Myawady News
အင်တာဗျူးတစ်ခုကို အချိန်အတော်နောက်ကျပြီးမှ ရောက်လာတဲ့
စီးပွားရေးဘွဲ့ ရခါစ လူငယ်လေးတစ်ဦးရဲ့  အင်တာဗျူးမှာ ...
အင်တာဗျူးသူ ။ ။ ညီလေး အခြေခံလစာ ဘယ်လောက်မျှော်မှန်းထားပါသလဲ။
လူငယ် ။ ။ တစ်နှစ် ဒေါ်လာ ၁၂၅ ၀၀၀ ရယ်။ ကုမ္ပဏီရဲ့  အမြတ်အပေါ်မူတည်ပြီးရတဲ့ အပိုဆောင်းလေးရယ်ပေါ့ဗျာ။
အင်တာဗျူးသူ ။ ။ အင်း ... ကောင်းပြီလေ ညီလေး ပြောသလိုပဲပေးပါမယ်။
ဒီကုမ္ပဏီက ညီလေးကို တစ်နှစ်မှာ ၅ ပတ် ရက်ရှည် ပိတ်ပေးမယ်။
ဆေးဝါးကုသမှု အတွက် ကုန်ကျစရိတ် မှန်သမျှ ကုမ္ပဏီက တာဝန်ယူပါတယ်။
ကုမ္ပဏီကနေ အငြိမ်းစား ယူတဲ့အခါ လစာရဲ့  ၅၀ ရာခိုင်နှုန်းကို ထောက်ပံ့ပါဦးမယ်။
ကုမ္ပဏီမှာ အလုပ်သက်တမ်း ၂ နှစ်ရှိပြီဆိုရင် ဇိမ်ခံကားတစ်စီး ထုတ်ပေးမှာပါ။
လူငယ် (မျက်လုံးပြူးလျက်) ။ ။ ခင်ဗျား ... နောက်များနောက်နေတာလား။
အင်တာဗျူးသူ ။ ။ အင်းလေ .... မင်းကပဲ ... အရင်စ နောက်တာလေ။ :P
တိန်....
ရီမောပျော်ရွှင်ပါစေ
ကိုလုံ
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။