Nay Ko Ko shared စာအုပ်စာပေ ဒို့ မိတ်ဆွေ's photo.
မိမိအား အကျိုးပြုမည့် စာကောင်းပေကောင်းကို ရွေးချယ်ဖတ်ရှုလိုသူများ အတွက် အထောက်အကူပြုနိုင်သည့် လမ်းညွှန်ချက်တစ်ချို့ရှိသည်။
တရားသေ မှတ်ထားရန်ကားမဟုတ်။ စဉ်းစားဝေဖန...်၍ အသုံးပြုနိုင်ရန်ဖြစ်သည်။
'အီမာဆင်' ဆိုသော ပုဂ္ဂိုလ်ကြီးက စာဖတ်သမားများ သတိပြုရန် အချက်သုံးချက်ကို ပြောကြားခဲ့သည်။
(၁)
သက်တမ်းတစ်နှစ်မပြည့်သေးသည့် စာအုပ်များကို မဖတ်ပါနှင့်။
စာနယ်ဇင်းများကို မဆိုလိုပါ။ ပေါ်ပင်စာအုပ်မျိုး၊ ရေရှည်တည်တံရန် မသေချာသော စာအုပ်မျိုး၊ (သို့မဟုတ်) တကယ်တန်ဖိုးရှိမှာ မသေချာသော စာအုပ်မျိုးကို မဖတ်နှင့်ဟု ဆိုခြင်းဖြစ်သည်။
(၂)
မထင်ရှား မကျော်ကြားသော စာအုပ်များကို မဖတ်ပါနှင့်။
စာအုပ်တစ်အုပ်သည် တကယ်ကောင်းရိုး တန်ဖိုးရှိရိုးမှန်လျှင် ထင်ရှားရမည်။ ကျော်ကြားရမည်။ မထင်ရှားဘဲ ကောင်းသောစာအုပ်များ ရှိကောင်းရှိနေနိုင်ပါသည်။ သို့သော် မသေချာ။ ထို့ကြောင့် ကောင်းကြောင်း သေချာသော စာအုပ်များကိုသာ ဖတ်ကြ။ ၎င်းတို့ချည်း ရွေးဖတ်လျှင်ပင် တစ်သက်လုံး ဖတ်၍မကုန်နိုင် ဟူသော သဘောဖြင့် ပြောခြင်းဖြစ်သည်။
(၃)
မကြိုက်သောစာအုပ်ကို မဖတ်ပါနှင့်။
ကိုယ့်အသိဥာဏ်အဆင့်နှင့် မမီသေး၍ဖြစ်စေ၊ ကိုယ်ကျွမ်းဝင်ရာ နယ်ပယ်နှင့် ဝေးလံ၍ဖြစ်စေ၊ မိမိဖတ်ကြည့်သည့်အခါ စိတ်မ၀င်စားနိုင်၊ နားမလည်နိုင်၊ အရသာမတွေ့နိုင် ဖြစ်နေသည့် စာအုပ်မျိုးကို နာမည်ဘယ်လောက်ကြီးသည်ဆိုစေ၊ ဘယ်ဆရာကြီးတွေ ဘယ်လောက် တန်ဖိုးထားသည်ဟု ပြောကြသည်ဖြစ်စေ ဒုက္ခခံ၍ မဖတ်နှင့်။ စာမုန်းသွားလိမ့်မည်။ စာကြောက်သွားလိမ့်မည်။
စာအုပ်ကောင်းများစွာထဲမှ လက်ရှိ မိမိအသိပညာ အဆင့်အတန်း၊ လက်ရှိ မိမိစိတ်ဝင်စားမှု နယ်ပယ်တို့နှင့် အံဝင်ခွင်ကျဖြစ်သော စာအုပ်မျိုးကိုသာ ဖတ်ပါဟု ဆိုလိုခြင်းဖြစ်သည်။
နှိုင်းနှိုင်းချိန်ချိန် သုံးစွဲသူများအတွက် တန်ဖိုးရှိမည့် လမ်းညွှန်ချက်များ ဖြစ်ပါသည်။
(ဖေမြင့် ၏ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံ ပါ မှ)
-ZဝေယံL-

(ဖေမြင့် ၏ ဦးနှောက်တွင်ရင်းနှီးမြှုပ်နှံ
-ZဝေယံL-
No comments:
Post a Comment
မိတ်ဆွေ...အချိန်လေးရရင် blogg မှာစာလာဖတ်ပါနော်
ဗဟုသုတ ရနိုင်တယ်။