Ma Ma Gyi shared ကိုသောင်း ပုလဲမြေ's photo.
Ma Nandar...
------------------
စောစောက face book တနေရာမှာ ဖတ်လိုက်ရတယ်။ ကိုမင်းကိုနိုင်က နော်ဝေမှာ စကားပြောတာ အင်္ဂလိပ်စာ ညံ့လို့ ဝေဖန်ခံရသတဲ့။ အဲဒါကို တချို့သော... မြန်မာများက ရှက်တော်မူကြသတဲ့။
ဝေဖန်ခံရတာကို လက်ခံပါတယ်။ အားနည်းချက်ရှိရင် ဒီနေရာမှာတော့ အားနည်းနေတယ် ကြိုးစားလိုက်ပါဦးဆိုပြီး ဝေဖန်ထောက်ပြတာကို လက်ခံပါတယ်။ ပြောလည်း ပြောသင့်ပါတယ်။ ကိုယ်ချစ်တဲ့ သူတွေပဲဆိုပြီး ဘာလုပ်လုပ် ကာကွယ်ပြောဆိုနေရမယ်။ အားနည်းချက်တွေကို ဖုံးထားရမယ်လို့ မဆိုလိုပါဘူး။
ဒါပေမယ့် ရှက်တော်မူကြတဲ့ အင်္ဂလိပ်လို သိပ်ကျွမ်းကျင်ပါတဲ့ မြန်မာတချို့ ကို မေးစမ်းချင်ပါတယ်။
(၁) သင်တို့ရော ကိုမင်းကိုနိုင်လို တက္ကသိုလ်ကျောင်းသားအရွယ်ကတည်း မြန်မာပြည်အနှံ့က ထောင်တွေထဲမှာ အနှိပ်စက်ခံဘဝနဲ့ ကြီးပြင်းပြီး အသက်၅၀အရွယ်မှ အခုလို လွတ်လပ်ခွင့်ရတယ်ဆိုရင် အင်္ဂလိပ်စာကို အခုလို ကျွမ်းကျင်နိုင်ပါ့မလား။
(၂) ဒေါ်အောင်ဆန်းစုကြည်တောင် မြန်မာပြည် ပြန်ရောက်ခါစက စိတ်ဓါတ်ကျခြင်း၊ စိတ်အားငယ်ခြင်းကို စိတ်ငယ်တယ်လို့ သူသန်သလို ပြောသွားခဲ့တာတွေ၊ မျှစ်ချဉ်နဲ့ ဝက်သားဟင်းကို ပထမဦးဆုံးစစားဖူးတော့ ကောင်းလိုက်တာ ဒါဘယ်လိုချက်တာလဲလို့ ရိုးသားစွာ မေးမြန်းခဲ့တာတွေဟာ သူ့ဘဝရဲ့ ဘဝပေးအခြေအနေအရ ဖြစ်ခဲ့ရတာတွေပဲ။ ဒါတွေကို သတင်းစာထဲအထိ တစိတ်တအိတ်လုပ်ပြီး အပုပ်ချခဲ့သူတွေ အခု ဘာဖြစ်နေပြီလဲ။
ဒေါ်စုဆိုလည်း မြန်မာပြည်မှာ အခြေချမယ်ဆိုကတည်း မြန်မာဆိုတာနဲ့ အသားကျအောင် သူအခက်အခဲတွေ အများကြီးကို ရင်ဆိုင်ခဲ့ရတယ်။ ကြိုးစားခဲ့ရတာပဲ။
(၃) အခုလည်း ကိုမင်းကိုနိုင်ဟာ သူတတ်သလောက်နဲ့ ကြိုးစားပြီးပြောတာကို အဆိုးဘက်က အပနာပ ပြောတယ်ဆိုတာဟာ အများက မေတ္တာထားတဲ့ ကိုမင်းကိုနိုင်တို့ကို မနာလိုခြင်း သက်သက်ကြောင့် ဖြစ်လာတဲ့ ကိုယ့်စိတ်ဓါတ် ယုတ်ညံ့မှုဆိုတာကိုရော ကိုယ့်ကိုယ်ကို သတိထားမိကြရဲ့လား။
(၄) အင်္ဂလိပ်စာ သိပ်တတ်နေပြီဆိုတဲ့၊ အင်္ဂလိပ်စာ မတတ်လို့ မင်းကိုနိုင်ကို ရှက်စရာလို့ မကောင်းပြောတဲ့ သင့်အနေနဲ့ ကိုမင်းကိုနိုင်လို တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ယုံကြည်ချက်အတွက် စွန့်လွှတ်ရဲတဲ့ သတ္တိရှိလို့လား။
(၅) ဒီလို အင်္ဂလိပ်စာ ညံ့ဖျင်းပါတယ်ဆိုတဲ့ မြန်မာပြည်က သာမာန် ပန်းချီဆရာရဲ့ သားသတယောက်ကို ဘာဖြစ်လို့ နိုင်ငံကြီးတွေက ဆုတွေ ခေါ်ပေးနေတာလဲဆိုတာကို သင်နားလည်ရဲ့လား။
(၆) ကိုမင်းကိုနိုင်က သင်တို့လို(သက်ဆိုင်သူများ) အင်္ဂလိပ်စာ စကားကို ကျွမ်းကျင်ရေလည်စွာ သုံးစွဲပြီး သူများနိုင်ငံမှာ ကိုယ့်တဖို့တည်း ကောင်းစားရေးအတွက် အိုးတိုက်နေတာလည်း မဟုတ်ဘူး၊ ပန်းကန်ဆေးနေတာလည်း မဟုတ်ဘူး၊ ဆူရှီလိပ်နေတာလည်း မဟုတ်ဘူးဆိုတာကို နားလည်ရဲ့လား။
(၇) ကိုမင်းကိုနိုင်လို အင်္ဂလိပ်စာ ညံ့ဖျင်းသူတယောက်လောက်မှ တိုင်းပြည်ကို စေတနာမထားနိုင်၊ တိုင်းပြည်အတွက် မပေးဆပ်နိုင်ဘဲ သင့်ပါးစပ်က ရှက်တယ်ဆိုတဲ့ စကားထွက်တာ မရှက်ဘူးလား။
(၈) နောက်ဆုံးအနေနဲ့ မေးချင်တာကတော့ သင်တို့တွေ (သက်ဆိုင်သူများ) အင်္ဂလိပ်စာ ညံ့ပါတယ်ဆိုတဲ့ ကိုမင်းကိုနိုင်တို့လည်း ပါဝင်လှုပ်ရှားခဲ့တဲ့၊ အနစ်နာခံခဲ့တဲ့ နိုင်ငံရေးကို ဗန်းပြပြီး အခုလို အင်္ဂလိပ်စာတတ်သူကြီးတွေ ဖြစ်လာအောင် နိုင်ငံခြားမှာ ခိုလှုံခွင့်တွေ လျှောက်ခဲ့ကြတာ မရှက်ဘူးလား။။
နန္ဒာ
-----------------------------
ကြယ် နီ likes a status.

No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။