အူတက်အောင်ရီရသောဟာသများနဲ့အခြား
နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပန အခမ်း အနားဟာ ဧည့်ပရိတ်သတ်များနဲ့ အထူး စည်ကား နေပါတယ်..
နှလုံးသား ပုံဖော်ထားတဲ့ ပန်းအလှဆင် အထူးပန်းဝိုင်း ကြီးအတွင်းမှ
ဆရာဝန်ကြီးရဲ့ ရုပ်ကလာပ်ကို ဖြတ်သန်း သယ်ဆောင်ပြီး ခမ်းခမ်းနားနား ဂုဏ်ပြုနှုတ်ဆက်ကာ ပို့ဆောင်လျက် ရှိနေခိုက်
ပရိသတ်အတွင်းမှ တီးတိုးရယ်သံတစ်သံ... ထွက်ပေါ်လာပါတယ်..
ရယ်နေသူကို ဘေးကရပ်နေသူက ..."ခင်ဗျားက ဘာလို့ ရယ်တာလဲ"
ရယ်နေသူက....."နှလုံးအထူးကု ဆရာဝန်ကြီးရဲ့ ဈာပနကို ကြည့်ပြီး ကျနော့် ဈာပန အကြောင်း တွေးမိလို့ပါ"
မေးနေသူက..."ခင်ဗျားက ဘာမို့လို့ လဲ"
ရယ်နေသူ ပြန်ဖြေလိုက်တာကတော့..." ကျနော်က သားဖွားနဲ့ မီးယပ် အထူးကုပါ.."
တိန်...ရီမောပျော်ရွှင်ပါစေ
lon ely ........
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။