မဟုတ်လား။
ယှဉ်ကြည့်လေ
မြင်သိလေ ဖြစ်လိမ့်မယ်။
ယုတ်ညံ့တကာ့ အယုတ်ညံ့ဆုံး သတ္တ၀ါတွေပါပဲ။
ချိုတူးဇော်
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။